There is something about musical movies. Be classic like The Sound of Music (1965) or the newer one like La La Land (2016), their sing-along-songs and dance numbers make you feel warm and cozy inside even on a bad day.If you have never tried a musical movie before, LUSH chose a few movies and the iconic songs that you’ve to check out!
ဒီတစ်ခါတော့ သီချင်းရုပ်ရှင် (musical movie) တွေနဲ့ပတ်သတ်ပြီး ပြောကြ ရအောင်နော်။ ၁၉၅၂ ခုနှစ်က ဇာတ်လမ်းဟောင်း The Sound of Music ပဲဖြစ်ဖြစ် ၂၀၁၆ ခုနှစ်ကမှထွက်ထားတဲ့ La La Land ပဲဖြစ်ဖြစ် စိတ်မကြည် ဖြစ်နေတဲ့ နေ့မျိုးမှာတောင် ကြည့်ရှုသူတွေရင်ထဲကို နွေးခနဲ ဖြစ်သွားစေပါတယ်။ တစ်ခါမှ မကြည့်ဖူးဘူးဆိုတဲ့ သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားတချို့နဲ့ နားထောင်သင့်တဲ့ သီချင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
The Wizard of Oz (1939)
Based on the children book, the tale of Dorothy and her gang of misfits have spun off many movies and adaptations. However, the 1939 musical movie, starring Judy Garland, was best known for the songs and the use of Technicolor, which was revolutionary at that time.
Stand out Song: “Over the Rainbow”
Widely known as “Somewhere over the rainbow” won Academy Award for Best Original Song and ranked Number one in Recording Industry Association of America.
Dorothy နဲ့ ဘယ်သူနဲ့မှ မတည့်တဲ့ သူ့သူငယ်ချင်းတွေအကြောင်းကတော့ ရုပ်ရှင် တော်တော်များများမှာ ဇာတ်လမ်း၊ ဇာတ်ကွက်အမျိုးမျိုးနဲ့ ပါပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၃၉ ခုနှစ်က Judy Garland သရုပ်ဆောင်မှုတွေနဲ့ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားမှာတော့ အဲဒီအချိန်အခါက ခေတ်စားခဲ့တဲ့သီချင်းတွေနဲ့ နည်းပညာ အသုံးပြုမှုတွေကြောင့် နာမည်အကြီးဆုံးဖြစ်လာပါတယ်။
အကောင်းဆုံးသီချင်း: Over the Rainbow
“Somewhere over the rainbow” လို့ လူသိများတဲ့ ဒီသီချင်းကတော့ အကောင်းဆုံးမူရင်းတေးသီချင်းအကယ်ဒမီဆု ရရှိခဲ့ပြီး Recording Industry Association of America မှာ နံပါတ်တစ်ချိတ်ခဲ့ပါတယ်။
The Sound of Music (1965)
If you haven’t seen this iconic movie, you are definitely missing out. The tale of spirited governess Maria and the Von Trapp family in Austrian countryside capture many of our hearts and it is one of the iconic musical films to date.
Stand out Song: Do-Re-Mi
“Doe: a deer, a female deer!”
Even if you haven’t seen the movie, you would have sung along to this song during your childhood. In the film, the song is used by the main character Maria to teach the children to sing for the first time.
ဒီလိုဇာတ်ကားမျိုးကို တစ်ခါမှ မကြည့်ဖူးသေးဘူးဆိုရင်တော့ တစ်ခုခုလွဲနေပြီနော်။ ဩစတြီးယား ကျေးလက်ဒေသက ကလေးထိန်းဆရာမ Maria နဲ့ Von Trapp မိသားစုတို့အကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကတော့ ကျွန်မတို့ရဲ့ အသည်းနှလုံးတွေကို ဆွဲဆောင်ခဲ့တာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားပဲနော်။
အကောင်းဆုံးသီချင်း: Do-Re-Mi “Doe: a deer, a female deer!”
ဒီဇာတ်ကားကို မကြည့်ဖူးဘူးဆိုရင်တောင်မှ ငယ်ငယ်တုန်းက ဒီသီချင်းကိုတော့ ဆိုဖူးလိမ့်မယ်ထင်တယ်။ ဒီသီချင်းကဇာတ်ကားထဲမှာ Maria က ကလေးတွေကို ပထမဆုံးသင်တဲ့သီချင်းလည်းဖြစ်ပါတယ်။
Mary Poppins (1964)
The tale of magical nanny and the two children she is looking after was so well-loved and critically acclaimed. It was nominated for 13 Oscars and won 5. Julie Andrews won the Best Actress for her role. A little FYI, she also played Maria in the above “The Sound of Music”
Stand out Song: Supercalifragilisticexpialidocious
While “Chim Chim Cher-ee” won an Oscar for Best Original Song, it’s “Supercalifragilisticexpialidocious” that got our tongue twisted and excited.
အံ့ဩစရာကောင်းတဲ့ကလေးထိန်းနဲ့ သူထိန်းတဲ့ ကလေးနှစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကတော့ လူတွေကြိုက်ကြပြီး အရမ်းချီးကျူးခံခဲ့ရတဲ့ ဇာတ်ကားပါ။ အော်စကာဆု (၁၃) ဆုအတွက် စံကာတင် စာရင်းဝင်ခဲ့ပြီး (၅) ဆုရခဲ့ပါတယ်။ Julie Andrews က အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့ပါ တယ်။ အပေါ်မှာပြောခဲ့တဲ့ “The Sound of Music” ဇာတ်ကားထဲမှာ Maria နေရာကနေ သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
Chim Chim Cher-ee က အကောင်ဆုံး မူရင်းတေးသီချင်းဆုကို ရရှိခဲ့သလို Supercalifragilisticexpialidocious ကတော့ ကျွန်မတို့ရဲ့ပါးစပ်ဖျားမှာ စွဲနေခဲ့ပါတယ်။
Moulin Rouge (2001)
The romance between the star crossed lovers, Satine and Christian, by Director Baz Luhrmann had polarizing reviews when it was released. Set in early 19th century Paris, the songs were from modern artists such as Nirvana and Elton John.
Stand out Song: Come What May
Most well-known song from this movie will be “Lady Marmalade” by Christina Aguilera, Lil’ Kim, Mya, Pink. However, it was “Come what may” where the lovers revealed their forbidden love for each other that captures many hearts.
မဆုံစည်းနိုင်တဲ့ ချစ်သူနှစ်ဦးဖြစ်တဲ့ Satine နဲ့ Christian တို့ကြားက အချစ် ဇာတ်လမ်းလေးကို ဒါရိုက်တာ Baz Luhrmann က ရိုက်ကူးထားတာဖြစ်ပြီး ရုံတင်စအချိန်တွေတုန်းက ဒွိဟဖြစ်စရာဝေဖန်မှု အကောင်းရောအဆိုးရောရရှိခဲ့ပါတယ်။ ၁၉ ရာစုနှစ် အစပိုင်းလောက်က ပဲရစ်မှာ ရုံတင်ခဲ့တာဖြစ်ပြီး အဲဒီ အချိန်က မော်ဒန်အဆိုတော်တွေဖြစ်တဲ့ Nirvana နဲ့ Elton John တို့ရဲ့သီချင်းတွေ ပါဝင်ခဲ့တာပါ။
အကောင်းဆုံးသီချင်း: Come What May
ဒီဇာတ်ကားထဲမှာ နာမည်အကြီးဆုံးသီချင်းကတော့ Christina Aguilera၊ LiL’Kim၊ Mya နဲ့ Pink တို့ရဲ့ Lady Marmalade ပါ။ ဒါပေမယ့် ပရိသတ်တွေရဲ့ သည်းနှလုံးကို ထိရှစေခဲ့တဲ့ သီချင်းကတော့ ချစ်သူနှစ်ဦးရဲ့ သိုဝှက်ထားတဲ့ အချစ်တွေကို ဖော်ထုတ်ခဲ့တဲ့ Come What May ပါပဲ။
La La Land (2016)
It is considered a modern musical and almost won the Oscar for Best Movie when the presenter misread the winner’s name. It follows the tale of aspiring actress and Jazz musician as they struggled for fame in LA.
Stand out Song: Epilogue
La La Land won Best Original Song Oscar for “City of Stars” but it was “Epilogue” that made this LUSH writer sat through a flight with a sobbing girl next seat.
ခေတ်သစ်ရဲ့ သီချင်းရုပ်ရှင်ကား တစ်ကားဖြစ်ပြီး အော်စကာဆုပေးပွဲမှာ အစီအစဉ်
တင်ဆက်သူက အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုဆိုပြီး မှားကြေညာခဲ့ပါသေးတယ်။ မင်းသမီးဖြစ်ချင်တဲ့သူနဲ့ ဂီတသမား တို့ LA မှာ နာမည်ကြီးကျော် ကြားဖို့ကြိုးစားရင်း ကြုံတွေ့ရတဲ့အခက်အခဲတွေကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။
အကောင်းဆုံးသီချင်း: Epilogue
La La Land ဇာတ်ကားထဲမှာပါတဲ့ City of Stars သီချင်းက အကောင်းဆုံး မူရင်းတေးအော်စကာဆုကို ရရှိခဲ့ပေမယ့်လည်း စာရေးသူကို လေယာဉ်ပေါ်မှာ နင့်နင့်နဲနဲငိုနေတဲ့ မိန်းကလေးတစ်ယောက်ဘေးမှာ ထိုင်စေခဲ့တာကတော့ Epilogue ပါပဲ။
Chicago (2002)
This musical about fame, crime, sex and revenge won Oscar for best movie in 2002. Catherine Zeta-Jones and Renee Zellweger payed rivals who are fighting for spotlight while being in jail for murder.
Stand out Song: Cell Block Tango
It is a song-and-dance number with female criminals singing about how they ended up in Jail. Sexy and ruthless, you might even end up thinking these lady killers might be right.
ဒီဇာတ်ကားကတော့ ကျော်ကြားမှု၊ ရာဇဝတ်မှု၊ လိင်ဆက်ဆံမှုတွေနဲ့ လက်စားချေ မှုတွေအကြောင်းဖြစ်ပြီး ၂၀ဝ၂ ခုနှစ်တုန်းက အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု Oscar ဆုရရှိခဲ့ပါတယ်။ Catherine Zeta-Jones နဲ့ Renee Zellweger တို့က လူသတ်မှုနဲ့ထောင်ကျနေတုန်း အကျဉ်းသားခေါင်းဆောင် နေရာရဖို့ လုပ်နေတဲ့ ပြိုင်ဘက်တွေအဖြစ် သရုပ်ဆောင်ထားပါတယ်။
အကောင်းဆုံးသီချင်း: Cell Block Tango
ဒီသီချင်းမှာ ဇာတ်ကားထဲက မိန်းမအကျဉ်းသားတွေက သူတို့ထောင်ထဲ
ရောက်လာရတဲ့ အကြောင်းရင်းတွေကို သီချင်းလုပ်သီဆိုပြီး သရုပ်ဖော်ကပြ
ထားတာပါ။ စွဲမက်စရာကောင်းသလို ရက်စက်တတ်တဲ့ ဒီမိန်းမချောလေးတွေ ကိုကြည့်ရင်း သူတို့သတ်သင့်လို့ သတ်လိုက်တာလို့တောင် တွေးရင်တွေးနေမိလိမ့်မယ်နော်။
words by R.E.Saw