LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYSTYLETRENDS

2023 မှာ ဖောက်ကြည့်သင့်တဲ့ piercing တွေ

written by Maeve June 2, 2023
2023 မှာ ဖောက်ကြည့်သင့်တဲ့ piercing တွေ

Piercing တွေက အခုခေတ်ရဲ့ fashion and beauty trend ထဲမှာ အရေးပါတဲ့နေရာတခုကနေ ပါလာပါပြီ။ လှချင်လို့ပဲဖောက်ဖောက်၊ စိတ်ထွက်ပေါက်တခုအနေနဲ့ပဲဖောက်ဖောက် piercing ဖောက်ပြီဆို အလှအပအတွက် ဂရုစိုက်ရမယ့်နေရာတခုတိုးလာတာတော့အမှန်ပါပဲ။ ကိုယ့်ရဲ့ ဖက်ရှင်နဲ့လိုက်မယ့် Piercing jewelry တွေသေချာရွေးပြီး စိတ်ကြိုက်ကိုယ့်ရဲ့ fashion ကို express လုပ်ဖော်ပြရတာကလည်း ဖက်ရှင်စိတ်ဝင်စားသူတွေအတွက်တော့ ပျော်စရာကြီးပါပဲ။

အခုဆို Ear piercing တွေအပြင် တခြား body part piercing တွေကလည်း အတော်ကို လူကြားထဲခေတ်စားပြီး trend ဖြစ်လာပြီနော်။ Body part piercing တွေကို ခဏဘေးဖယ်ထားပြီး အခုလူကြားထဲမှာ trend ဖြစ်လာပြီဖြစ်တဲ့၊ 2023 မှာခေတ်စားလာနိုင်တဲ့ piercing တွေကို piercing တွေဖောက်ဖို့ စဉ်းစားထားတဲ့ စာဖတ်သူတို့အတွက် ပြောပြပေးသွားချင်ပါတယ်။

1. Double-nostril nose-piercing

နှာခေါင်းဖောက်ဖို့စဉ်းစားနေတယ်၊ ခပ်မိုက်မိုက်ဖောက်ဖို့လည်း စိတ်ဆုံးဖြတ်ထားတယ်ဆို နှာခေါင်းနှစ်ပေါက်တပြိုင်တည်းဖောက်တာမျိုး try ကြည့်စေချင်တယ်။ တပြိုင်တည်း နှာခေါင်းနှစ်ပေါက်လုံးဖောက်မှာဆိုပေမဲ့ ထုံဆေးနဲ့ဆိုတော့နာမှာကို သိပ်တွေးစရာမလိုဘူးလို့ဆိုဦးတော့ အနည်းအကျဉ်းနာမှာကသေချာတာမို့ စိတ်ကိုသေချာပြင်ဆင်သွားဖို့တော့လိုပါတယ်။ Final result ထွက်လာရင်တော့ တော်တော်ကြီးကို အထာကျနေမှာတော့အမှန်ပါပဲ။

2. Constellation ear piercing

Preview

Constellation လို့ခေါ်တဲ့ ကြယ်လေးတွေတန်းစီနေသလိုမျိုး နားပေါက်လေးတွေက Celeb တွေကြားထဲမှာ တွေ့ရများလာတာကိုတော့ သတိထားမိတာကြာပါပြီ။ နားပေါက်ကို ခပ်မိုက်မိုက်လေး ဖောက်ချင်တဲ့သူတွေအတွက်တော့ ဒီလို piercing ကတော်တော်ကို မိုက်တာနော်။ ဒီ piercing ရဲ့ အားသာချက်က customized လုပ်လို့အရမ်းကောင်းတာပါပဲ။ Hoop လေးတွေ၊ stud လေးတွေနဲ့ လိုရင်လိုသလို စိတ်ကြိုက်အလှဆင်လို့ရသလို အရမ်းလည်းလှတော့ လူကြိုက်များပါတယ်။

3. Layered lobe piercing

Lua Piercing - Piercings - 925 Sterling Silver - 18K Gold Plating - CREU  Colour Gold Pair/Unit Unit | Buy online

ခုနက Constellation နားပေါက်မျိုးဆို နားပုံစံပေါ်မူတည်ပြီး တခါတည်းဖောက်မှအဆင်ပြေတာမျိုးတွေရှိပါတယ်။ ဒါပေမဲ့ ဒီ piercing မျိုးကတော့ တပေါက်ပြီးမှတပေါက် ဖြည်းဖြည်းချင်းစီဖောက်သွားလို့အဆင်ပြေတာမျိုးလေးပေါ့။ ဖောက်ရတာလည်း သိပ်မနာပဲ ဖက်ရှင်လည်းကျတော့ ဖောက်ဖို့စဉ်းစားနေရင် ဒီလေးကိုလည်းစဉ်းစားသင့်ပါတယ်။

4. Double-nostril piercing

Double Nose Piercing | Earings piercings, Nose piercing ring, Body jewelry  piercing

Nostril လည်းဖောက်ဖူးတယ်။ ကိုယ့်ရဲ့ Good side ကိုလည်း ကောင်းကောင်းသိတယ်၊ ထပ်လည်း Nostril ဖောက်ချင်စိတ်ရှိတယ်ဆို ဒီလို Double-nostril ဖောက်ကြည့်စေချင်ပါတယ်။ Double-nostril piercing နဲ့ဆို နှာခေါင်းကွင်းနဲ့ Stud ကိုရောပြီးတပ်တာတို့၊ Stud နှစ်ခု ဆင့်တက်တာတို့ စိတ်ကြိုက် ကိုယ့်ဖက်ရှင်နဲ့လိုက်မှာကို ရွေးတပ်ပြီး စတိုင်လ်ကျလို့ရတယ်နော်။

5. Horizontal lobe piercing

နားကပ်ကိုပုံမှန်သမာရိုးကျ တပ်တာမျိုးမဟုတ်ပဲ အပေါက်နှစ်ပေါက်ကို Hoop တကွင်းတည်းနဲ့ချိတ်ပြီးတပ်တဲ့ ဒီလို Horizontal တပ်ပုံမျိုးကလည်း တော်တော်အထာကျပြီး မြင်သူတိုင်းရဲ့အကြည့်ကိုလည်း ဖမ်းစားနိုင်မှာ သေချာပါတယ်။ 

6. Industrial piercing

Industrial Piercing Jewelry - Industrials for Your True Self

Industrial piercing က အခုဆို ဖောက်တဲ့သူတော်တော်များလာတာကိုတွေ့ရပါတယ်။ ဒီနားဖောက်တဲ့ပုံစံကိုက အထာကျပြီး မိမိုက်နေတာကတော့အမှန်ပါပဲ။ ဒါကိုမှ အောက်က lobe လေးတွေဘာလေးတွေဖောက်ထားရင် Industrial piercing မှာ barbel လေးတပ်၊ အောက်က lobe လေးတွေကို minimalist ဖြစ်တာလေးတွေတပ်ပြီး ခပ်ရှင်းရှင်းလေးနဲ့ edgy yet classy look လေးကို ဖန်တီးလို့ရပါတယ်။

7. Septum piercing

Septum Piercing - What To Know About The Nose Piercing Du Jour

ဒီ piercing ကတော့ စာရေးသူကိုယ်တိုင် ဖောက်ဖို့ပြင်နေတာလေးပေါ့။ သူများတွေဖောက်ထားတုန်းက စိတ်သိပ်မခုန်ပေမဲ့ Florence Pugh ဖောက်ထားတာကို မြင်ရပါများတော့ လူလည်း စိတ်မထိန်းနိုင်တော့ဘူးရယ်။ ဒီ Piercing က Edgy and bold look ကိုရစေတာမို့လို့ ဒီလို look မျိုးကို ကြိုက်တယ်ဆို Just do it ပါလို့။

8. Ear Stack

The 7 Biggest Ear Piercing Trends of 2022, With Photos | Allure

Piercing ကိုဆို ရိုးရိုးရှင်းရှင်းနဲ့မိုက်တာလေးတွေကြိုက်တယ်ဆို Ear Stack ကို try ကြည့်စေချင်ပါတယ်။ ကိုယ့်ရဲ့နားပုံစံပေါ်မူတည်ပြီး stack ကို ဘယ်လိုပုံစံဖောက်ရင်အဆင်ပြေမလဲဆိုတာ Piercer နဲ့သေချာတိုင်ပင်ပြီး ဖြည်းဖြည်းချင်းစီ ဖောက်သွားလို့ရပါတယ်။ စာရေးသူကတော့ တဖက်ကို Ear Stack ဖောက်ပြီး နောက်တဖက်ကို တခြားပုံစံတမျိုးဖောက်ဖို့စဉ်းစားထားတယ်။

9. Stacked lobe piercing

The 7 Biggest Ear Piercing Trends of 2022, With Photos | Allure

ဒီပုံစံက Constellation နဲ့တော့နည်းနည်းဆင်ပါတယ်။ နားရဲ့ lobe နေရာကျယ်တဲ့သူတွေဆိုရင် ဒီလိုဖောက်တဲ့ပုံစံမျိုးကို အားပေးတယ်။ ဘာလို့ဆို Lobe နေရာကျယ်တဲ့သူတွေက ပုံမှန် Ear stack မျိုးဖောက်ရင် သိပ်မလှတာမျိုးရှိတတ်တယ်။ Stacked lobe piercing နဲ့ဆိုရင်တော့ တော်တော်ကို လိုက်တာပါ။

10. Triple helix piercing

Triple-Helix-Cartilage-Piercing - MasterPiercing

ခပ်ဆန်းဆန်းပုံစံမျိုးတွေကြိုက်တယ်ဆို Helix Piercing ကိုမှ ထပ်ဆင့်ဖောက်တာမျိုး လုပ်ကြည့်ပါ။ Helix ကို ၂ ပေါက်၊ ၃ ပေါက် ဆင့်ဖောက်ပြီး Stud သေးသေးလေးတွေတပ်ထားရင် သေသပ်ပြီး လှနေရောပါပဲ။ အဲ့နေရာတွေက အရိုးနုကိုဖြတ်ပြီး ဖောက်ရတာမို့ တပေါက်ပြီးမှတပေါက် အနာကြပ်မှ ဖောက်ဖို့တော့ တိုက်တွန်းချင်ပါတယ်။

11. Orbital ear piercing

Conch piercing: Read this before getting pierced!

Ear cuff တပ်ရတာအရမ်းကြိုက်တယ်ဆိုတာ orbital ear piercing ကို ဖောက်ဖို့စဉ်းစားကြည့်ပါလား။ အရိုးနုနေရာမို့ lobe ဖောက်တာထက် နာနိုင်ပေမဲ့ တကယ်သာကြိုက်တယ်ဆိုရင်တော့ ခဏလေးအနာခံ အရဲစွန့်ကြည့်ပါ။ Ear cuff တပ်ရင် လှုပ်လှုပ်ရှားရှားလုပ်တဲ့အခါ ပြုတ်ကျမလားစိုးရိမ်ရတာမျိုးတွေရှိတယ်လေ။ Orbital Ear Piercing သာဆို အဲဒီကိစ္စစိုးရိမ်စရာမလိုတော့ဘူးပေါ့။

12. Inner-ear piercing

Pin on J E W E L R Y

Risk ယူရတာကြိုက်တယ်ဆို နားအတွင်းပိုင်းဖောက်ရတာမျိုးတွေ try ကြည့်ကြည့်ပါ။ Tragus လို့ခေါ်တဲ့ နားအလယ်တည့်တည့် နားသီးနားဖောက်တာမျိုး၊ Rook လို့ခေါ်တဲ့ နားအတွင်းက အရိုးနုထူတဲ့နေရာမျိုးတွေပေါ့။ အဲဒီနေရာတွေက အရိုးနုထူတဲ့နေရာတွေမို့ risk တော့တော်တော်ယူရပါတယ်။ အဓိကက ဖောက်ရင်ရော၊ ဖောက်ပြီးရင်ရော သေသေချာချာဂရုစိုက်ရမှာပါ။ ဒါပေမဲ့လည်း outcome ကတော့အရမ်းကို မိုက်မှာမို့လို့ ဆုံးဖြတ်ချက်သေချာတယ်၊ risk ယူရဲတယ်ဆိုရင်တော့ Go for it ပါလို့။

13. Flat-piercing

Your Guide To Cartilage Ear Piercings: 10 Types To Know

ဒီ Flat-piercing က နားရဲ့ပုံစံပေါ်တော့မူတည်ပြီး ဖောက်လို့ရမရကြည့်ရမှာပါ။ စာရေးသူရဲ့နားဆိုရင်တော့ အတွန့်လေးလိုဖြစ်နေတော့ဖောက်ရတာနည်းနည်းခက်လောက်တယ်။ ပုံထဲကလို နားပိုင်ရှင်မျိုးဆိုရင်တော့ ဒီလိုဖောက်တာကအရမ်းလှမှာ။ Stud သေးသေးလေးတပ်ထားရင် နားလေးက ရှင်းပြီးလှနေမှာ။

14. Conch piercing

Preview

Flat-piercing ကြိုက်ပေမဲ့ နားပုံစံအရအဆင်မပြေဘူးဆို Conch piercing ကို try လို့ရပါတယ်။ သူက နားအလယ်တည့်တည့်က အရိုးနုပေါ်မှာဖောက်တာဆိုတော့ Flat-piercing နဲ့ခပ်ဆင်ဆင်ပဲ ရှင်းရှင်းလေးနဲ့ လှနေတာပါပဲ။ နားဖောက်လို့အနာကြပ်သွားပြီဆိုလည်း Hoop လေးတပ်ပြီး လှလို့ရသေးတယ်။

15. Forward-helix piercing

25 Multiple Forward Helix Piercing Ideas - Styleoholic

Helix ဆိုတာကတော့ နားအဖျားကနေရာလေးကို ဖောက်တာပါ။ Forward-helix ကကြတော့ နားသီးပေါ်က အရိုးနုနေရာလေးကို ဖောက်တာမို့လို့ ဒါဖောက်ဖို့က နားပုံစံပေါ်တော့ အရမ်းမူတည်ပါတယ်။ အဲ့နေရာကဖောက်မယ်ဆို ၂ ခုဆင့်ဖောက်ရင် အရမ်းကိုလှတာပါ။ Forward-helix က ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်တာမို့လို့ ဖောက်ချင်တဲ့စိတ်သာရှိရင် ဖောက်သာဖောက်ဖို့တိုက်တွန်းချင်ပါတယ်။ 

fashionLifeStyleLUSH beautylush fashionPiercing
1
Facebook Twitter Google + Pinterest
Maeve

previous post
စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ
next post
Trendsetter တွေမေ့ထားလို့မရတဲ့ ခေတ်စားလာမယ့် အိတ်ဒီဇိုင်းများ

Recommended

The Iconic Evening Fashion Show – Mr Jet...

October 27, 2019

Festival တွေမှာ ခြယ်သဖို့ အကောင်းဆုံး Eyeshadow အရောင်များ

April 3, 2019

နွေအတွက်အလိုက်ဖက်ဆုံး Perfume များ

March 8, 2024

Spring 2024 Menswear မှာ Gender norm တွေကနေကွဲထွက်ပြီး ပြသခဲ့တဲ့...

July 6, 2023

WALKING IN HIS SHOES

June 12, 2018

Pride Month ကျင်းပဖို့အတွက် Creative ဖြစ်တဲ့ Makeup Look များ

June 16, 2023

Festival Makeup Look for 2019

November 22, 2019

Retinol မသုံးခင် သိကိုသိထားသင့်တဲ့အချက်များ

July 13, 2023

The Iconic Evening Fashion Show – Designer Won...

October 26, 2019

Sims4 နဲ့ MAC တို့ collaborate လုပ်ထားတဲ့ Sims4 customized...

June 27, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem