The Steel Magnolia
၂၀၁၅ခုနှစ် အစောပိုင်းမှာ Rangoon Tea House ဟာစတင်နာမည်ကြီးလူသိများလာခဲ့ပြီး ရန်ကုန်မြို့ရဲ့ အထင်ကရသွားသင့်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး လမ်းကြောင်းတွေ ပွင့်လာပြီးတဲ့နောက် စိန်ခေါ်မှုတွေနဲ့အတူနိုင်ငံရဲ့ မျှော်လင့်ချက်တွေဟာ ပိုပြီး
လက်တွေ့ကျလာခဲ့ပါတယ်။ ခံ့ညားလှတဲ့လှေကားထစ်လေးတွေအတိုင်းတက်သွားတယ်ဆိုရင် ရန်ကုန်တီးဟောက်စ်ရဲ့ အခန်း တွင်းဒီဇိုင်းအပြင်အဆင်ကိုအရင်ဆုံးသတိထားမိပါလိမ့်မယ်။ ရန်ကုန်မြို့ရဲ့ ခေတ်ဟောင်းအငွေ့အသက်များနဲ့ အတူ အရှေ့တောင်အာရှ ရဲ့ မြို့တော်ကြီးတစ်ခုဖြစ်လာမယ့် အနာဂါတ်ပုံရိပ်တွေကို လက်ရှိမှာ တစ်ပြိုင်ထဲ တွေ့မြင်ခံစားရပါတယ်။
ရန်ကုန်မြို့ပြရဲ့ကိုလိုနီခေတ်က အဆောက်အဦးတစ်ခုဖြစ်ပြီး မျက်နှာကျက်ပေါ်မှာတဝီဝီလည် နေတဲ့ ပန်ကာကြီးတွေ မြင့်မားတဲ့ ပြူတင်းပေါက်
တွေကတော့ ရှေးဟောင်း ဒီဇိုင်းတွေဖြစ်ပေမယ့် အတွင်းပိုင်းအပြင်အဆင်ကတော့ ခေတ်မီဆန်းသစ်နေပါတယ်။ အတွင်းပိုင်းအပြင်အဆင်တွေရဲ့ ပဲ့ကိုင်ရှင်ကတော့ ယခင် M.Interiors Design firm ယခု M.ID ရဲ့ ဒေါ်မြမဉ္ဇူပါပဲ။ သူမဟာအမေရိကန်ပြည်ထောင်စုရှိ California Lutheran College မှာ နိုင်ငံရေးသိ ပ္ပံဘာသာရပ်အပြင် စတူဒီယိုအနုပညာဘာသာရပ်တို့ကိုသင်ယူခဲ့ပြီး Otis College of Art & Design ကျောင်းထွက်
ဒီဇိုင်နာတစ်ဦးလည်း ဖြစ်ပါတယ်။ (Otis College of Art & Design မှာ အိုဘားမားရဲ့ Interior ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Michael S.Smith လည်း
တက်ရောက်ခဲ့ပါတယ်။)
မမြမဉ္ဇူဟာ ဦးလေးဖြစ်သူနာမည်ကြီး ပန်းချီဆရာတစ်ဦးလည်းဖြစ် ကလျာမဂ္ဂဇင်းပိုင်ရှင်လည်းဖြစ်တဲ့ ဦးစိန်ကြီးဆီကနေ အနုပညာသွေးနဲ့ အတူ လုပ်ငန်းပိုင်း ပညာများပါ လက်ခံရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြောလေ့ရှိတဲ့ ဟာသတစ်ခုရှိပါတယ်.. “မင်းဟာပန်းချီဆရာ၊ ကဗျာဆရာဒါမှမဟုတ် စာရေးဆရာဆိုလို့ကတော့ မင်းငတ်နေမှာပဲ” ဆိုတဲ့စကားကြောင့် ပန်းချီဆရာတစ်ဦးအနေနဲ့ အောင်အောင်မြင်မြင်ရပ်တည်နိုင်ဖို့ တစ်ဘက်မှာလည်း မဂ္ဂဇင်းလုပ်ငန်းကို လုပ်ကိုင်မှ အဆင်ပြေနိုင်မယ်လို့ သူမ သိခဲ့ပါတယ်။ ဆရာသမားကောင်းတွေရဲ့ အကူအညီတွေနဲ့ သူမဟာ အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်တဲ့ ပန်းချီပြိုင်ပွဲတစ်ခုမှာ အနိုင်ရရှိခဲ့ပြီး သူမအသက် ၁၉နှစ်အရွယ်မှာတော့ ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ Union Business Center မှာသူမရဲ့ ပထမဦးဆုံးတစ်ကိုယ်တော် ပန်းပုအနုပညာပြပွဲကိုကျင်းပ နိုင်ခဲ့တယ်။
ဘွဲ့ရပြီးတဲ့နောက်မှာတော့ မမြမဉ္ဇူဟာအနုပညာရှင်တွေ၊ အမေရိကားရဲ့ လူကုံထံအထက်တန်းလွှာတွေ ရဲ့ အားကိုးအားထားဖြစ်တဲ့ နာမည်ကြီးအခန်းတွင်းဒီဇိုင်နာ Kelly Wearstler စီမှာ အလုပ်လုပ်ရင်း ပညာဆည်းပူးခဲ့ပါတယ်။၂၀၁၁ခုနှစ်မှာတော့ သူမဟာမိသားစုနဲ့ အတူနေထိုင်ဖို့
အတွက် မြန်မာနိုင်ငံကို ပြန်လာခဲ့တယ်။ အဲဒီအချိန်လောက်တုန်းကတော့ဆိုရင် မြန်မာနိုင်ငံဟာ အစောပိုင်းကာလဖြစ်တဲ့အတွက် Interior
ဒီဇိုင်နာတစ်ဦးဖြစ်ဖို့ မလွယ်ကူလောက်တဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ မိတ်ဆွေတစ်ဦးရဲ့ ဖခင်မှ မြစ်ကမ်းနံဘေးမှာရှိတဲ့ စတုရန်းပေ ၄သောင်းခန့်ရှိတဲ့ Sarana Pun ဆိုတဲ့ အိမ်လေးရဲ့ Interior ဒီဇိုင်းကိုရေးဆွဲဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ အဲဒီကနေစပြီး မမြမဉ္ဇူဟာ Interior ဒီဇိုင်းတွေကို အပတ်တကုတ်ကြိုးစားခဲ့ရာကနေ အခုတော့ မြန်မာနိုင်ငံ မှာရှိတဲ့ အထင်ကရနေရာတွေမှာသူမရဲ့ ဖန်တီးမှုအားကောင်းတဲ့ ကိုယ်ပိုင်လက်ရာ
တွေကိုတွေ့မြင်နေရပြီး နိုင်ငံရဲ့နာမည်ကြီး Interior ဒီဇိုင်နာတွေထဲကတစ်ဦးဖြစ်နေပါပြီ။
မြန်မာနိုင်ငံမှာ စားသောက်ဆိုင်တွေခေတ်စားလာတဲ့ အချိန်မှာသူမဟာ စားသောက်ဆိုင် အမြောက်အမြားရဲ့အတွင်းပိုင်းဒီဇိုင်းတွေကိုဖန်တီးပေးခဲ့တာကြောင့် စားသောက်ဆိုင်Interior ဒီဇိုင်နာလို့သာ လူအများရဲ့ အထင်လွဲခြင်းကိုခံခဲ့ရပါတယ်။ သူမရဲ့လုပ်ငန်းအပေါ်သူမရဲ့ ခံယူချက်ကတော့ နဂိုရှိရင်းစွဲယဉ်ကျေးမှု အနှစ်သာရတွေ မပျောက်ပျက်ဘဲခေတ်မီဆန်းသစ်တဲ့အသွင်ကိုဆောင်စေတဲ့ ဒီဇိုင်းများ ကိုဖန်တီးခြင်း သာဖြစ်ပါတယ်။ တစ်ခါကသူမဒီဇိုင်းရေးဆွဲဖန်တီးပေးထားတဲ့ ရန်ကုန်မြို့ရေကျော်နားမှာရှိတဲ့ ဗီယက်နမ်စားသောက်ဆိုင် Rau Ram က လူတိုင်းချီးကျူးရတဲ့ ခမ်းနားတဲ့အခန်းတွင်းအပြင်အဆင်တွေကြောင့် သူမကို ပြည်တွင်း Interior ဒီဇိုင်နာဂုရုကြီးဟု Myanmar Times မှ ရေးသားဖော်ပြခဲ့ပါတယ်။
အခုဆိုရင် ရန်ကုန်မြို့ရှိ အဆောက်အဦးအသစ်တွေမှာ နိုင်ငံရပ်ခြားကိုရောက်သွားတယ်လို့ထင်ရလောက်အောင် ခမ်းနားတဲ့အပြင်အဆင်တွေနဲ့ ဖန်တီးထားသော်လည်း မြို့ပြရဲ့အငွေ့အသက်တွေပျောက်ပြယ်သလို တစ်ခါတစ်ရံ ခံစားရ မှာပါ။ နောင်လာမယ့် ဆယ်စုနှစ်၂ခုလောက်ကို တွေးကြည့်ကြမယ်ဆိုရင်တော့ မမြမဉ္ဇူဟာခေတ်သစ်ဗိသုကာအနုပညာရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်လာမယ်ဆိုလည်းမမှားပါဘူး။ သို့သော် သူမဟာ အမိနိုင်ငံကိုပြန်လာတဲ့အခါမှာ နွေးထွေးတဲ့ကြိုဆိုမှုကိုမရခဲ့ပါဘူး။အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ မိခင်ဖြစ်သူကတော့ မမြမဉ္ဇူရဲ့အလုပ်ကိုအသိအမှတ်မပြုခဲ့ပါဘူး။ ဒီလိုအသိအမှတ်ပြုမခံခဲ့ရတာက မမြမဉ္ဇူကို အလုပ်အတွက် ဖိအားဖြစ်စေခဲ့ပါတယ်။ သူမရဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြရတဲ့အကြောင်းကတော့ မြန်မာနိုင်ငံမှာလူငယ်တော်တော်များများ၊ အထူးသဖြင့် ပြည်ပမှာသွားရောက်ပညာသင်ယူနေတဲ့လူငယ်တွေဟာသူတို့ရဲ့ မိသားစုဝင်တွေဆီကနေ အသိအမှတ်ပြုမှုတွေ အားပေးမှုတွေကိုမရတဲ့အချိန်တွေရှိ
တတ်ကြပါတယ်။ အဲဒါတွေကကိုယ်ရဲ့ ယုံကြည်ချက်တွေ အစွမ်းအစတွေကိုရိုက်ချိုးသလိုဖြစ်သွားတတ်ကြပါတယ်။ အဲဒီလိုတွေ ရိုက်ချိုးပစ်မယ့်အစားထက်မြက်ပြီးအစွမ်းအစရှိတဲ့ လူငယ်လူရွယ်လူတော်တွေကို ကြိုဆိုပြီး အားပေးအားမြောက်ပြုကြဖို့ သူမက တိုက်တွန်းလိုပါတယ်။
သာဓကအနေနဲ့ဆိုရင် မမြမဉ္ဇူဒီနိုင်ငံမှာဒီဇိုင်းနဲ့ဆောက်လုပ်ရေးလုပ်ငန်းကိုစတင်ဝင်ရောက်လုပ်ကိုင်ခဲ့တုန်းကဆိုရင် သိပ်မနှစ်မြို့ကြဘူး။
ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားတွေပဲဦးဆောင်လုပ်ကိုင်နေတဲ့ လုပ်ငန်းလောကမှာမိန်းမသားတစ်ယောက်ဖြစ်တဲ့ မမြမဉ္ဇူကို လက်မ
ခံနိုင်ကြလို့ပါ။ မမြဉ္ဇူရဲ့ အပြင်ပုံပန်းသဏ္ဍန်ကို ကြည့်မယ်ဆိုရင် တက်ကြွပြီးသွက်လက်တဲ့ မိန်းမပျိုလေးတစ်ဦးဖြ စ်တဲ့အပြင် အဝတ်အစားကောင်းတွေ ဆွဲဆောင်မှုရှိတဲ့ခုံမြင့်ဖိနပ်တွေကြောင့် နိစ္စဓူဝရှော့ပင်း ထွက်နေတဲ့ လူကုံထံမိန်းမပျိုလို့ အထင်မှားတတ်ကြမှာပါ။ ဒါပေမယ့် တကယ့်
လက်တွေ့မှာတော့ သူမဟာကိုယ်ပိုင်အနုပညာလက်ရာများကိုတန်ဖိုးထားပြီး ကိုယ်ပိုင်အစွမ်းအစကို ချပြရမှာကိုလည်း ဝန်မလေးတတ်
သူတစ်ဦးပဲဖြစ်ပါတယ်။
“အမျိုးသမီး ဒီဇိုင်နာ တစ်ယောက်ဆိုတာကိုယ်လုပ်ထားတဲ့ အလုပ်လေးတွေနဲ့အတူကြော့ကြော့ရှင်းရှင်းလေးဓါတ်ပုံရိုက်ရုံမဂ္ဂဇင်းအင်တာ
ဗျူးလေးတွေဖြေရုံပဲ မဟုတ်ပါဘူး။ ကိုယ့်အချိန်ရဲ့ ၉၉ရာခိုင်နှုန်း ကဆောက်လုပ်ရေးလုပ်ငန်းခွင်တွေဆီ သွားမယ်၊ အမျိုးသားအများစုရှိတဲ့ အစည်းအဝေးတွေတက်ရ ပါတယ်” လို့လည်းသူမဆိုပါသေးတယ်။
အစည်းအဝေးတွေမှာဆိုရင် တစ်ခါတစ်လေသူမကိုထိခိုက်စေတဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့ အပြောအဆိုခံရတဲ့အပြင် တစ်ခါကဆိုရင် ဗိသုကာပညာရှင်တစ်ဦး၏ ကိုယ်ထိလက်ရောက်နာကျင်ရမည်ဟုခြိမ်းခြောက်မှုကိုသူမခံခဲ့ရပါသေးတယ်။ဒီလိုအပြု အမူတွေကိုတော့ အမျိုး
သားတွေဆီကသာ ကြုံတွေ့ ခဲ့ရတာဖြစ်ပါတယ် လို့ လည်း သူမကပြောပြခဲ့ပါသေးတယ်။
နိုင်ငံရပ်ခြားမှာနေထိုင်ပြီး ပြန်လာတဲ့သူတစ်ယောက်အဖို့သူမရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ပတ်သက်ပြီး အတင်းအကြပ်ထဘီဝတ်ခိုင်းမည်ဟုရိုင်းစိုင်းသည့်အသုံးအနှုန်းများဖြင့်ဝေဖန်ထောက်ပြခြင်းများလည်းခံခဲ့ရတယ်လို့ပြောပါတယ်။ နိုင်ငံရပ်ခြားမှာနေပြီးအလုပ်လုပ်ခဲ့တဲ့ သူမဘဝတစ်လျှောက် ဒီလိုခြိမ်းခြောက်ဝေဖန်မှုတွေကိုသူမ လုံးဝမကြုံတွေ့ခဲ့ရပါဘူး။ ဒီလိုအခြေ အနေမျိုးမှာ တချို့အမျိုးသမီးတွေဆိုရင် ဝမ်းနည်းငိုကြမှာဖြစ်ပါတယ်။
ဒါပေမယ့် သူမဟာ အားငယ်စိတ်တွေကိုဥပေက္ခာပြုပြီး ခိုင်မာတဲ့ ဦးတည်ချက်ဖြင့် ရှေ့ဆက်လျှောက်လှမ်းခဲ့ပါတယ်။
ပညာတွေလေ့လာရုံ နိုင်ငံခြားမှာအလုပ်လုပ်ရုံနဲ့ ကျင်လည်နေတဲ့လုပ်ငန်းခွင်ရဲ့ ထိပ်ဆုံးကို မရောက်နိုင်ပါဘူး။ “ပရောဂျက်တွေ လုပ်တဲ့အခါမှာ
တချို့အရာတွေ ဘေးဖယ်ထားပြီးတော့ client တွေကို အဲဒါတွေက လုပ်ပေးလို့မရနိုင်ဘူးလို့ ပြောလိုက်ဖို့လည်း ညွှန်ကြားခံရဖူးတယ်။ ကျွန်မက မိတ်ဆွေရဖို့ ပရောဂျက်တွေ လုပ်ဆောင်နေတာမဟုတ်ဘူး။အလုပ်ကောင်းကောင်း လုပ်ချင်ရုံသက်သက်ပါပဲ။” လို့ အလုပ်နဲ့ပတ်သက်လာရင် ခံယူထားတဲ့ သူမရဲ့ ကျင့်ဝတ်တွေ အကြောင်းကို ပြောပြခဲ့ပါသေးတယ်။
မကြာသေးမီက သူမဟာ မီးရထားဖွံ့ဖြိုးတိုးတက်ရေးလိမိတက် (Meeyahta Development Limited) ရဲ့ အလုပ်တာဝန်ပေးအပ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါ့အပြင် အခုလက်ရှိခေတ်စားနေတဲ့ The Tea Factory ကိုလည်း ဦးဆောင်ဒီဇိုင်းလုပ်ကိုင်ထားခြင်းဖြစ်ပါတယ်။ Tea Factory ဟာဆိုရင် အလုံးစုံ မိတ်မဆက်ရသေးတဲ့ Multi concept design driven venue တစ်ခုပါ။ ပြန်လည် ပြုပြင်မွမ်းမံ ထားတဲ့ Tea drying machine အဟောင်းတစ်လုံးကတော့ တွေ့ရှိသူတွေကြားမှာ ရေပန်းစားပြီးသားဖြစ်နေပါပြီ။ “အရင်တုန်းက ဒီစက်က အပြာနုရောင်လေးပါ။ သူမကို အခုခေတ်နဲ့ ကိုက်ညီအောင် ကြေးကွပ်ထားတဲ့ အမည်းရောင်ပုံစံလေးအဖြစ်ပြောင်းလဲလိုက်တာပါ။ ဒါနဲ့ “သူမ” ဆိုတာ မွမ်းမံပြီးလှပနေတဲ့ Tea drying machine ကို ပြောတာပါနော်”
LUSH အဖွဲ့သားများနဲ့ သီးသန့်အင်တာဗျူးမှာ သူမ ပြောခဲ့တာကတော့ “The Tea Factory ပြီးသွားပြီဆိုရင်တော့ ပျဉ်ထောင်အိမ်တစ်လုံးလို ခံယူချက်မျိုးနဲ့ လည်ပတ်သွားမှာပါ။ ပျဉ်ထောင်အိမ်က ကျွန်မတို့ နိုင်ငံရာသီဥတုနဲ့ ကိုက်ညီတယ်၊ ပျဉ်ထောင်အိမ်ထဲမှာ နေရတာ ဘယ်လောက်အေးချမ်း
လည်း ဆိုတာ ကျွန်မတို့ မြန်မာလူမျိုးတွေ မေ့လျော့နေကြတယ်”
“ကျွန်မသာ တစ်နေ့မှာ အိမ်ဆောက်ဖြစ်ရင် ဒီဇိုင်နာပျဉ်ထောင်အိမ်မျိုးပဲ ဆောက်မှာပါ။” The Tea Factory ရဲ့ အပေါ်ထပ်မှာဆိုရင်တော့ Sonder Living ရှိပြီးနိုင်ငံတကာက နာမည်ကြီးတံဆိပ်တွေရဲ့ ပရိဘောကအချို့ကို ရန်ကုန်က ဝယ်သူတွေကိုယ်တိုင် ရွေးချယ်ဝယ် နိုင်အောင် ခင်းကျင်းပြသပေးထားမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ Sonder Living stores က နယူးယောက်၊
လော့စ်အိန်ဂျယ်လိစ်၊ လန်ဒန်၊ ဟောင်ကောင်နဲ့ ဘန်ကောက် စုစုပေါင်း
၅နိုင်ငံမှာပဲ ရှိပါတယ်။ ဒီလိုလုပ်ငန်းတွေအများကြီးအပြင် ဦးသန့်အိမ် Advisory Board မှာ Interior Design ပိုင်းတာဝန်ယူထားပါတယ်။ Property Awards မှာလည်းအကဲဖြတ်ဒိုင်အဖြစ် ၃နှစ်ဆက်တိုက်တာဝန်ယူပြီး TEDxYangon ရဲ့ပွဲ ဒီဇိုင်းနာတစ်ဦးလဲဖြစ်ပါတယ်။
မကြာသေးမီက “ရန်ကုန်ဈေး” လို့ အမည်ပေးထားတဲ့ လယ်ယာထွက်
ပစ္စည်းများကို Tea Factory မှာ လစဉ်ရောင်းချလျက်ရှိပါတယ်။ လက်ရှိ
အချိန်အထိ ပြုလုပ်ခဲ့တဲ့ ပွဲ၂ပွဲမှာ ဧည့်သည်ပေါင်း ၇၀၀ကျော်
တက်ရောက်ခဲ့ပြီးသူမ အတွက် အံသြပျော်စရာကောင်းတဲ့အခိုက်
အတန့်လေး ဖြစ်ခဲ့ပါတယ်။ အဲဒီပွဲမှာ သဘာဝပစ္စည်းတွေကိုပဲ သုံးပြီး အလှဆင်ထားခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီပွဲမှာ ဈေးသည်တွေအနေနဲ့ လည်း
ပလက်စတစ်အသုံးပြုမှုကို အတတ်နိုင်ဆုံးရှောင်ကြပြီး သစ်ရွက်နဲ့ အခြား ဆွေးမြေ့ပျက်စီး လွယ်တဲ့အရာတွေကိုသာ အသုံးပြုကြတယ်။
လက်ရှိမှာ မမြမဉ္ဇူဟာ ပြည်တွင်း NGO အဖွဲ့တစ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဈေးက အမှိုက်တွေကို ပြန်လည် အသုံးချနိုင်အောင် ကြိုးစားနေပါတယ်။ သူမဟာ အမေတစ်ယောက်အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေမဲ့အရာတွေကို မလိုလားဘဲ အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရတဲ့ ထုတ်ကုန်ပစ္စည်းတွေ ကိုပဲ သုံးချင်မိပါတယ်။ “ကျွန်မသားလေးရဲ့ အခန်းနံရံကို ဓာတုဆေးတွေ များများမပါတဲ့ VOCဆေးမျိုးနဲ့ပဲ သုတ်ထားပါတယ်။ ကျွန်မလိုပဲ မိခင်တွေလည်း ဒီလိုမျိုး ရွေးချယ်အသုံးပြုစေချင်ပါတယ်။ ဒီဆေးမျိုးတွေက အခုခေတ်မှာ ရှာရလွယ်ပါတယ်။ အခြားအခြားသော ပစ္စည်းကောင်းများလည်း ရှာရ ဝယ်ရလွယ်ပါတယ်။ ကျွန်မ တာဝန်ယူထားတဲ့ ပရောဂျက်တွေအချို့မှာဆိုရင် အစိမ်းရောင်အမှတ်အသားရှိတဲ့ ပစ္စည်းတွေပဲ သုံးပါတယ်။ အစိမ်းရောင်အမှတ်အသားဆိုတာက Enviroment အတွက် အရည်အသွေးကောင်းမွန်တာကို ပြောတာပါ။ Junction City အတွက် ကျွန်မ လုပ်ပေးတုန်းကဆိုရင် အစိမ်းရောင်အမှတ်အသားရှိတဲ့ ပစ္စည်းတွေကိုပဲ သုံးထားတဲ့အတွက် မျက်နှာကျက်က မီးလုံးလေးတွေကအစ စင်ကာပူနိုင်ငံက အစိမ်းရောင်အမှတ်အသား အဆင့်အတန်းနဲ့တောင် ယှဉ်လို့ရပါတယ်။ အမေတစ်ယောက်အနေနဲ့ ကျွန်မတို့ရဲ့ အနာဂတ်တိုးတက်ကောင်းမွန်လာဖို့အတွက် အရေးကြီးတဲ့လုပ်ဆောင်ချက်တွေရှိပါတယ်လို့ ပြောချင်ပါတယ်။”
မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုကူညီဖို့ရှိလဲလို့ မေးလိုက်တဲ့အခါမှာ “တွေ့ကြုံနေရတာတွေကို သင်ခန်းစာယူပြီး အကောင်းဆုံးနေထိုင်သွားဖို့ အရေးကြီးပါတယ်။” အောင်မြင်နေတဲ့လူတစ်ဦးတိုင်းမှာအတိုက်အခံရှိစမြဲမို့ သူမရဲ့လုပ်ငန်းဆိုင်ရာပိုင်းတွင်လည်းပြင်ပမှဆန့်ကျင်မှုများခံခဲ့ရပါတယ်။ ဒါ့အပြင် သူမဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော အောင်မြင်တဲ့ အမျိုးသမီး Interior ဒီဇိုင်နာတစ်ယောက်လို့ခေါ်ကြခြင်းကြောင့် ပြိုင်ဖက်များရခြင်း အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူမကတော့….
“ဥပမာ- ရန်ကုန်ကို အပိုင်း၃ပိုင်းပိုင်းကြည့်ကြပါစို့၊ တစ်ပိုင်းထဲတောင် ကျွန်မတစ်သက်မှာပြီးအောင် ဒီဇိုင်းလုပ်ပေးနိုင်မှာမဟုတ်ဘူး။ဒါ့ကြောင့် အလုပ်ကို Professional ဆန်ဆန်လုပ်ပြီး စိတ်ထားကောင်းဖို့လိုပါတယ်။အခုတိုင်းပြည်ဖွံ့ဖြိုးနေတဲ့အချိန်မှာ အလုပ်တွေက အချင်းချင်းလုစရာမလိုဘဲ အများကြီးရှိပါတယ်။ဒါပေမယ့်ကိုယ့်သမိုင်းကိုယ်ရေးကြရမှာချည်းပါပဲ။ ဒါကြောင့် ကျွန်မ အနေနဲ့ ကျွန်မလုပ်စရာရှိတာတွေကို အကောင်းဆုံးပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်သွားမှာပါ။ ကျွန်မသာ ဒီလုပ်ငန်းကို စီးပွားဖြစ်မလုပ်ဖြစ်ခဲ့ရင်လည်း အိမ်ဒီဇိုင်းပစ္စည်းဆိုင်တွေမှာ အမြဲရောက်နေမှာပါပဲ။ ဒါမှမဟုတ် ကျွန်မရဲ့ ကိုယ်ပိုင်အိမ်အတွက် ကျွန်မရဲ့ လုပ်ငန်းအတွက် လက်ရာတွေ ဖန်တီးနေမိမှာပဲ။ ဒါကြောင့် ကျွန်မရဲ့ ကိုယ်ပိုင်လက်ရာဖန်တီးမှုတွေကို အသိအမှတ်ပြုပြီး အလုပ်လာအပ်ကြတဲ့ client တွေအတွက် ကျွန်မ အကောင်းမွန်ဆုံး ဖန်တီးပေးရလို့ ဝမ်းသာပါတယ်။”
(English Version)
It was in early 2015 when Rangoon Tea House was making a buzz as a “must see place” in town. After Myanmar opened up, the high expectations for the country became more realistic with the actual challenges.
Climbing through the creaky staircase, the first thing you noticed about Rangoon Tea House was its interior design. It carries the ghost of Yangon’s past, the exciting present and the future for it to bloom as a major city in Southeast Asia. The whirling high ceiling fans and the tall windows were of the Yangon’s colonial building but the interiors were still refreshingly modern. The interior design was Mya Myitzu of M.Interiors Design firm, now being rebranded as M.ID. Born in Yangon, she studied in USA, to major in Political Science & Studio Art from California Lutheran College, and also at Otis College of Art & Design (Fun fact: Obama’s interior designer Michael S. Smith went there too).
Mya Myitzu was always a creative child and from her uncle U Sein Gyi, a well-known artist and owner of Kalayar Magazine, she was exposed to running a magazine business and learnt that one could be successful working as an artist too. This was incredibly fortunate for her as in Myanmar, we have a running joke that you will starve if you are an artist, a poet or a writer. With the help of great teachers and mentors, she went on to win full scores at an art contest in US and held her first solo Sculpture show inside the Union Business Center on Pyay Road at the age of 19.
After graduating, Mya Myitzu worked for famed interior designer Kelly Wearstler where many of the clients were celebrities, and America’s elites. She came back in 2011 to be with her family. This was the beginning of Myanmar opening up, and being an interior designer at that time was close to impossible. A friend’s father gave her a chance to work on the interiors of his residence Sarana Pun, a 40,000 square feet riverside estate, and she went on strength to strength from there. Now Mya Myitzu is one of the most highly demanded interior designers in the country with major projects under her portfolio. At one point during the restaurant boom in Myanmar, she was designing so many of them that she risked being known as the restaurant designer. Part of her sought after features is making the design modern without completely erasing the essence of locality and culture, a “flavor” as she calls it. Myanmar Times has dubbed her a local interior design guru after the premiere of Rau Ram, a Vietnamese restaurant in Yay Kyaw neighborhood, hailed as one of the “IT” destinations in Yangon.
There are many new buildings in town with spelling binding decorations now, which makes you feel like you are transported to other foreign countries. Yet it is a jarring experience for those who had known the city through its isolation to its opening up. We may not know it now but in 10 to 20 years when we look back, Mya would definitely be one of the pioneers of Modern Myanmar architecture.
Despite her success, her homecoming was not with open arms as typical with most stories about a pioneer. Her mother, a very successful business woman of her own right, does not consider her job a real profession. This lack of support drove her to work harder instead of letting it crushes her. Mya decided to share this openly because many young adults from Myanmar (especially those who studied overseas) are facing discouragement from their own families and it could really break a person’s character. Our country needs new ideas and we should be welcoming and embracing talented people of our own instead of forcing them to follow the old rules. Her entry to the design and construction industry here, and working world was a culture shock at first. In this absolutely male dominated sector, Mya is the living embodiment of their misogynist nightmare.
Mya Myitzu in person is a cheerful, tiny woman with a girlish laugh. She looks young for her age as well. She wears nice clothes and sexy high heels and you can easily brush her off as a wealthy girl who spends her day shopping but she’s the real deal who knows her craft and is not afraid to let you know it. Mya explained that “working as a woman designer is not just about the beautiful and glamorous photos of yourself and your completed projects, and magazine interviews, it’s 99% of the time going to sites and meetings which involve a lot of men”. She had abusive words hurled at her in meetings and one architect actually threatened to physically harm her. All of those came from Burmese men. As she is a repatriate (a local who came back after living in overseas), crude jokes had been made about stripping her trousers and forcing her to wear a longyi. While working overseas, Mya did not experience this level of threats. At times, some women with her, would actually cry in the face of such adversities while Mya would just laugh it off. Despite having experienced such vulgarities, she retains her femininity, yet shows her steely determination.
You do not become one of the top in your field by just studying and working overseas. Mya talked about her work ethic and her uncompromising stand when it comes to her work. “There had been times in projects when I was told to just let things slide and tell the client certain things could not be done. When working on a project, I am not there to make friends. I am there to do great work.”
Most recently, Mya has been commissioned by Meeyahta Development Limited. Shrouded in secrecy, it is exciting to see what has been done. Her firm, which Mya hopes to encourage and bring up more interior designers as part of the company in the future, is also in charge of designing The Tea Factory. It is a multi concept design driven venue, which not been launched fully but the refurbished old tea drying machine is already a real attraction to the public. “It was once light blue, the tea machine was, believe it or not, but I gave it a bronze trimmed matte black makeover to bring her into this century. And by “her” I mean the tea drying machine. Such a beauty, with a ‘brethren of hot coal fire’, inside her body should only be addressed as a woman”, Mya explained excitedly.
Mya has exclusively disclosed to Lush, that whatever The Tea Factory will be in completion, it will have the concept of being part of a glamorized Burmese wooden house (Pyin Down Eain), as she felt the need to revive such an otherwise rural idea of a house nowadays. “We have forgotten however, as Bamas, how comfortable it is in our climate, and how eco-friendly it is to live inside a Pyin Down Eain”, said Mya. “If I build a house one day, I would love to build a designer style version”. Upstairs of The Tea Factory holds Sonder Living which gives buyers in Yangon access to some of the furniture industry’s most contemporary international design brands. There are only five other Sonder Living stores in the world, New York, Los Angeles, inside the Harrods Department Store of London, then Hong Kong, and Bangkok. Despite her busy schedule, Mya is Interior Design in charge of U Thant’s House Advisory Board. Mya also sits as a judge on the panel for the Property awards for past three years. She was also the event designer for TEDxYangon.
Recently a monthly sustainable farmer’s market called Yangon Zay was launched at The Tea Factory. It is an educational side project for her which has already catered to over 700 guests in two events thus far, which Mya exclaimed as such “nice surprise”. All of the decorations of the event are from the earth, and goes back to the earth. Leaves and other biodegradable set up are used and vendors have to limit the use of plastics. Mya is also trying to work with a local NGO group to ensure all the trash from the market is recycled. As a mother, she is concerned about the environmental effect and passionate about using eco-friendly products. “I always make sure the wall in my son’s room is painted in low VOC paint, and all mothers of Yangon should as well, it is easy to find on the market now days. Many more earth friendly materials for design are available also. In some projects, I have to make sure something I specified is “green marked” material which means it is sustainably produced. This was the case when I worked on Junction City, which has a “green mark” limit so even the ceiling lights were as per Singapore greenmark standards. As a mother, I think these are important strides to preserving our future.”
When asked on how to help empower women in Myanmar, Mya replied that the best is to live through example. As with every successful person, there had been instances of people trying to steal away her business, claiming credit for her hardwork and discrediting her by spreading rumors. It is disheartening when some of the nastiest attacks come from other females as well. The fact that she is the undisputed first successful female interior designer of Modern Myanmar is also the cause of jealousy for some. Mya remains unbothered by such title. “If you look at Yangon and divide it by three zones, it would be impossible to be a part of projects in just one zone in my life time so it is better to behave professionally, not with spite. There is enough work for everyone in these new chapters of our country but you have to write your own history. For me, I am just going to do the best work as I enjoy it so much. If I were not doing this as a business, I would spend all day inside a furniture store anyways, and I would be redoing my own house or businesses so it is my pleasure to do it for my clients who appreciate it”.
Please visit Mya’s newly launched website www.minteriorsanddesign.com but not all the projects have been updated.
www.lushmagazinemm.com တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်
ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။