ဒီတစ်ခေါက်ပြောပြပေးသွားမှာကတော့ Doberman တွေအကြောင်းပါ။ Doberman pinscher ဆိုပြီးဖြစ်လာဖို့ ခွေးအမျိုးအစားတော်တော်များများကို မျိုးစပ်တီထွင်ခဲ့ရပါတယ်။ Doberman တွေရဲ့သမိုင်းကတော့ 1800 ခုနှစ်အနှောင်းပိုင်းလောက်က Tax collector တစ်ဦးဖြစ်တဲ့ Louis Dobermann ဆိုသူက သူ့ရဲ့ပိုက်ဆံတွေကို သူခိုး၊ ဓါးမြတွေရန်က ကာကွယ်ဖို့အတွက် Guard Dog လိုရာကနေ Doberman မျိုးစိတ်ကို ဖန်တီးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သူက ဉာဏ်ကောင်းပြီး ယုံကြည်အားထားရတဲ့ Guard Dog မျိုးလိုချင်ခဲ့ပြီး သူလိုချင်တဲ့အမျိုးအစားရဖို့အတွက် အမွေးတို Shepherd ခွေး နဲ့ Rottweiler, Black and Tan Terrier, German Pinscher, Great Dane, Grey Hound, Weimaraner စတဲ့အမျိုးအစားတွေနဲ့ မျိုးစပ်ခဲ့ရာကနေ Doberman pinscher ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ ပထမဆုံး Doberman ကို ၁၈၉၇ ခုနှစ်ဝန်းကျင်မှာ ဂျာမနီက Erfurt မြို့ရဲ့ Dog Show မှာပါဝင်ရင်း လူသိများလာခဲ့ပါတယ်။ နောက်သုံးနှစ်လောက်အကြာမှာတော့ Doberman ကို ဂျာမန်အမျိုးအစားအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။
In this April issue, the buddy that I’m going to highlight is Dobermans. To become Doberman pinscher, they need to hybrid many kinds of dogs. The history behind Doberman is that a tax collector named Louis Dobermann breed Doberman pinscher in the late 1800s to accompany him as a fierce guard-dog. To get Doberman pinscher, it has to cross many breeds which involve short tail Shepherd dog, Rottweiler, Black and Tan Terre, German Pinscher, Great Dane, and Grey Weimaraner. The very first Doberman was included in the Germany Erfurt Dog show and became well known. After three years, Doberman was regarded as German Doberman officially.
ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်ရေတပ်မှာ Doberman တွေကို အစောင့်တပ်သား၊ စာပေးပို့သူ၊ ကင်းထောက် တွေအဖြစ် အသုံးပြုခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ World Trade Center tower ပြိုကျတုန်းကလည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့က Doberman တွေက အသက်ရှင်ကျန်ရစ်သူတွေကိုရော ရုပ်အလောင်းတွေကိုပါ ရှာဖွေပေးခဲ့ပါတယ်။
During World War II, the United States Marine Corps used the Doberman Pinscher as a guard, mail senders and as scouts. In 2011, when the World Trade Center tower collapsed, the rescue team used Doberman to search for dead bodies and alive people under the collapsed pieces.
Doberman တွေက ထက်မြက်ပြီး ကြောက်ဖို့ကောင်းတဲ့ခွေးအမျိုးအစားလို့ လူသိများကြပေမယ့် သူ့ကိုသေချာမွေးမြူဖူးတဲ့သူတွေကတော့ Doberman က ချစ်ဖို့ကောင်းပြီး သစ္စာရှိတယ်လို့ မှတ်ချက်ပြုကြပါတယ်။ သစ္စာရှိတယ်ဆိုတဲ့အချက်က Doberman ချစ်သူတွေက ချစ်လို့ တင်စားပြောကြတာမဟုတ်ပါဘူး။ တကယ်လည်း သူတို့က သစ္စာရှိတယ်ဆိုတာကို သက်သေပြပေးကြပါတယ်။ Doberman တွေကို လူတွေနဲ့ရင်းနှီးအောင် သေချာသင်ကြားပေးမယ်ဆို သူတို့က ကြင်နာတတ်ပြီး ကလေးတွေနဲ့တောင် အဆင်ပြေအောင်နေနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ Doberman ကောင်းတစ်ကောင်ဟာ သင်က သူ့ရဲ့မိသားစုအပေါ် ဘာမှရန်မမူသ၍ သင့်အပေါ် သစ္စာရှိပြီး ဖော်ရွေတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ Doberman တွေကတော့ သခင်တစ်ယောက်တည်းကိုပဲ အဆင်ပြေကြတာမျိုးလည်း ရှိပါတယ်။
Doberman pinschers are considered bright, ferocious and aggressive pets. However, they are affectionate and sweet to people. Their Loyalty is not exaggerated, but the truth. Once you raise and train properly, they can be good even to your children and a good companion for them; however, some Dobermans bond to only one person.
Doberman တွေရဲ့ Weight ကတော့ ပေါင် ၆၅ ကနေ ၉၀ လောက်ထိ ရှိသင့်ပြီး အရပ်အမြင့်အနေနဲ့ကတော့ အထီးဆို ၂၆ – ၂၈ လက်မ၊ အမဆို ၂၄ – ၂၆ လက်မ ဝန်းကျင်ရှိရပါတယ်။ Doberman တွေက လည်ပင်းရှည်ကာ တောက်ပြောင်တဲ့အမွေးတွေရှိပြီး ကြွက်သားရှိတဲ့ခန္ဓာကိုယ်မျိုးပိုင်ဆိုင်ကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က ပိန်တယ်ထင်ရပေမယ့် တကယ်တမ်းက ပိန်တဲ့ပုံစံက သူတို့ရဲ့ ရှိသင့်တဲ့ အလေးချိန်အတိုင်းရှိတာပါ။ ပုံမှန်အားဖြင့် Doberman တွေရဲ့ နားရွက်က တွဲကျနေတတ်ပေမယ့် သူတို့ရဲ့နားရွက်တွေကို ဖြတ်လေ့ရှိပြီး အမြီးကိုလည်းတိလေ့ရှိကြပါတယ်။ ဒီလိုလုပ်တာက တချို့နိုင်ငံတွေမှာတော့ တရားမဝင်ပါဘူး။
Weight range of Doberman can be between 65 lbs and 90 lbs, and their size can be 26 to 28 inches for males and 24 and 26 inches for females. The Doberman pinscher has a long neck and muscular body with shiny coated fur. Doberman’s body seems to be thinner but this is the standard structure that a Doberman should have. Naturally, they have floppy ears but the ears are cropped and the tails are docked. However, cropping ears and tail docking is not illegal in some countries.
Doberman pinscher တွေက အားကောင်းမောင်းသန်ပြီး လှုပ်ရှားတက်ကြွကြလို့ သူတို့ကို မွေးမယ်ဆို လေ့ကျင့်ခန်းများများလုပ်ပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းမလုပ်ပေးဘူးဆို တဖြည်းဖြည်းနဲ့ သူတို့က စိတ်ဆိုးမာန်ဆိုးဖြစ်တတ်တဲ့ခွေးမျိုး ဖြစ်လာနိုင်တဲ့အပြင် ရန်လိုတဲ့ခွေးမျိုးတောင် ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် သူတို့တွေကို မွေးတဲ့သူတွေက ခြံဝန်းရှိတဲ့အိမ်တွေမှာပဲ မွေးကြတာများပါတယ်။ သူတို့ကို ရင်းနှီးလွယ်ဖို့၊ စကားနားထောင်စေဖို့ဆို ငယ်ငယ်လေးကတည်းက Trainer ကောင်းကောင်းနဲ့ သေချာလေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
Doberman pinschers are powerful and energetic dogs so then they need much exercise. If they are not exercised, they will most likely be aggressive. Therefore, they should be trained and kept well in the house yard. To be socialized and well listened; they should be trained with the right trainers since their young age.
Doberman ကို ဝယ်တဲ့အခါ ပြီးပြည့်စုံတဲ့ Doberman တစ်ကောင်ဖြစ်အောင်ရွေးချယ်ပြီး ဝယ်ယူလို့မရပါဘူး။ ပြီးပြည့်စုံတဲ့ Doberman တစ်ကောင်ဖြစ်လာအောင် အရမ်းကိုအားစိုက်ထုတ်ရပါတယ်။ ဘယ်ခွေးအမျိုးအစားဖြစ်ပါစေ၊ ဘယ်လောက်ပဲ လိမ္မာပါစေ၊ တကယ်တော်တဲ့ ခွေးတစ်ကောင်ဖြစ်လာစေဖို့အတွက်ကတော့ သခင်ရဲ့ ပြုစုပျိုးထောင်မှုအပေါ်မှာ အများကြီးမူတည်ပါတယ်။ သင်ကြားပေးတဲ့အခါမှာလည်း ဝယ်ပြီး အိမ်ကိုခေါ်လာတဲ့နေ့ကစပြီး စသင်လို့ရပါတယ်။ သင်ပေးဖို့အတွက် အသက် ၆ လပြည့်တဲ့အထိ စောင့်စရာမလိုပါဘူး။ သူတို့ကို မွေးမယ်ဆိုရင်တော့ သူတို့အတွက် အချိန်တော်တော်ပေးနိုင်မှ၊ သူတို့ကို မွေးဖို့ ရူးသွပ်မှသာ မွေးလို့ သင့်တော်မှာပါ။
When you buy the Doberman, you cannot choose to buy a perfect one. To have a perfect Doberman, you need to put many efforts into it. No matter what type of dog and how skillful it is, a master needs a lot of abilities to raise them up. You can start training as soon as you bring it home. You don’t need to wait until it is six months old. If you are going to raise them, you will definitely need to give time to them a lot and crazy enough to raise them.
words by MayMT
english translated by Eain Chu