ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက Louis Vuitton က NIGO နဲ့ ပေါင်းပြီး Pre-Fall 2020 ဇွန်လမှာ collection တခုထုတ်မယ်လို့ ကြေညာခဲ့ပါတယ်။ Collection ရဲ့ နာမည်ကတော့ LV² (Louis Vuitton Squared) ပါ။ ဒီ collaboration က Virgil Abloh LV မှာ Men’s artistic director အနေနဲ့ ရောက်တဲ့အချိန်မှာ လုပ်ခဲ့တဲ့ သူ့ရဲ့ပထမဆုံး collab တစ်ခုပါပဲ။ ဒီ collection မှာ Virgil နဲ့ သူ့ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်တဲ့ Human Made နဲ့ Bathing Ape တို့ရဲ့ founder NIGO တို့ရဲ့ လက်ရာတွေကို တွေ့ရမှာပါ။
ဒီ collab က ဖက်ရှင်လောကမှာ Virgil ရဲ့ ပထမဆုံး အပိုင်း ၂ ပိုင်းနဲ့ ထွက်လာမယ့် collab တစ်ခုလည်းဖြစ်ပါတယ်။ Drop 1 collection မှာ LV ရဲ့ iconic code တွေကို ထည့်သွင်းထားတဲ့ Virgil နဲ့ Nigo တို့ရဲ့လက်ရာကို တွေ့ရမှာပါ။
denim, ကုတ်အင်္ကျီ၊ ဘောင်းဘီ နဲ့ shirt တွေမှာ LV Monogram နဲ့ Damier pattern တွေထည့်သွင်းထားပါတယ်။
denim ကို Drop 1 မှာ အဓိက သုံးထားပြီးတော့ patchwork လို့ခေါ်တဲ့ ပိတ်စတွေစပ်ချုပ်ထားတဲ့ဒီဇိုင်း၊ ပန်းထိုးဒီဇိုင်း၊ print ဒီဇိုင်းတွေနဲ့ denim တွေကို မြင်ရမှာပါ။
daily wear အတွက်အဆင်ပြေမယ့် ခဲရောင် sweatshirt နဲ့ zipped jacket တွေလည်း ပါပါသေးတယ်။
ဒီ collection ထဲမှာတွေ့ရမယ့် LV² logo ကို Virgil နဲ့ Nigo တို့က streetwear အငွေ့အသက်တွေထည့်သွင်းပြီး ရေးဆွဲထားပါတယ်။ ဒီ collection မှာ Louis Vuitton ဆိုတာနဲ့ လူတိုင်းပြေးမြင်ကြမယ့် Keepall အိတ်၊ ကျောပိုးအိတ်၊ crossbody နဲ့ weekend style bag တွေရဲ့ ဖွဲ့စည်းပုံကတော့ မပြောင်းလဲပေမယ့် LV ရဲ့ Monogram pattern နဲ့ Damier အကွက်တွေကို ရောပြီးတော့ ဒီဇိုင်းထွင်ထားပါတယ်။
Nigo ရဲ့ Human Made motif ကို luxury ဆန်ဆန်ရောနှောပြီး ဒီဇိုင်းထွင်ထားတဲ့ “LV Made” ဘဲရုပ်လေးကိုလည်း collection ထဲမှာ တွေ့ရမှာပါ။
Collection မှာ ငွေရောင် toe-tips ပါတဲ့ classic Derby နဲ့ အမည်းရောင်နဲ့ Monogram pattern နှစ်မျိုးရနိုင်တဲ့ သားရေ loafer တွေလည်း ပါပါတယ်။ ဒီထဲမှာ ထူးခြားပြီးကွဲထွက်နေတဲ့ Monogram သားရေ၊ ရွှေရောင် LV motif တွေထွင်းထားတဲ့ cream အရောင် midsole နဲ့ moccasin စတိုလ် ankle boot လည်းပါပါသေးတယ်။
ဒီ collection မှာ နေကာမျက်မှန်၊ ဦးထုပ်၊ ပဝါ၊ key holder, Damier သားရေခါးပတ်၊ လက်ကောက်၊ ဆွဲကြိုး၊ မှတ်စုစာအုပ်၊ ပိုက်ဆံအိတ်တွေ နဲ့ Tambour Horizon နာရီတွေလည်း ပါမှာပါ။
ဒီ collection ကို တကမ္ဘာလုံးမှာရှိတဲ့ သတ်မှတ်ထားတဲ့ Louis Vuitton ဆိုင်တွေ နဲ့ Louis Vuitton website တွေမှာ ဇွန်လ ၂၆ ရက်နေ့ကနေစပြီး ဝယ်ယူလို့ရနေပါပြီ။
Images courtesy: Louis Vuitton