LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Cover StoryTRAVEL

Norway The Land of Beautiful Landscapes

written by Lush Editor December 29, 2018
Norway The Land of Beautiful Landscapes

ခရီးသွားဖို့ Norway ကို ဘာကြောင့်ရွေးခဲ့လဲ။

ရက်ရှည်ခရီးသွားမယ်လို့ တွေးလိုက်ပြီဆိုရင် ကျွန်တော်အရင်ဆုံးရှာဖွေ တတ်တာက ငေးမောလို့ကောင်းမယ့် အဝေးပြေးလမ်းတွေ ခရီးသွားတိုးရစ်တွေ ထူထဲမနေတဲ့ ရှုခင်းတွေ မျက်စိတဆုံးကျယ်ပြောတဲ့ တောင်တန်းတွေ ဒါမှ မဟုတ် ကုန်းမြင့်မြက်ခင်းစိမ်းစိမ်းတွေ ရှိနေမယ့် နေရာတွေကိုပဲ။

ဒီလိုနဲ့ပဲ သွားလည်မယ့်နေရာ ရှာတဲ့အခါ ကိုယ်မရောက်ဖူးသေးတဲ့ ဥရောပကိုသွားမယ်လို့ ဆုံးဖြတ်ဖြစ်တယ်။ ဒါပေမယ့် သွားမယ့် ၁၁ ရက်မှာ လေယာဉ်စီးတဲ့ချိန်ဖယ်လိုက်ရင် ၉ ရက်ပဲ ကျန်တာမို့ လူတော်တော်များများ သွားလည်ကြသလို country hopping လည်းမလုပ်ချင်တာနဲ့ ကိုယ်မြင်ချင်တွေ့ချင်တာတွေတင်မကပဲ Northern Light ပါ မြင်တွေ့ခွင့်ရှိနိုင်တဲ့ နော်ဝေ တစ်နိုင်ငံတည်းကိုပဲ နှံ့သလောက်လည်မယ်လို့ ဆုံးဖြတ်ပြီး ရွေးဖြစ်ခဲ့တယ်။

နော်ဝေမှာ ဘယ်နေရာတွေလည်ဖြစ်ခဲ့လဲ။

၉ ရက်လုံးတောက်လျှောက်လည်တာဆိုတော့   ရောက်ခဲ့တဲ့နေရာတွေကတော့ အများကြီးပဲ။ အဲထဲကမှ ဘယ်သူမဆို လည်လို့ကောင်းမယ့်  အဓိကနေရာနဲ့ မြို့တွေကတော့ –

  1. Atlantic Ocean Road

သူက One of the world most dangerous highway ထဲပါတော့ ရောက်အောင် သွားလည်ဖြစ်ခဲ့တဲ့နေရာ။ အဝေးပြေးလမ်းဆိုပေမယ့် Norway tourist attractions ထဲမှာလည်း သူကပါတယ်။ သွားလည်မယ့်သူတွေ လည်သင့်တယ်လို့ အကြံပေးချင်တယ်။

2. Bergen

Bergen က မြို့ကြီးဖြစ်လည်းဖြစ်ပေမယ့် မြိုပြ အငွေအသက်နည်းပြီး ရှေးဟောင်းဥရောပ အငွေ့သက်ပိုများတဲ့အတွက် Oslo ထက် Bergen ကို ပိုသဘောကျမိတယ်။

3. Alesund

နော်ဝေနိုင်ငံရဲ့ နယ်မြို့လေးဆိုပေမယ့်အရမ်းသန့်ပြီး လှတဲ့ မြို့လေးပါ။ တစ်မြို့လုံးကို ဆီးမြင်ရတဲ့ Hill Top Viewpoint လည်းရှိတဲ့အတွက် သွားလည်သင့်တဲ့ မြို့လေးလည်းဖြစ်တယ်။ ဓာတ်ပုံရိုက်ဝါသနာပါတဲ့လူတွေအတွက်က တစ်မြို့လုံးလှည့်ရိုက်ရုံပါပဲ။

4. Fjords

ဒီနေရာကလည်း တစ်နေရာတည်းကိုခေါ်တာမဟုတ်ပဲ တောင်တန်းချောက်ကမ်းပါး နှစ်ခုကြားက တူးမြောင်းလိုဖြစ်နေတဲ့ သဘာဝ   မြစ်ပြင်ကျယ်ကို ခေါ်တယ်ထင်ပါတယ်။ နော်ဝေမှာ တစ်မြို့နဲ့ တစ်မြို့ကိုကူးတဲ့အခါ ဇက်နဲ့ ကူးရတာလည်းများတယ်။ ဒီတော့  ဇာက်စီးတဲ့သင်္ဘောပေါ်ကနေ ကိုယ်ဖြတ်သန်းရတဲ့ မြစ်ပြင် နဲ့ တောတောင် ရှုခင်းတွေကို  အလွယ်တကူခံစားရုံပါပဲ။

5. Trolltunga

နော်ဝေရဲ့ most instagrammable and instagrammed place ပါ။ Trekking ၁၂ နာရီသွားရပေမယ့် Trolltunga မရောက်ခင် trekking route ကိုယ်တိုင်က တအားလှပါတယ်။ အံမခန်းတဲ့ ရေကန်တွေ ချောက်ကမ်းပါးတွေ ကျောက်ဆောင်တွေ သွားလမ်းတစ်လျှောက်တွေ့ရမှာပါ။ သူက တောင်တက်တာ နောက်ကျရင် ဆက်သွားလို့မရတဲ့အတွက် သွားမယ်ဆိုရင် မနက် ၅ နာရီလောက်ကတည်းက စတက်သင့်တယ်။

 

6. Tromso northern Light

ရာသီဥတုလည်းကောင်းမယ် ကိုယ်သွားမယ့်အချိန်လည်းရွေးချယ်တာမှန်ခဲ့မယ်ဆိုရင် ဒီ Aurora Light ကတော့ နော်ဝေရောက်ရင် သွားကိုကြည့်သင့် တယ်။ ရာသီဥတုမတိုက်ဆိုင်လို့ မကြုံခဲ့ရတဲ့ Midnight Sun လည်း နောက်သွားလည်ချင်တဲ့ သူတွေ သွားလည်မယ်ဆို လည်မယ့် စာရင်းထဲ ထည့်စဉ်းစားလို့ရတယ်။ ဆောင်းတွင်းသွားတယ်ဆိုရင် Dog Shedding လုပ်လို့ရတယ်။ နွေရာသီသွားလည်မယ်ဆိုရင် Blue Ice တွေရှိတဲ့ Glacier Walking လုပ်လို့ရမယ်။

နော်ဝေကို ဘယ်လိုခံစားမိလဲ။

နော်ဝေနိုင်ငံဟာ အရမ်းလှတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံပါပဲ။ တစ်နိုင်ငံလုံးလိုလို  ဘယ်နားကြည့်ကြည့် လှတယ်။ မြို့ပြင်က အိမ်လေးတွေဆိုရင် ရေတံခွန်နား မဟုတ်ရင် ရေကန်နား မဟုတ်ရင် ပင်လယ်နား မဟုတ်ရင် ရေခဲတောင်ရှုခင်းနဲ့ အဲဒါမှ မဟုတ်ရင် မြင်ကွင်းကျယ် မြက်ခင်းပြင်ကြီးပေါ်ဆောက်ထားတာ။  တကယ့်ကို ပို့စကဒ်ထဲက အတိုင်းပဲ။ တစ်နေရာတည်းမဟုတ်ပဲ သွားခဲ့တဲ့လမ်းတောက်လျှောက်မှာ တွေ့ခဲ့ရတာကတော့ တကယ့်ကိုအမှတ်တရပါပဲ။

ဈေးကတော့  ဘာလုပ်လုပ် ဈေးနည်းနည်းကြီးတယ်။ နောက် ဘာစားစားဈေးကြီးတာ နယ်ဘက်ဆိုရင် စားသောက်ဆိုင်တွေ စောစောပိတ်တာ တွေကတော့နည်းနည်း သဘောမတွေ့ဘူး။  ဒါပေမယ့် နော်ဝေရောက်ရင် ဂဏန်းလက်မတွေ ပင်လယ်စာတွေ ရှာစားပါ။ တန်ပြီး တော်တော်စားလို့ကောင်းပါတယ်။

နော်ဝေမှာ ဘယ်လို လည်ပတ်ခဲ့လဲ။

Transportation အနေနဲ့က ကားငှားပြီး လည်တယ်။ မောင်းတာတော့ အင်္ဂလန်က သူငယ်ချင်းတွေ အဓိကမောင်းပေးတယ်။ လမ်းမှာ ကိုယ် ကြိုက်တဲ့နေရာနားပြီး ဆက်သွားချင် သွားလို့ရတော့ ကားငှားပြီး ကိုယ်တိုင်မောင်းတာ ပိုအဆင်ပြေတယ်။ ဒါပေမယ့် ရက်မလောက်မှာစိုးလို့ Northern Light မြင်ရတဲ့ ထရွန်ဆိုမြို့ကိုတော့  Bergenမြို့ကနေ လေယာဉ်နဲ့ ပဲ ဆက်သွားဖြစ်တယ်။

ထရွန်ဆိုရောက်တော့ ကိုယ့်အစီစဉ်နဲ့ ရှာရင် Northern Light ကို ရှာတဲ့အခါ လွဲမှာ စိုးလို့ tour group နဲ့ လည်ဖြစ်တယ်။ နောက်ရက်တွေကို ထရွန်ဆိုမြို့ပြင်က ရွာလေးမှာ Air BNB က ငှားထားတဲ့  မြင်းဇောင်းထိမ်းတဲ့ အိမ်မှာပဲ သွားနေလိုက်ကြတယ်။ ကံကောင်းတယ် ပြောရမလား ရွေးချယ်မှုမှန်တယ်ပြောရမလားပဲ။   ဈေးကြီးပေးကြည့်ရတဲ့ Northern Light ကို ကိုယ်သွားတည်းတဲ့ အိမ်ရဲ့ အိပ်ခန်းကနေကို မြင်ခဲ့ရတယ်။

ခရီးစဉ် အမှတ်တရ

နော်ဝေရဲ့ Icon တစ်ခုဖြစ်တဲ့ Trolltunga ကို တက်တဲ့အချိန်နောက်ကျလို့ အဆုံးထိမရောက်ခဲ့တာကတော့မှတ်မှတ်ရရပဲ။ Trolltunga ကို မရောက်ခင် လမ်းတစ်ဝက်က လှည့်ပြန်ခဲ့ရတဲ့အပြင် အပြန်လမ်းမှာ လမ်းပျောက်ပြီး တောင်စောင်းအတိုင်း ကုတ်ကပ်ဆင်းခဲ့ရတာလည်း အမှတ်တရတခုပဲ။ ယူလာတဲ့ ရေနဲ့ စားစရာက ကုန် ခရီးသွားတွေက မရှိတဲ့ကြားထဲ ရာသီဥတုအပူချိန် ၄ ဒီဂရီလောက်မှာ ကျောက်ဆောင်တွေ ကြား လမ်းမှားနေခဲ့တုန်းက စိုးရိမ်စိတ်တွေ များနေခဲ့ပေမယ့်လည်း  အခုနေပြန်စဉ်းစားရင် ရင်ခုန်စရာပျော်စရာဖြစ်နေပါတယ်။ နောက်ပြီး  ထရွန်ဆိုမြို့ပြင်က မြင်းဇောင်းမှာ သွားတည်းတုန်းက northern light ကို ကိုယ်အိပ်တဲ့ အိပ်ယာပေါ်ကနေ လှမ်းမြင်နေခဲ့ရတာလည်း ဘယ်တော့ မှ မေ့မသွားမယ့်ခံစားမှုပါပဲ။

သွားလည်မယ့်သူတွေအတွက် အကြံပေးချင်တာက

နော်ဝေးကို သွားလည်မယ်ဆိုရင် ကိုယ့်ဘာသာ ကားမောင်းလည်ဖို့ အကြံပေးချင်တယ်။ နောက်ပြီး ဟော်တယ်မှာချည်းမတည်းပဲ AirBnB ကနေ အိမ်တွေ ရှာပြီးတည်းစေချင်တယ်။ ဒါမှ မဟုတ် camping site တွေမှာ တည်းစေချင်တယ်။ ဒါမှ သူတို့ရဲ့ တကယ့်လူနေမှု အရသာကို အနီးစပ်ဆုံး ကိုယ်ခံစားနိုင်မယ်လို့ထင်တယ်။ နောက်ပြီး နော်ဝေမှာ Camping sites တွေအရမ်းများတာ ကိုတွေ့ရပါမယ်။ တကယ်လည်း မြို့တွေမှာ တည်းမယ့်အစား ကိုယ်သွားချင်တဲ့ attraction နားနီးတဲ့ Camping Site တွေမှာ တည်းဖို့အကြံပေးချင်တယ်။

 

Northern Light ကို သွားကြည့်ချင်တဲ့ သူတွေအတွက်ကတော့အချိန်နဲ့ ရာသီဥတုကို မသွားခင် သေချာလေ့လာစေချင်တယ်။ October ကနေ March အထိ Northern light ကို မြင်ရတတ်တယ်ဆိုပေမယ့် အောက်တိုဘာကျော်ရင်  အရမ်းအေးနိုင်တဲ့အတွက် အောက်တိုဘာ ဒါမှမဟုတ် မတ်လ ကိုရွေးတာ ပိုသင့်တော်မယ်။ နောက်ပြီး tour group တွေနဲ့ join မှ မဟုတ်ပဲ Northern Light viewing spot တွေနဲ့ သိပ်မဝေးတဲ့ အလင်းရောင်နည်းတဲ့ မြို့ပြင်မှာ တည်းမယ်ဆိုရင် ကိုယ်တိုင် စိတ်တိုင်းကျ သေချာ ထွက်ရှာလို့အဆင်ပြေတယ်။ ဓာတ်ပုံသေချာလိုချင်တဲ့ သူတွေဆိုရင် မြိုပြင်မှာ တည်းပြီး ညရောက်မှာ ကိုယ်တိုင်အေးအေးလူလူ Northern Light ရှာဖို့ အကြံပေးချင်တယ်။ Northern Light နဲ့မှ ဓာတ်ပုံလိုချင်တဲ့ သူတွေကတော့ DSLR ကောင်းကောင်းလေးတစ်လုံး သယ်ဖို့ အကြံပေးချင်တယ်။

words by nyi su

LUSH TravelLUSHmagazineMyanmar
0
Facebook Twitter Google + Pinterest
Lush Editor

previous post
Good Times, Good Food
next post
MODERN MUSE

Recommended

Celebrity Wedding Planners

February 20, 2019

Virtual Tour of National Parks and Attractions

May 29, 2020

The Iconic Evening Fashion Show – Designer Won...

October 26, 2019

December Cover Story BTS & Interview with Aung...

December 22, 2018

THAT GUY | JUNE cover story with Lu...

June 11, 2018

REBECCA MINKOFF

March 15, 2019

LUST FOR LUSH

June 7, 2019

Coolest Places For New Year Eve

December 23, 2019

The Bridge x LUSH

December 18, 2018

Interview with Ko Thu Rayn Kyaw Moe and...

February 11, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem