ဒီနေ့ခေတ်ကြီးထဲမှာ ခရီးသွားခြင်းဆိုတာက အနုပညာတစ်ခုပါပဲ။ ဘာကြောင့် အနုပညာတစ်ခုလို့ တင်စားရတာလဲဆိုတော့ ခရီးသွားတဲ့အခါ ရွေးချယ်ရတဲ့ဖက်ရှင်အသုံးအဆောင်တွေ၊ ကိုယ်ရောက်တဲ့နေရာ တွေကို စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ပြောရတဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကလည်း အရေးကြီးတာမို့လို့ ခရီးသွားခြင်းအနုပညာလို့တင်စားရတာပဲဖြစ်ပါတယ်။
Nowadays traveling is a kind of art; it sets fashion and shows your inner beauty. Before you travel, first, you should think of which accessories you bring, and then find the best location to take the photos and footages, the last is to set well entertaining in social media from traveling. That’s why I said that traveling is a kind of subtle art.
အမျိုးသမီးတွေဆိုရင် ခရီးသွားတဲ့အခါ မပါမဖြစ်သယ်သွားရတဲ့ အသုံးအဆောင်ပစ္စည်းတွေကအများကြီးပါပဲ။ Jewelry ကြိုက်တဲ့သူတွေဆိုရင် ကိုယ်သွားမယ့်ခရီးနဲ့လိုက်တဲ့ Jewelry ကိုရွေးရတာ၊ အဲဒီ Jewelry ကိုသယ်သွားပြီး သူနဲ့လိုက်ဖက်တဲ့ Case လေးတွေစုဆောင်းထားရတာကလည်း တကယ်ကိုမလွယ်တာပါ။
Especially in women, there are a lot of necessary things for traveling. If you love jewelry, you will be busier than others. Every time you go somewhere, you must decide which piece of Jewelry and a suitable case you will need to take along the journey.
တန်ဖိုးကြီးတဲ့ပစ္စည်းတွေဖြစ်တာမို့ ကြုံသလိုသယ်သွားလို့မရသလို အများကြီးသယ်ဖို့ကလည်း တစ်နေရာနဲ့ တစ်နေရာ အကူးအပြောင်းတွေရှိနေတာမို့ အဆင်မပြေလှပါဘူး။ ကိုယ့်အိမ်နားမှာ Shopping ထွက်သလိုလည်း Accessories တွေအများကြီးဝတ်ရအောင်လည်း မလွယ်တော့ ကိုယ်ကြိုက်တဲ့ Jewelry လေးတွေကို ဂရုတစိုက်ရွေးရတာလည်း ခေါင်းခြောက်စရာတစ်ခုပါပဲ။
Because of their expensiveness, it is difficult to keep many pieces of jewelry to take along with you from place to place. Also, it is not like shopping nearby your place, it is impossible for you to wear all the accessories at the same time. It is hurt to decide which piece you should choose for the trip.
ဒါကြောင့် LUSHer လေးတွေအတွက် ခရီးသွားရင် ဘယ်လို Accessories မျိုးလေးတွေကသင့်တော်မလဲ။ ဘယ်လို Jewelry case လေးတွေကကိုယ့်ရဲ့စတိုင်၊ ဖက်ရှင်နဲ့ ကိုယ်သယ်သွားမယ့် တန်ဖိုးကြီး ရတနာပစ္စည်းလေးတွေနဲ့ လိုက်ဖက်မလဲဆိုတာအတိုချုပ်လေးပြောပြပေးချင်ပါတယ်။
Thus, we would like to suggest all LUSHers about what accessories will be suitable, and what jewelry case will match your style, fashion in the trip you take.
Accessories လို့ပြောလိုက်ပြီဆိုတာနဲ့ လည်ဆွဲ၊ နားကပ် ၊ လက်ကောက်နဲ့ လက်စွပ်လေးတွေ ပါမှာပေါ့။ ဒါတွေအားလုံးကိုခရီးသွားတဲ့အခါ သယ်သွားရတော့မယ်ဆိုရင် ကရိကထများပြီးတော့ အလုပ်ရှုပ်နိုင်ပါတယ်။ ဒီတော့ ကိုယ်က Trekking သွားမှာလား။ ဒါမှမဟုတ် Luxury trip ပုံစံအေးအေးဆေးဆေးနဲ့ အနားယူမယ့် Tour လားဆိုတာ သိပြီဆိုတာနဲ့ Jewelry အတွက် ပြန်စိစစ်ပြီး ယူလာဖို့လိုအပ်ပါတယ်။
When we say accessories, necklace, earrings, bracelets, and rings will come to your mind. It will be grim to take all of them on a trip with you. So, depending on your destination; adventure, luxury or business, you need to think of the priorities.
ခရီးသွားတဲ့အချိန်မှာ အကောင်းဆုံး Jewelry ကတော့ ပုလဲပါပဲ။ သယ်ရတာလည်း ပေါ့ပါးပြီး သိမ်းဆည်းတဲ့အခါ လေ၀င်လေထွက်ကောင်းတဲ့ နူးညံ့တဲ့အိတ် ဒါမှမဟုတ် အ၀တ်စလေးနဲ့ သီးသန့်ထုပ်သိမ်းနိုင်ပါတယ်။ Special Occasion တွေနဲ့ လိုက်ဖက်တဲ့ Jewelry လေးဖြစ်တာမို့ အရေးကြီးခရီးတွေသွားရမယ်ဆို အနည်းဆုံးပုလဲနားကပ်တစ်စုံလောက်တော့ ပါသင့်ပါတယ်။
Pearls are both natural and cultured that delicate special moment for every woman. It is light, on the other hand, there is some problem for storing pearl but you can keep it in a soft cloth or breathable pouch.
ဒီလိုမှမဟုတ်ဘူး အမြဲခရီးသွားနေတဲ့ Tripper တစ်ယောက်ဆိုရင်တော့ ပေါ့ပေါ့ပါးပါး necklace မျိုးလေးတွေ၊ ချစ်စရာကောင်းတဲ့ Jewelry လေးတွေကိုကိုယ်နဲ့အတူသယ်သွားလို့ရပါတယ်။ လက်ဝတ်ရတနာ မကြိုက်တဲ့သူတွေဆိုလည်း အခုနောက်ပိုင်းမှာရွေးချယ်စရာ bracelet လှလှလေးတွေ အများကြီးရှိပါတယ်။ Leather Bracelet လေးတွေကဆို ကိုယ့်ရဲ့ဖက်ရှင်ကို တစ်မျိုးဆန်းသစ်စေပြီး လွတ်လပ်ပေါ့ပါးတဲ့ပုံစံ ပေါ်လွင်စေပါတယ်။
Or else, if you are a frequent tripper, you can choose a casual necklace or fancy jewelry for a trip. Otherwise, if you are not much of jewelry admirer, you can take the 18K gold necklace and leather bracelets, which make you more comfortable and perfect. Here, we included a list of high-end jewelry and jewelry cases for those who like both traveling and jewelry.
ခရီးသွားရတာလည်း ကြိုက်တယ် Jewelry လည်းမပါမဖြစ်အမြဲသယ်သွားတတ်တဲ့ ဖက်ရှင်ချစ်သူတွေ အကြိုက်တွေ့စေမယ့် High-end Jewelry လေးတွေနဲ့ Jewelry case လေးတွေကို အလွယ်တကူရှာရလွယ်အောင် တစ်ခါတည်းရွေးပေးလိုက်ပါတယ်နော်။ LUSHer လေးတွေလည်း ခရီးသွားခြင်းအနုပညာကို ခေတ်မီမီ၊ ပီပီပြင်ပြင်လေး ပုံဖော်နိုင်ကြပါစေ…။
Vintage Suitcase Locket Necklace (Silver-and-gold luggage pendant)
Silver နဲ့ Gold နှစ်ရောင်စပ်ထားတဲ့ Luggage ပုံစံလော့ကပ်သေးသေးလေးကခရီးအမြဲတမ်းသွားဖြစ်တဲ့ Traveller လေးတို့အကြိုက် လည်ဆွဲလေးပါ။ အိမ်ရဲ့အဝေးက အမှတ်တရလေးတွေကို လော့ကပ်လေးထဲမှာ သိမ်းထားဖို့ ပြုလုပ်ထားသလားပါပဲနော်။
uncommongoods.com, $260
Kate Spade New York Jewelry Roll(Classy Jewelry Roll)
ကမ်းခြေတွေအမြဲသွားတတ်တဲ့ Beach ချစ်သူလေးတို့အတွက် အဆင်ပြေတဲ့ Jewelry roll လေးပါ။ ကိုယ့်ရဲ့ Accessories လေးတွေလည်း ထည့်စရာအများကြီးပါတယ်လေ။ နာမည်ကျော် Brand တစ်ခုဖြစ်တဲ့အပြင် မိန်းကလေးတိုင်းကတော့ Kate Spade ဆိုရင်အထူးထပ်ညွှန်းစရာတောင်မလိုတော့ဘူးထင်ပါတယ်။
katespade.com, $78
Leatherology Large Jewelry Case (Full-grain leather)
ရတနာချစ်သူတိုင်းအတွက် ကိုယ့်ရဲ့နာမည်လေးနဲ့ Customized Jewelry case တစ်လုံးတော့ မဖြစ်မနေ လိုအပ်တာပေါ့။ ဒီ Leatherology jewelry case လေးက LUSHer လေးတို့အကြိုက် ဖုံးကွယ်နေတဲ့တန်ဖိုးတစ်ခုကို ပေးနိုင်မယ်လို့ထင်မိပါတယ်။
leatherology.com, $85
Words by LIM