Louis Vuitton, Bulgari, Christian Dior, Celine စတဲ့ luxury brands တွေကို ပိုင်ဆိုင်တဲ့ ပြင်သစ် luxury group ဖြစ်တဲ့ LVMH က Tiffany & Co ကို USD $16.2 Billion နဲ့ ဝယ်ယူလိုက်တယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ LVMH က ကြေညာခဲ့ပါတယ်။ Tiffany & Co ကို Charles Lewis Tiffany နဲ့ John B. Young တို့တည်ထောင်ခဲ့ကြပြီး သက်တမ်းအနေနဲ့ ရာစုနှစ် ၂ စုနီးပါး (နှစ်ပေါင်း ၁၈၂ နှစ်) တောင်ရှိပါပြီ။ Tiffany & Co ကို အနုစိတ်တဲ့ လက်ဝတ်ရတနာတွေကြောင့်လူသိများပြီး Audrey Hepburn ရဲ့ Breakfast at Tiffany’s ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းကြောင့်လည်း လူတွေပိုသတိထားမိခဲ့ကြပါတယ်။
Tiffany က အခုဆို jewelry တွေကို ခေတ်မီတဲ့ design တွေနဲ့ပြုလုပ်လာပြီး လူငယ်တွေကို target ထားလာပါပြီ။ ဒီနှစ်အစောပိုင်းတုန်းကလည်း Men’s jewelry collection တစ်ခုကို launch လုပ်ခဲ့ပြီး လိင်တူချစ်သူတွေလိုမျိုး မတူညီတဲ့ customer တွေဆီကို market တိုးချဲ့နေပါတယ်။ LVMH က Tiffany ကို ပြီးခဲ့တဲ့အောက်တိုဘာလကုန်လောက်တုန်းက $14.5 billion နဲ့ဝယ်ဖို့ဈေးညှိခဲ့သေးပေမယ့် အဲ့တုန်းက ငွေပမာဏနည်းနေသေးလို့ အဆင်မပြေခဲ့ပါဘူး။ အခုတစ်ခေါက်မှာတော့ $16.2 billion နဲ့ နှစ်ဦးနှစ်ဖက်လုံး သဘောတူခဲ့ကြပြီး လွှဲပြောင်းဖို့လုပ်ငန်းစဉ်တွေကို ၂၀၂၀ ခုနှစ်လောက်မှာ အပြီးသတ်နိုင်ဖို့ မျော်လင့်တယ်လို့ LVMH က ပြောပါတယ်။
Ref: The Japantimes
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #TiffanyandCo #LVMH