ကမ္ဘာကျော်မင်းသမီးတစ်ဦးဖြစ်သူ Cate ဟာ ပြီးခဲ့တဲ့၂ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၁၁ ရက်တိုင်တိုက်ကျင်းပခဲ့တဲ့ Venice ရုပ်ရှင်ပွဲတော်ကို သူမအရင်ကဝတ်ဆင်ခဲ့ပြီးသားဝတ်စုံတွေကိုပြန်လည်ဆင်မြန်းပြီးပွဲတက်ခဲ့ပါတယ်။ ဒီပွဲတော်ရဲ့ host တစ်ဦးဖြစ်သူ သူမရဲ့ ပြန်လည်ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေထဲက red carpet ပေါ်မှာပွဲတက်လာတဲ့ ဝတ်စုံ(၃) စုံအကြောင်းကိုပြောပြပေးသွားပါမယ်။ ယခုလိုအတိတ်ကဝတ်စုံတွေပြန်လည်သုံးစွဲခြင်းဟာ Cate ရဲ့ Sustainable fashionကိုဖော်ဆောင်တာဖြစ်ပြီးတော့လှပတဲ့အရာတွေဟာ Sustainability ကနေမြစ်ဖျားခံတယ်လို့Cateရဲ့ပင်တိုင် Stylist ဖြစ်သူ ElizabethStewartကသူမရဲ့Instagramစာမျက်နှာမှာပြောပြထားပါတယ်။
ပထမဆုံးဝတ်စုံကတော့ ၂၀၁၅ ခုနှစ်က Carol’ London Film Festival Premiere ပွဲမှာဝတ်ဆင်ခဲ့တဲ့ Esteban Cortazar ရဲ့ဝတ်စုံပဲဖြစ်ပါတယ်။ ရေသူမသဏ္ဍာန်စကတ်အောက်နားနဲ့အဖြူရောင်အနားကွတ်တွေပါတဲ့ပြိုးပြိုးပျက်ပျက်လက်နေတဲ့ဝတ်စုံဟာ Esteban Cortazar ရဲ့နွေဦးရာသီ ၂၀၁၆ collection ကထွက်ရှိခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်တုန်းကအပြင်အဆင်နဲ့ အနည်းငယ်ကွဲလွဲသော်ငြားလည်း သူမရဲ့ဂန္တဝင်ဆန်တဲ့အလှတရားကတော့မပြောင်းလဲပါဘူး။
ဒုတိယဝတ်စုံကတော့ ၂၀၁၆ BAFTA awards ပွဲတုန်းက အနက်ရောင်ငှက်အမွှေးအတောင်တွေနဲ့ဖန်တီးထားတဲ့ စကတ်နဲ့တွဲဖက်ဝတ်ဆင်ခဲ့တဲ့ Alexander McQueen ရဲ့ဝတ်စုံပဲဖြစ်ပါတယ်။ ရောင်စုံပန်းပွင့်အခက်အလက်တွေကိုရွှေရောင်နဲ့ပြန်လည်မွမ်းမံထားတဲ့ McQueen ရဲ့ဝတ်စုံကို ယခုတစ်ခါမှာတော့ အနက်ရောင်ရိုးရှင်းတဲ့ style pants နဲ့တွဲဖက်ပြီးတော့ သူမရဲ့အပေါ်ဝတ်င်္အကျီမှာငှက်မွှေးအနည်းငယ်ပါစေခြင်းနဲ့တွဲဖက်ထားခြင်းဖြင့် အတိတ်ကနာမည်ကြီးခဲ့တဲ့ဝတ်စုံနဲ့ အချိတ်အဆက်မိမိပနံသင့်စေတယ်လို့သုံးသပ်မိပါတယ်။
အရှေ့မှာဖော်ပြခဲ့တဲ့ Cortazar ရဲ့ဝတ်စုံနဲ့ McQueen ရဲ့ဝတ်စုံကို UN Women နဲ့ Facing History & Ourselves အတွက်သူမရဲ့အကျိုးအမြတ်တစ်ပြားမှမပါပဲလေလံတင်ရောင်းချသွားမှာဖြစ်ပါတယ်။
နောက်ဆုံးဝတ်စုံကတော့ 2015 Cannes ရုပ်ရှင်ပွဲတော်မှာဝတ်ဆင်ခဲ့တဲ့ Giorgio Armani ရဲ့ဝတ်စုံပဲဖြစ်ပါတယ်။ Armani ရဲ့ Brand Ambassador တစ်ဦးလည်းဖြစ်သူ Cate ဟာ သူမရဲ့ဖက်ရှင်ကိုအမြဲရိုးရှင်းပြီးခမ်းနားကျော့မော့နေအောင်ဝတ်ဆင်ရာမှာဆရာကျလွန်းပါတယ်။ Armani ရဲ့ V ပုံသဏ္ဍာန်လည်ပင်းခပ်နက်နက်ဒီဇိုင်းနဲ့ အနက်ရောင်ရေသူမအမြှီးသဏ္ဍာန်ညနေခင်းဝတ်စုံဟာ Pomellato ကလက်ဝတ်ရတနာတွေနဲ့တွဲစပ်လိုက်တဲ့အခါမှာတော့ classic ဆန်တဲ့သူမကိုအပိုအလိုမရှိပဲကြည့်ကောင်းစေပါတယ်။
LUSH X Thi’s Fashion Alliances Collaboration
Coffee only gives you a boost to continue doing what you were already doing. cialis malaysia price Sex pills, also, give you a much-needed boost to improve overall sexual performance and satisfy your wife or girlfriend.