Sheer Fabric လို့ခေါ်တဲ့ အတွင်းထဲကိုဖောက်ပြီး မြင်နေရတဲ့ အဝတ်တွေအကြောင်းပြောလိုက်ပြီဆိုတာနဲ့ မျက်လုံးထဲတန်းပေါ်လာတာက ‘90s supermodel တွေနဲ့ Y2K ကာလကို ပြေးမြင်တာပါပဲ။ Y2K era က ၂၀၂၃ နဲ့တင်ရပ်မှာမဟုတ်ဘူးဆိုတာကို Spring/Summer 2024 Fashion Show တွေကနေတဆင့်သက်သေပြနေပါတယ်။ ဒီ SS24 မှာ တွေ့ရအများဆုံးထဲ Sheer Fabric တွေက ထိပ်ဆုံးကကိုပါတာမို့ ဘယ် brand တွေက ဘယ်လို concept မျိုးတွေနဲ့ချပြခဲ့လဲဆိုတာ ဒီနေ့လေ့လာကြည့်လိုက်ကြတာပေါ့။

စာရေးသူဆိုရင် Sheer Fabric လို့တွေးလိုက်ရင် မေ့မရနိုင်တဲ့ outfit တွေရှိပါတယ်။ Friends series ထဲက Rachel ရဲ့ဝတ်စားပုံတွေ၊ Clueless ကားထဲက Cher တယောက် စိတ်ညစ်လို့လမ်းမှာလျှောက်သွားရင်း လမ်းကြုံဈေးထွက်တုန်းက ဝတ်တဲ့ outfit တွေပါပဲ။ သူတို့ရဲ့ outfit တွေကို ကြည့်ပြီး စာရေးသူလည်း မရရအောင်ရှာပြီး ဝတ်ဖို့ကြံရတာအခါခါပေါ့။ အခု Sheer fabric တွေ တခေတ်ပြန်ထလာတော့မှာဆိုတော့ စာရေးသူလည်း ကြိတ်ပျော်နေရတယ်။
အခုလောလောဆယ်ထိ Runway တွေပေါ်မှာ ဒီ Sheer fabric တွေကို လူတွေရဲ့စိတ်ထဲမရောက်ရောက်အောင် manifest လုပ်နေကြတယ်လို့ထင်ရလောက်အောင်ကို brand တော်တော်များများဆီမှာ တွေ့လိုက်ရပါတယ်။ သူတို့ရဲ့ အကြံအောင်တယ်ပဲ ပြောရမယ်ထင်တယ်… စာရေးသူကိုယ်တိုင်လည်း Sheer fabric တွေအရမ်းကို trend ဖြစ်လာမယ်လို့ခံစားနေရတယ်။

Sheer fabric တွေက ပေါ့ပေါ့ပါးပါးနဲ့ဝတ်လို့အဆင်ပြေသလို ပြင်ဆင်ရင်ပြင်ဆင်သလောက် လှတာက သူ့ရဲ့အားသာချက်ပါပဲ။ ဒီ SS24 မှာဆို Sheer fabric ကို sculptural design ပုံစံဖော်ထားတွေ၊ turtlenecks တို့၊ knitwear တို့နဲ့ တွဲဖက်ထားတာတွေ၊ လက်တွေ့လိုက်ဝတ်လို့လွယ်မယ့် design တွေ စသဖြင့် စုံနေအောင်ကို တွေ့ခဲ့ရပါတယ်။
ဆိုတော့ လက်ရှိတွေ့ခဲ့ရသလောက် Copenhagen, London နဲ့ Milan Fashion Week တွေက Sheer Looks တွေကို တချက်လေ့လာလိုက်ကြရအောင်။
OpéraSPORT

OpéraSPORT က Sheer fabric တွေကို ချည်ထိုးပန်းထိုးတွေနဲ့ဖန်တီးပြီး Dress, Shirt နဲ့ Top တွေအဖြစ် ချပြခဲ့သလို Beach သွားရင်လည်း ဝတ်လို့အဆင်ပြေမယ့်ပုံစံတွေ၊ casual dressing တွေကိုလည်း ထည့်ပြသွားပါတယ်။
Supriya Lele

Supriya Lele ကတော့ ဒီနှစ် SS24 အတွက် London Fashion Week မှာ sexy ကျတဲ့ look တွေ၊ sheer silhouette တွေကို အရောင်မျိုးစုံ၊ texture မျိုးစုံနဲ့ Sheer fabric တွေသုံးပြီး ချပြခဲ့ပါတယ်။ အိန္ဒိယရိုးရာ ဆာရီဝတ်တဲ့ပုံစံတွေကိုလည်း inspired ယူထားတာလည်းတွေ့ခဲ့ရပါသေးတယ်။
Blumarine

Milan Fashion Week မှာ ပြခဲ့တဲ့ Blumarine ရဲ့ runway look တွေက angelic ဆန်ပြီး Sheer fabric တွေကို အနုပညာဆန်ဆန်သုံးပြသွားတာကို တွေ့ခဲ့ရပါတယ်။
ROTATE

ROTATE ကတော့ REMAIN တို့ OpéraSPORT တို့နဲ့ခပ်ဆင်ဆင်ပဲ ကျောက်စီတာတွေ၊ ပန်းထိုးတာတွေ နဲ့ mixture အမျိုးမျိုးသုံးပြီးတော့ Sheer fabric ကို ပုံစံမျိုးစုံနဲ့ ချဉ်းကပ်ပြီး ချပြခဲ့ပါတယ်။ ROTATE မှာ စိတ်ဝင်စားဖို့အကောင်းဆုံးတခုကတော့ Sheer fabric သုံးပြီး ခေါင်းကနေခြေအဆုံး ဖုံးထားတဲ့ look တွေကို ထည့်ခဲ့တာပါ။
REMAIN

REMAIN ဆီမှာတော့ Sheer fabric နဲ့ Opaque fabric တွေကို အချိုးကျကျသုံးပြီး အမိုက်စား runway look တွေကို တွေ့ခဲ့ရပါတယ်။ REMAIN က heavier-duty style ကို balance ဖြစ်အောင် sheer fabric တွေကိုပါသုံးပြီး ချပြခဲ့တာပါ။
A Roege Hove

Roege Hove ရဲ့ SS24 မှာ signature ဖြစ်တဲ့ ပိတ်စတွေရဲ့ ပြောင်းလဲလာပုံအဆင့်ဆင့်ကို sculptural, occasionwear, asymmetrical tops နဲ့ sheer shorts တွေအဖြစ် တင်ဆက်တာကို တွေ့ခဲ့ရပါတယ်။ Sheer fabric တွေက night out ထွက်မှပဲ ဝတ်လို့ရတာမဟုတ်ကြောင်းကို Roege Hove ရဲ့ တင်ဆက်ပုံတွေကနေတဆင့် ခံစားခဲ့ရပါတယ်။
Kernemilk

Kernemilk ကတော့ Sheer fabric တွေကို print တွေ၊ printed materials တွေနဲ့ သူတို့ရဲ့ “uncensored femininity” ဆိုတဲ့ theme အောက်ကနေ ချပြသွားခဲ့ပါတယ်။ အပေါ်အောက်ဆင်တူဝတ်တာမျိုးတွေ၊ သပ်သပ်စီခွဲဝတ်ပြတာမျိုးတွေ၊ Maxi dresss တွေလို classic ဖြစ်တဲ့ silhouette တွေ စသဖြင့် casual ပါဝတ်လို့ရတဲ့ style တွေကို မြင်ခဲ့ရပါတယ်။
Susan Fang

Susan Fang ရဲ့ SS24 showcase မှာတော့ ဒီဇိုင်နာရဲ့ beading technique တွေ၊ technical craftsmanship တွေကို ထုတ်ပြခဲ့ပါတယ်။ ဖောက်မြင်နေရတဲ့ lace dress တွေကို ပန်းထိုးထားတဲ့ sheer fabric တွေနဲ့တွဲထားပြီး အိပ်မက်လိုလိုခံစားချက်မျိုးတွေ ပေးနိုင်ခဲ့ပါတယ်။
The Attico

The Attico က SS24 show အတွက် Milan Fashion Week မှာ ကပိုကယို look တွေ၊ အရမ်းကိုမိန်းမဆန်တဲ့စတိုင်လ်တွေကိုမှ tomboyish အထာအထည်တွေနဲ့ပေါင်းပြီး ပြခဲ့ပါတယ်။
