ဒီနေ့ဖက်ရှင်လောကရဲ့စတိုင်အမျိုးမျိုးဟာဖက်ရှင် Iconic တွေရဲ့ကိုယ်ပိုင်စတိုင်တွေရဲ့လွှမ်းမိုးမှုအောက်မှာအမြဲမပြတ်တိုးပွားလာခဲ့တယ်။ ခေတ်ရေစီးကြောင်းအရ Hip-Hop Style တွေခေတ်စားနေတာကို Iconic Star ‘Mabel’ နဲ့ Kangol x H&M တို့ရဲ့ Collaboration Collection ကသက်သေပြနေပါတယ်။
A New Trendy collaboration collection : Kangol x H&M feat R&B star Mabel
‘Kangaroo’ ပုံအမှတ်တံဆိပ်နဲ့ Brand ဟာလူငယ်အကြိုက် Streetwear Outfit ဝတ်စုံတွေနဲ့ဖက်ရှင်လောကမှာနာမည်ကြီးတဲ့အင်္ဂလန် Brand တစ်ခုဖြစ်ပါတယ်။ Kangaroo Bucket Hat ဟာဆိုရင် 80’s~90’s Hip-hop ယဉ်ကျေးမှုထွန်းကားချိန်တွင်ထင်ရှားသော Headwear Style တစ်ခုဖြစ်ခဲ့ပါတယ် ။
Mabel McVey ဟာ International Music Artist တစ်ယောက်ဖြစ်ပြီး BRIT Awards Best British Female Solo Artist တစ်ယောက်လည်းဖြစ်ပါတယ်။ ‘Don’t call me up’ , ‘ Mad Love’ , ‘Boyfriend’ စတဲ့သီချင်းတွေဟာနာမည်ကြီး Music Video များဖြစ်တယ်။ Mabel ကိုယ်တိုင်သီဆိုရေးသားခဲ့ပြီးသူမရဲ့ကိုယ်ပိုင်စတိုင်ကိုတည်ဆောက်ခဲ့တဲ့ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။
ဒီ31-pieces Collection လေးကတော့ Mabel ရဲ့ရှင်းသန့်ပြီးဆွဲဆောင်မှုရှိတဲ့ကိုယ်ပိုင်ဟန်လေးများကို Inspire ယူပြီးဖန်တီးထားပါတယ်။
Mabel ကသူ့ရဲ့ Instergram Stories ထဲမှာ Kangol x H&M Collection လေးကိုမိတ်ဆက်ခဲ့ပြီး ‘Bad Behavior’ သီချင်းနဲ့အတူ Collection ထဲကဝတ်စုံများကိုဝတ်ဆင်ထားတဲ့ Campaign Music Video လေးကိုလဲတင်ဆက်ခဲ့ပါတယ်။
ဥရောပ Hip-Hop Star “Mabel” နဲ့တရုတ်မင်းသမီးလေး GUI GUI တို့ရဲ့ Kangol x H&M Collection လေးကိုဝတ်ဆင်ထားတဲ့ Instergram Look လေးမှာလဲမိန်းကလေးဆန်ဆန်လှပနေတာတွေ့ရပါတယ်။
ဒီCollection လေးမှာတော့ Hooded Puffer Jacket , Long Puffer Jacket , Cardigan နဲ့ Kangol Brand Logo တွေပါတဲ့ဆွယ်တာတွေပါရှိပါတယ်။ အဓိကကတော့ Color Stripes လည်ထောင်ကော်လာဆွယ်တာ ၊ Cream Color Roll Neck ဆွယ်တာ ၊ Oversized Logo တီရှပ် ၊ Logo Long-sleeve Stretch Midi Dress စတဲ့ဆောင်းရာသီဝတ်စုံတွေပါဝင်ပါတယ် ။
အဆိုတော် Mabel ပါဝင်ဖန်တီးထားတဲ့ slip dress နဲ့ Kangol Logo ပါတဲ့ Joggers လေးတွေလဲပါဝင်ပါတယ်။ Hip-hop Style Streetwear တွေမှာဝတ်လေ့ရှိကြတဲ့ Kangol Bucket Hat ကိုလဲတွေ့ရပါတယ်။ ခြေအိတ် ၊ ခေါင်းစည်း စတဲ့ Accessories တွေနဲ့အတူစုစုပေါင်း Items 31 မျိုးပါဝင်ပါတယ်။
ရာစုနှစ်90sဖက်ရှင်ကို Inspired ယူပြီး Glam streetwear look အဖြစ်ဖန်တီးမိတ်ဆက်ခဲ့တဲ့ Kangol x H&M Collection Look Book လေးကိုလဲ H&M ချစ်သူများအတွက်ပူးတွဲဖေါ်ပြပေးလိုက်ပါတယ်။
ဒီCollectionလေးကိုစက်တင်ဘာလ၁၇ရက်မှစပြီး www.hm.com နှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ H&M အရောင်းဆိုင်များတွင်ရရှိနိုင်ပါပြီလို့သီတင်းကောင်းပါးလိုက်ပါတယ် ။ တန်ဘိုးကတော့အမျိုးအစားအလိုက် $9.95~$84.95 အထိရှိကြောင်းတင်ပြလိုက်ရပါတယ်။