ပန်းခြံသေးသေးလေးရှိတဲ့အိမ်လေးမှာ နေရတာဟာ တကယ်ကိုနေလို့ကောင်းမှာ အသေအချာပါပဲ။ တိုက်ခန်းတွေများလာပြီး အချိန်ပေးဖို့ နည်းလာတဲ့အခါ ဒီဆန္ဒက စိတ်ကူးယဉ်ဆန်နေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်ကြောင့် သစ်ပင်တွေကိုချစ်တဲ့စိတ်လေးကို မေ့ပစ်လိုက်ဖို့တော့မလိုပါဘူး။ အဖြေတစ်ခုတော့ရှိပါသေးတယ်။ အဲ့ဒါကတော့ အိမ်တွင်းစိုက်အပင်လေးတွေပါ။
It would be nice to live in a house with a small garden. With the clustering of buildings and shortage of time, this wish seems rather fanciful. However, it does not mean you need to give up your love for the plants. There is one solution: Indoor plants!
အလှဆင်ဖို့အတွက်ဆို အိမ်တွင်းစိုက်အပင်လေးတွေက အိမ် နဲ့ ရုံးခန်းတွင်း ပတ်ဝန်းကျင်လေးကို အေးချမ်းသာယာအောင် လုပ်ပေးနိုင်ပါတယ်။ သင်နေထိုင်တဲ့နေရာ၊ အလုပ်လုပ်တဲ့နေရာ နဲ့ အနားယူတဲ့နေရာတွေမှာ အိမ်တွင်းစိုက်အပင်လေးတွေကို ထားတာက ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေရစေမှာပါ။ ပထမဆုံး အိမ်တွင်းစိုက်အပင်လေးတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျော့ကျစေပြီး လေကိုသန့်စင်ပေးပါတယ်။ သူတို့က ဆူညံသံတွေကိုလည်း စုပ်ယူပေးနိုင်တယ်လို့ ပြောကြပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ဆူညံသံတွေကိုလည်း လျော့နည်းစေမှာပါ။ နှစ်သစ်ကို ကျန်းကျန်းမာမာနဲ့စတင်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် သင့်နေထိုင်ရာပတ်ဝန်းကျင်မှာ အပင်လေးတွေ စိုက်ကြည့်ကြည့်ရအောင်လား။ LUSH ကနေပြီး စာဖတ်သူစိုက်ဖို့အတွက် အိမ်တွင်းစိုက်အပင်တစ်ချို့ကို ဖေါ်ပြပေးလိုက်ပါတယ်။
As a decoration, indoor plants create a peaceful and tranquil environment in your home and office. There are some health benefits to having indoor plants where you live, work and relax as well. First of all, they help to improve the air quality by reducing carbon dioxide. It has been claimed that plants can also absorb noise and therefore, reduce the background noises. If you are planning to start your year by living healthy, why don’t you add some plants in your living space? LUSH has chosen a few indoor plants for you to start below..
၁. Aloe Vera
ရှားစောင်းလက်ပတ်ကတော့ Skincare လုပ်ဖို့အတွက် အရမ်းကောင်းတဲ့ပါဝင်ပစ္စည်းတစ်ခုပါ။ ရှားစောင်းလက်ပတ်အပင်တွေက ထိန်းသိမ်းရလည်းလွယ်ကူပါတယ်။ ချစ်စရာကောင်းတဲ့ ခွက်လေးတစ်ခုထဲထည့်ပြီး ကိုယ်ချစ်ရတဲ့သူလေးကို လက်ဆောင်ပေးလို့လည်း ရပါသေးတယ်။
1. Aloe Vera
A great ingredient for skincare, Aloe plants are easy to take care of as well. You can choose cute container to put it in and give away as presents to your loved ones.
၂. Heart-leaf Philodendron
ဒီအပင်လေးကတော့ သေချာဂရုစိုက်ပေးဖို့အချိန်မရှိရင်တောင် ခက်ခက်ခဲခဲရှင်သန်နိုင်တဲ့အတွက် စိုက်ရတာလွယ်တဲ့အပင်ထဲမှာပါပါတယ်။ နေရောင်လုံးဝမထိစေဘဲ ရေနည်းနည်းပါးပါးလောင်းပေးရုံပါပဲ။
2. Heart-leaf Philodendron
This is another easy plant that can survive true hardship. Avoid full sunlight and you just need to water it very sparingly.
၃. Prayer Plant
သူက တခြား အိမ်တွင်းစိုက်အပင်တွေလိုပါပဲ။ နေရောင်တိုက်ရိုက်ထိလို့ မရသလို ရေလည်းနည်းနည်းပဲလောင်းပေးရမှာပါ။ ဒီအပင်လေးရဲ့လှတဲ့အချက်ကတော့ အရွက်ရဲ့အကြောလေးတွေက အနီရောင်လေးဖြစ်နေတာပါ။ အိမ်အလှဆင်တာကို ပိုလှအောင် အားဖြည့်ပေးတဲ့ အရောင်လေးလည်း ဖြစ်ပါတယ်။
3. Prayer Plant
Like others, this needs indirect sunlight and light watering. The beauty of this plant is in its red veins which add a dash of colors in the house decoration.
၎. Bird of Paradise
ဒီအပင်လေးကတော့ မှန်ကန်တဲ့နည်းနဲ့စိုက်ပျိုးမယ်ဆို ပေ ၂၀ ထိတောင် ကြီးထွားနိုင်ပါတယ်။ သူကတော့အခြား အိမ်တွင်းစိုက်အပင်လေးတွေနဲ့မတူပါဘူး။ ဒီအပင်လေးတွေက နေရောင်ခြည်ကို ကြိုက်ကြပါတယ်။
4. Bird of Paradise
This plant can grows up to 20 feet under the right condition. Unlike other plants that are mentioned, this plant loves sunlight.
၅. Snake Plant
ဒီအပင်လေးကတော့ နဂါးစက်ဂမုန်း သို့မဟုတ် (တိုက်ရိုက်ဘာသာပြန်ရမယ်ဆိုရင်တော့) ယောက်ခမလျှာလို့ ခေါ်ပြီး အလင်းရောင်သိပ်မများတဲ့နေရာမှာ ရှင်သန်နိုင်ပြီး တစ်ခါတလေမှ ရေလောင်းပေးရင်ရပါတယ်။ အလွန်လှပပြီး ထိန်းသိမ်းရလွယ်ကူတယ်ဆိုတော့ ဘာများလိုသေးလဲနော်။
5. Snake plant
Named as Snake plant or Mother-in-law’s tongue, this beautiful flower is the statement piece that can survive on low light and irregular watering. Gorgeous and low maintenance, what more could you ask for?