LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Over consumption of Fashion
written by Yoon Wai April 19, 2018
Over consumption of Fashion
LUSH fashion perspective | April 2018
Over Consumption of Fashion
words by moe shinn
လူတို့ဧ။်အလိုဆန္ဒများသည်အသောမသတ်နိုင်အောင်များပြားလှသည် ဆိုတဲ့ အတိုင်း ကျွန်မတို့ လူသားတွေကအမြဲ ဆာလောင်နေ
တတ်ကြပါတယ်။အထူးသဖြင့်ရတာထက် ပိုလိုချင် ပိုသိချင်  ပိုကောင်းချင်ကြတာပါ။အဲ့ ဒီထဲမှာ အထူးသဖြင့် မိန်းကလေးတွေဖစ်လေ့ရှိ
တဲ့ဆာလောင်ခြင်းတစ်မျိုးကတော့ အဝတ်အစားနဲ့ အလှအပအပိုင်းပါဘဲ။ အမြဲ ထပ်ထပ်ပြီး လိုချင် ၊ ဝယ်ချင် နေတာမျိုးပါ။တကယ်ကို လိုအပ်လို့ဝယ်တာလား? ဒါမှမဟုတ် ဆာလောင်နေတဲ့ စိတ်ကြောင့်လား ? Over Consumption Of Fashion ဆိုတဲ့ အတိုင်း အမြဲ အဝတ်အစားအသစ်ဝယ်ဖို့ ကြိုးစားနေသူတွေ ရှိပါတယ်။ကျွန်မတို့ အပါအဝင် တော်တော် များများရဲ့ အဝတ်ဘီဒို ကအဝတ်အစားတွေနဲ့
ပြည့်လို့ လာပါတယ်။ဒါလည်းမကျေနပ်သေးဘဲ ဝယ်ဖို့ ကြိုးစားနေရင်တော့ သင်က အဝတ်အစားနဲ့ ပတ်သတ်ပြီးဆာလောင်နေသူပါ။ ဒါဆို သင်ဝတ်ခဲ တဲ့ သင့်ဘီဒိုထဲ ကအဝတ်တွေကတန်ဖိုးနည်းလို့ လား ?
အရာရာတိုင်းကသူ့ တန်ဖိုးနဲ့ သူပါ။ ကျွန်မတို့ သဘောကျနှစ်သက်တဲ့ Branded အဝတ်အစားတွေကတန်ဖိုးကြီးသလို တန်ဖိုးနည်းနည်း
နဲ့ ရနိုင်တဲ့ အဝတ်အစားတွေကရော ? လုတော်တော် များ များဈေးသက်သက်သာသာနဲ့ ရတဲ့ အရာကိုအများအားဖြင့် တန်ဖိုးမထားတတ်ကြပါဘူး။ဒါဆို ကျွန်မတို့ရဲ့ တန်ဖိုးနည်းအဝတ်အစားတွေ နောက်ကွယ် ဘာတွေရှိနေမလဲ ?
တချို့ နိုင်ငံတွေမှာ နွမ်းပါးတဲ့ ကလေးငယ် လေးတွေကို Payment နည်းနည်းနဲ့ မပြည့် စုံတဲ့ စက်ရုံတွေမှာ အဝတ်အထည်တွေ ချုပ် လုပ်ခိုင်းကြပါတယ်။ဒါကတော့စီးပွားရေးသမားအချို့ရဲ့ ခုတုံးပါ။အဲ့ လို အဝတ်အထည်တွေက ပုံမှန်နဲ့ မတူဈေးသက်သာတာမို့
ကျွန်မ တို့ သဘောကျ သလို ဝယ်ယူပြီးတဲ့ အခါလည်း လွယ်လွယ်ဘဲ တန်ဖိုးမထားတတ်ကြပါဘူး။ဒါဆိုနောက်ကွယ်က ကြိုးစား
နေတဲ့ လူတွေအတွက်တော့တကယ်ကိုစိတ်မကောင်းစရာပါ။
ဒါကတော့ကျွန်မတို့ မသိသေးတဲ့ နောက်ကွယ်ဖြစ်ရပ်တစ်ချို့ ပါ။ဒါကြောင့် သင့်ရဲ့ အဝတ်ဘီဒို ထဲကသင်လှည့်မကြည့်ဖြစ်တဲ့ 
အဝတ်အစားတွေကို လာမယ့် Summer အတွက်အသုံးဝင်အောင်ပြန်လည်အသက်သွင်းကြရအောင်။
အရင်ဆုံးဘယ်တော့ မှရိုးမသွားမယ့် Jeans Fashion လေးနဲ့ စလိုက်ကြရအောင် ။လူတိုင်း ရဲ့ wardrobe မှာJeans ကတော့ 
ရှိနေမှာအသေအချာပါ။ လာမယ့် Summer မှာ Legs free လို့ ပြောနိုင်တဲ့ Cargo Jeans pants တွေFlare pants တွေအပြင်
Short pants လှလှ လေး လုပ်နိုင်သလို Jeans Skirt အဟောင်းတွေ ကို လည်းပုံစံပြောင်းပြီးအသစ် ဖန်တီးကာ  ပြန်လည်
ဝတ်ဆင်လို့ ရနေပါပြီ။ ဘာလို့ လည်းဆိုတော့ Fashion ကခေတ်နောက်ပြန်ဆွဲနေတာမို့ပါ။နောက်ပြီး ရှိပြီးသား jeans ကို ဖြဲ တာ မျိုး အတို ဖြစ်အောင်ညှပ်လိုက်တာမျိုးတွေကစွန့်ပစ်ရတော့မယ့်သင့်jeans တွေကို ပြန်လည် အသုံးဝင်စေပြီးအကုန် အကျသက်သာစေသလို ခေတ်စားနေတဲ့Jean Fashion ကို သင်ရမှာ ပါ။ နောက်ထပ်ပြောပြပေး ချင်တာကတော့ Accessories တွေထဲ မှာ လွယ်လွယ်ကူကူ
သုံး နိုင်ပြီး နေရာတော်တော် များများ မှာအသုံးဝင်တဲ ပစ္စည်းလေးတစ်ခု အကြောင်း ပါ။
နက်နဲ ပြီးနူးညံ တယ်လို့ အဓိပ္ပါယ်ဖွင့်ဆို နိုင်တဲ့ လက်ကိုင်ပဝါ ဆို တာကျမတို့ နဲ့ ရင်းနှီပြီးသားပါ။လက်ကိုင်ပဝါဆိုတာကို   ၁၉၄၀
လောက်က Australia နိင်ငံ သူအမျိုးသမီး တစ်ဦး မှ စတင်ခဲ့ တာဖြစ်ပါတယ်။တနေ့ မှာသူမ အရမ်း ကို စိတ်ဓါတ်ကျပြီး Australia ကနေ ပြင်သစ်ထိခရီးစဉ်တစ်လျှောက်လုံးဝမ်းနည်းစွာငိုကြွေူးသွားခဲ့ပါတယ်။အဆက်မပျက်ကျနေတဲ့  မျက်ရည်ကိုသုတ်ဖို့ နဲ့ အလွန်တရာငိုထားလို့
နီရဲ နေတဲ့ မျက်လုံးကို ကာကွယ် ဖို့ ရာသူမရဲ့ အပေါ်ပိုင်း အတွင်းခံဇာကို့ ဖြဲပြီးပဝါအဖြစ်အသုံးပြုခဲ့ ပါတယ်။
အဲ့ တာကတော့ ယနေ့ ခေတ်ရဲ့ လက်ကိုင်ပဝါပေါ့ ရှင်။ ဒီဇာတ်လမ်းလေး ကသိပ်ကိုရိုးရှင်းပြီးအမျိုးသမီးထုအတွက် တန်ဖိုးမဖြတ်နိုင်
တဲ့ဖြစ်ရပ်အဖြစ် 1940  Women Magazine တစ်ခုကဖေါ်ပြခဲ့ ပါတယ်။မျက်ရည်သုတ်ဖို့ သာမက မိန်းကလေးအများစု အတွက် နေရာတော်တော်  များများ အသုံးဝင်တာတွေ့ ရပါတယ်။ လာမဲ့ SUMMER ရာသီဥတုကပူဖို့ သေချာနေပါပြီ။ဒါဆို သင့် Hair Style ကို
ပေါ့ပေါ့ ပါးပါ့း ဖြစ်အောင် ခုနကပြောပြထားတဲ့ လက်ကိုင်ပဝါလေးနဲ့ အလှဆင်လို့ ရအောင်အားလုံးသိပြီးသားဖြစ်တဲ့ Hair Bun စည်း နည်း Bandana အကြောင်း Sharing လုပ်ပါရစေ။ လက်ကိုင် ပဝါလေးကို ခေါက် ပြီး ငယ်ထိပ်တည့် တည့် မှာ ဖဲ့ပြား ပုံချည်တာလေး က
ဆံပင်အတိုမှာလည်း လုပ်လို့ ရသလို ဆံပင်ရှည်သူတွေကလည်း Pony Tail စည်းပြီး Loose bun လေးလုပ်ကာအလှဆင်နိုင်ပါတယ်။ တခါတလေ လည်ပင်းတဝိုက် လျော့တိ လျော့ရဲ  ချည်မယ်ဆိုလည်းသင်ကသိပ်မို က်တဲ့ Fashion ကို ရမှာပါ.။ တခါတလေ သင့် လက်ကောက်ဝတ်မှာ ချည်ပြီး ဝတ်နိုင်သလို ခရီးသွားတဲ့ အခါမျိုး မှာတော့ နေ နဲ့ လေ ဒဏ်ကိုကာကွယ်ဖို့ ခေါင်းတစ်ခု လုံးကို Triangleပုံစံ ခြူံ ပြီး ချည်နှောင်မယ်ဆိုရင်တော့  သပ်သပ်ရပ်ရပ်နဲ့ Hair Style ကို သင်ရမှာပါ။ဒါဆိုသင်လှည့်မကြည့် ဘဲ ထားထားတဲ့ လက်ကိုင်ပဝါ နဲ့  ပဝါ ရှည် လေးတွေကို သုံးပြီး အထာကျနိုင်ပြီပေါ့ ။
တခါတရံမှာကျမတို့  ပေါ့ ပေါ့ ပါးပါး တီရှပ်လေးတွေဝတ် ချင်ပေမဲ့ အရမ်းရိုးလွန်းတယ်လို့ ခံစားရတာမျိုးဖြစ်ဖူးပါတယ်။   ဒါဆိုကျမတို့  တီရှပ်လေးတွေ ကို တမူထူးခြားအောင်ဘယ်လိုလုပ်ကြမလဲ။ လည်ပင်းဖောက်မယ် ၊ လက်ဖြတ်မယ် ၊ ခါးတို မယ်ဒါတွေအပြင်အခြား Accessories တွေ တပ်ဆင်ပြီး ပြောင်းလဲ ဖန်တီး နိုင်တာမို့ အခု ချက်ချင်းဘဲ ထလုပ်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ အရောင်တလက်
လက်နဲ့ Party ပွဲ တက်ဝတ်စုံ ကို သင်တစ်ကြိမ်ဝတ်ပြီး မလိုအပ်တော့ဘူးလို့ တွေးနေတဲ့ အတွေးလေး ကိုဖယ်ပြီး တတ်နိုင်သလောက် ပုံစံပြောင်းကြည့် ရအောင်။ ရှည်နေတဲ့Dress ကိုအတို ညှပ်လိုက်ပြီး Bling Bling တွေက သင့်အတွက်မဝံ့ မရဲ ဖြစ်နေသေးမယ်ဆိုရင် တော့ Leather Coat လေးထပ်ဝတ်ပြီး ပေါ့ပေါ့ ပါးပါး လန်းနိင်ပါတယ်။ နောက်ပြီးသင်ကြိုက်နှစ်သက်လို့ ဝယ်ထားတဲ့ ဂါဝန်လေးကကြီးနေသလို ခံစားရပြီး ဘေးဖယ်ထားတယ်ဆိုရင် အဲ့ ဒီဂါဝန်လေးကို ခပ်မိုက်မိုက် ခါးပတ်ကြီးတစ်ခု နဲ့ တွဲ ပြီးဝတ်စေချင်ပါတယ်။
ဒါအပြင် Corset လေးနဲ့ တွဲ လိုက်မယ်ဆိုရင်တော့ပုံစံကျပြီးခပ်မိုက်မိုက် dress အသစ်ကို သင်ရပြီပေါ့ ။အခု လိုကျွန်မပြောပြပေးရခြင်းက ကိုယ်တိုင်သတိ မထားမိတဲ့ အချက်အခိျု့ဘဲရှိပါသေးတယ်။ဒါ့ထက်မက ပြင်ဆင်ပြောင်းလဲမှုတွေသင်လည်းလုပ်နိုင်မှာပါ။ Sharing is Caring ဆိုတဲ့ အတိုင်းသင်သိတာလေးတွေကို ကျွန်မပြောသွားတာထက်ပိုပြည့် စုံတဲ့ အရာတွေ ကိုကမ္ဘာတစ်ဝှမ်းလုံးကပို သိတဲ့ လူတွေကဒီထက်မက Share ပေးထားပါတယ်။ဒါကတော့လုသားချင်း စာနာစိတ်နဲ့ ကိုယ်သိသလောက်ကို ဘာအကျိုးအမြတ်မှမမျော်လင့် ဘဲဝေ မျှခြင်းပါ။ဒီကနေ အ ကျိုးအမြတ်တ ချို့ ရမယ်လို့ လည်းမျှော်လင့်ပါတယ်။
Bling BlingBoyfriend JeansBrandedCargo Jeans pantsfashionFlare pantsJean FashionJeansLeather CoatLegs freeOver Consumption Of FashioPony TailSkinny Jeansဂျင်းဂျင်းဘောင်းဘီအဝတ်ဘီဒို
1
Facebook Twitter Google + Pinterest
Yoon Wai
previous post
Healthy Breakfast
next post
Not soul sincere form of flattery
Recommended
Victoria Secret’s First Transgender Model Valentina Sampaio
August 5, 2019
Simplicity Is The Best
April 18, 2018
Hotpants: Fashion Vocabulary
January 30, 2020
LUSH INSTYLE | DECEMBER 2018
December 21, 2018
Bodysuit: Fashion Vocabulary
March 5, 2020
The August Icons: Myanmar Celebrities Crafting a Style...
August 17, 2026
Interview with Ma Soe San DaYi Myint (Founder...
October 14, 2019
Miley Cyrus ရဲ့ “She Is Coming” EP Album...
May 28, 2019
Table Manner
October 12, 2017
ရှမ်းရိုးမဆီက တောင်ဇလပ်ပန်းတို့ရဲ့ ရှေ့မြင်နောက်မြင်တောင်
December 15, 2023
What's your opinion?
INNER JOURNEY
  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။
    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ
    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………
    March 29, 2023
[soliloquy id="1259"]
ART and MUSIC
  • Remembering Chandler a.k.a. One of the greatest TV characters of all time
    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။
    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ
    December 30, 2020
[soliloquy id="1267"]
Footer Logo
@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem