ဒီနေ့ခေတ် လူငယ်တွေကြားမှာတော့ သူနဲ့ ပက်သက်ပြီးတော့ မှတ်မိတဲ့သူ ရှိကောင်းရှိဦးမှာပါ။ သူဆိုတာကတော့ တခြားသူကိုပြောတာ မဟုတ်ပါဘူး။ ၂၀ဝ၂ ခုနှစ် Oscar De la Rentaက FrenchFashion House Balmain ကနေထွက်လာခဲ့တဲ့အချိန် ဂုဏ်သတင်းကြီးမားခဲ့တဲ့ ဒီ Brand က ဖက်ရှင်အသိုင်းအဝိုင်းထဲက ပျောက်ကွယ်သွားမတတ်ငြိမ်သက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀ဝ၅ ခုနှစ်မှာ ဖက်ရှင်လောကမှာ လူသိများလာခဲ့တဲ့ Balminia ကနေစပြီး Christophe Decarnin ကိုမျက်မှန်းတန်းမိလာကြပါတယ်။
သူ့ရဲ့လှပတဲ့ ပခုံးကျဒီဇိုင်းတွေက ဂန္တဝင်ဆန်တဲ့တည်ငြိမ်မှုပုံစံကနေ တစ်မူကွဲထွက်ပြီး လူငယ်တွေကြားမှာ ပိုပြီးထိုးဖောက်အောင်မြင်ခဲ့ပါတယ်။ အများစုကတော့ Balmain လို့သိကြပြီးတော့ ပိုပြီးငယ်ရွယ်၊ လတ်ဆတ်တဲ့ ထူးခြားဆွဲဆောင်မှုရှိတဲ့ဖက်ရှင်အဖြစ် သိကြပါတယ်။
တဖန် ပြင်သစ်ဒီဇိုင်နာ Decarnin က ၂၀၁၁ ခုနှစ်မှာ ဖက်ရှင်လောကနေ နှစ်အတန်ကြာအောင် ကောလဟာလတွေနဲ့ ပျောက်ကွယ် ခဲ့ပြန်ပါတယ်။ သူမရှိတော့တဲ့အချိန်မှာ လူငယ်ဒီဇိုင်နာ Olivier Rousteing က Decarnin နေရာကို ဆက်လက်နေရာယူခဲ့ပါတယ်။
အောင်မြင်မှုတွေနဲ့ ဒီနေရာထိ ရောက်လာခဲ့ပေမယ့် Rousteing အနေနဲ့ လှိုက်လှိုက် လှဲလှဲ ကြိုဆိုမှုကိုတော့ မရခဲ့ပါဘူး။ ငယ်ရွယ်တဲ့ လူမည်း ဒီဇိုင်နာ (လူနည်းစု) တစ်ယောက်က ကမ္ဘာကျော် ပြင်သစ်ဖက်ရှင် House တစ်ခုကို ဦးဆောင်ခွင့်ရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Rousteing ကို Balmain ရဲ့ ကွယ်လွန်သွားခဲ့တဲ့ ဥက္ကဌ Alain Hivelin ကအပြည့်အဝထောက်ခံခဲ့တဲ့အချက်က ငြင်းမရတဲ့အချက်တစ်ခု ဖြစ်နေပါတယ်။
Rousteing အနေနဲ့လည်း Alain Hivelin ရဲ့ထောက်ခံမှုကို ၂၀၁၅ ခုနှစ်မှာ Balmain ရဲ့ရောင်းအားကို စတာလင်ပေါင် ၁၂၁ ဒသမ ၅ သန်းအထိ တိုးမြှင့်ပေးရင်း သက်သေပြနိုင်ခဲ့ပါတယ်။ ဥက္ကဌ Alain Hivelin က ၂၀၁၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး Rousteing က သူယုံကြည်အားထားခဲ့တဲ့သူ့ဆရာရဲ့ရည်မှန်းချက်တွေကို ဆက်လက်ဆောင်ရွက်ခဲ့ရင်း Balmain အတွက်အောင်မြင်မှုတွေ ဆက်တိုက်ရယူပေးနိုင်ခဲ့ပါတယ်။
ဒါနဲ့ပက်သက်ပြီး BOF သတင်းဌာနကို Rousteing က အခုလိုပြောခဲ့ပါတယ်။ “Hivelin က Balmain ကို နိုင်ငံတကာထိ ထိုးဖောက်ဖို့ရည်ရွယ်ခဲ့တာပါ။ ကမ္ဘာကျော်တဲ့ ခိုင်မာတောင့်တင်းတဲ့ အင်ပါယာအဖြစ် Balmain အတွက် သူစိတ်ကူးအိပ်မက်မက်ခဲ့ပါတယ်။ အခု ကျွန်တော့်ရည်ရွက်ချက်ကတော့ သူ့ရဲ့အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်ပေးဖို့ပါ။ နောက်နှစ်တွေကျရင်လည်း ဒီ Brand နာမည်ကို တစ်ကမ္ဘာလုံးက ထိုးဖောက်သိသွားအောင် ဆက်လက်လုပ်ဆောင်သွားဦးမှာပါ”
Olivier Rousteing က ငယ်ငယ်တည်းကမွေးစားခံခဲ့ရပြီး Bordeaux မှာကြီးပြင်းခဲ့ပါတယ်။ ဖက်ရှင်နဲ့ပက်သက်ပြီး ပြင်သစ်က ESMOD မှာပညာသင်ကြားခဲ့ပါတယ်။ ဒီဇိုင်နာအနေနဲ့ အသက်မွေးဝမ်းကြောင်းကိုတော့ အီတလီက Roberto Cavalli မှာ (၅) နှစ်ကြာ အတွေ့အကြုံစတင်ယူခဲ့ပြီး ဖက်ရှင်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ၂၀ဝ၉ ခုနှစ်မှာတော့ အမျိုးသမီးတွေရဲ့ Prêt-à-Porter Collections ကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။
Christophe Decarnin ထွက်သွားပြီးတဲ့နောက်မှာ ဝေဖန်စောင့်ကြည့်တဲ့သူတွေက ကြေးကို အရောင်တင်ပေးလိုက်သလို ငယ်ရွယ်ပြီး ပါရမီရှိတဲ့Rousteingကို မျက်စိကျလာခဲ့ကြပါတယ်။ သူ့ရဲ့ ပထမဆုံး Collections အတွက် Rousteing က လှပကျော့ရှင်းတဲ့ Rocker ဖက်ရှင်စတိုင်တွေနဲ့ Decarnin ရဲ့အနှစ်သာရကို အကောင်းဆုံးပြသနိုင်ခဲ့ပါတယ်။ အနုစိတ်ဖန်တီးထားတဲ့ ချည်ထိုးပုံဖော်မှုတွေ ၊ ထိုးချက်စိတ်စိတ်နဲ့ လက်ရာမြောက်အထည်တွေ ၊ အနားကွပ်ထားတဲ့ ဘီတင်တွေလိုဒီလိုအသေးစိတ် ဖန်တီးထားတဲ့ Rousteingရဲ့ Rockerဖက်ရှင်က Balmain ကိုကြီးကျယ်ခမ်းနားအောင် ပြောင်းလဲပေးနိုင်ခဲ့ပြီး ဆက်လက်ရှင်သန်ခွင့် ဖန်တီးပေးခဲ့ပါတယ်။
ဒီလိုပါရမီရှင်တစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားလာတယ်ဆိုတာကလည်း Roustering ရဲ့ အကြောက်အလန့်မရှိတဲ့ စိတ်ဓာတ်ကြောင့်လည်း ပါပါတယ်။ Vanity Fair France နဲ့အင်တာဗျူးတစ်ခုမှာ သူက “ဖက်ရှင်ဆိုတာ အလွန်အမင်း တော်လွန်းထက်လွန်းတဲ့ လက်ရွေးစင်လူတော်တွေအတွက်ပဲ သူ့ရဲ့တံခါးကိုဖွင့်လှစ်ပေးတာပါ။ လူနည်းစုလောက်အတွက်ပါပဲ။ ကျွန်တော် နားလည်သလောက်ဆို ဖက်ရှင်ဆိုတာက စစ်မြေပြင်တစ်ခုကိုရောက်နေသလို ကျွန်တော်တို့ရဲ့အတွေးအမြင်တွေနဲ့ အမြဲထိပ်တိုက် ရင်ဆိုင်နေရပါတယ်” လို့ ပြောဖူးပါတယ်။
အတွေးအမြင်တွေဆိုတာက အမျိုးမျိုးပြောင်းလဲ ကွဲပြားတတ်ပါတယ်။ အမျိုးသမီးတွေ၊ လူမှုကွန်ရက်မီဒီယာ သုံးစွဲမှုတွေအပေါ်မူတည်ပြီး ပရိသတ်တွေဆီကိုရောက်ရှိမှုတွေကလည်း မတူပါဘူး။
Balmain Army ဆိုလည်း သူ့ရဲ့အမာခံပရိသတ်တွေက ယဉ်ကျေးမှုနောက်ခံတွေ တစ်ဦးနဲ့တစ်ဦး မတူညီကြပါဘူး။ သူတို့တွေက Rousteing နဲ့အင်္ကျီတွေကိုဝတ်ဆင်ပြီး အနာဂတ်ဖက်ရှင်တစ်ခုကို ပုံဖော်နေရတာကို နှစ်သက်ကြပါတယ်။ အခုဆို Balmain နဲ့ ကမ္ဘာကျော် H&M တို့ပူးပေါင်းပြီး လူအများကြီးဆီကို ထဲထဲဝင်ဝင်ရောက်ရှိအောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။
Balmain ရဲ့ဖန်တီးမှုကို လူအမြောက်အများဆီကို ရောက်ရှိအောင် Instagram ကတစ်ဆင့်လည်း တိုးချဲ့ခဲ့ပါတယ်။ Media တွေကမသုံးဘဲ သူ့ရဲ့ကိုယ်ပိုင် Instagram ကနေ စာတွေတင်တယ်။ Kim Kardashian လို အထင်ကရ အနုပညာရှင်တွေနဲ့ ရင်းနှီးမှုတွေတည်ဆောက်တယ်။ ဒီလိုကနေ လူပေါင်းသန်းနဲ့ချီကို သူ့ရဲ့ Brand အကြောင်းသိသွားအောင်လုပ်နိုင်ခဲ့ပါတယ်။
Rousteing အနေနဲ့ သူ့ရဲ့မိတ်ဆွေ အနုပညာရှင်တွေက Balmain အဝတ်အစားတွေကို ဝတ်ဆင်ကြတယ်၊ ပုံတွေတင်ကြတဲ့အခါ ဒီအဝတ်အစားတွေက ရောင်းအားအကောင်းဆုံးတွေ ဖြစ်လာတယ်ဆိုတာ သိသွားတဲ့အတွက် Instagram ကတစ်ဆင့် ဈေးကွက်ထိုးဖောက်ခဲ့တာပဲ ဖြစ်ပါတယ်။
“သင်တို့နားလည်ရမှာကကိုယ့်ရဲ့ပုံတစ်ပုံကို post တင်တာက ကိုယ့်ရဲ့ အကြောင်းကို သိအောင်ပြောပြသလို တစ်ချိန်တည်းမှာပဲဒီပစ္စည်းကို ရောင်းချနေတာနဲ့ အတူတူပါပဲ”လို့Rousteing က The Wall Street Journal နဲ့အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Instagramကတစ်ဆင့် အောင်မြင်မှုတွေပိုင်ဆိုင်ခဲ့တဲ့ Rousteing က လက်ရှိအချိန်မှာတော့ Instagramမဟုတ်တဲ့ တခြားနည်းလမ်းတွေက တစ်ဆင့် ထိုးဖောက်နိုင်မယ့်လမ်းတွေကိုရှာဖွေနေပါတယ်။ ဖက်ရှင်လောကရဲ့ Brand တော်တော်များများက Instagram မှာလက်ဝါးကြီးအုပ်စိုးဝင်ရောက်လာတဲ့အတွက် Balmain ကလည်း ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်နည်းလမ်းသစ်တွေနဲ့ ထိုးဖောက်ဖို့ ရှာဖွေနေရခြင်းလည်းဖြစ်ပါတယ်။
အမျိုးသမီးတွေလိုချင်တဲ့အရာတွေနဲ့ရာစုနှစ်များစွာတည်ရှိခဲ့တဲ့ Balmain အတွက်စူးရှထက်မြက်တဲ့ Rousteing အနေနဲ့အဖြေတစ်ခုခုတွေ့ရှိဦးမှာတော့ သေချာပါတယ်။
(English Version)
The younger LUSH readers may not remember it but when Oscar De la Renta left the French Fashion House Balmain in 2002, the brand went so quiet that it almost disappeared from the fashion industry. Along came Christophe Decarnin and his sharp-shouldered designs in 2005, which started the “Balmania” in fashion world. Departing from the classic elegance the brand was known for; Balmain is now younger, fresher and sexier.
Decarnin left in 2011 from rumored burnout and disappeared from the fashion scene for a few years. In his absence, an unknown young designer Olivier Rousteing was appointed. He wasn’t embraced with with open arms. He was too young and black (a minority) to lead this prestigious French fashion house. However, Rousteing was fully supported by Balmain’s then Chairman Alain Hivelin and by 2015, Rousteing helped to boost the sales of Balmain to €121.5 million. Hivelin passed away in 2014 and Rousteing is still carrying on the vision of his late mentor. Rousteing told BOF “Hivelin’s dream was to make Balmain international; a global, strong and powerful empire. My goal with Balmain today is actually to make his dream come true. My goal in the next years is making sure that the name of the brand is something that every continent will know.
Olivier Rousteing was adopted at his young age and raised in Bordeaux. He studied Fashion at ESMOD in Paris and started his career at Roberto Cavalli in Italy for five years. He then became Women’s Prêt-à-Porter Collections at Balmain in 2009.
After the departure of his predecessor Decarnin, critics were sharpening the claws for this young unknown who took up the spot. For his first collections, Rousteing showcased elegance yet attaining the rocker chic esthetics of Decarnin. He has stayed loyal to Balmain’s Baroque with rocker chic while lavishing with details such as heavy embroidery, tapestry and beadings. He was and still is a huge success for Balmain.
Rousteing’s genius lies in his fearlessness. In his interview with Vanity Fair France, the designer stated that “Fashion is an extremely elitist milieu, it has to start opening its doors a little to the people. I realized that fashion was a battlefield in which you had to fight to impose your ideas.” The ideas are diversity, women empowerment and the use of Social media to reach out to more fans.
His “Balmain Army” is made up of his fans with diverse culture backgrounds and love for his clothes, which carry message of Fashion’s Future. Balmain’s collaboration with H&M allowed the masses to have access to couture.
His use of Instagram to posts his Balmain creations have drove users to purchase from the brand. Rousteing started using Instagram to showcase a side of him that was not shown in media.Posts about his personal life and friendships with celebrities such as Kim Kardashian made millions of people aware of his brand. When he realized his best-selling clothes were those that he or his celebrity friends wore and posted online, he went to capitalize this commercial potential of Instagram.“There you understand, the picture you are posting is not only about a vision of your world, but is also product selling,” Rousteing said in interview with The Wall Street Journal.
Ever the trailblazer, Rousteing is now saying that Instagram is losing the authenticity as many fashion big houses are rushing in to monetize the Instagram following with carefully filtered posts. He stated that he and Balmain would now need to find way to stay head of the curve since Instagram is congested with the fashion brands. With his keen sense of what women want and being the millennial himself, Rousteing will definitely a way to stay ahead.
words by R.E.Saw