အထပ်ထပ်လေးတွေနဲ့ မိန်းကလေးဆန်တဲ့အလှကို ဖေါ်ပြပေးနိုင်တဲ့ ဒီ Pleated skirt ကတော့ ၂၀ ရာစုလောက်တုန်းကစတင်ပြီး ခေတ်စားခဲ့တာပါ။ Pleated ဆိုတဲ့အတိုင်း Accordion, Box, Cartridge, Knife, Organ စတဲ့အထပ်ခေါက်နည်းမျိုးစုံရှိပါတယ်။ Pleated skirt ကို ဝတ်ဆင်တဲ့အခါမှာဆိုလည်း Crop top, Blouse, Shirt စတာတွေနဲ့တွဲဝတ်နိုင်သလို Pleated skirt ကို မိန်းကလေးဆန်လွန်းလို့ သဘောမကျဘူးဆိုရင်တော့ မိန်းကလေးဆန်တဲ့ look ကနေ ကွဲထွက်နေအောင် Pleated skirt ကိုမှ Sneakers တစ်ရံနဲ့တွဲဖက်ပြီး အပေါ်ကနေ Hoodie, Sweater, Sweatshirt, Denim Jacket စတာတွေနဲ့တွဲဝတ်နိုင်သလို အနက်ရောင် ဝမ်းဆက် monochrome look နဲ့လည်း feminine look ကနေ ကွဲထွက်အောင် ဝတ်လို့ရပါတယ်။ Office wear အတွက် ကိုယ့်ရဲ့ outfit တွေက ထပ်နေပြီဆိုရင်လည်း Pleated Mini Skirt ကိုမှ Blazer နဲ့ တွဲဖက်ပြီး smart casual look မျိုး ဖန်တီးလို့ရပါသေးတယ်။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab #PleatedSkirt