LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Cover StoryPET ZONE

Prized cats of the world

written by Lush Editor February 26, 2019
Prized cats of the world

အိမ်မွေးတိရစ္ဆာန်လို့ပြောလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိတာက ဘာဖြစ်မလဲ။ အများစုကတော့ ခွေး နဲ့ ကြောင် ကို အရင်ဆုံးပြေးမြင်မိမှာသေချာပါတယ်။ ခွေးလေးတွေက ကြောင်လေးတွေထက်စာရင် သစ္စာရှိတယ်။ သခင်ကိုသိတတ်တယ်။ စတဲ့အချက်တွေကြောင့် တော်တော်များများက ခွေးလေးတွေကို ချစ်ကြပါတယ်။ ဒါဆို ကြောင်လေးတွေကရော၊ ခုနကစကားထဲကအတိုင်း တကယ်ပဲသစ္စာမရှိဘူးလား၊ သခင်ကိုမသိတတ်ဘူးလားဆိုရင်တော့… (မွေးကတည်းကကြောင်နဲ့ ကြီးပြင်းလာရတဲ့ကျွန်မအတွက်တော့) အဲ့အချက်ဟာ မှားတယ်လို့ပဲ ပြောချင်ပါတယ်။ ဟုတ်ပါတယ်။ ကြောင်လေးတွေကို သေချာမွေးဖူးတဲ့သူဆိုရင် အဲ့အချက်က မှားတယ်ဆိုတာ သိပါလိမ့်မယ်။ သူတို့ကို သစ္စာမရှိဘူးဆိုတာထက် နည်းနည်း ဂျစ်ကန်ကန်နိုင်ပြီး ဆရာလုပ်ချင်စိတ်ရှိတဲ့၊အေးအေးဆေးဆေးနေတတ်တဲ့ ကလေးလေးတစ်ယောက်လို့ပဲ မြင်မိပါတယ်။ သူတို့အဲ့လိုဂျစ်ကန်ကန်နေပုံလေးတွေကပဲ သူတို့ရဲ့ဆွဲဆောင်မှုတစ်ခုဖြစ်နေတာပါ။ သူတို့ရဲ့ချစ်စရာကောင်းတဲ့အပြုအမူတွေကြောင့်လည်း သူတို့ကို မွေးတဲ့သူတွေ တဖြည်းဖြည်းများပြားလာပါပြီ။ ဒီမှာတော့ အလေ့ကျပေါက်တဲ့မြန်မာကြောင်လေးတွေကို အများဆုံးမွေးကြပြီး တချို့ကတော့ နိုင်ငံရပ်ခြားကတင်သွင်းတဲ့ကြောင်လေးတွေကို မွေးမြူကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကြောင်တွေအကြောင်းကို ကြောင်ချစ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

What’s on your mind when you hear the word “pet”? Dogs and cats will come into our mind first. People say that dogs are more loyal to their owners than cats and hence they are loved more. I totally disagree with that statement, as I am the person who grew up with cats. Of course, cats can be difficult, haughty and bossy. They are also like a quiet child who likes solitude. However, it is that haughty attitude attracts their owners. While we usually keep Burmese cats here, some pet owners would get the exotic pets. And Lush would like to share the most expensive cats in the world to our cat lovers.

  1. Ashera- ($15,000 – $125,000)

Ashera ဆိုတဲ့ကြောင်အမျိုးအစားကတော့ ကမ္ဘာ့ဈေးအကြီးဆုံးကြောင်ထဲမှာ နံပါတ် ၁ ဖြစ်ပြီး အရမ်းရှားပါးတဲ့ ကြောင်အမျိုးအစားပါ။ လော့စ်အိန်ဂျယ်အခြေစိုက် မွေးမြူရေးခြံတစ်ခုမှာ တစ်နှစ်ကို ဒီလိုကြောင်အမျိုးအစားမျိုး ၅ ကောင်သာ မွေးမြူနိုင်ပါတယ်။ Ashera ကြောင်တွေက နှင်းကျားသစ်လို အကွက်မျိုးရှိပြီး သူရဲ့အကျင့်စရိုက်တွေက Savannah ကြောင်နဲ့တောင် ဆင်တူပါတယ်။ သူက အာရှကျားသစ်ကြောင်နဲ့ အာဖရိကန် တောကြောင်တို့မျိုးစပ်ထားတာဖြစ်ပါတယ်။ သူတို့က ပင်ကိုယ်စရိုက်ကောင်းတယ်၊ သစ္စာရှိတယ်၊ ဉာဏ်ကောင်းပြီး ကြင်နာတတ်ကြပါတယ်။ ဒီ Ashera ဆိုတဲ့ကြောင်မျိုးကို သင်မွေးမယ်ဆိုရင်တော့ ရှားပါးတဲ့ကြောင်မျိုးစိတ်ကိုပိုင်ဆိုင်ထားတဲ့သခင်အနည်းစုထဲက တစ်ဦးဖြစ်နေမှာပါ။

This cat is an extremely rare breed and the most expensive cat in the world. Only five kittens of this breed are produced each year by a L.A firm. It is a hybrid of Asian Leopard cat and African jungle cats. It has spots like snow leopards with temperament of Savannah cats. They are good-natured, loyal, affectionate and very intelligent. If you own an Ashera, you are one of the very few owners in the world.

  1. Savannah ($1,500 – $50,000)

Savannah ကြောင်ကတော့ အာဖရိကန် တောကြောင်အမျိုးအစား နဲ့ Persian ကြောင်တို့စပ်ထားတဲ့ ကြောင်အမျိုးအစားပါ။ Savannah ကြောင်ကိုတော့ သူတို့ရဲ့ ထူးခြားတဲ့အကျင့်စရိုက်ကြောင့် ခွေးလေးတွေနဲ့တောင် နှိုင်းယှဉ်ပြောလေ့ရှိကြပါတယ်။ သူတို့ရဲ့အဓိကအားသာချက်ကတော့ အရမ်းကို သစ္စာရှိတာပါ။ ပြီးတော့ ဉာဏ်လည်းအရမ်းကောင်းပါတယ်။ သူတို့ငယ်ရွယ်တုန်းမှာ သေချာထိန်းကျောင်းပေးထားမယ်ဆို သူစိမ်းတွေ၊ တခြားတိရစ္ဆာန်လေးတွေနဲ့ ရင်းရင်းနှီးနှီးနေနိုင်ပါတယ်။ ပုံမှန်အားဖြင့် Savannah ကြောင်တွေက သူစိမ်းတွေနဲ့ ရင်းရင်းနှီးနှီးမနေနိုင်ပါဘူး။ သူစိမ်းတွေနဲ့ဆို မာန်ဖီတာမျိုးလုပ်ပြီး စိတ်ဆိုးမာန်ဆိုးပြုမူတတ်ပါတယ်။ သူတို့က သန်မာကြပြီး အမြင့်တွေကိုလည်း မြန်မြန်ဆန်ဆန်ခုန်ကူးနိုင်ကြပါတယ်။ နောက်ပြီး သူတို့က ဉာဏ်ကောင်းတယ်၊ စပ်စုတယ်၊ အဆော့သန်ပြီး သွက်လက်ကြပါတယ်။

Savannah cats are the hybrid of African cats and Persian cats. According to their unique character, they have been compared to dogs. They are extremely loyal and intelligent. If they have been trained at early age, they can mingle around with strangers and other pets. Normally, they are aggressive towards strangers. Savannah cats are very strong and can jump really high up. They are smart, curious and very active.

  1. Bengal ($1,000 – $25,000)

သူလည်း မျိုးစပ်ကြောင်ပါပဲ။ အိမ်မွေး အမွှေးတိုကြောင်အမျိုးအစား နဲ့ အာရှကျားသစ်ကြောင်တို့ စပ်ထားတာပါ။ သူ့ပုံစံက ထူးခြားပြီး သူ့ရဲ့ကျားသစ်ကွက်ပုံစံအမွေးတွေနဲ့ သန်မာတဲ့ပုံစံရှိတာကြောင့် သူ့ကို ပိုပြီး သတိထားမိကြပါတယ်။ သွက်လက်ပြီး ဉာဏ်ကောင်းတဲ့အတွက် မွေးချင်စရာကောင်းပေမယ့် အရမ်းစပ်စုတဲ့အကျင့်လည်းရှိပါတယ်။ ငါးကန်တွေထဲ ခုန်ဝင်ပြီး စပ်စုရတာတို့၊ မီးခလုတ်တွေကို ကစားရတာတို့၊ မီးဆိုင်းတွေကို တွဲလောင်းခိုရတာတို့ကို လုပ်တတ်တော့ အိမ်မှာမွေးမယ်ဆို စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ရသလိုတော့ဖြစ်မှာပါ။ ဒါကြောင့် ကြောင်မွေးလေ့ရှိသူတွေမှသာ သူ့ကိုမွေးရတာ ပိုအဆင်ပြေပါတယ်။ Bengal တွေက ကြင်နာတတ်၊ ပေါင်းသင်းတတ်ပြီး ကလေးတွေ ခွေးလေးတွေနဲ့လည်း ရင်းနှီးလွယ်ပါတယ်။ ပြီးတော့ အရမ်းကိုတက်ကြွပြီး တော်တော်လည်း ဆော့ကြပါတယ်။

It is also a mixed breed of the domestic short hair cats and Asian leopard cats. They are striking in appearance due to its leopard spot fur and muscular build. They are swift and smart but very curious as well. It can be a challenge to keep them at home since they tend to play a lot by jumping into fish tanks, playing with electric switches and hanging from chandeliers. Therefore, they are mostly suitable to those who are used to having cats as pets. Despite being very energetic and playful, they are kind towards babies and puppies.

  1. Persian ($500- $5,500)

Persian ကြောင်တွေကတော့ လူသိများကြပါတယ်။ Persian ကြောင်အမျိုးအစားက ခရစ်တော်မတိုင်ခင် နှစ်ပေါင်းရာချီကတည်းက ရှိခဲ့တယ်လို့ သမိုင်းသက်သေအထောက်အထားတွေအရသိရပါတယ်။ Pansy ပန်းပုံစံမျက်နှာကျနဲ့ Luxurious ဖြစ်တဲ့ အမွေးရှည်တွေက သူတို့ကို ပိုသတိထားမိစေတဲ့အချက်တွေပါ။ နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ပင်ကိုယ်အရည်အသွေးရှိသလို အိမ်မှာမွေးတဲ့အခါ ဆူဆူညံ့ညံ့ရှိတဲ့အိမ်ရှင်တွေနဲ့လည်း လိုက်လျောညီထွေနေတတ်ပါသေးတယ်။ Persian ကြောင်တွေက အဆော့သန်ပြီး သူတို့ရဲ့ အသက်ဝင်လွန်းတဲ့မျက်လုံးလေးတွေကြောင့်ချစ်စရာကောင်းစေပြီး ကြည်နူးစရာကောင်းပါတယ်။ သူတို့ကို မွေးတဲ့အခါ သူတို့ရဲ့အမွေးရှည်တွေကို လုံးထွေးပြီး ရှုပ်ထွေးတာမျိုးမဖြစ်အောင်တော့ နေ့တိုင်း ဘီးဖြီးပေးပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။ သူတို့က အမျိုးကွဲတွေ၊ အရောင်ကွဲတွေတော့အများကြီးရှိပါတယ်။

Persian cats are the well-known breeds and there is a historical proof that their existence is a few hundred years before Christ. Their pansy-shaped face and luxurious fur are the notable features. They are gentle, good-natured and suitable for noisy households. With their expressive eyes and playful nature, it is hard not to fall in love with them. Daily brushing is required for these cats so that their long furs won’t be tangled. Persian cats come in many variations and colors.

  1. Peterbald ($1,200 – $5,000)

ရုရှားကြောင်မျိုးနွယ်ဝင်တစ်မျိုးဖြစ်တဲ့ ဒီ Peterbald ကြောင်ကတော့ အမွှေးလုံးဝမရှိတာမျိုးလည်းရှိသလို မက်မွန်ရောင်သမ်းတဲ့ အရေပြားမျိုးလည်းရှိတတ်ကြပါတယ်။ Peterbald ကြောင်အမျိုးအစားတစ်ချို့က ကတ္ထီပါလို အမွေးလေးတွေရှိတတ်ကြပြီး တစ်ချို့ကတော့ ယောကျာ်းလေးတွေရဲ့မှုတ်ဆိတ်မွေးအတိုတွေနဲ့တူတဲ့ အမွေးလေးတွေရှိတတ်ကြပါတယ်။ သာမန်ကြောင်တွေနဲ့မတူတဲ့ပုံစံမျိုးရှိတဲ့ ဒီ Peterbald ကြောင်တွေကို ၁၉၈၈ ခုနှစ်ဝန်းကျင်လောက်တုန်းက ရုရှားမှာ ရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ Peterbald ကြောင်တွေကို ဥရောပတိုက်ရဲ့ နိုင်ငံအချို့ကို တင်သွင်းခဲ့ပါတယ်။ Peterbald ကြောင်တွေရဲ့ သန်မာတဲ့ပုံစံကြောင့် သူတို့ကို ပိုသတိပြုမိစေပါတယ်။ မူလ Peterbald ကြောင်တွေက ရုရှား Donskoy ကြောင်နဲ့ အာရှ အမွှေးတိုကြောင်တို့ မျိုးစပ်ပေါက်ဖွားလာတယ်လို့လည်း သိရပါတယ်။ Donskoy ကြောင်တွေနဲ့တူတဲ့အချက်ကတော့ သူတို့ရဲ့ထင်ရှားတဲ့မျိုးရိုးဗီဇကြောင့် အမွေးမရှိတဲ့အချက်ပါ။ သူတို့ရဲ့အသားအရေက ထိခိုက်လွယ်လို့ ကလေးလေးတွေ သူတို့ကို ကိုင်တွယ်တဲ့အခါ ဂရုတစိုက် ကိုင်တွယ်ပေးဖို့တော့လိုပါတယ်။ နောက်ပြီး သူတို့က နေလောင်လွယ်တဲ့အတွက် အပြင်အကြာကြီးထွက်လို့မရပါဘူး။

A Peterbald cat can be hairless or has a coat that looks and feels like a peach. Some of its breeds has a velvet-like coat or resembles bristly bread of a man. They were first discovered in Russia around 1988 and soon exported to European countries. They have strong, muscular build and the first breed was from a mix of a Russian Donskoy and an Asian Shorthair. They are hairless by nature due to a dominant gene and need to be handled carefully due to their sensitive skin. Moreover, they get sunburn easily so should not stay too long outdoor.

ဒီလောက်ဆိုရင် စာဖတ်သူတို့လည်း ကမ္ဘာပေါ်ကဈေးအကြီးဆုံးကြောင်တွေနဲ့ သူတို့ရဲ့အကြောင်းတွေကို အနည်းနဲ့အများတော့ စုံစုံလင်လင်သိသွားလောက်မယ်လို့ ယုံကြည်ပါတယ်။ သူတို့ကို မွေးဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ မမွေးခင် သူတို့အကြောင်းကို သေချာလေ့လာပြီးမှ မွေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်နော်။

We believe that you have some good ideas about world most expensive cats after reading this article.  And you’d better to do further research on them if you are keen to have one as a pet. 

Words by MayMT

English Translated by R.E.Saw

LUSH buddyLUSH February 2019LUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Lush Editor

previous post
2019 Oscars ဆုပေးပွဲက ငွေကြယ်ပွင့်တို့ရဲ့ Makeup ပြင်ဆင်မှုများ
next post
Gel လက်သည်းနီကို နည်းမှန်မှန်နဲ့ ဖျက်ဖို့ရာ

Recommended

Norway The Land of Beautiful Landscapes

December 29, 2018

5 Things you don’t know about Nang Kae Mar

July 6, 2019

The Bridge x LUSH

January 23, 2019

LUSH 2nd Anniversary – The Iconic Evening Fashion...

October 25, 2019

5 Things you don’t know about Naing Naing

February 5, 2020

Yoga Romance

February 1, 2019

Good Times, Good Food

December 28, 2018

OUTRANGE

January 11, 2019

SEPTEMBER လမှာထွက်ရှိခဲ့တဲ့ BRANDON MAXWELL ရဲ့ 5TH ANNIVERSARY COLLECTIONS

November 11, 2020

Creating the SUV era

January 25, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem