World Cup 2018 where to watch your favourite team
ဒီနှစ် FIFA World Cup ကို ရုရှားနိုင်ငံမှာ ဇွန် ၁၄ ရက်နေ့ကနေ ဇူလိုင် ၁၅ ရက်နေ့အထိ ကျင်းပမယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ကမ္ဘာ တစ်ဝှမ်းက ဘောလုံးပရိတ်သတ်တွေကလည်း ကမ္ဘာ့ဖလားနဲ့ပက်သက်ရင် ရင်ခုန်နေကြပါပြီ။ သင်သာ ကမ္ဘာ့ဖလားကို မပြတ်တမ်းအားပေးခဲ့သူဆို ဒီနှစ်မှာရော ဘယ်သူ တွေနဲ့ အတူတူအားပေးမလဲ စဉ်းစားပြီးပြီလား။ စိတ်တူကိုယ်တူ သူငယ်ချင်း တွေစုပြီး ရန်ကုန်မြို့က အထင်ကရ
ထိပ်တန်း Bar တစ်ခုခုမှာ World Cup အတူတူအား ပေးကြမယ်ဆို မကောင်းဘူးလား။ ဆိုင်အပြင်အဆင်ကောင်းကောင်းနဲ့ တည်နေရာလည်း အချက်အချာကျတဲ့ Sport Bar မှာ FIFA World Cup အတွက် ပြင်ဆင်နေပြီဆိုတာ သိသွားပြီ ဆိုရင်ရော။
ရန်ကုန်မှာ မတူညီတဲ့ Bar တွေ အမျိုးမျိုးရှိပါတယ်။ လူအများစုက အပန်းဖြေဖို့အတွက် Bar တွေကို သွားကြတယ်။ ဒါကလည်း သင့်ရဲ့ စိတ်ပင်ပန်းနေမှုတွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်ပါတယ်။ သီချင်းတွေ နားထောင်ပြီး Drink လည်းစုံလင်လို့ စားရင်းသောက်ရင်း မိတ်ဆွေအသစ်ဖွဲ့လို့ကောင်းတာက Bar ရဲ့အနှစ်သာရပါပဲ။
SPORT BAR
Sport Bar ကတော့ ဒီလိုဆွဲဆောင်မှုတွေအပြင် HD Flat Screen TV တွေနဲ့ Sport Channel တွေ အပြည့်ရှိနေတဲ့အတွက် သက်တောင့်သက်သာရှိတဲ့ခုံပေါ်မှာ Sport Channel မျိုးစုံကို အေးဆေးကြည့်လို့ရပါတယ်။ အထူးကောင်းမွန်တဲ့အသံစနစ်နဲ့ တောက်ပတဲ့မီးရောင်တွေ၊ ဆွဲဆောင်မှုရှိတဲ့ အခန်းတွင်းအပြင်အဆင်တွေကြားမှာ သင်ကိုယ်တိုင် ပျော်ရွှင်မှုအမြင်တစ်ခုကို ခံစားနေရပါလိမ့်မယ်။ရန်ကုန်မှာဆိုရင် Bar အများစုက မနက် ၂နာရီအထိဖွင့်ကြပေမယ့် တချို့သော Bar တွေကတော့ တစ်ညလုံးဖွင့်ပါတယ်။ ရန်ကုန်မှာလက်ရှိ ရှိနေတဲ့ Sport Bar ဆိုင်တွေထဲရဲ့ မူလအရင်းအမြစ်ကတော့ Inya Lake Hotel က Sport Bar ပဲဖြစ်ပါတယ်။ ၂၀ဝ၈ ခုနှစ် မှာစတင်ဖွင့်လှစ်ခဲ့ပြီး ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၅နာရီကနေ မနက် ၂နာရီအထိ ဖြစ်ပါတယ်။Sport Bar ကဆိုရင် တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ ဘောလုံးပွဲ အစီအစဉ်တွေကို အမြဲ ပြသလေ့ရှိတဲ့ Outdoor Bar တစ်ခုဖြစ်ပြီး World Cup အတွက်အထူးအစီအစဉ် အနေနဲ့ ပြသမယ့် နေရာလည်းရှိလို့ ဒီနှစ်ကမ္ဘာ့ဖလားကို မိတ်ဆွေအပေါင်းအသင်း ဝါသနာတူသူ တွေနဲ့အတူတူ အားပေးဖို့ အကောင်းဆုံးနေရာကောင်းလေး တစ်ခုပါ။အစားအသောက်နဲ့ ပက်သက်ပြီး နာမည်ကျော် Menu တော်တော်များလည်းရှိတဲ့အပြင် အဖျော်ယမကာလည်း စုံလင်ပါတယ်။
ARENA SPORT BAR AND GRILL
ဒုတိယအကြံပြုချင်တဲ့နေရာကတော့ Arena Sport Bar and Grill ပါ။ ဒီ Bar ကတော့ အမှတ် ၇၆ လမ်းမတော်မြို့နယ်ရဲ့ ဘုန်းကြီးလမ်းမှာ ဖွင့်ထားပြီး အကြိုက် တွေ့စေမယ့် အားကစားတွေကို ကြီးမားတဲ့ TV Screen ကနေ အားပေး ကြည့်ရှုနိုင်တဲ့ နေရာကောင်းလေးတစ်ခုလည်း ဖြစ်ပါတယ်။ ရှေးဟောင်း ကိုလိုနီ အဆောက်အဦး ဖြစ်တဲ့ 3 story Arena ကနေ ထူးခြားတဲ့အစားအသောက်တွေနဲ့ Burger တွေ ရနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လယ် (၁၁)ခွဲကနေ မနက်(၁၂)အထိ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အနောက်တိုင်းပုံစံအပြင်အဆင်တွေရဲ့ ဆွဲဆောင်မှုကြောင့် နိုင်ငံခြားသားတွေပါ လာရောက်စားသုံးတာတွေ့မြင်ရမှာပါ။ ဘိလိယက် ဝါသနာ ပါတယ်ဆို အပျင်းပြေ တစ်ပွဲတစ်လမ်း ကစားလို့တောင်ရပါသေး တယ်။ World Cup ပြိုင်ပွဲ ပွဲစဉ်တွေကို အားပေးရင်း အနောက်တိုင်းစားစရာ အသုပ်အမျိုးမျိုး နဲ့ အခြားအချိုပွဲတွေကိုလည်း မှာလို့ရပါတယ်။ Event တွေ အတွက်လည်း Seasonal Calendar Plan တွေ ထားထားတဲ့အတွက် အသေးစိတ် ကိုတော့ သူတို့ website မှာဝင်လေ့လာနိုင်
ပါတယ်။
50th STREET BAR
ထပ်အကြံပြုချင်တဲ့ နေရာကတော့ ရန်ကုန်မြို့က လူငယ်လူလတ်ပိုင်း တော်တော် များများ သိပြီးဖြစ်တဲ့ 5oth STREET BAR ပါ။ ၁၉၉၇ ခုနှစ်ကထဲက ဖွင့်ထားတာ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ခွဲကနေ မနက် ၁နာရီအထိပါ။ အစားအသောက်တွေကတော့ အနောက်တိုင်းပုံစံတွေများပြီး pizzas, pastas, burgers နဲ့ sandwish တို့လို အစားအသောက်တွေကြိုက် တဲ့သူတွေ ကြိုက်မယ့် နေရာလေးပါ။ တေးဂီတနှစ်သက်သူတွေအတွက် Live Music ဖျော်ဖြေပွဲတွေလည်း ကျင်းပလေ့ရှိသလို အားကစား ဝါသနာပါသူတွေအတွက် Live Music တွေလည်း အမြဲပြသလေ့ရှိတဲ့ Bar တစ်ခုလည်းဖြစ်ပါတယ်။ ဈေးနှုန်းသင့်တင့်မျှတတာမို့ သူငယ်ချင်းတွေ စုံလို့ကောင်းတဲ့ နေရာလေးတစ်ခုပါ။ ဒါပေမဲ့ အမြဲတမ်းလိုလို လူပြည့်နေတတ်လို့ World Cup သွားကြည့်မယ် ရည်ရွယ်ထားရင် Booking လုပ်ထားဖို့တော့ လိုပါလိမ့်မယ်။
ROSIE’S SPORT BAR
နောက်ဆုံးအကြံပြုပေးချင်တဲ့နေရာလေးကတော့ ဗိုလ်တထောင်မြို့နယ် ၊ လမ်း ၅၀ မှာရှိတဲ့ ROSIE’S SPORT BAR ပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၅နာရီကနေ မနက် ၁နာရီအထိဖွင့်ပါတယ်။ အစားအသောက်နဲ့ပက်သက်ပြီး နာမည်ကျော်ကြား တဲ့အပြင် ဗြိတိန်စတိုင် အစားအသောက်ကြိုက်တဲ့သူတွေ အတွက်ကတော့ သွားသင့်တဲ့ နေရာကောင်း လေးတစ်ခုလို့ ပြောချင်ပါတယ်။ နာမည်ကျော်သောက်စရာ တွေအပြင် Pool Table တွေတောင်ရနိုင်လို့ သူငယ်ချင်းတွေနဲ့ပဲဆုံမလား World Cuo သွားကြည့်မလား ရန်ကုန်မြို့ကအသင့်တော်ဆုံး Bar တစ်ခုဖြစ်ပါတယ်။ အတွင်းပိုင်း မှာ Sport Live လိုင်းတွေပြသဖို့ တီဗွီများစွာတပ်ဆင်ထားလို့ လူများများနဲ့ ဟေးလားဝါးလား အားပေးရတာကြိုက်နှစ်သက်သူတွေ သွားအားပေးမယ်လို့လည်း မျှော်လင့်ပါတယ်။ Live Music နဲ့ Live sport တွေခံစားဖို့ ရန်ကုန်မြို့မှာတော့ အကောင်းဆုံးနေရာ တစ်ခုအဖြစ် အာမခံပါတယ်။
ကမ္ဘာ့ဖလားအားပေးမယ့် ဘော်ဒါတွေလည်းရပြီး သွားကြည့်ရမယ့် Sport bar တွေကိုလည်း ရွေးချယ်ပြီးပြီဆို အမြန်ဆုံး booking တင်ထားလိုက်ရင်တော့ ပိုကောင်းပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ Sport bar အားလုံးလိုလိုက နိုင်ငံခြားသား တွေနဲ့ ရန်ကုန်မြို့ခံတွေ အမြဲပြည့်နေတတ်တဲ့နေရာတွေမို့ ခြေတစ်လှမ်း ဦးထားမှ တော်ကာကျမှာပါ။ ခေတ်မှီတဲ့ အခန်းအပြင်အဆင်တွေနဲ့ ဈေးသက်သာပြီး မတူညီတဲ့အစားအသောက်တွေ ကြောင့် သင့်ကိုယ်တိုင် အထုးကောင်းမွန်တဲ့အရသာကို ခံစားရပါလိမ့်မယ်။ နေချင်စဖွယ်ကောင်းတဲ့ပတ်ဝန်းကျင်ကြောင့် ပျော်စရာလည်းကောင်းပါတယ်။ Bar တိုင်းမှာ မတူညီတဲ့ Happy Hour တွေနဲ့ ပရိုမိုးရှင်းတွေ လည်း ရှိပါသေးတယ်။ Live Music နဲ့ Live Sport တွေကြောင့်လည်း အပြည့်အဝအပန်း ပြေမှာပါ။ သမရိုးကျ ကခုန်ခြင်းနဲ့ဖြတ်သန်း နေကျ Night Life ကိုကျော်လွန်ပြီးတော့ ဒီလို Sport Bar တွေမှာ World Cup 2018 ကိုကြည့်ရင်း သင့်ညတွေကို အေးအေးဆေးဆေး ဖြတ်သန်းလိုက်ပါ။
(English Version)
This year World cup will be held in Russia and we all know it will start on June 14 and will end at July 15. Football fanatics from all over the world are anxiously waiting for it. So have you chosen the place to watch these football matches? Instead of watching it at home, let’s try watching that World Cup in bars this year, mainly at sport bars.
You may see different types of bars in Yangon. Most of us are going to bars to chill out. Listening to the Music, trying various drinks and making new friends are the essences of Bars. The sport bars make you happy with these attractions. There are lots of HD Flat Screen TVs. You are able to view several sport channels from a central Location with comfortable seating. The sound systems there are really active with blooming lightning, and because of attractive decoration, you may really have a good time.
Most of the Bars from here are opening till 2am. But there are also some bars that open the whole night. Recent best bars in Yangon are sport bar types so let me mention you about the first one is Sport Bar at Inya Lake Hotel.
It’s started in 2008 and opening hour is from 5pm to 2am. It is local style Outdoor bar with football live. With unique decoration, you can choose a spot to spend your time for watching World Cup 2018. The bar is full of people as always also for their attractive Menu and drinks.
The second one is Arena Sport Bar and Grill. This bar is situated at No.76, Phone Gyi Road, of Lanmadaw Township. You can have a drink with selection of food and burgers at ARENA 3’s story colonial building with the features of big screen TVs playing all of your favorite sports. Opening hour is from 11:30 AM to 12:00 AM. With attractive European style bar decorations, you will see a lot of foreigners. And you can also relax by playing billiards there. Different kinds of European salads and desserts are available while you are watching World Cup. They have seasonal calendar plans for every event which they posted on their website for detail.
The third one is 50th street Bar. It was opened in 1997. Opening hours is from 10.30AM to 1AM. The main menu is based on European food and you can have pizzas, pastas, burgers and sandwiches. The bar has live music entertainment and sports lives can be watched on large TV screens. Prices are not too expensive and so many people can join for fun. Since it is always crowded, you might need to do booking before you go for watching World Cup.
Latest one is Rosie’s sport bar from 50th street of Botahtaung Township. Rosie’s has a friendly atmosphere. Opening hour is from 5 pm to 1 AM. Food quality is excellent and the taste is pure British style. There, you can get drinks with good value and great pool table. Entertainment sector has many TV sports. This is also one of the best places with a very nice live music and live sports.
All of these sports bars are popular and crowded with local and foreigners. With modern decorations and different types of food with reasonable prices, you can choose one suitable for your taste and have fun. Every bar has different happy hours and events with special discounts. Also many have live music and live sports so you can enjoy yourself thoroughly. Beyond the night life of dancing with music, you can try your exciting night at those kinds of sport bars by watching Live World Cup 2018.