In this issue of LUSH Creator, I would like to share about a Fashion Designer who is guiding young women to contribute their passions and abilities they have bravely to achieve success in their lives. She is no other than Rebecca Minkoff, an industry leader with her own designs spotted around the fashion shows, and a founder of Rebecca Minkoff together founded with her brother, Uri Minkoff.
မိမိမှာ ရှိတဲ့ စိတ်ကူးစိတ်သန်းတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ပြီး ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကို သတ္တိရှိရှိ ချပြနိုင်ဖို့ အမျိုးသမီးတွေကို လမ်းပြဆောင်ရွက်ပေးနေတဲ့ Fashion Designer တစ်ဦးနဲ့ ဒီလ LUSH Creator ကဏ္ဍမှာ မျှဝေပေးချင်ပါတယ်။ သူမကတော့ တခြားသူမဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက ကိုယ်ပိုင် ဒီဇိုင်းတွေကို Fashion show တွေမှာ ပြသနိုင်ခဲ့ပြီး သူမရဲ့ အစ်ကိုဖြစ်သူ Uri နဲ့အတူ Rebecca Minkoff ကို တည်ထောင်ခဲ့တဲ့ ပဲ့ကိုင်ရှင် Rebecca Minkoff ပဲဖြစ်ပါတယ်။
Being a founder of Rebecca Minkoff, she is well known among New York Fashion industry and leading designer among young women and celebrities for her own creations. While attending design subject in the costume department in high school, Rebecca moved to New York at 18 years old to look up her dream of becoming a fashion designer.
သူမဟာ Rebecca Minkoff ရဲ့တည်ထောင်သူတစ်ဦးဖြစ်တဲ့အလျောက် သူမကို New York Fashion လောကထဲမှာ တော်တော်များများ ရင်းရင်းနှီးနှီးနေမယ်လို့လည်း ထင်ပါတယ်။ Rebecca ဟာ သူမရဲ့ကိုယ်ပိုင်ဒီဇိုင်းတွေကို ပြသနိုင်ရုံသာမက မိန်းကလေးထုကြီးနဲ့ Celebrities တွေကြားမှာလည်း ရေပန်းစားတဲ့ designer တစ်ဦးဖြစ်ပါတယ်။ Costume ဌာန မှာ design ဘာသာရပ်ကို အထက်တန်းတည်းက ဆည်းပူးခဲ့တာဖြစ်ပြီး သူမရဲ့ Fashion Designer တစ်ယောက် ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့ အိမ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ သူမ အသက် ၁၈ နှစ်မှာ New York မြို့ကိုပြောင်းရွေ့နေထိုင်ခဲ့သူပါ။
In 2001, Rebecca created her own fashion designs and being recognized for the first time when actress Jenna Elfman wore an “I Love New York” T-shirt design at the Jay Leno show. In 2005, Rebecca launched Rebecca Minkoff LLC with her brother Uri Minkoff, who had founded a small handful of health-care and technology startups. Within four years after setting up her company, she made handbags and accessories with her trademark leathers. In 2009, Rebecca returned on the track of apparel design and introduced her first ready-to-wear collection.
၂၀၀၁ ခုနစ်မှာ သူမရဲ့ ကိုယ်ပိုင်ဒီဇိုင်းတွေကို စတင်ချုပ်လုပ်ခဲ့ပြီး သူမရဲ့ဒီဇိုင်းတွေကို လူတွေစတင်သတိထားမိသွားတာကတော့ Jay Leno show မှာ မင်းသမီးကြီး Jenna Elfman က သူမရဲ့ “I Love New York” တီရှပ်ကို ဝတ်ဆင်လိုက်တာကနေဖြစ်တယ်လို့ဆိုရပါမယ်။ ၂၀၀၅ ခုနစ်မှာတော့ တစ်ပိုင်တစ်နိုင် ကျန်းမာရေးနဲ့ နည်းပညာဆိုင်ရာ start up လုပ်ငန်းတည်ထောင်ထားတဲ့ သူမရဲ့ အစ်ကို Uri Minkoff နဲ့အတူ Rebecca Minkoff LLC ကို စတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။စတင်တည်ထောင်ပြီး လေးနှစ်တာကာလအတောအတွင်း အိတ်ဒီဇိုင်းတွေ၊ accessories ပစ္စည်းတွေကို သူမရဲ့ အမှတ်တံဆိပ် leather နဲ့ထုတ်လုပ်ဖြစ်ခဲ့ပါတယ်။ ၂၀၀၉ ခုနစ်မှာတော့ သူမရဲ့ မူလ အိပ်မက် ရင်းမြစ်ဖြစ်ရာ အဝတ်အစား ဒီဇိုင်းဘက်ကို ဇောက်ချလုပ်ကိုင်ခဲ့ပြီး သူမရဲ့ ပထမဆုံး Ready-to-wear collection ကို ၂၀၀၉ ခုနစ်မှာပဲ စတင်မိတ်ဆက်နိုင်ခဲ့ပါတယ်။
As a designer, she was galvanized by women today who are changing their society in big and small ways every single day, she made partnered with complex, diverse women who are making difference while staying true to themselves. She made a collection of “I Am Many” with multidimensional women. She has been recognized with several awards afterwards. In 2009, she was awarded as New York Moves Power Women. The Breakthrough Designer Award from Accessories Council in 2011 and she has been an active member of the Council of Fashion Designers of America. In 2013, she was being placed in the Finalist of Ernst and Young Entrepreneur of the Year Award. In 2015, she was awarded as Best Interactive Retail & Top Innovator at the Fashion 2.0 Awards.
သူမဟာ ကိုယ်ပိုင်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့သလို သူမလိုဖြစ်ချင်ကြတဲ့ မတူညီတဲ့ နယ်ပယ်က အမျိုးသမီးတွေကို စုစည်းပြီး သူမရဲ့ ကိုယ်ပိုင် ဒီဇိုင်းနှင့်အတူ “I Am Many” ဆိုတဲ့ collection တစ်ခုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေနဲ့အတူ သူမရဲ့အရည်အချင်းကို အသိအမှတ်ပြုလာကြပြီး New York Moves Power Women ဆုကို ၂၀၀၉ ခုနစ်မှာ ပေးအပ်ခြင်းခံရပါတယ်။ ၂၀၁၁ ခုနစ်မှာလည်း Accessories Council က ပေးအပ်တဲ့ Breakthrough Designer Award ကိုလည်း ထိုက်တန်စွာ ရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် သူမဟာ The Council of Fashion Designers of America မှာလည်း အတက်ကြွဆုံး အမျိုးသမီး Fashion Designer အဖြစ် ပြောစမှတ်ပြုခံခဲ့ရပါတယ်။ ၂၀၁၃ ခုနစ် မှာလည်း သူမဟာ Ernst and Young Entrepreneur of the Year Award ရဲ့ နောက်ဆုံးဆန်ခါတင်အဆင့်ထိ ပါဝင်ခဲ့ပါသေးတယ်။ ၂၀၁၅ ခုနစ်မှာတော့ Rebecca Minkoff Brand အတွက် Best Interactive Retail & Top Innovator လုပ်ငန်းရှင် တစ်ဦးအနေနဲ့ Fashion 2.0 ပွဲမှာ ဆုချီးမြှင့်ခြင်း ခံခဲ့ရပြန်ပါတယ်။
In the spring of 2017, Rebecca launched Rebecca Minkoff watches, which reimagine the category through their decidedly downtown of Rock and Roll aesthetic. She was announced as a member of the first-ever New York State Council on Women and Girls among other female industry leaders.
၂၀၁၇ ခုနစ် နွေဦးအချိန်ကာလမှာတော့ Rebecca ဟာ Rock and Roll သုခုမ ရသကို အခြေခံပြီး မြို့ပြကို ဖော်ညွှန်းထားတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ နာရီတွေကိုလည်း ထုတ်လုပ်လာနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၇ သြဂုတ်လမှာတော့ သူမကို ပထမဆုံးသော Fashion Designer အသင်းအဖွဲ့ဝင်အဖြစ် New York State Council on Women and Girls က ကြေညာခဲ့ပါတယ်။
Rebecca established the Female Founder Collective, a network of business led by women, investing in women’s financial power across socio-economic factors by empowering female-owned businesses in 2018.
၂၀၁၈ ခုနစ်မှာတော့ သူမဟာ Fashion design တွေကို အသစ်အဆန်း ပြုလုပ်ခြင်းတင်မကတော့ဘဲ သူမကို စံပြအလေးထားတဲ့ အမျိုးသမီးတွေအတွက် Female Founder Collective ဆိုပြီး စတင်တည်ထောင်ခဲ့ပါတယ်။ Female Founder Collective ကတော့ လုပ်ငန်းပိုင်ရှင် အမျိုးသမီးတွေ တွေ့ဆုံရာ ချိတ်ဆက်တစ်ခုဖြစ်လာခဲ့ပြီးတော့ သူတို့တွေကတဆင့် လူမှုစီးပွားရေးနဲ့ပတ်သက်တဲ့ ငွေကြေးပိုင်းဆိုင်ရာ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ကာ အခုမှ စတင်တည်ထောင်ကြမယ့် Start Up အမျိုးသမီး လုပ်ငန်းရှင်တွေကို ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် တည်ထောင်ထားတာဖြစ်ပါတယ်။
Not only supporting for female-owned business, Rebecca launched a podcast channel named RM Superwomen. RM Superwomen uses social platform to encourage women around the world with brave and courage for their businesses.
ဒီလိုမျိုး အမျိုးသမီးတွေအတွက် လုပ်ငန်းတည်ထောင်ဖို့ နည်းလမ်းတွေ ထောက်ပံ့မှုတွေမျှဝေပေးရုံသာမက အခုနှစ်တွေမှာတော့ RM Superwomen ဆိုတဲ့ podcast channel လေးကိုပါ အသံထုတ်လွှင့်နေပြီဖြစ်ပါတယ်။ RM Superwomen ကတော့ Social Media Platform ကို ကောင်းမွန်စွာ အသုံးပြုပြီး နိုင်ငံတစ်ဝန်းရှိ အမျိုးသမီးတွေ သတ္တိရှိစွာနဲ့ မိမိဝါသနာပါရာ လမ်းကြောင်းကို ရဲရဲဝင့်ဝင့်လျှောက်လှမ်းနိုင်အောင် အားပေး အကြံပြုချက်တွေ ပေးနေတဲ့ podcast channel ဖြစ်ပါတယ်။
By pursing and developing her dream at the age of 38, Rebecca also highlights activities for women and inspiring women to lead “fearless” lives. I believe you all get some tips and tricks from Rebecca Minkoff and wishing you all your dreams come true.
အခုလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မိမိဖြစ်ချင်တဲ့ အိမ်မက်ကို တစ်ဆင့်ချင်းစီ တစ်လှမ်းချင်း ဖြေးဖြေးမှန်မှန်လျှောက်လှမ်းကာ သူမကိုယ်တိုင်အတွက် သာမက သူမလို ဖြစ်ချင်တဲ့ အမျိုးသမီးတွေကို လမ်းပြပေးတဲ့ မီးအိမ်ရှင်မလေးအကြောင်း ဖတ်လိုက်ရတဲ့အတွက် သူမလို ဖြစ်ထွန်းချင်တဲ့ အမျိုးသမီးလေးတွေအတွက်လည်း စိတ်ထဲမှာ တစ်ခုခု မှတ်သားစရာ ရသွားမယ်လို့လည်း မျှော်လင့်မိပါတယ်။
Words by Eain Chu