English words by Van Anh Nguyen
Myanmar words by Aye Myat Khin
(English Version Below)
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ လောက် ကတည်းက လူတို့ဟာ ရွှေကို တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခု အဖြစ်သိရှိလာ ကြပြီး သတ္တုတို့ရဲ့ဘုရင်လို့ ခေါ်စမှတ် ပြုကြတယ်တဲ့။ အင်္ဂလိပ် ဘာသာ နဲ့ Gold ဟာ အင်္ဂလိပ်ပေါရာဏ စကား Geola က ဆင်းသက်လာပြီး အဝါရောင်လို့ အနက်အဓိပ္ပာယ် ရပါတယ်။ ရွှေကိုတွေ့ရှိ သုံးစွဲခဲ့တာက နှစ်ပေါင်း ထောင်နဲ့ချီပြီး ကြာမြင့်ပြီ ဖြစ်ပေမဲ့ ဒီနေ့ အချိန်အထိ မြတ်နိုးမှု၊ တန်ဖိုးထားမှု၊ လူတိုင်းမှာ ရှိနေဆဲပါပဲ။
မြန်မာတို့ရဲ့ လက်မှုအနုပညာဖြစ်တဲ့ ပန်းဆယ်မျိုးထဲမှာ ပါတဲ့ ပန်းထိမ်ပညာရပ်ဟာ ရွှေကို လူ့အသုံးအဆောင်များအဖြစ် ပြုလုပ်ရတဲ့ လက်မှုပညာရပ်တစ်ခုဖြစ်ပါတယ်။ မြန်မာ့ပန်းထိမ် ပညာရှင်တွေဟာ ရွှေထည်၊ ငွေထည်တွေကို ပျူခေတ် ကတည်းက လက်ရာ မြောက်စွာ တတ်ကျွမ်းခဲ့ကြပါတယ်။ ဒါကြောင့်လည်း သမိုင်းစဉ်တစ် လျှောက်လုံးမှာ မြန်မာ့ပန်းထိမ် လက်ရာများဟာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ သမိုင်းထင်ရှား ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလ shine က႑မှာတော့ Turquoise Mountain ရဲ့ လက်မှုအနုပညာ လက်ဝတ်ရတနာတွေနဲ့ ပတ်သက်ပြီး သိရသမျှကို ဖော်ပြလိုက်ပါတယ်။ Turquoise Mountain မှာ ၂၀၁၄ ဒီဇင်ဘာမှာကတည်းက အော်ပရေးရှင်းမန်နေဂျာအဖြစ် တာဝန်ယူခဲ့တဲ့ မသီတာမျိုးဆွေက မြန်မာပြည်မှာ လက်မှုအနုပညာတွေလုပ်နေတဲ့ Turquoise Mountain လက်ဝတ်ရတနာတွေနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ Turquoise Mountain က ဒီပန်းထိမ်ကို ၂၀၁၅ မှာ စလုပ်ဖြစ်တာပါ။ ဒီမှာလုပ်တဲ့အခါ မြန်မာတွေနဲ့ နိုင်င်ခြားသားတွေရဲ့ ရွှေအပေါ်တန်ဖိုးထားမှုအပေါ် ကွာခြားတာမတွေ့ရပေမယ့် ကျမတို့လူမျိုးတွေက ရွှေကို ရွှေထည်ကို ပိုတန်ဖိုးထားတယ်။ နို်င်ငံခြားသားကကျတော့ ရွှေနဲ့လုပ်တဲ့ ဒီဇိုင်းကို ပိုတန်ဖိုးထားကြတယ်။ ဒီဇို်င်းအပေါ်တန်ဖိုးထားမှု ကွာတယ်လို့ ပြောရမှာပေါ့လို့ သူမက ဆိုပါတယ်။
မြန်မာပြည်မှာတော့ ပျူခေတ်မှာ လက်ဝတ်ရတနာကိုဝတ်ဆင်ကြပြီလို့ သမို်င်းအထောက်အထားရှိခဲ့တယ်။ ဒါကလည်း ပျူခေတ်မတိုင်ခင်ကလည်း ရှိနေနိုင်တာပဲပေါ့။ ဒါပေမဲ့ သမိုင်းအထောက်အထားမရှိတော့ ပြောလို့မရဘူးပေ့ါ။ ဒီလို လက်ဝတ်ရတနာကို ပြုလုပ်ဝတ်ဆင်တတ်တဲ့ လူမျိုးဆိုတာတော့ သမိုင်းအထောက်အထားနဲ့ ရှိခဲ့တာပါပဲလို့ သူမက ဂုဏ်ယူစွာနဲ့ ပြောပြခဲ့ပါတယ်။
Turquoise Mountain က ဒီဇိုင်းနဲ့ မြန်မာစျေးကွက်ထဲက ဒီဇိုင်းကွာဟမှုကလည်း စိတ်ဝင်စားစရာပါ။ ဒါပေမဲ့ ဒီဇိုင်းတွေက နိုင်ငံခြားသားအကြိုက်နဲ့ မြန်မာအကြိုက်ရယ်လို့ ကွဲတာမဟုတ်ဘူး။ ဒီကဒီဇိုင်းတွေကို မြန်မာတွေလည်းကြိုက်တာပဲ ။ ဒါပေမဲ့ ဒီကလူတွေက ဒီဇိုင်းကို တန်ဖိုးထားပြီး မဝယ်ကြဘူး။ ဒါလေးပဲ ကွာတာဖြစ်တယ်လို့ သူမက ဒီဇို်င်းထက် ရွှေအပေါ် အလေးထားတန်ဖိုးထားတဲ့ မြန်မာတို့ရဲ့သဘောသဘာဝကိုလည်း ပြောပြပြန်ပါတယ်။
Turquoise Mountain ကနေ မြန်မာ့သဘာဝတွင်းထွက်တွေကို အမြတ်တနိုးဝတ်ဆင်တဲ့လက်ဝတ်ရတနာအဖြစ် ဆန်းသစ်တီထွင်မှုနေတဲ့အကြောင်းကို ဒီမှာက ပတ္တမြားတို့ နီလာတို့ကိုသာမသုံးတာပါ တွင်းထွက်တွေကိုတော့သုံးတယ်။ မြန်မာမှာ တန်ဖိုးကြီးမဟုတ်တဲ့ တန်ဖိုးသင့်တွင်းထွက်တွေနဲ့ လက်ဝတ်ရတနာလုပ်လို့ရတယ် ။ အဲဒီလက်ဝတ်ရတနာတွေဟာလည်း နို်င်ငံခြားသားတွေ တန်ဖိုးထားဝတ်ဆင်ချင်ကြတယ်ဆိုတာကိုလညး် ဖော်ထုတ်တဲဲ့အနေနဲ့ တန်ဖိုးသင့်တွင်းထွက် ကျောက်မျက်တွေနဲ့ ဒီဇိုင်းတွေ ပိုလုပ်ဖြစ်ပါတယ်လို့ သူမက ပြောပြတယ်။
ခုနောက်ပိုင်းမှာ စက်ပန်းထိမ်တွေပေါ်လာကြတဲ့အခါ လက်မှုပန်းထိမ်တွေ ကွယ်ပျောက်မှာ စိုးရတယ်။ ရှေ့မှာလည်းဒီလိုကွယ်ပျောက်သွားတဲ့ လက်မှုရိုးရာတွေရှိခဲ့ဖူးတယ်။ လုပ်မယ့်သူမရှိတာရယ်ဝယ်မယ့်သူမရှိတာရယ်ကြောင့်လည်း ပျောက်ကွယ်သွားနို်င်တယ်။ နောက်မျိုးဆက်တွေအနေနဲ့ သင်ယူမှုမှာလည်း လွယ်ကူတဲ့ စက်မှုနည်းပညာက အစားထိုးဝင်ရောက်လာတာဖြစ်တဲ့အတွက် လက်မှုပစ္စည်းတွေကို မြတ်နိုးတန်ဖိုးထားပေးမှ ရိုးရာလက်မှုပန်းထိမ်လုပ်ငန်းကို ထိန်းသိမ်းနို်င်မယ်လို့ ထင်ပါတယ်လို့ သူမရဲ့မြန်မာ့လက်မှုရိုးရာအပေါ် စိုးရိမ်စိတ်ကို ပြောပြပါတယ်။
Turquoise Mountain က လက်ဝတ်ရတနာတွေကို မြန်မာမှုပြုပေးတဲ့ ဒီဇိုင်နာပန်းချီဆရာ Aung Painting ကတော့ Pippa ရဲ့ ဒီဇိုင်းတွေကို မြန်မာမှုနဲ့ ကိုက်ညီအောင် ပြန်လည်ဖန်တီးပေးနေသူပါ။ သူကအမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်က ဘွဲ့ရခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကျောင်းတက်နေစဉ်ကတည်းက တားကွိုက်မောင်တိန်က ဆရာဟယ်ရီနဲ့ ချိတ်ဆက်မိရာက အချိန်ပိုင်းလာဆွဲဖြစ်တယ်။ နောက်ကျောင်းပြီးသွားတဲ့အခါ တားကွိုက်မောင်တိန်က ရိုးရာအခြေခံတဲ့ ဒီဇိုင်းတွေကို လုပ်ချင်ပြီး သူကလည်း မြန်မာရိုးရာကိုအထူးပြုတက်ထားတာဖြစ်တဲ့အတွက် ဒီမှာ လုပ်ရတဲ့အခါ ပိုမိုအဆင်ပြေသွားတယ်။ ခုတလောက ဒီဇို်င်နာ Pippa ယူလာတဲ့ခေါင်းစဉ်မှာ ပန်းတွေနဲ့ ဒီဇိုင်းဖြစ်တယ်။ ဒါကို သူက မြန်မာမှုပြန်ပြုပြီး ဆွဲဖြစ်တယ်။ ဥပမာ ၁၂လရာသီကိုယ်စားပြုတဲ့ ပန်းတွေ၊ မြန်မာအမျိုးသမီးတွေကြိုက်တတ်တဲ့ ပန်းတွေကို လုပ်ဖြစ်တယ်။ ခုလုပ်ဖြစ်တာ ကြာပန်းဖြစ်ပြီး ကြာပန်းက မြန်မာတွေရဲ့ အလေးအမြတ်ထားတဲ့ ပန်းထဲမှာတောင်ပါတာဆိုတော့ ကြိုက်ကြတယ်။ နောက်ခရေပန်း၊ သဇင်ပန်း ဒီလိုပန်းတွေနဲ့ လုပ်ဖြစ်ပါမယ်လို့ သူရဲ့ ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
တန်ဖိုးထားမှုကတော့ ကျနော်တို့မြန်မာတွေက ရွေထည်ပေါ်မှာ မူတည်ပြီး နို်င်ငံခြားသားတွေကတော့ ဒီဇို်င်းကြိုက်မှ ဝယ်ကြတာ ဒီလိုကွာတယ်လို့ မြင်ပါတယ်။ ဒီန်ိုင်ငံကိုလာတဲ့နို်င်ငံခြားသားတွေက မြန်မာ့သဘာဝကို မှီညမ်းထားတဲ့ ဒီဇိုင်းနဲ့ မြန်မာ့ရိုးရာကိုထင်ဟပ်စေတဲ့ ဒီဇို်င်းတွေကို အဝယ်များကြတာ တွေ့ရပါတယ်လို့ ပြောပါတယ်။
ဒီဇို််င်းတွေကတော့ ခေတ်တွေပြန်လည်လာတာနဲ့လည်း သက်ဆိုင်လာတယ်။ အရင်က မော်ဒန်ဆန်မှကြိုက်ကြရာက ခုခေတ်မှာ ရိုးရာဟန်ပါတဲ့ ဒီဇို်င်းတွေကို ပြန်ကြိုက်လာကြတယ်။ ကျောက်မျက်တွေဆိုလည်း အရင်က တန်ဖိုးရှိတဲ့ကျောက်မှ လက်ဝတ်ရတနာသုံးကြပေမဲ့ ခုခေတ်မှာ သဘာဝဖြစ်တဲ့ဟာတွေကို ပိုကြိုက်လာကြတယ်။ တလောက ဒီဇိုင်နာ Pippa ရဲ့ ဒီဇိုင်းတစ်ခုဆို မိုးကုတ်ဘက်ကလမ်းဘေးကျောက်လိုမျိုးမှာ ရွှေထည့်ပြီး ဖန်တီးလိုက်တယ် ကြိုက်ကြတာတွေ့ရတယ်လေလို့ ဒီဇိုင်းရဲ့ အရွေ့အပေါ် သူ့အမြင်ကို ပြောပြခဲ့တယ်။
ဒီဇို်င်းတွေလုပ်တာကတော့ ဒီဇို််င်နာ Pippa က ဒီဇို်င်းခေါင်းစဉ်တွေယူလာတယ်။ ဒီရောက်တဲ့အခါ မြန်မာမှုနဲ့ကိုက်ညီအောင် ပြန်ညှိနို်င်းပြီး ဆွဲကြတယ်။ ဥပမာ- သူက ပန်းဒီဇိုင်းလုပ်မယ်ဆို ကျနော်က မြန်မာမှုဖြစ်အောင် မြန်မာမှာတော့ ဘာပန်းတွေရှိတယ် အဲဒီပန်းတွေကိုမှ ဘယ်ပန်းကတော့လက်ဝတ်ရတနာလုပ်ရင် အဆင်ပြေတယ်ဆိုပြီး ညှိပြီးဆွဲတယ်လို့လည်း ပြောပြသွားတယ်။ ခု ၂၀၂ဝ မှာတော့ အလှုပ်ဒီဇို်င်းလေးတွေ လုပ်ဖြစ်မယ်။ သစ်ရွက်လေးတွေ၊ အကောင်လေးတွေ စသဖြင့်ပေါ့ လှုပ်နေတဲ့ ဒီဇိုင်းတွေထဲက မြန်မာ့ရိုးရာနဲ့ ကိုက်ညီအောင် လုပ်ရမယ်။ နောက် ပန်းထိမ်ဆရာခေါင်းဆောင်ကို ဆွဲထားတဲ့ ဒီဇိုင်းကို လုပ်လို့ ရ မရ မေးပြီး ညှိလုပ်ကြတာပေါ့ လို့ သူ့ရဲ့ဒီဇိုင်းဖန်တီးမှုတွေကို ပြောပြခဲ့ပါတယ်။
Turquoise Mountain က ပန်းထိမ်ဆရာခေါင်းဆောင် ကိုတင်ဝင်းကလည်း သူ့ရဲ့ လက်မှုပန်းထိမ်ပညာနဲ့ ဖန်တီးဖြစ်တဲ့ Turquoise Mountain လက်ဝတ်ရတနာ အကြောင်းကို ပြောပြပါတယ်။ သူကပန်းထိမ်ဆရာကြီး ဦးကျော်သန်းထံမှာ နှစ်များစွာသင်ယူခဲ့တဲ့ ပန်းထိမ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကစပြီး Turquoise Mountain မှာ တာဝန်ယူလုပ်ကိုင်နေခဲ့သူပါ။ ရွှေအပေါ်တန်ဖိုးထားမှုတွေနဲ့ပတ်သက်ပြီး မြန်မာလူမျိုးတွေအနေနဲ့က ရင်းနှီးမြှပ်နှံမှုတစ်ခုလို၊ စုဆောင်းမှုတစ်ခုလို တန်ဖိုးထားကြပါတယ်လို့ ဆိုပါတယ်။ နို်င်ငံခြားသားတွေက လက်မှု ဟန်းမိတ်ဖြစ်တာကို သဘောကျသလို ရိုးရာဟန်ဒီဇိုင်းတွေကို လုပ်ပေးရတာဖြစ်လို့ အရောင်တင်တဲ့အခါကစ သတိထားလုပ်ကိုင်ရတယ်လို့ ဆိုပါတယ်။ ရွှေရဲ့မူလအရောင်နဲ့ ဟန်းမိတ်ပြုလုပ်တာကိုကြိုက်ကြတဲ့အကြောင်း သိလိုက်ရပါတယ်။
ခုခေတ်အခါမှာ နည်းပညာတိုးတက်လာမှုတွေကြောင့် လက်မှုပန်းထိမ်လုပ်ငန်းတွေ ပျောက်ကွယ်မှာစိုးရတဲ့အခြေအနေမှာ ဒီလို ဟန်းမိတ်ကိုကြိုက်နှစ်သက်တဲ့သူတွေရှိနေသေးတာဟာ အတော်ဝမ်းသာစရာဖြစ်နေတယ်။ စက်ပစ္စည်းတွေနဲ့ လုပ်လို့မရတဲ့ ဒီဇိုင်းတွေရှိနေသေးတယ်၊ ဒီလိုဟန်းမိတ်ကြိုက်တဲ့သူတွေရှိနေအုံးမယ်ဆိုရင် ပန်းထိမ်ပညာကတော့ ပျောက်ကွယ်မသွားနိုင်ဘူးလို့ မျှော်လင့်မိတာပဲလို့ ဆက်ပြောပြတယ်။
မြန်မာစျေးကွက်က ရွှေကိုတောက်တောက်ပပအရောင်တင်ထားတဲ့ပုံစံ၊ ကျောက်တွေဆိုလည်း စိန်တို့ အရောင်တောက်ပအောင်သွေးထားတဲ့ ကျောက်တို့ကို အကြိုက်များကြတာတွေ့ရပြီး နိုင်ငံခြားသားတွေကတော့ မြန်မာပြည်ကိုလာရင် မြန်မာ့ရိုးရာဟန်နဲ့ ပြုလုပ်ထားတဲ့ ဒီဇိုင်းမှာ ကျောက်မျက်ဆိုရင်လည်း စျေးသင့်တဲ့တွင်းထွက်တွေကို သဘာဝရွှေရဲ့အရောင်နဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို ပိုကြိုက်ကြတယ်လို့ သူ့အတွေ့အကြုံအရ တွေ့လာခဲ့တာကို ပြောပြခဲ့ပါတယ်။
၂၀၂ဝအတွက် Turquoise Mountain မှာ ဒီဇိုင်းတွေကတော့ နို်င်ငံတကာက ဒီဇို်င်နာတွေက ပြုလုပ်ကြတာဖြစ်လို့ ဘယ်ဒီဇို်င်းကို ထုတ်လုပ်မယ်လို့ မရှိဘူး။ နိုင်ငံခြားသားတွေရဲ့ ဒီဇိုင်းတွေကို မြန်မာဒီဇိုင်နာတွေနဲ့ ညှိနို်င်းပြီး မြန်မာမှုရိးရာဟန်ဖြစ်အောင် လုပ်ကြတဲ့အတွက် မြန်မာ့ရိုုးရာဟန်ဖြစ်တဲ့ဒီဇို်င်းတွေပဲ လုပ်ဖြစ်မယ်လို့ ထင်ပါတယ်လို့ ဆိုပါတယ်။
Turquoise Mountain မှာလုပ်ခဲ့တဲ့ ဒီဇိုင်းတွေထဲက ဒီဇိုင်နာ Pippa ရဲ့ ဒီဇိုင်းကို မြန်မာပြုလုပ်ခဲ့တဲ့ ဒီဇိုင်နာဦးလှသောင်းရဲ့ Banana leaf ဒီဇို်င်းလေးကို သူအကြိုက်တွေ့ဆုံးဖြစ်ခဲ့ပါတယ်လို့ သူကပြောပြတယ်။ ဒီလို မြန်မာမှုရိုုးရာဟန်ပန်အပြည့်နဲ့ မြန်မာ့တွင်းထွက်ကျောက်မျက်တွေကို ဟန်းမိတ်ပစ္စည်းအဖြစ် ဂရုတစိုက်လုပ်ပေးနေရတာကို သူကြိုက်နှစ်သစ်ပြီး ဂုဏ်ယူရပါတယ်လို့ ပြောပြခဲ့ပါသေးတယ်။
ရှိရင်တန်ဆာ၊ မရှိတော့ ဝမ်းစာ ဆိုတဲ့ ဆိုရိုးစကားက ရွှေနဲ့ပတ်သက်တဲ့ စကားပုံတစ်ခုပါ။ မြန်မာတွေရဲ့ ရွှေအပေါ်တန်ဖိုးထားမှုကို ဒီစကားပုံပေါ်မှာ တွေ့နိုင်ပါတယ်။ အထက်မှာ သူတို့ပြောခဲ့တာလည်း မြန်မာတွေက ရွှေကို ရင်းနှီးမြှပ်နှံမှုတစ်ခု၊ စုဆောင်းမှုတစ်ခုလို တန်ဖိုးထားတဲ့ မြန်မာတို့ရဲ့ ရွှေအပေါ်ထားတဲ့ စံကို ခန့်မှန်းလို့ ရနို်င်ပါတယ်။ မြန်မာပြည်က အဖိုးတန်ကျောက်မျက်ရတနာတွေကိုပဲ လက်ဝတ်ရတနာဝတ်ဆင်ကြတဲ့ အလေ့အထကနေ သဘာဝတွင်းထွက်တွေရဲ့ တန်ဖိုးကိုနားလည်လာကြပြီး ခုလိုတန်ဖိုးသင့်သဘာဝတွင်းထွက်တွေကို ရတနာအဖြစ်ဆင်မြန်းလာကြမယ်ဆိုရင် စျေးကွက်မှာ မျက်နှာငယ်နေရတဲ့ ကျောက်မျက်တွေဟာ ရတနာတစ်ပါးဖြစ်လာတော့မှာ သေချာနေပါပြီ။
(English Version)
She is a famed London-based jewellery designer widely celebrated for her ethical jewellery. He is a Myanmar goldsmith in possession of an increasingly rare skill in handcrafted gold work. What brings Pippa Small and Ko Tin Win together is the shared desire to reinvigorate a century-old traditional craft while presenting to the international market that perfect piece of jewellery crafted with unique, ancient techniques and imbued with emotive connections to Myanmar’s past, present, and hope for future generations.
In a country where over 98% of all jewellery made and sold are machine-made, with no way of knowing the creator or the maker, Pippa Small and Ko Tin Win represent a vital alternative through their work with non-profit Turquoise Mountain to preserve Myanmar cultural identity and traditions through handcrafted jewellery. In search of perspectives and a greater understanding of the vision and hope that permeate the Pippa Small Myanmar collections, we sought out the designer herself and the goldsmith who turns her marvellous designs into reality.
THE DESIGNER
Pippa Small is no ordinary jewellery designer. From a young age, she would gather pebbles and beads, collecting shells to string into bracelets. Extensive travels with her family would entrance her to the peoples and cultures she encountered. Such are her memories, and closely tied to them is a deep appreciation for how peoples, places, and cultures manifest in each piece of her jewellery, forging meanings and value to their existence. With inspired designs fit for the modern age while celebrating cultural motifs and ancient symbols of a people and their identity, Pippa Small gives us a glimpse into her world as a designer.
Learning and appreciating different cultures and peoples have always been at the core of who you are. How has that help you in connecting with local artisans across Myanmar and in turn enrich your jewellery collections?
I think that the excitement in learning, appreciating, and gaining an understanding of other cultures and ways of being in the world has been the most inspiring thing for me for most of my life. Discovering our similarities as people, the different ways we see life, and how ultimately, we are all so connected—has been a wonderful adventure. The world of craft is universal, and the craft is a language unto itself. Working with artisans all over the world, whether we speak the same language or not, the art of making has always linked us.
Your clientele from London to LA seeks jewellery that is different, organic, ethnic and ethical. Can you share your philosophy on jewellery making?
I believe jewellery to be very emotional and sentimental—something of high value that we treasure and pass on for generations. It is worn close to the body and therefore is very personal and important to us. Naturally, we want to know who makes our jewellery, where and how materials are sourced. This is a wonderful shift in consumer consciousness. The world around us is at a critical point of transition, and the fashion industry, like many others, has to change. The appreciation for the handmade, such as the art of a master craftsman like Tin Win, is seeing a revival and has a new audience.
Your Turquoise Mountain pieces have been worn by celebrities from Angelina Jolie to the Duchess of Sussex. What makes your jewellery distinct and unique from other ethnic (and ethical) lines within the industry?
I have always been led by the stones. I love working with rocks (in fact, our latest collection is working with found river pebbles) of all sorts and see the beauty in many kinds of stones. They are talismanic, pieces of the earth that connect us in a deep and primal way to our planet. We work with chains and do as little casting as possible, so everything is handmade. Our jewellery has a very natural ancient feel, almost archaeological, but also inspired by traditional motifs, symbols, and stories.
From where do you draw inspirations for the jewellery collections you developed in Myanmar?
Learning about the history and materials and belief systems around a tradition of jewellery making is always inspiring. For the designs in Myanmar, it was the Pyu era (200 BCE – 900 CE). We pulled Buddhist imagery of the lotus, temple bells, Inlay fish, good luck owls, paper origami, hill tribe silverwork, Pyu beads, ancient gold beads… Tin Win made a beautiful opening and closing kinetic lotus flower that we’re very proud of. We brought it to Davos for the Economic Forum to showcase gold handwork from Myanmar.
Is there a specific material for your jewellery that you enjoy working with most here?
I love the gems from Mogok—the iridescent moonstone, the rainbow of spinels, the watery aquamarines.
How is your experience working and collaborating with Myanmar artisans and designers?
Working in Myanmar the last few years has been the most wonderful joy. The skills and brilliance of the goldsmiths, the rich history and diverse cultures within Myanmar, have all been so inspiring! Together, we translate the traditional into something that keeps the essence of the traditional but at the same time creates something more contemporary for the international market.
You put a strong emphasis on the perfect piece of jewellery being a personal one, invoking meaningful connections for the wearer. How do you encourage that connection through your jewellery designs and with your customers?
I think jewellery is something we associate with very strongly. The ring we always see on the finger of a beloved grandmother comes in our mind to represent her, or a treasured token passed down through the family takes on huge meaning. If it holds no meaning, then it is only an object, and the value is lost. Where it was bought, who made it, or who gave it to you, when and how, the memories it holds and the meaning of the stones…all play a part in our relationship with a piece of jewellery.
What do you hope each piece of your jewellery brings to its wearer?
Joy, comfort, and a connection to the maker, the country, the culture…and the stories that connect us all.
THE GOLDSMITH
“Pantain” – the art of gold and silversmithing – is one of ten most celebrated tenets of traditional arts and crafts in Myanmar, collectively known as the Pan Se Myo, or, the Ten Flowers. Flourished during the Pyu Era, pantain’s longevity is now at risk, and reviving such traditional skills and techniques is the only way to foster and preserve it for future generations. This is exactly what Ko Tin Win seeks to do. A goldsmith for over 20 years, he left his hometown in Rakhine State in 1996 to train under master U Kyaw Than. 10 years later, he started working with Turquoise Mountain in hope of leveraging his craft for a sustainable income while also passing on his skills and knowledge to younger apprentices who wish to learn. Through collaborations with jewellery designers such as Pippa Small, he and fellow goldsmiths use their craft to reinterpret traditional Myanmar designs for a more contemporary international market.
What do you observe to be the greatest difference in how Myanmar people perceive gold versus that outside of Myanmar?
I think we in Myanmar tend to value gold for its reliability as a currency, for investment and saving, whereas foreigners buy gold jewellery for the design and the craftsmanship. They admire jewellery that is handmade and natural so much that we have to be careful even when polishing the gold, just to preserve its original gold colour.
Working with Pippa Small and other designers, do you see any big trend in the jewellery industry that excites or concerns you?
Nowadays, thanks to machine-made goldsmith technology, the traditional goldsmith craft has all but disappeared. At such a pivotal time, I’m glad to see a growing trend towards the appreciation of handmade traditional crafts. Some designs cannot be made with machines, and as long as people appreciate them, then our craft will continue to live.
As a goldsmith, can you share with us the process of working with Pippa Small and bringing a jewellery collection to completion?
To give you an example, a few months ago, Pippa brought us ideas for a collection with a floral motif. With that overarching theme in mind, we would sit down with our illustrator Aung Painting to discuss how to incorporate Myanmar characteristics into the designs. We looked to see what types of flowers are representative of our country, that bloom here during each of the 12 months of the year. We considered the lotus, which is one of the holy flowers in Myanmar culture, and we brainstormed on what kinds of designs we can do. Before we can execute, I would work with our junior goldsmiths and local designers to determine the feasibility of a design, ensuring that it can be crafted with the highest quality. The intricacy of a design, how to refine and complex the details, all serve as wonderful challenges for us goldsmiths to continually improve our craft.
How are handcrafted jewellery designs at Turquoise Mountain appeal to the international market vs. domestic market?
In the Myanmar market, most people prefer gold or diamonds. They want stones that are bright and shiny. However, this is becoming less the case for the international market, where foreigner seeks out traditional Myanmar designs that tell a story, that has an origin. Even in jewels, they used to prefer precious gems, but now they look for natural, semiprecious stones that are sourced responsibly and reasonably priced. In a recent design from Pippa’s collection, for example, we used moonstones found in Mogok and contrast them against the gold. It was very well received by international clients.
What are you looking forward to 2020?
Turquoise Mountain’s designs for 2020 will be made by international designers, who will collaborate with local designers to bring forward Myanmar traditions and heritage. Our local designer U Hla Thaung has been working with Pippa on a new collection based on banana leaves. I’m very excited by this and look forward to crafting these banana leaf designs.