Toyota ကနေ Toyota Dream Car Art ပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၉ ရက်နေ့ထိ ကျင်းပသွားမှာပါ။ ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၈၀ မှာလည်း ကျင်းပပြုလုပ်နေတာဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်က ကလေးတွေရဲ့ အနုပညာဖန်တီးတီထွင်နိုင်စွမ်းကို သူတို့ရဲ့စိတ်ကူးအိပ်မက်ထဲက ကားတွေကို ပုံဖော်ရင်း ဖော်ထုတ်ပေးနိုင်ဖို့ ပြုလုပ်တာပါ။ ပြိုင်ပွဲမှာ အသက် ၇ နှစ်အောက်၊ အသက် ၈ နှစ် ကနေ ၁၁ အထိ နဲ့ အသက် ၁၂ နှစ် ကနေ ၁၅ နှစ်အထိဆိုပြီး Group 3 ခုခွဲထားပါတယ်။ ဆုတွေအနေနဲ့ 1st, 2nd, 3rd Prize တို့ပေးအပ်သွားမှာဖြစ်ပြီး ဆု ၃ ဆုထဲကနေမှ အကောင်းဆုံးတစ်ခုကို ရွေးပြီး Grand Prize ဆုကို ထပ်ရွေးသွားမှာပါ။ ဆုရရှိတဲ့ပြိုင်ပွဲဝင်တွေကို USD $19,000 နဲ့ညီတဲ့ Olympics Games Tokyo 2020 Hospitality Package ဆုကို ပေးသွားမယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကို ရန်ကုန် နဲ့ မန္တလေးမြို့မှာရှိတဲ့ ကျောင်းတွေက ကလေးတွေဆီကို သွားရောက်ပြီး ဖိတ်ခေါ်ယှဉ်ပြိုင်ဖို့ ပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။
#LUSHmagazineMyanmar #LUSHitRight #ToyotaDreamCarArtContest