လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက ခေတ်စားခဲ့တဲ့ Soft Clutch ပိုက်ဆံအိတ်တွေကို Bottega Veneta က ဒီဇိုင်းထုတ်ခဲ့တာပါ။ သယ်ယူရလွယ်ကူပြီး ကျယ်ကျယ်ဝန်းဝန်းရှိတာကတော့ သူ့ရဲ့အားသာချက်လို့ပြောလို့ရပါတယ်။ သူ့ရဲ့အားနည်းချက်က ကိုင်ဖို့လက်ကိုင်မပါတာပါ။ အဲ့တော့ ကြာကြာသွားရမယ့်နေရာမျိုးမှာဆို ကိုင်ရတာညောင်းလာတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်နေရာပဲသွားသွား ပွဲတိုးတဲ့အိတ်လို့ ပြောလို့ရပါတယ်။ Soft clutch တွေကို Casual ပဲသွားသွား၊ ပွဲအခမ်းအနားတွေကိုပဲသွားသွား လိုက်ဖက်အောင် တွဲဖက်နိုင်ပါတယ်။ ဒီဘက် ၂၁ ရာစုခေတ်မှာသိပ်မတွေ့ရတော့ပေမယ့် အခုနောက်ပိုင်းမှာတော့ ပြန်ပြီး ခေတ်စားလာနေပါပြီ။ Latest trends တွေကို စိတ်ဝင်စားတဲ့သူတွေအတွက်တော့ soft clutch တွေကို try ကြည့်သင့်ပါတယ်။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab #SoftClutch #LatestTrends #BottegaVeneta