Paris Fashion Week F/W20 က Best Look များ
Paris Fashion Week Fall/Winter 2020 က ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့တုန်းက ပြီးသွားခဲ့ပြီ။ ဒီ fashion week မှာ Alexander McQueen, Dior, Dries Van Noten, Saint Laurent စတဲ့ နာမည်ကြီး brand တွေက Fall/Winter Collection တွေကို အမိုက်စား makeup look တွေ၊ ဆံပင်ပြင်ဆင်ပုံတွေနဲ့ ချပြခဲ့ကြပါတယ်။ Alexander McQueen ရဲ့ အနီရောင်တောက်တောက် highlight ဆံပင်တွေနဲ့ ပတ်ချည်ထားတဲ့ updo hairstyle, အနက်ရောင် eyeliner ခပ်ထူထူ eyes makeup look နဲ့ Dior, Giambattista Valli ရဲ့ ကျောက်တွေနဲ့အလှဆင်ထားတဲ့ eyes makeup look တွေနဲ့အတူ အရမ်းမိုက်တဲ့ မိတ်ကပ် နဲ့ ဆံပင်ပြင်ဆင်တာတွေကို တွေ့ကြမှာပါ။ ကဲဒါဆို Paris Fashion Week F/W20 ရဲ့ အမိုက်စား look တွေကို အောက်မှာဆက်ကြည့်ကြရအောင်။
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #LUSHbeauty #ParisFW20