LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Inner JourneyLIFE

စိတ်ထားလှတယ်ဆိုတာ ………

written by Orchid March 29, 2023
စိတ်ထားလှတယ်ဆိုတာ ………

စိတ်ထားလေးအမြဲလှနေဖို့ ဘယ်လိုစိတ်နေစိတ်ထား ထားရမလဲ။

လူဆိုတာ အရာရာအဆင်ပြေနေတဲ့အချိန်ဆို အကောင်းမြင်ပြီး နှလုံးသားလှတဲ့သူတဦးဖြစ်နေတတ်ပါတယ်။ 

စိတ်ထားတကယ်လှ၊ မလှကိုတော့ လောကဓံတွေ ကြုံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း သိလာပါလိမ့်မယ်။ 

စိတ်ထားလှတယ်ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ….

အရမ်းကို နူးညံ့သိမ်မွေ့ပြီး အရာရာကို သည်းခံပြီး အကောင်းမြင်တတ်တာကို ပြောတာလား……

စိတ်ထားလှတယ်ဆိုတာ ကောင်းတယ်ဆိုတဲ့ အရာတွေကိုပဲ ရွေးချယ်မြင်တတ်ခြင်းပါ။

စိတ်ထားလှတယ်ဆိုတာ နှလုံးသားထဲကနေ ဖြစ်တည်လာတဲ့ အရာတမျိုးပါ။

ဒီအရာက စိတ်နေစိတ်ထားတမျိုးဖြစ်လို့ ဘယ်သူမဆို လေ့ကျင့်ယူလို့ရတဲ့ အရာတခုဆိုလည်း မှန်ပါတယ်။

ဒါဆို ဘယ်လို လေ့ကျင့်ယူကြမလဲ…

  1. လှတဲ့စိတ်ထားလေးဖြစ်ဖို့ လှတဲ့အရာတွေပေါ်မှာပဲ စိတ်ကိုထားတတ်ရမယ်။ 
  2. ကိုယ့်ဘဝမှာ ရနေတဲ့ အရာတွေကို ကျေးဇူးတင်တတ်ရမယ်။ 
  3. ကိုယ့်မှာ ရှိနေတဲ့ အားသာချက်တွေကို သိရမယ်။ 
  4. လူပဲဖြစ်ဖြစ် ၊ သတ္တဝါလေးတွေပဲ ဖြစ်ဖြစ်၊အရာဝတ္ထုပဲဖြစ်ဖြစ်၊ အတွေ့အကြုံပဲဖြစ်ဖြစ် ၊ အမှတ်ရစရာ အတိတ်က ဖြစ်ရပ်တွေပဲဖြစ်ဖြစ် အရာရာကို တန်ဖိုးထားတတ်ရမယ်။
  5. နေ့စဉ်နေ့ရက်တိုင်းမှာ ရှိနေတဲ့ အရာရာသေးလေးတွေကို သတိထားပြီး အသိအမှတ်ပြုတတ်ရမှာပဲ ဖြစ်တယ်။

ဥပမာ –

ကော်ဖီပူပူလေးမှာ ထွက်လာတဲ့ အငွေ့လေးတွေကို သတိထားကြည့်ပြီး သဘောကျသွားတာ

လေတိုက်တဲ့အခါ သစ်ရွက်လေးတွေရဲ့ အသံလေးကို နားထောင်ပြီး သာယာကြည်နူးမိတာ

တစုံတယောက်ရဲ့ အပြုံးကိုမြင်ပြီး ကျေနပ်မိတာ

ကိုယ့်ရဲ့ အချစ်တော် ခွေးလေး အမြီးနန့်ပြီးကြိုတာကို ပျော်ရွှင်မိတာ အစရှိသဖြင့်ပေါ့လေ

ဒီလို အရာသေးသေးလေးတွေကိုကအစ နှလုံးသားနဲ့ ခံစားတတ်ရမယ်။ 

ဒါတွေကလည်း လူတယောက်ချင်းစီရဲ့ သဘောထားအမြင်ပေါ်မှာပဲ မူတည်ပါတယ်။ 

ကိုယ်တိုင် ဘယ်လိုအရာတွေကို တန်ဖိုးထားပြီး အသိအမှတ်ပြုလေ့ရှိလဲ။ ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖို့ လိုပါတယ်။

အလှတရားဆိုတာ နေရာတိုင်းမှာရှိတယ်။

ငယ်ငယ်တုန်းက ကျောင်းမှာ သင်ခဲ့ဖူးတဲ့ ကဗျာလေးတပုဒ်ကို ခုချိန်ထိ အမှတ်ရမိနေတုန်းပါ        

Leading with Heart - Making Space

 

ဘဝ နှင့် အလှ

မြင်မြင်သမျှ ဤလောကဝယ်

အလှတို့နှင့် ပြည့်ဘိ၏။

မြင်မြင်သမျှ ဤလောကဝယ် 

အလှတို့ဖြင့် ချယ်သဖြင့်လည်း 

မြင်ခွင့်ရှိမှ မြင်စွမ်းရ၏။

အလှဟူကား မြင်သည်ထားဦး 

ခံစားသိတတ်၊ ခံယူတတ်မှ 

ကျိုးမြတ်ပီတိ ရင်ဝယ်ငြိ၏။”

                                      – မောင်စွမ်းရည်

လူဆိုတာ တခါလေ လောကဓံတွေ ရိုက်ခတ်လာတဲ့အခါ ဘယ်အလှတရားကိုမှ မြင်နိုင်စွမ်းမရှိတော့ပါဘူး။ ကိုယ်အဆင်မပြေနေရင် အရာရာဟာလည်း အကျည်းတန် ရုပ်ဆိုးနေတတ်ပါတယ်။ ဒီလိုအချိန်ဆို ဒီကဗျာလေးကို အောက်မေ့မိလိုက်တာနဲ့ကိုယ်တိုင် စိတ်ကိုပြုပြင်နိုင်စွမ်းတွေ  ရှိလာပါလိမ့်မယ်။ 

အလှတရားကို ပိုပြီးအာရုံစိုက်မိအောင် ဘယ်လိုလုပ်သင့်လဲ…..

ကိုယ့်ဘေးမှာ ရှိတဲ့ အလှတရားတွေကို ပိုမြင်အောင် မှတ်တမ်းလေးတခု သပ်သပ်ထားပြီး ချရေးထားလို့ရတယ်။ ကိုယ်မြင်သမျှ၊ တွေ့သမျှ လှတယ်ထင်တဲ့ အရာလေးတွေကို ကိုယ့်ရဲ့ အမြင်အတိုင်း ကိုယ်တိုင်တွေ့ကြုံခံစားရတဲ့အတိုင်း မှတ်တမ်းတင်ထားလိုက်လို့ရတယ်။ 

ပတ်ဝန်းကျင်မှာ သဘာဝအလှတွေကို သတိထားမိတဲ့အခါ ဖုန်းနဲ့ ပုံလေးတွေ ရိုက်ထားလို့ရတယ်။ ကိုယ်တိုင်ချက်တဲ့ ဟင်းလျာတွေကိုလည်း လှလှလေးဖြစ်အောင် ဖန်တီးပုံဖော်လို့ရတယ်။ 

နောက်ထပ်အရေးကြီးတာကတော့ ကိုယ့်ရဲ့ အပြုအမူနဲ့ အလှတရားတွေ ဖန်တီးယူလို့ရပါတယ်။ အမူအရာ သိမ်မွေ့တာ၊ ယဉ်ကျေးတာ၊ စကားချိုသာစွာပြောတာတွေအားလုံးဟာ အလှတရားတွေပါပဲ။ တပါးသူအပေါ် မေတ္တာတရားထားတာ ၊ အကူအညီပေးတာတွေအားလုံးဟာလည်း အလှတရားတွေချည်းပါပဲ။ 

စကားလုံးလေးတွေ လှအောင်၊ တယောက်နဲ့တယောက်ဆက်ဆံရေးတွေ ပိုလှအောင် လေ့ကျင့်ယူရမယ်။ ပိုပြီး နားထောင်လို့ကောင်းအောင်၊ ပိုပြီး ခံစားလို့ကောင်းအောင် လှတဲ့စကားလုံလေးတွေ ဖန်တီးရမယ်။ 

လှပတဲ့ စိတ်နေစိတ်ထားနဲ့ လှပတဲ့နေ့တနေ့ဖြစ်အောင် ဘယ်လိုဖန်တီးကြမလဲ…..

Beautiful nature background. chamomile flowers over blue sky in morning with light sunshine.

 

တကယ်တော့ ကိုယ့်ရဲ့စိတ်ကလေးကို လှပတဲ့ ဥယျာဉ်လေးဖြစ်အောင် ဖန်တီးလို့ရပါတယ်။ ဘယ်မျိုးစေ့ကို ရွေးချယ်ပြီး စိုက်ပျိုးမလဲဆိုတာကတော့ ကိုယ့်ပေါ်မှာပဲ မူတည်ပါတယ်။ 

တခု သိထားဖို့လိုတာက အတွေးတွေက ခံစားချက်ကို ဖြစ်စေတယ်။ ဒါကြောင့်မို့လို့ ခံစားချက်ကောင်းစေမယ့် အတွေးတွေကိုပဲ ရွေးပြီးတွေးရမယ်။ 

အလားတူပဲ ၊ ခံစားချက်တွေကလည်း အတွေးတွေကို ဖန်တီးနိုင်စွမ်းရှိကြတယ်။ ဒါကြောင့် ဘယ်အရာကိုမဆို လှတဲ့အရာလေးတွေကိုပဲ ရွေးချယ်မြင်တဲ့အခါ ကောင်းတဲ့ အတွေးလေးတွေ သူ့အလိုအလျှောက်ရောက်လာပါလိမ့်မယ်။ 

စိတ်နေစိတ်ထားနဲ့ ခံစားချက်တွေက ကိုယ့်ရဲ့ လုပ်ရပ်မှန်သမျှကို လမ်းညွှန်ပေးကြတယ်။ ကိုယ့်ရဲ့လုပ်ရပ်အမှား၊အမှန် အားလုံးဟာလည်း ပစ္စုန်ပ္ပန်နှင့် အနာဂတ်မှာ အကျိုးပေးတယ်။ ဒါကို လုံးဝမမေ့ဖို့ လိုအပ်ပါတယ်။

စိတ်နေစိတ်ထားလေး အမြဲလှနေဖို့ဆိုတာကတော့ လွယ်ကူတဲ့ အရာတခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပန်းတိုင်တခုအနေနဲ့ ကြိုးစားရမှာ ကိုယ့်တာဝန်ပဲလေ။ ခက်ခဲနေတဲ့ အခါတိုင်း “ဘာကြောင့်မို့လို့ ငါက မလုပ်နိုင်ရမှာလဲ”လို့ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။ ဒါဟာ စိတ်လေ့ကျင့်မှုတခုပဲ။ လေ့ကျင့်မှုများလေလေ ကိုယ်ရဲ့ စိတ်နေစိတ်ထားလေးက ပိုပိုလှလေပါပဲ။ ဘယ်အရာမဆို ချက်ချင်းကြီး မပြောင်းလဲနိုင်ပါဘူး။ ဒါကိုနားလည်ပြီး ဇွဲနပဲနှင့် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ဖို့က အဓိကပါပဲ။ 

Beautiful soulLUSHMindMindset
5
Facebook Twitter Google + Pinterest
Orchid

previous post
2023 မှာ ခေတ်စားလာမယ့် Beauty Trend များ
next post
Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

Recommended

Less Is More: Minimalism

October 12, 2020

NEON DREAMS with BUNNY PHYOE

June 12, 2018

Famous Windows

July 13, 2018

စိတ်ခွန်အားတိုးတက်ရာ မြင်းစီး  လေ့ကျင့်အပန်းဖြေပါ

September 28, 2020

Thingyan Flash Back

April 20, 2018

Ladies’ Luxe Ride

May 21, 2018

Selpink in your area

August 28, 2020

Interview with Sunrise 18

November 2, 2019

How not to be a shallow person

April 4, 2019

Beauties of Mergui Archipelago

April 20, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem