အချစ်ဆိုတာ ကမ္ဘာပေါ်မှာ အသိမ်မွေ့ဆုံးနဲ့ အရက်စက်နိုင်ဆုံး လက်နက်တစ်ခုဖြစ်တယ်တဲ့။ ပြောမဆုံးနိုင်အောင် ကြည်နူးရတဲ့ ချစ်ခြင်းတွေ ရှိသလို၊ မမေ့နိုင်အောင် ခါးသီးလွန်းတဲ့ အချစ်သမိုင်းတွေ ဆိုတာလည်း အများသားလား။ နှလုံးသားထဲက ဖြစ်တည်လာတဲ့ မေတ္တာတရားရဲ့ ရသကို ဘယ်သူမဆို သက်ဆုံးတိုင် ခံစားထိတွေ့ရင်း ထိန်းသိမ်းသွားချင်ကြတာပဲ မဟုတ်လား။ တစ်ခါတစ်ရံ အတွေ့အကြုံ မရှိခဲ့လို့ပဲဖြစ်ဖြစ်၊ ချစ်လိုက်မိတိုင်း အသည်းကွဲနေရတာပဲ ဖြစ်ဖြစ် အချစ်ကြောင့် ပျော်ရွှင်မှုဆိုတာကို အသေအချာ မခံစားမိသေးရင် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့၊ သုံးသပ်ဖို့ အခြေခံကျင့်ဝတ်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
Love was once told that it’s the mildest yet the harshest weapon in the world. There are so many love stories with beautiful memories and also with unforgettable bitter ones. Everyone wants to have and be with that feeling of love and being loved which naturally come out from the heart forever. Sometimes, you may experience heart-broken, you may suffer the darkest side of love which is hurt. In order to understand and learn the real kind of love, the followings are about the relationship etiquette.
ချစ်သူတွေဖြစ်သွားကြတဲ့အခါ ကော်ဖီဆိုင်လေးမှာထိုင်တာ၊ အအေးဆိုင်လေးမှာ ခဏတဖြုတ်နားကြတာ၊ အတူတူ ထမင်းစားကြတာတွေဟာ လက်ခတ်မလွဲ ကြုံကြရမှာပါ။ အဲဒီမှာ တစ်ခုရှိလာတာက Bill ရှင်းတဲ့အခါ သူရှင်းမလား၊ ကိုယ်ရှင်းမလား၊ တစ်ယောက်တစ်ဝက်ရှင်းမလားဆိုတဲ့ ကိစ္စပါ။ ဒီနိုင်ငံမှာတော့ ယောကျာ်းလေးက ရှင်းရမယ်ဆိုတဲ့ အသိ ပါးပါးလေး ရှိကြပါတယ်။ အထူးသဖြင့် ချစ်သူ ဖြစ်ခါစမှာပေါ့။ နောက်ပိုင်းကျရင်တော့ ရင်းနှီးလာတဲ့အခါ မိန်းကလေးက ရှင်းတာလည်း ရှိတတ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက ပိုက်ဆံ မဟုတ်ပါဘူး။ ပေးဆပ်ချင်တဲ့စိတ်ပါ။ ရာဇ၀င်မှာဆို အချစ်အတွက် အသက်တောင်စွန့်ကြတဲ့သူတွေ အများကြီးရှိပါတယ်။ ဆင်းရဲတာ၊ ချမ်းသာတာထက် ကိုယ်လုပ်ပေးနိုင်တာလေး သူ့အတွက် လုပ်ပေးချင်စိတ်ရှိတာကို အချစ်လို့ ခေါ်ပါတယ်။ ပိုက်ဆံရှင်းတာမှ မဟုတ်ဘူး။ လက်ဆောင်ပေးတာလည်း အတူတူပါပဲ။ ပိုချမ်းသာတဲ့သူက ပိုပေးရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ အချစ်ရဲ့ အခြေခံကျင့်ဝတ် (၁) က ကိုယ်တတ်နိုင်တဲ့အတိုင်းအတာထဲကနေ သူ့အတွက် ပေးဆပ်ချင်နေတဲ့ စေတနာရှိဖို့ ဖြစ်ပါတယ်။
Couples like to spend time at coffee shop, have drinks and eat delicious meals together. One thing to notice in this case is ‘bill’. Will the man have to pay? Or the girl? Or should they go Dutch? In Myanmar, guys mostly take care of bills especially in the beginning of relationship period. Later on, girls also don’t mind paying as they get to know more about each other. Actually, money is not the real matter to show love. What matters most is the generosity from your heart. People died for love in history. No matter how rich or poor you are, the desire to care about your partner’s needs is what love means. Giving presents to him/her is also the same. It is not true that the richer one will always have to buy expensive things for another one. The rule number one in relationship etiquette is just about the feeling of always wanting to do something to make that one happy.
ဒီနိုင်ငံမှာ အလုပ်အကိုင်တွေနဲ့ပတ်သက်ပြီး လူတွေရဲ့ ထင်မြင်ယူဆချက်တွေထဲမှာ စိတ်မကောင်းစရာ တစ်ခုရှိပါတယ်။ အဲဒါဘာလဲဆိုတော့ ဥပမာ ဆရာဝန်ဆိုရင် အရမ်းအဆင့်အတန်းမြင့်တယ်လို့ သတ်မှတ်ကြပြီး၊ စားပွဲထိုးတို့၊ သန့်ရှင်းရေးတို့ ဆိုရင် အရမ်း အဆင့်နိမ့်တယ်လို့ အလိုလို သတ်မှတ်ထားတဲ့ ကိစ္စပါ။ ခက်တာက နှလုံးသားဆိုတာ ထိန်းချုပ်လို့မရတဲ့ ကြွက်သားအုပ်စုထဲမှာ ပါပါတယ်။ ဆရာဝန်အချင်းချင်းပဲ ချစ်ရမယ်၊ စားပွဲထိုးအချင်းချင်းပဲ ချစ်ရမယ်ဆိုပြီး ခိုင်းလို့မရပါဘူး။ ဒါပေမယ့် အသည်းထဲစွဲနေတဲ့ ခုနက မိရိုးဖလာ အသိကလည်း ရှိနေတော့ အဲဒီလို အဆင့်တစ်ခု ကွာခြားတဲ့ချစ်ခြင်းတွေဟာ အဆုံးမှာ ကွဲပြဲကြတာ အတော်လေးဖြစ်ကြပါတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ အချစ်ရဲ့ အခြေခံကျင့်ဝတ် (၂) ဖြစ်တဲ့ ဘယ်အခြေအနေပဲ ရောက်ရောက် ချစ်သူအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားယုံကြည်မှု ရှိရမယ် ဆိုတာကို သတိမပြုမိကြလို့ ဖြစ်ပါတယ်။
In this country, there is one sad opinion on jobs by most people, for example, doctors are considered as high standard level but the others, such as janitors or waiters are in low standard level. Well, scientifically also, heart is the uncontrollable organ. So, we cannot expect the fact that only doctors will have to be in love with doctors and waiters will have to love waiters. But, as the conservative idea of that opinion on jobs is in everyone’s head due to the people around them, this is still one of the reasons most couples break up. It is because those couples didn’t know the second rule of relationship etiquette that is to respect each other in every situation.
“မောင်က ဂီတာတီး၊ သီချင်းဆို သိပ်တော်တာ။ သူ့ရဲ့ အဲဒီပုံစံလေးကို ကြွေပြီး ချစ်ခဲ့တာပေါ့။ ဒါပေမယ့် လူဆိုတာ အမြဲတမ်း ထမင်းမစားပဲ သီချင်းပဲ နားထောင်နေလို့မရဘူးလေ။ ဒါကြောင့် နောက်ဆုံးမှာ မောင်နဲ့ တို့ လမ်းခွဲခဲ့တယ်။” ဆိုတာကို သူငယ်ချင်း ကောင်မလေးတစ်ယောက်ဆီက ကြားခဲ့ဖူးပါတယ်။ ရုတ်တရက်ဆိုရင်တော့ ဒီဇာတ်လမ်းလေးမှာ မောင်ဆိုတဲ့ ကောင်လေးကို သနားကြပြီး၊ ခုနက သူငယ်ချင်းကိုတော့ ရက်စက်တဲ့သူလို့ မြင်ကြမှာပဲ။ ဒါပေမယ့် တကယ်တမ်း သူတို့နှစ်ယောက်ရဲ့ ပြတ်စဲမှုဟာ တစ်ယောက်ရဲ့ ဖြစ်တည်မှုကို အခြားတစ်ယောက်က အပြည့်အ၀ ခွင့်လွှတ်နားလည်ပေးရမယ် ဆိုတဲ့ အချစ်ရဲ့ အခြေခံကျင့်ဝတ် (၃) ကို နားမလည်လို့ ဖြစ်ရတာလို့ပဲ ထင်ပါတယ်။ ချစ်လျက်နဲ့ ဝေးသွားမှသာ နာကျင်ကြေကွဲစရာပါ။ မချစ်လို့ နှုတ်ဆက်ရခြင်းတွေဟာ ခါးပေမယ့် သောက်သင့်တဲ့ဆေးတစ်ခွက်နဲ့ တူပါတယ်။
One of the friends said, “My boyfriend is really good at singing and playing guitar and I really loved that, but financially and logically, we need food when we are hungry, not the songs and that’s why, we broke up in the end.” When people heard about it for the first time, they might hate that friend for breaking up with her boyfriend due to money. But, the real situation is they didn’t have that rule number 3 of relationship etiquette which is to always support and understand the passion of one another. Sometimes, people get confused with lust and love. Of course, being apart from someone you love is really hurt. But, if you just like one specialty of someone but you are actually not in love with everything about that person, letting go is a better option.
ရုပ်ရှင်တွေထဲမှာ၊ သီချင်းစာသားတွေထဲမှာ “သူ့ကိုသိပ်ချစ်လို့၊ သူကောင်းဖို့အတွက် စွန့်လွှတ်လိုက်တယ်” ဆိုတာမျိုး မြင်ဖူး၊ ကြားဖူးကြမှာပါ။ မူးယစ်ဆေးဝါးတောင်မှ သူ့ကိုစွဲလမ်းသွားပြီဆိုရင် မသုံးရတဲ့အခါ အရူးတစ်ယောက်လို ဖြစ်တတ်ကြတယ်။ ဒါကြောင့် တကယ့်အချစ်ဟာ လွယ်လွယ် ရင်အကွဲခံဖို့ အဆင်ပြေရဲ့လားလို့ တစ်ခါတစ်ရံ သံသယ၀င်ခဲ့မိတယ်။ ဒါပေမယ့် အချစ်ရဲ့ အခြေခံ ကျင့်ဝတ် (၄) အရ အချစ်ဟာ ခန္ဓာကိုယ်မှာ မဟုတ်ဘူး၊ အလှအပပေါ်မှာ မဟုတ်ဘူး၊ အတူရှိခြင်း၊ မရှိခြင်းပေါ်မှာ မဟုတ်ဘူး၊ အချစ်သက်သက်ကို ၀င်သက်ထွက်သက်တိုင်း ခံစားသိရှိနိုင်ခြင်းပဲ တဲ့။
“I decided to let her go because I love her so much and want her to have the better future”. There is no doubt that people will be familiar with above sentence in the movie scenes or in the lyrics. Even the drugs make people crazy when they are being addictive. So, there is always a question that such sacrificed loves aren’t hurt? But, the rule number 4 of relationship etiquette says, “Love is not about the physical appearance, not about being together, not on the beauty, it is about just knowing and feeling it every single time we breathe in and out”.
လှပတဲ့ အမှတ်တရတွေရယ်၊ ရယ်မောပျော်ရွှင်ခြင်းတွေရယ်၊ မျှဝေခံစား နားလည်ခြင်းတွေရယ်နဲ့အတူ ခိုင်မာတည်တံ့တဲ့ ချစ်ခြင်းမေတ္တာတွေ ထာဝရ တည်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Hopefully, the Loves on earth will always remain as the beautiful memories, the cheerful laughter, the good understanding and sharing times together, forever.
words by Haymar