လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ Dua Lipa က သူမရဲ့ Instagram စာမျက်နှာပေါ်မှာ YSL ရဲ့ အသစ်ထွက်ရှိမယ့် ရေမွှေးဖြစ်တဲ့ “LIBRE” ရိုက်ကူးမှု ဓာတ်ပုံကို တင်ထားခဲ့တာပဲဖြစ်ပါတယ်။ Dua Lipa ကတော့ အခုနှစ် ခြောက်လပိုင်းမှ စတင်ပြီး YSL ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်းခံရတဲ့သူတစ်ဦးဖြစ်ပါတယ်။
အခုထွက်ရှိလာတဲ့ “LIBRE” Eau de Parfum ကတော့ မိန်းကလေးတွေ အသုံးပြုနိုင်မယ့် ရေမွှေးအမျိုးအစားဖြစ်ပြီး Fragrance Note တွေ အနေနဲ့ Moroccan Orange Blossom နဲ့ YSL မှ အထူး ပြုလုပ်ထားတဲ့ Diva Lavender ကိုလည်း ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။
“LIBRE” Eau de Parfum ရဲ့အဓိပ္ပါယ်ကတော့ ရဲရင့်ခြင်း၊ လူအများထဲမှာ ထင်ပေါ်နေခြင်း၊ လွတ်လပ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခံစားချက်တွေကို ပုံဖော်ပေးထားတဲ့ ရေမွှေး အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။
“LIBRE” Eau de Parfum ထွက်ရှိမယ့်ရက် အတိအကျကိုတော့ မသိရသေးပေမယ့် စက်တင်ဘာလ ထဲမှာ ထွက်ရှိလာမယ်လို့ ခန့်မှန်းသိရှိရပါတယ်။ ရေမွှေး ပုလင်း ဆိုဒ်အနေနဲ့ 30 ml, 50ml, 90ml ဆိုပြီး ဆိုဒ် သုံးခုရှိမှာဖြစ်ပြီး ဈေးနှုန်းအရ ခန့်မှန်းခြေ 30ml ကို 64 Euro နှင့် 90 ml ကို 117 Euro အနေနဲ့ ဈေးကွက်ထဲမှာ ရောင်းချဖို့ရှိနေပါတယ်။
Dua Lipa အနေနဲ့ ဒီ “LIBRE” Eau de Parfum အတွက် အရမ်းကို စိတ်လှုပ်ရှားနေတာဖြစ်ပြီး Promo Video ရိုက်ကူးမှုကအစ သူမအတွက် အရာရာ ရင်ခုန်စရာတွေဖြစ်နေတာပါ။
LUSHers တို့ထဲမှာကော ရေမွှေးကြိုက်နှစ်သက်ကြတဲ့သူတွေရှိတယ်ဆိုရင်တော့ ဒီ “LIBRE” ရေမွှေးထွက်ရှိလာရင် အားပေးဖို့ကိုလည်း မမေ့ကြနဲ့နော်။
Editor: Eain Chu