Brandon Maxwell လို့ပြောလိုက်တာနဲ့ Pop Star Lady Ga Ga ရဲ့ Stylist မှန်းအားလုံးသိကြပါတယ်။ Maxwell ဟာ 2019 CFDA (Council of Fashion Designer of America) ဆုရှင် လူငယ် Designer & Stylist တစ်ယောက်ဖြစ်ပြီးတော့ အသက် ၃၆ နှစ်သာရှိပါသေးတယ်။
သူဟာ Celebrity တွေတင်မကပဲ Michelle Obama, Meghan Markle, Kerry Washington စတဲ့ Public Figure အမျိုးသမီးတွေ ရဲ့ ဝတ်စုံတွေအတွက်တာဝန်ယူပေးရတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။
သူ့ရဲ့ ကိုယ်ပိုင် Brand Label ကို တည်ထောင်ခဲ့တာ ၅ နှစ်ပြည့်တဲ့အထိမ်းအမှတ် Collection နှစ်မျိုး ထုတ်ခဲ့ပါတယ်။Project Runway ရဲ့ Judge တစ်ဦးလည်းဖြစ်တဲ့ Maxwell ရဲ့ Collection တွေဟာ သူ့ရဲ့ အမိုက်စား တီထွင်ဖန်တီးမှုတွေကြောင့် ပရိသတ်တွေအပေါ်အမြဲ ဖမ်းစားနိုင်ခဲ့တာမို့ ယခု 5th Anniversary Collections တွေကိုလည်း မထွက်ခင်တည်းက စိတ်ကူးတွေယဉ်ပြီး စောင့်မျှော်နေခဲ့ရတာပါ။
ယခုတစ်ခါထွက်ရှိလာတာကတော့ The Anniversary Collection နဲ့ The Classic Collection ll ပဲဖြစ်ပါတယ်။ The Anniversary Collection လေးအတွက်ကိုတော့ Maxwell က သူလေးစားမြတ်နိုးရတဲ့ အမျိုးသမီးတွေနဲ့ Texas ပြည်နယ်ကနေ inspiration ယူထားပြီးတော့ stiletto boots (လည်ရှည်ဒေါက်ဖိနပ်) ၊ Trench Coat (ကုတ်အင်္ကျီအရှည်)၊ Bustier Dress (ဂါဝန်)၊ tote bag (လက်ကိုင်အိတ်) တို့ ပါဝင်တဲ့အပြင် သက်တောင့်သက်သာ ဖြစ်စေတဲ့ Sweater နဲ့ Baseball ဦးထုပ် တို့လည်းထည့်သွင်းထားပါတယ်။လူငယ်ဒီဇိုင်နာ ရဲ့ လူငယ်ဆန်တဲ့ ဒီဇိုင်းတွေက ဂျင်းတွေ အဖာအစပ်ဒီဇိုင်းတွေနဲ့ ဖန်တီးထားတာမို့လို့ လူငယ်တွေကြိုက်နှစ်သက်မှာ မြေကြီးလက်ခတ်မလွဲပါဘူး။ ဈေးနှုန်းအားဖြင့်လည်း ၆၅ ဒေါ်လာတန် cap ဦးထုပ်လေးကနေစပြီးတော့ ဒေါ်လာ ၁၇၉၀ တန် ဂျင်းကုတ်အရှည်ထိ အစားစား ရှိပါတယ်။
Classic collection ll မှာတော့ Maxwell ရဲ့ designer ဘဝ မှာဖြတ်သန်းလာတဲ့ ၅ နှစ်တာ အတွေ့အကြုံစိတ်ခံစားချက် စတဲ့ Nostalgic feeling (အတိတ်ကိုလွမ်းဆွတ်တမ်းတခြင်း) တွေကိုအခြေခံထားပြီးတော့ Maxwell ရဲ့ နွေဦး ၂၀၁၆ Collection နဲ့ ဆောင်းရာသီ ၂၀၁၆ Collection က ဝတ်စုံ ၅ စုံ ကို တစ်ဖန်ပြန်လည် တင်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ ဒေါ်လာ ၈၉၀ တန် Cigarette Pant ကနေစပြီး ဒေါ်လာ ၃၉၉၀ တန် ကတ္တီပါညနေခင်းဝတ်စုံထိ item ၁၃ မျိုးပါဝင်ပြီးတော့ Classic Collection ဆိုတဲ့ နာမည်လေးအတိုင်း ဂန္တဝင်ဆန်တဲ့ ရသကိုပေးနိုင်တဲ့ ဝတ်စုံတွေကို တွေ့ရမှာဖြစ်ပါတယ်။
ဒီ Collection နှစ်ခုစလုံးက အရေအတွက်အကန့်အသတ်နဲ့သာထုတ်တဲ့ limited Edition တွေပဲဖြစ်တာမို့လို့ ဖက်ရှင်ချစ်သူတို့ www.brandonmaxwellonline.com ကနေ အမြန်ဆုံး preorder တင်ထားလိုက်ကြတော့နော်။