LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFE

Table Manner

written by Yoon Wai October 12, 2017
Table Manner

လူတစ်ယောက်ကို ဘယ်နိုင်ငံမှာနေလဲ သိချင်တယ်ဆို Table Manner လို့ခေါ်တဲ့ ထမင်းဝိုင်း ယဉ်ကျေးမှုကနေ သိနိုင်တယ်ပြောရင် ယုံမလား။ နိုင်ငံတစ်နိုင်ငံချင်းစီမှာ မတူတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာ ၊ အလေ့အကျင့်တစ်မျိုးစီ ရှိကြပါတယ်။ တကယ်လို့သာ ထမင်းဝိုင်း ယဉ်ကျေးမှုဓလေ့ကို နားလည်ရင် လူတစ်ယောက်ရဲ့စားသောက်ပုံ ၊ နေပုံထိုင်ပုံကိုကြည့်ပြီး ဘယ်နိုင်ငံမှာနေခဲ့လဲဆိုတာတောင် ခန့်မှန်းလို့ရနိုင်ပါတယ်။

မြန်မာ့ယဉ်ကျေးမှုမှာလည်း ထမင်းစားတဲ့အခါ လူကြီးမိဘကို ဦးချပြီးမှစားတာမျိုး ၊ ထမင်းဝိုင်းမှာ အသံမထွက်အောင်ဝါးရတာ ဒါတွေက မြန်မာထမင်းဝိုင်း ဓလေ့ထုံးစံတွေပါပဲ။ ကျွန်မတို့ငယ်ငယ်ကဆို ထမင်းစားတဲ့အခါ လက်နဲ့စားတာဆိုတော့ လူကြီးတွေက ထမင်းစေ့တွေ လက်ဆစ်ထိမကပ်အောင် စားရမယ်တို့ ၊ လက်ပေနဲ့ ဇွန်း ၊ ခရင်းမကိုင်ရဘူးတို့ဆိုတာ အမြဲသွန်သင်ဆုံးမတာ ခံရဖူးတယ်။ ဒီလိုပဲ တခြားနိုင်ငံတွေမှာလည်း ထမင်းဝိုင်း ယဉ်ကျေးမှုနဲ့ပက်သက်ရင် သူ့ဓလေ့ သူ့ထုံးစံတွေ ရှိကြပါတယ်။

ဗီယက်နမ်နိုင်ငံက မြန်မာနဲ့ အိမ်နီးချင်းဆိုတော့ အဲ့နိုင်ငံ ထမင်းဝိုင်းယဉ်ကျေးမှုအလေ့အထကိုအရင်ပြောပြချင်ပါတယ်။ ဥရောပနိုင်ငံတွေရဲ့ ထမင်းဝိုင်းယဉ်းကျေးမှုကတော့ ကိုယ်တွေနဲ့အရမ်းကွဲပြားနေတာကို အောက်မှာ ဆက်ဖတ်ကြည့်ရင်သိမှာပါ။ ဗီယက်နမ်လူမျိုးတွေက ထမင်းစားတဲ့အခါ တူနဲ့ ဇွန်းကိုပဲ သုံးကြပါတယ်။ အနောက်တိုင်း ယဉ်ကျေးမှုမှာဆို လက်နှစ်ဖက်လုံးစားပွဲခုံပေါ်တင်တာ ရိုသေမှုမရှိတဲ့သဘောဖြစ်ပေမယ့် ဗီယက်နမ်မှာကျတော့ အဲ့ဒီအတွက် စိတ်ပူပန်ဖို့မလိုပါဘူး။ ဒါပေမဲ့ ဗီယက်နမ်သူငယ်ချင်းတစ်ယောက်က ဖိတ်ခေါ်လို့ အိမ်အလည်သွားတဲ့ဆိုရင်တော့ လက်ဆောင်ပစ္စည်းတစ်ခုခု ဝယ်သွားပြီးပေးပါ။ ဒီအလေ့အကျင့်က အိမ်ရှင်ကို လေးစားမှု ၊ လေးနက်မှုသဘောဖြစ်စေပါတယ်။

ကိုရီးယားမှာဆိုရင်တော့ ထမင်းစားပွဲဝိုင်းမှာ အသက်ကြီးဆုံးပုဂ္ဂိုလ် အရင်စားသောက်ပြီးမှ ကျန်လူတွေအားလုံး စားသောက်ရတဲ့ဓလေ့မျိုးရှိပါတယ်။တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါဆိုဦးညွတ်ပြီး နှုတ်ဆက်တဲ့အလေ့အထ……..အဲ့အလေ့အထကတော့ အာရှနိုင်ငံတွေအတော်များများမှာ ခပ်ဆင်ဆင် ရှိကြပါတယ်။

ချီလီနဲ့ တောင်အမေရိကနိုင်ငံသားတွေဆိုရင် ဧည့်သည်ကို ဖိတ်ကျွေးတဲ့အခါ စားပွဲခုံတွေကအစ အစီစဉ်နဲ့ ထားတတ်ကြပါတယ်။  ချီလီမှာဆို အမျိုးသမီးနဲ့ အမျိုးသားနှစ်ယောက်တွဲ အိမ်လည်လာတယ်ဆို အမျိုးသမီးကအရှေ့ကနေ ဦးဆောင်ပြီးအိမ်ထဲဝင်ရပါတယ်။ ထမင်းစား စားပွဲမှာထိုင်တဲ့အခါလည်း အမျိုးသမီးဆို အိမ်ရှင်ရဲ့ညာဖက်ခုံမှာထိုင်ပြီး ၊ အမျိုးသားဆိုရင် ဘယ်ဘက်ခုံမှာ ထိုင်ရပါမယ်။

ဂျာမနီဆိုလည်း ဆိုင်တွေမှာ အစားစာမှာတဲ့အခါ ကိုယ်ကုန်နိုင်သလောက်ပဲ မှာရပါတယ်။ အကြောင်းကတော့ ဂျာမနီနိုင်ငံသားတွေအမြင်မှာ အလွန်အမင်း မကုန်နိုင် မခမ်းနိုင်မှာတဲ့သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တဲ့သူလို့ မြင်ကြလို့ပါ။ နောက်ပြီးတော့ ပန်းကန်ထဲက အစားအသောက်အားလုံး ကုန်အောင်စားမှ စားဖိုမှုးကို လေးစားတဲ့သဘော ဖြစ်တယ်လို့လည်း ယုံကြည်ကြပါတယ်။

ပြင်သစ်နိုင်ငံက လှပတဲ့မြင်ကွင်းတွေနဲ့ ခမ်းနားတဲ့နေထိုင်ပုံကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ အနှစ်သက်ဆုံးနိုင်ငံအဖြစ် နာမည်ကျော်ကြားပါတယ်။ ပြင်သစ်လူမျိုးတွေအတွက်တော့ ခရင်းနဲ့ ဓားက စားပွဲဝိုင်းပေါ်က မပါမဖြစ်ဖက်ရှင်တစ်ခုပါ။ ဒီလိုစားပွဲမှာ ချပေးထားတဲ့ဓားဆိုတာ ပေါင်မုန့်လှီးဖို့ ၊ ဖြတ်တောက်ဖို့အတွက်တော့ မဟုတ်ပါဘူး။  အချိုပွဲမုန့်တွေကိုလှမ်းယူတဲ့အခါမျိုးမှာသာ သုံးတာပါ။ နောက်ပြီး ပြင်သစ်နိုင်ငံမှာ ကိုယ့်ပန်းကန်ထဲက အစားအသောက်တွေ ကုန်အောင်စားတာက ဧည့်ခံကျွေးမွေးတဲ့ အစားအသောက်တွေကို နှစ်သက်ကြောင်းပြတဲ့သဘောလည်း သက်ရောက်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေကို အလည်သွားမယ့်သူတွေအတွက်ကတော့ အယ်ကိုဟော ရှောင်ဖို့ပါပဲ။ ဧည့်သည်အနေနဲ့ သွားလည်ပတ်ရင်လည်း အိမ်ရှင်ကို အယ်ကိုဟောနဲ့ပက်သက်ပြီး မတောင်းဆိုသင့်သလို ၊ အရက်သေစာသောက်သုံးဖို့ အတင်းအကျပ်တိုက်တွန်းခြင်း မလုပ်ရပါဘူး။ နောက်ပြီး မူစလင်ဘာသာကိုးကွယ်တဲ့ တချို့နိုင်ငံတွေက လက်နဲ့ထမင်းစားတာရှိပါတယ်။ ဒီလိုလက်နဲ့ ထမင်းစားတဲ့အခါကျရင် ညာလက်ကိုပဲ သုံးရပါမယ်။

Words by Lim

LifeStylesocialetiquette
1
Facebook Twitter Google + Pinterest
Yoon Wai

previous post
Heritage of Volvo
next post
Burn Major Calories With Rowing

Recommended

The Steel Magnolia

May 21, 2018

Chef Xavier Fauvel

April 10, 2020

နောင်တမရှိသော ရွေးချယ်မှုနှင့် Lincoln

October 17, 2019

Workouts for bride to be

December 4, 2018

Best Cycling Vacations In Myanmar

June 11, 2018

Selpink Collaboration

August 27, 2020

Pilates For Better Mind And Body 

May 15, 2018

NEW KID ON BLOCK

June 12, 2018

May Myat Warso—She who modernizes tradition

April 3, 2020

Cities Of Fashion

July 13, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem