ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်တဲ့အခါ သေခြာမြင်အောင် ကြည့်ဖူးကြရဲ့လား။ တကယ်ရော သေချာမြင်အောင် ကြည့်မိရဲ့လား ဆိုတာ ပြန်တွေးကြည့်လိုက်ရင် ပြုံးမိကြမလားပဲ။ တကယ်က ကိုယ်တိုင်တောင် မှန်ထဲကြည့်တဲ့အခါ အပေါ်ယံပဲ မြင်မိတာ၊ ကြည့်မိတာကို သတိထားမိတဲ့အခါ ကိုယ့်ကိုယ်ကိုယ်မေ့ထားတာတွေ ပေါ်လာမှာပါပဲ။
တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုယ် မကျေနပ်ရတဲ့ အခါတွေ ကြုံကြမှာပါပဲ။ ဒီလိုကြုံရတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် ခြွင်းချက်မရှိ လက်ခံနိုင်လိုက်တာနဲ့ ကိုယ်ဘယ်လိုရှင်သန်ရမယ်၊ ကိုယ်ဘာကို လုပ်ရမယ်ဆိုတာ ဆက်တိုက်ပေါ်လာပါလိမ့်မယ်။
ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေက ကိုယ်ဖြစ်နေတဲ့စိတ်ကို ဖြေသိမ့်ပေးနိုင်ဖို့ သိပ်မသေချာဘူးလေ။ ကိုယ့်ကိုယ်ကိုယ် သေချာမြင်တွေ့နိုင်မှသာ ကိုယ့်စိတ်ကိုယ် ကျေနပ်မှုကိုရအောင် လုပ်နိုင်မှာလေ။ တိုးတက်တဲ့နိုင်ငံတွေမှာဆိုရင် Self-Acceptance အတွက် သီးသန့်ဆွှေးနွေးမှုတွေ၊ သီးသန့်လေ့ကျင့်ခန်းတွေလုပ်ပြီး ကိုယ့်ရဲ့တိုးတက်မှုအတွက် သေချာကြိုးပမ်းလာကြတယ်။ ဒါကြောင့်လည်း တစ်ယောက်ချင်းစီရဲ့ အောင်မြင်မှုတွေကနေ နိုင်ငံလိုက် တိုးတက်မှုတွေ ဖြစ်လာတဲ့အထိ အကျိုးသက်ရောက်မှုရှိတဲ့ Self-Acceptance ပါပဲ။
Self-Acceptance လေ့ကျင့်ခန်းထဲက လုပ်ကြည့်လို့လွယ်တဲ့အရာတွေကို ပြောပြချင်မိတယ်။ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်လေ့ကျင့်ကြည့်လို့ အဆင်ပြေတယ်ဆိုရင် ဝမ်းသာစရာပဲမို့ မျှဝေချင်မိတာပါ။
ပထမဆုံး ကိုယ့်ကိုယ်ကိုယ် သနားတာဟာ အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် သနားကြင်နာရင်း ကိုယ့်မှာဖြစ်နေတဲ့ အားနည်းချက်တွေကို ချရေးကြည့်လိုက်ပြီးတာနဲ့ ကိုယ့်အမှားတွေကို ခွင့်လွှတ်ကြည့်လိုက်တာနဲ့ အဲဒီအမှားတွေကနေ အောင်မြင်မှုအတွက် အစိတ်အပိုင်းတွေကို ရှာတွေ့လာမှာပါ။ ကိုယ့်ရဲ့ စိတ်ဓါတ်ကို ပြန်လည်မွေးမြူရာလည်းရောက်သလို ကိုယ့်ရဲ့အတွင်းစိတ်ကို ကိုယ်တိုင်လက်ခံလိုက်တာနဲ့ ပြောင်းလဲသွားတဲ့အခြေအနေကို မကြာမီမှာ တွေ့ရမယ်လို့ ထင်မိပါတယ်။
မသိစိတ်ထဲက အမှားတွေက ကိုယ့်ကိုယ်ကိုယ်လက်ခံလိုက်တဲ့အခါ ထပ်တူအမှားတွေကို လက်မခံတဲ့ အခြေအနေကြောင့် အမှားအယွင်းနည်းတဲ့ စွမ်းရည်တွေ တိုးတက်ပြောင်းလဲလာမှာပါ။
ကိုယ့်ကိုယ်ကိုယ်ဝေဖန်ကြည့်တဲ့အခါ အမှန်မြင်တတ်မှ တိုးတက်မှုရရှိမှာဖြစ်လို့ အားမနာတမ်းဝေဖန်ပြီးတော့ ပြောင်းလဲသွားတဲ့ အတွေးအခေါ်တွေနဲ့ အခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ ရှုပ်ထွေးမှုတွေမရှိတော့တဲ့ ဆက်ဆံရေးပေါင်းကူးတစ်ခုဖြစ်လာပြီးတော့ အစစ ပြေပြစ်လာတဲ့ ပတ်ဝန်းကျင်မှာ နေပျော်ပြီး တိုးတက်ပြောင်းလဲလာအောင် စွမ်းဆောင်နိုင်တဲ့ Self-Acceptance ပါ။
အရေးမကြီးဘူးလို့ထင်ရတဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးကပဲ အကြီးမားဆုံး အောင်မြင်မှုတွေကို သယ်ဆောင်လာပေးကြောင့် Self-Acceptance လေ့ကျင့်ခန်းတွေကို အလေးထားပြီး ဂရုစိုက်လုပ်ပေးကြမယ်လေ။