Fendi ကတော့ နာမည်ကျော် ရေမွှေးတီထွင်သူတစ်ယောက်ဖြစ်တဲ့ Francis Kurkdjian နဲ့ပူးပေါင်းပြီး ကမ္ဘာ့ပထမဆုံး ရေမွှေးအနံ့ပါတဲ့အိတ်တွေကို ထုတ်လုပ်လိုက်ပါတယ်။ FendiFrenesia လို့နာမည်ပေးထားတဲ့ အနံ့အသစ်ကို အိတ်ရဲ့သားရေမှာ ထည့်ထားတာပါ။ အိတ်ရဲ့အနံ့က သုံး၊ လေး နှစ်လောက်ထိခံနိုင်တယ်လို့လည်း Fendi ဘက်ကပြောပါတယ်။
ဒီ limited edition collection ထဲမှာ အဝါရောင်တောက်တောက်လေးကိုမှ အဖြူဖောက်ထားတဲ့အရောင်လေးနဲ့ Fendi ရဲ့ iconic ဖြစ်တဲ့ Baguette အိတ် သုံးလုံးပါပါတယ်။ ပုံမှန်အရွယ်အစား Baguette အိတ်ရယ်၊ ပုံမှန်ထက် size နည်းနည်းကြီးတာရယ် နဲ့ size အရမ်းသေးတဲ့ nano bag လေးတွေရယ်ပါ။ အိတ်သုံးခုလုံးကို Selleria သားရေနဲ့ပြုလုပ်ထားတာပါ။
အိတ်တစ်အိတ်ဝယ်ယူတိုင်း 5ml ရှိတဲ့ FendiFrenesia ရေမွှေးပုလင်းလေးလည်းပါဝင်မှာပါ။ အိတ်ရဲ့အနံ့ကို ပိုပေါ်လွင်အောင် ကတ်တခုခုပေါ်မှာ အဲ့ရေမွှေးလေးဖြန်းပြီး အိတ်ထဲထည့်ထားလို့ရပါတယ်။ အခုလောလောဆယ်မှာတော့ Nano Baguette bag ကိုပဲ Fendi ရဲ့ US နဲ့ Europe website တွေမှာ ဝယ်လို့ရပါသေးတယ်။ သိပ်မကြာခင်မှာတော့ Nano Baguette bag အပါအဝင် collection ထဲက ကျန်တဲ့အိတ်နှစ်ခုကိုပါ Miami Design District မှာရှိတဲ့ Fendi ဆိုင်မှာ အချိန်အတိုင်းအတာတစ်ခုထိ ရောင်းချပေးသွားမယ်လို့လည်း သိရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ Nano Baguette Bag ကို £430 နဲ့ Fendi website မှာ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ဝယ်ယူလို့ရနေပါပြီ။