၂၀ ရာစုနှောင်းပိုင်း၊ ၁၉၉၀ ခုနှစ်ဝန်းကျင်တွေမှာ ခေတ်စားခဲ့တဲ့ Slip Dress ကို အခုနှစ်ပိုင်းမှာ ပြန်တွေ့လာရပါတယ်။ အလုပ်သွားတဲ့အချိန်ကနေစပြီး ခရီးသွားတဲ့အချိန်ထိ နေရာမရွေး Slip dress ကို ဝတ်ဆင်လို့ရပါတယ်။ နေရာပေါ်မူတည်ပြီး နည်းနည်းပါးပါးပြောင်းလဲဝတ်ဆင်လိုက်ရုံပါပဲ။ Slip dress က ဝတ်ရတာသက်သောင့်သက်သာရှိတဲ့အတွက် တော်တော်များများကြိုက်နှစ်သက်တဲ့အထဲမှာလည်း ပါပါတယ်။ Slip dress ကို သူ့ချည်းပဲသပ်သပ်ဝတ်လို့ရသလို အဲ့လိုဝတ်ရတာရိုးလာပြီဆို Slip dress ရဲ့အောက်ကနေ Sweater, T-shirt ဒါမှမဟုတ် Shirt တစ်ခုခုခံဝတ်လို့ရသလို Slip dress အပေါ်ကနေ အပေါ်ထပ်တစ်ခုခုထပ်ဝတ်လို့လည်းရပါတယ်။ သူနဲ့တွဲဝတ်ဖို့ဖိနပ်ဆိုရင်လည်း Sandals, Sneakers, Ankle boots, Boots စတဲ့ ဖိနပ်တွေနဲ့သင့်တော်သလို ဝတ်လို့ရပါတယ်။ Slip dress ဝတ်တဲ့အခါ နားကပ်ခပ်ကြီးကြီးတွေ၊ ဆွဲကြိုးတွေ၊ မျက်မှန်တွေ စတဲ့ accessories တွေနဲ့လည်း လိုက်ဖက်အောင် အလှဆင်လို့ရပါသေးတယ်။
Slip Dress: Fashion Vocabulary
previous post