LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
ART & MUSIC

The Dance of Relationship

written by Maeve March 28, 2019
The Dance of Relationship

ရိုမန်းတစ်အဆန်ဆုံးအခိုက်အတန့်တစ်ခုကို Couple Dance နဲ့ဖြတ်သန်းခြင်း။ ကျွန်တော်တို့ရုပ်ရှင်တွေကြည့်ရတဲ့အခါ ဇာတ်ဝင်ခန်းတွေမှာ Couple Dance တွေကို အများကြီးမြင်တွေ့ဖူးကြမှာပါ။ အမျိုးသားနဲ့အမျိုးသမီး တစ်ယောက်လက်ကိုတစ်ယောက်ကိုင် ရင်ဘတ်ချင်းအပ်ပြီး၊ အမျိုးသားရဲ့လက်တစ်ဖက်က အမျိုးသမီးရဲ့ခါး(သို့မဟုတ်) ကျောပြင်ကို ညင်သာစွာဖက်ရင်း ဂီတသံနဲ့စည်းချက်ကျစွာ လိုက်ကရတဲ့ Couple Dance လည်းဖြစ်ပါတယ်။ သူတို့ ကနေတာကြည့်ပြီး ကိုယ်တွေမှာလည်း လိုက်ပါအားကျကြည်နူးပျော်ရွှင်ကြရတဲ့ ဇာတ်ဝင်ခန်းတွေပါပဲ။ Couple Dance ဆိုတာတော့ အများသုံးအလွယ်ပြောလိုက်တာဖြစ်ပါတယ်။ တကယ်က Partner Dance လို့ သုံးနှုန်းပါတယ်။ ဒီလို Partner နဲ့တွဲဖက်ကနိုင်တဲ့ အကတွေက အများကြီးရှိပါတယ်။

Some of the most romantic scenes in the movies are couple dances. The man and the woman are leaning closed to each other while holding each others’ hands. The man then slowly put his hand on the back of the woman and starts dancing with music for the couple dance. It’s the kind of scene that makes you giddy with excitement along with the dancing couple. It’s actually called “Partner Dance” and there are many forms of partner dances.

တချို့ Partner Dance တွေက အပြင်လူတစ်ယောက်အတွက် လိုက်ကနိုင်ဖို့ခက်သလို၊ စည်းကမ်းတွေကို လိုက်မှတ်နိုင်ဖို့ဆိုတာ မလွယ်တာတွေရှိနိုင်ပါတယ်။ နိုင်ငံတကာမှာ ပါတီအခမ်းအနား(သို့မဟုတ်) ချစ်သူအချင်းချင်း ညင်သာစွာနဲ့ ရိုမန်းတစ်ဆန်စွာ ကကြတာကတော့ Ballroom Dance ပါပဲ။ Ballroom Dance သာမန်အခြေခံအဆင့်အတွက် ကရတဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့ သိပ်မခက်ခဲပါဘူး။ ဒါကြောင့်လည်း ပါတီအခမ်းအနားတွေမှာ တွဲကနိုင်ကြတာဖြစ်ပါတယ်။ Ballroom Dance ဟာ Social Dance လည်းဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အချိန်အခါအလျောက် ကိုယ်နဲ့မသိတဲ့သူစိမ်းနဲ့လည်းတွဲကနိုင်ပြီး မိတ်ဆွေဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က ကိုယ်နဲ့တွဲကဖို့ခွင့်တောင်းတဲ့အခါလည်း ကနည်းအတွက်စိုးရိမ်ကြောင့်ကြကင်းစွာလိုက်ပါကနိုင်တဲ့ ကနည်းဖြစ်တာကြောင့်လို့ယူဆပါတယ်။ အခြေခံအားဖြင့်တော့ ခြေထောက်ကို ရှေ့နောက်ဘေးကို ဟန်ချက်ညီအောင်လုပ်ရမယ့်နည်းလမ်းကို သိထားမယ်ဆိုရင် ပွဲတိုင်းနေရာတိုင်းမှာ အဆင်ပြေပြေ တွဲဖက်ကနိုင်မှာဖြစ်ပါတယ်။

Some partner dances are hard for layman to join in due to their techniques and rules. However, you will see “Ballroom Dance” in many parties and between couples for romantic dance around the world. The basic rules of Ballroom dancing are not too hard. That is why people can dance easily together at the ceremonies or parties. Ballroom Dance is also a social dance which is why you can dance around with strangers and get to know them. You don’t need to worry too much if you are asked to dance as well. The basic is to keep the steps in sync with each other.

Ballroom Dancing ရဲ့ အောက်မှာ category တွေရှိပါသေးတယ်။ ဥပမာ တန်ဂိုအကတို့လို၊ ချာချာအကတို့လို၊ လက်တင်၊ Waltz တို့ စသဖြင့်ပေါ့။ အဲဒီထဲမှာမှ အနူးညံ့ဆုံးနဲ့ အသိမ်မွေ့ဆုံးတစ်ခုကတော့ Waltz ပါပဲ။ ဒီအကတွေက အာရှယဉ်ကျေးမှုမဟုတ်တဲ့အတွက် အာရှမှာတော့ သိပ်ပြီး များများစားစားခေတ်မစားပါဘူး။ တချို့ကိန်းကြီးခမ်းကြီးပြုလုပ်ထားတဲ့ နိုင်ငံခြားသားတွေအများစုပါဝင်တဲ့ပါတီတွေမှာတော့ တွေ့ရနိုင်ပါတယ်။ Partner Dance(သို့မဟုတ်) Couple Dance လို့လည်းခေါ်တာဖြစ်တဲ့အတွက် ပါတီတွေမှာမှကလို့ရနိုင်တာမဟုတ်ပါဘူး။ The Notebook ရုပ်ရှင်ကားကို ရုပ်ရှင်ချစ်သူတော်တော်များများ ကြည့်ဖူးမယ်ထင်ပါတယ်။ မင်းသားနဲ့မင်းသမီး ညဘက် လမ်းလျှောက်ရင်းကနေ ကကြတာလေ။ သူတို့ကတော့ အဲဒီမှာ ခြေထောက်တွေကို သိပ်ပြီး စည်းကမ်းတကြီးလုပ်ကြတာမဟုတ်ပါဘူး။ အချစ်ရဲ့ ခံစားသက်ဝင်မှုနောက်ကိုလိုက်ရင်း ဖြေးဆည်းစွာနဲ့ပါ။ ဒီလိုပဲ စုံတွဲတွေအနေနဲ့လည်း အိမ်မှာလိုမျိုး၊ နှစ်ယောက်တည်းရှိတဲ့အချိန်တစ်ချိန် တစ်နေရာမှာ သီချင်းသံရဲ့ငြိမ့်ညောင်းမှုနောက်ကို လိုက်ပါနိုင်ပါတယ်။ ချစ်သူနှစ်ဦးဖြစ်တဲ့အခါ ရင်ခုန်သံတွေဟာ ဂီတသံရဲ့အတူ အထိအတွေ့ကနေတစ်ဆင့် အသားထဲအသွေးထဲ စီးဝင်နိုင်တဲ့ အကလည်းဖြစ်ပါတယ်။

There are other categories under Ballroom Dancing such as Tango, Cha Cha, Latin, Waltz and many more. The most delicate dance of them all is waltz. These dances are not part of Asian cultures and therefore, not as popular as in other western countries where you would see big scale ballroom dancing. Since it is a Partner Dance/Couple dance, it is not solely for parties. In the movie, The Notebook, you could see the lead actor and actress strolling at night and then started dancing together. They were not even in perfect sync or in accordance with the rules. They were just enjoying time together. Couples can also dance together at home or just during alone time together with some soft music. The sound of the music goes along well together with the heat beats of the two lovers.

ဒီအကနဲ့ ယောက်ျားမိန်းမသဘာဝ ဖိုမဆက်ဆံရေးဟာ ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ်။ အချိန်နဲ့အခြေအနေကိုလိုက်ပြီး ရာနှုန်းပြည့်မှန်ကန်ခြင်းမရှိပေမယ့်လည်း လက်ခံရမယ့် သဘောသဘာဝတစ်ခုဖြစ်ပါတယ်။

There is even a saying that dancing and sex are linked together somehow. While, there is a concrete proof, there is however some truths in this saying.

ချစ်သူနှစ်ဦးသား နူးညံ့တဲ့ဝိုင်တစ်ခွက်ကိုသောက်သုံးရင်း၊ ငြိမ့်ညောင်းတဲ့ တေးဂီကိုခံစားရင်း၊ Couple Dance ကရင်းနဲ့ ရိုမန်းတစ်အဆန်ဆုံးအချိန်တစ်ခုကို ဖြတ်သန်းပြီး အတွေ့အကြုံတစ်ခုရှိသင့်တယ်လို့ထင်မိပါတယ်။

We think it is best to spend romantic time together with some glass of wine, a slow music and a couple dance.

words by a el ti:

english translated by R.E.Saw

LUSH Art & MusicLUSH February 2019LUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Maeve

previous post
Buskers
next post
Limited Edition Branded Bags

Recommended

လာမယ့် ၂၀၂၀ မှာ သူမ ရဲ့ထွက်ရှိခဲ့တဲ့ သီချင်း Album ခြောက်ခုကို...

August 23, 2019

Rihanna just dropped a new single: you better...

June 2, 2020

The Beatles သီချင်းတွေနဲ့ ဇာတ်လမ်းတည်ထားတဲ့ Yesterday ရုပ်ရှင်

April 8, 2019

ဆံပင်ကို ပန်းရောင်ဆိုးပြီး A Star is Born တစ်နှစ်ပြည့်ကို Celebrate...

October 24, 2019

Colours Of The World

July 21, 2020

ရန်ငြိုးတွေကို သင်ပုန်းချေလိုက်ကြပြီဖြစ်တဲ့ Taylor Swift နဲ့ Katy Perry

June 12, 2019

ABBA THE DOVES

February 15, 2019

Voice to the Voiceless

March 28, 2020

Selpink Collaboration

August 27, 2020

Billboard Hot 100 Chart မှာ (၁၇) ပတ်ဆက်တိုက် နဲ့...

July 31, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem