LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILY

အသက် ၈၅ နှစ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖက်ရှင်လောကရဲ့ ထိပ်တန်းဒီဇိုင်နာ Karl Lagerfeld

written by Lush Editor February 21, 2019
အသက် ၈၅ နှစ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖက်ရှင်လောကရဲ့ ထိပ်တန်းဒီဇိုင်နာ Karl Lagerfeld

Karl Lagerfeld လို့ဆိုလိုက်တာနဲ့ Fashion လောကမှာ လွှမ်းမိုးမှုအမြင့်ဆုံးနဲ့ သြဇာအရှိဆုံး ဒီဇိုင်နာကြီးဆိုတာကို အရင်ပြေးမြင်မိကြမှာပါ။ ၂၀ ရာစုနဲ့ ၂၁ ရာစုတွေမှာ အောင်မြင်မှုအများဆုံး ရခဲ့တဲ့ နာမည်ကျော် ဒီဇိုင်နာကြီးတစ်ယောက်၊ဆံပင်ကို နောက်မှာ အမြဲစုချည်ထားပြီး အဖြူအမည်းSuit နဲ့ မျက်မှန်ခပ်ကြီးကြီးကို အမြဲဝတ်ဆင်လေ့ရှိတဲ့ ဖက်ရှင်လောကရဲ့ တကယ့် ဒိတ်ဒိတ်ကြဲ ၊ Chanel နဲ့ Fendi  ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ အပြင် Karl Lagerfeld အမည်နဲ့ Brand တစ်ခုပါ ဖန်တီးထားသူ ၊ စူပါမော်ဒယ်လ်တွေသာမက ဖက်ရှင်နယ်ပယ်ထဲကသူတော်တော်များများအတွက် Icon တစ်ယောက်ဖြစ်တဲ့ Karl Lagerfeld ဟာ ၂၀၁၉ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကွယ်လွန်တိမ်းပါးသွားခဲ့ပြီဖြစ်ပါတယ်။

Karl Lagerfeld ဟာ ဖက်ရှင်ဒီဇိုင်နာနဲ့ Creative Director အဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့သလို ၁၉၈၃ ကနေစလို့ ယခုသေဆုံးချိန်ထိ Chanel နဲ့ အီတလီတံဆိပ်ဖြစ်တဲ့ Fendi မှာ Creative Director အဖြစ် ပဲ့ကိုင်ခဲ့သူဖြစ်ပါတယ်။

ဂျာမန်လူမျိုး Karl ကို ၁၉၃၃ စက်တင်ဘာလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီးတော့ သူအရွယ်ရောက်လာတဲ့အချိန် ၁၉၅၅ ခုနှစ်လောက်မှာ ပြင်သစ်မှာ နှစ်နှစ်နေထိုင်ခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ်မှာတော့ International Wool Secretariat ကနေ ကျင်းပတဲ့ ကုတ်ဒီဇိုင်းပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီးတော့ အနိုင်ရရှိခဲ့သလို အဲဒီနောက်မှာတော့ Pierre Balmain ရဲ့ လက်အောက်မှာ လက်ထောက်အဖြစ် သုံးနှစ်ကျော် ၀င်ရောက် အလုပ်လုပ်ခဲ့ပါတယ်။

အဲဒီကနေ ၁၉၅၈ မှာ Jean Patou အတွက် Artistic Director အဖြစ် ၀င်ရောက်ခဲ့သလို နောက်ပိုင်းမှာ Chloe Charles Jourdan Krizia Valentino တို့အတွက်ပါ Freelance Designer တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

၁၉၆၀ နှစ်လယ်ပိုင်းလောက်မှာတော့ Karl တစ်ယောက် Chloe မှာ အောင်မြင်မှုတွေ ရနေပါပြီ။ ၁၉၆၇ မှာတော့ Fendi ရဲ့ Fur Line ကို ဆန်းသစ်ဖို့အတွက် စတင်ခဲ့ပြီး Fur တွေကို High Fashion မှာ နေရာယူ ဂယက်ရိုက်လာအောင်အထိ သူ့ရဲ့ ဒီဇိုင်းတွေနဲ့ လွှမ်းမိုးနိုင်ခဲ့ပါတယ်။ Fendi အိတ်တွေဆိုတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲထိ မပါမဖြစ်ကို ဖြစ်လာလောက်တဲ့အထိပေါ့။

၈၀ ခုနှစ်များဆီမှာတော့ Karl တစ်ယောက်  Chanel ကို စတင်ဝင်ရောက်ခဲ့ပြီး Coco Chanel သေဆုံးပြီးနောက်မှာ အနာဂတ်ကင်းမဲ့ပြီး ပျက်စီးလုနီးပါးဖြစ်နေတဲ့ Chanel ကို တဖန် ဖန်တီးအသက်သွင်းခဲ့ပါတယ်။ ရေမွှေးတွေနဲ့ Accessoriesတွေသာသီးသန့် ရောင်းချပြီး ရပ်တန့်တော့ မလိုဖြစ်နေတဲ့ Chanel ကို Karl က Ready-to-wear Line နဲ့ ပြန်လည် အသက်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

Karl ဟာ လူငယ်တွေရဲ့ လိုချင်စွဲလန်းမှုတွေကို ကောင်းကောင်းသိသလို သူဖြတ်သန်းခဲ့တဲ့ နှစ်ကာလများဆီက ဖက်ရှင်ပေါင်းစပ်မှုတွေကိုပါ ကောင်းကောင်းသိတဲ့သူတစ်ယောက်ပါ။ ဒါကြောင့်လည်း Chanel နဲ့ Fendi ရဲ့ ထွက်သမျှ ပစ္စည်းတိုင်းဟာ နှစ်ကာလအပိုင်းအခြားတစ်ခုချင်းစီက ငွေကြယ်ပွင့်တွေကြားမှာသာမကပဲ လူငယ်တွေကြားမှာပါ လွှမ်းမိုးနိုင်တာဖြစ်ပါတယ်။ အခုလက်ရှိ ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ Cara Delevingne၊Lilly Rose Depp နဲ့ Kaia Gerber စတဲ့ လူငယ် စူပါမော်ဒယ်လ်တွေဆိုတာဟာလည်း Karl Lagerfeld စင်တင်ပေးလိုက်တဲ့သူတွေပါ။

Karl Lagerfeld ရဲ့ သေဆုံးမှုအကြောင်းရင်းကို ခုချိန်ထိ တိတိပပ မသိရသေးပေမယ့် ပြီးခဲ့တဲ့လက ပဲရစ်မှာ ပြုလုပ်ခဲ့တဲ့ “Chanel Haute Couture Shows” မှာတည်းက မတွေ့ရတာပါ။ ကျန်းမာရေးဆိုးရွားနေတာကြောင့် Couture Show ပွဲကို တက်မလာနိုင်ဘူးဆိုတဲ့ ကောလဟာလသတင်းတွေလည်းထွက်ခဲ့ပြီး သူပင်ပန်းတဲ့အတွက် ပွဲတက်မလာနိုင်ခြင်းသာဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းချက်တွေ ရှိခဲ့ပါတယ်။

Karl ဆုံးပါးသွားပြီဆိုတာနဲ့ အရင်ဆုံးတွေးမိတာကတော့ ဘယ်သူက သူ့နေရာကို ဆက်ဦးစီးမှာလဲဆိုတာပါပဲ။ ဒီအတွက်  Karl ရဲ့ ညာလက်ရုံးဖြစ်သလို အနီးကပ်လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ “Virginie Viard” က သူ့နေရာကို ဆက်ခံမှာဖြစ်သလို Virginie က Karl နဲ့ နှစ်ပေါင်းသုံးဆယ်လောက်ကို အတူတူ အလုပ်တွဲလုပ်လာတဲ့သူတွေဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ Karl Lagerfeld ဆုံးပါးသွားခြင်းဟာ ဖက်ရှင်လောကရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်သလို Karl နဲ့ သူရဲ့ ဖန်တီးမှု၊ဆန်းသစ်မှုတွေက အားလုံးရဲ့ ရင်ထဲမှာ ကျန်ရှိနေဦးမယ်ဆိုတာ အသေအချာပါပဲ။ ဒီလောကမှာ နောက်ထပ် Karl Lagerfeld တစ်ယောက် ထပ်ရှိလာနိုင်ဦးမှာ မဟုတ်တော့ပါဘူး။

Editor: Su Yi Htet

LUSH DAILYLUSH Magazine Myanmar
2
Facebook Twitter Google + Pinterest
Lush Editor

previous post
Celebrity Wedding Planners
next post
Chanel ရဲ့ Creative Director နေရာကို ဆက်ခံမယ့် Virginie Viard

Recommended

BAPE founder NIGO နဲ့ LV ရဲ့ artistic director...

July 2, 2020

Trendsetter တွေအမြဲတမ်း ဝတ်လေ့ရှိတဲ့ ugly-chic sport sunglasses

July 24, 2018

Plus-Size Model တွေ ပထမဆုံးပါ၀င်ခဲ့တဲ့ Versace Runway Show

September 28, 2020

CoronaVirus ကြောင့် ပွဲပြုလုပ်ရက် ရွှေ့ဆိုင်းသွားမယ့် Met Gala 2020

March 17, 2020

ကမ်းခြေသွားမယ်ဆိုရင် ဘယ်လို Fashion Accessories တွေ မဖြစ်မနေ ယူသွားသင့်လဲ။

March 12, 2019

Gucci က COVID-19 ရဲ့ရိုက်ခတ်မှုတွေကနေ ရုန်းထွက်ဖို့ အိတ်တွေရဲ့ဈေးကို တိုးမြှင့်

June 22, 2020

5 shows to watch on Prime Video

June 9, 2020

Rihanna just dropped a new single: you better...

June 2, 2020

Quarantine ကာလဖြစ်လည်း ထိန်းသိမ်းထားရမယ့် အလှတရား

June 1, 2020

Chanel ရဲ့ Creative Director နေရာကို ဆက်ခံမယ့် Virginie Viard

February 21, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem