Yachts, I am sure you have seen lots of them in movies. But these are not ordinary yachts. They are private yachts which luxury people use them in their relaxation time. These private yachts are of course incredibly luxurious. Their owners are very rich people and it is a status symbol that only the world’s richest can afford, such as billionaires. In every country in the world, there are only a few people who own their private luxurious yachts.
ရုပ်ရှင်တွေတော်တော်များများထဲ မြင်ဖူးမှာပေါ့။ အထက်တန်းကျကျနေထိုင်သူတို့ဟာ သူတို့ စိတ်ပြေလက်ပျောက် စိတ်ကူးပေါက်တဲ့အချိန် အဆင်သင့်ဇိမ်ခံအပန်းဖြေဖို့ Private Yacht တွေလေ။ လူတွေအားအကျရဆုံး ဇိမ်ခံပစ္စည်းအမျိုးအစားထဲမှာ Yacht တွေပါဝင်နေတယ်လေ။ ပြီးတော့ Private Yacht တစ်စီးပိုင်ပြီဆိုတာနဲ့ သူ့ရဲ့ချမ်းသာကြွယ်ဝမှုအဆင့်အတန်းကို အသေးအမွှားအောက်မေ့ထားလို့မရဘူးဆိုတာ ပါပဲ။ တကယ့် အကောင်းစား အပျော်စီးဇိမ်ခံ Private Yacht တွေကို ပိုင်ဆိုင်သူတွေကတော့ ဘီလီယံနာသူဌေးအများစုပါ။ ကမ္ဘာပေါ်ကနိုင်ငံတစ်နိုင်ငံစီမှာလည်း ကိုယ်ပိုင်သာမန် Private Yacht ထက် တကယ့်အမိုက်စားဇိမ်ခံ Private Yacht ပိုင်ဆိုင်တဲ့သူဌေးတွေဟာ အနည်းစုလောက်ပဲရှိကြပါတယ်။
Let’s have a look at the top 7 most expensive luxury yachts in the world. Some are owned individually and some owned by a group of people. We will count them down from least to most expensive.
အခုဖော်ပြပေးသွားမှာကတော့ ကမ္ဘာပေါ်က ဈေးအကြီးဆုံးသော Luxury Yacht တွေအကြောင်းပါ။ တချို့သော Yacht တွေကတော့ တစ်ဦးတစ်ယောက်ကပိုင်ဆိုင်တာဖြစ်ပြီးတော့ တချို့သော Yacht တွေကတော့ အသင်းအစုအဖွဲ့လိုက်ပိုင်ဆိုင်ကြတာမျိုးလည်းရှိပါတယ်။
-
AI Said
The very first luxury yacht is Al Said, the seventh most expensive yacht. Oman’s Sultan, Qaboos bin Said AI Said owns this yacht. He uses his AI Said name to give as a name for his yacht. Valued at $ 300 million, the yacht has 30 rooms for 65 people and 70 rooms for 140 crew members.
ပထမဆုံးဖော်ပြပေးမှာကတော့ Al Said အကြောင်းပါ။ ကမ္ဘာ့ဈေးအကြီးဆုံး No.7 မှာရပ်တည်နေတဲ့ Yacht ပေါ့။ Al Said ကိုပိုင်ဆိုင်သူကတော့ အိုမန်ဘုရင် Qaboos bin Said Al Said ပဲဖြစ်ပါတယ်။ သူ့နာမည်ထဲက Al Said ကိုယူပြီးနာမည်ပေးထားတာလည်းဖြစ်ပါတယ်။ 16500 KW Power နဲ့ 47 Km/h Speed ရှိပါတယ်။ ဧည့်သည် ၆၅ ယောက်စာအတွက် အခန်း ၃၀ ပါဝင်ပြီးတော့ ၁၄၀ ရှိတဲ့ Crew Member တွေအတွက်လည်း အခန်းပေါင်း ၇၀ ပါဝင်တာဖြစ်ပါတယ်။ Al Said Yacht ရဲ့ တန်ဖိုးကတော့ ဒေါ်လာသန်း ၃၀၀ ဖြစ်ပါတယ်။
-
Motor Yacht A
Motor Yacht A, taking at the sixth place, is valued at $ 323 million and owned by the Russian billionaire couple – Andrey and Aleksandra Melnichenko. The Motor Yacht A interior is featured by mirrored surfaces and able to accommodate 6 guests’ suites, in addition, furniture, glassware, and tableware are made of French crystal. Includes three swimming pools and above the disco room, there is one swimming pool with glass-bottomed. Moreover, the Motor Yacht A houses a helicopter hangar and a speed boat kept in the hull. The Yacht is designed to accommodate enough space for 14 guests and 42 crew members.
No.6 မှာရှိနေတဲ့ Yacht ကတော့ Motor Yacht A လို့ခေါ်ပါတယ်။ Motor Yacht A ရဲ့တန်ဖိုးက ဒေါ်လာ ၃၂၃ သန်းဖြစ်ပြီးတော့ ဒီ Motor Yacht A ကို ပိုင်ဆိုင်သူတွေကတော့ ရုရှားဘီယီယံနာသူဌေးစုံတွဲဖြစ်တဲ့ Andrey and Aleksandra Melnichenko တို့ပဲဖြစ်ပါတယ်။ Motor Yacht A မှာ မှန်သားနံရံတွေနဲ့လှေရဲ့အတွင်းပိုင်းဟာ စတုရန်းပေ 24000 ကျယ်ဝန်းပြီး ဧည့်သည်ခြောက်ယောက်ဆန့်တဲ့ ဇိမ်ခံအခန်းတွေပါဝင်ပါတယ်။ အဲဒီအခန်းတွေဟာ နိုင်ငံတော်အကြီးအကဲတွေအဆင့်ထိ ဧည့်ကောင်းကျေပွန်အောင်လက်ခံနိုင်တဲ့အခန်းမျိုးလည်းဖြစ်ပါတယ်။ ဆန်းသစ်တဲ့ဒီဇိုင်းတွေနဲ့ပြုလုပ်ထားတဲ့ပရိဘောဂတွေ၊ ဖန်ထည်နဲ့ပန်းကန်ခွက်ယောက်တွေကိုတော့ ပြင်သစ်ခရစ်စတယ်တွေနဲ့ပြုလုပ်ထားတာလည်းဖြစ်ပါတယ်။ အထူးဇိမ်ခံ Yacht လို့ကြွားပြောရလောက်အောင်မဟုတ်ပေမဲ့လည်း ရေကူးကန်သုံးကန်ပါဝင်ပြီး ကပွဲခန်းမရဲ့အပေါ်တည့်တည့်မှာ ဖန်သားကြမ်းပြင်နဲ့ရေကူးကန်တစ်ခုပါဝင်ပါသေးတယ်။ ဟယ်လီကော်ပတာ ရပ်နားကွင်းတစ်ခုနဲ့ Yacht ရဲ့ကိုယ်ထည်အတွင်းမှာ Speed Boat အကြီးစားတစ်ခုလဲထည့်သွင်းတပ်ဆင်ထားပါတယ်။ Motor Yacht A မှာ ဧည့်သည် 14 ယောက်နဲ့ Crew Member 42 နှစ်ယောက်အတွက် လုံလောက်တဲ့ပမာဏတစ်ခုဖြစ်ပါတယ်။
-
Dubai
Dubai Yacht owned by Mohammed bin Rashid AI Maktoum, Prime Minister of UAE, is a cost for $ 350 million This yacht is placed at 5th place among the world’s largest yachts.
ကမ္ဘာ့ဈေးအကြီးဆုံး Yacht တွေထဲက No.5 နေရာမှာ ရပ်တည်နေတဲ့ Yacht ကတော့ Dubai Yacht ပဲဖြစ်ပါတယ်။ တန်ကြေးကတော့ ဒေါ်လာ သန်း ၃၅၀ ဖြစ်ပါတယ်။ ပိုင်ဆိုင်သူကတော့ UAE နိုင်ငံရဲ့ Prime Minister ဖြစ်တဲ့ Sheikh Mohammed bin Rashid Al Maktoum ကပိုင်ဆိုင်တာပါ။
-
Ona
No.4th most expensive yacht is Ona Yacht which is named as Dilbar before. A Russian billionaire investor, Alisher Usmanov, owns this yacht. This is valued at $600 million and it can house up to 40 guests and 80 crewmembers. The interior of the yacht is built with aluminum and included a swimming pool, largest swimming pool among the recent Superyacht and helipad at the front and back of the boat.
နောက်ထပ် No.4 မှာ ရပ်တည်နေတဲ့ Yacht ကတော့ Ona Yacht ပါ။ အရင်တုန်းကသူ့နာမည်က Dilbar ဖြစ်ပါတယ်။ Ona ကိုပိုင်ဆိုင်သူကတော့ Russian oligarch Alisher Usmanov ဖြစ်ပါတယ်။ သဘောင်္ရဲ့အတွင်းပိုင်းအခန်းကဏ္ဍတွေကို အလူမီနီယံအသုံးပြုပြီး တည်ဆောက်ထားပါတယ်။ သူ့အပေါ်မှာ ရေကူးကန်လည်း ပါဝင်ပါသေးတယ်။ ဒီရေကူးကန်ကတော့ လက်ရှိအချိန်ထိ Superyacht တွေထဲမှာ အကြီးဆုံးရေကူးကန်လည်းဖြစ်နေပါသေးတယ်။ ပြီးတော့ သဘောင်္ရဲ့အရှေ့နဲ့အနောက်မှာ ဟယ်လီကော်ပတာရပ်နားကွင်း တစ်ကွင်းစီပါရှိပါသေးတယ်။ Ona ပေါ်မှာတော့ Crew Member ၈၀ ကျော်အပါအ၀င် အပြင်ဧည့်သည်အနေနဲ့ အယောက် ၄၀ ကျော်လောက်အထိ ဧည့်ခံပြီး ပါတီပေးလို့ရပါတယ်။ Ona ရဲ့ တန်ကြေးကတော့ ဒေါ်လာသန်း ၆၀၀ ဖြစ်ပါတယ်။
-
Azzam
Azzam Yacht, the 3rd place in the most expensive yacht list, is owned by the president of United Arab Emirates – Sheikh Khalifa bin Zayed al-Nayan. The luxurious interiors were designed by Chiristopphe Lenoin and the exteriors by Nauta Yacht. Azzam is equipped with two gas turbines and two gas engines with Power 35048 KW with a speed of 56 Km/h. In addition, this yacht is expected to be one of the fastest reaching speed yacht, valued at $ 620 million.
UAE သမ္မတ Sheikh Khalifa bin Zayed al-Nayan ပိုင်ဆိုင်တဲ့ Azzam Yacht ကတော့ No.3 နေရာမှာရှိနေတာဖြစ်ပါတယ်။ Yacht ရဲ့ အတွင်းပိုင်းဒီဇိုင်းတွေကို Christophe Leoni ဆိုသူက ပုံဖော်ခဲ့တာဖြစ်ပြီး အပြင်ဘက်ဒီဇိုင်းတွေကိုတော့ Nauta Yacht က တာဝန်ယူပေးထားတာဖြစ်ပါတယ်။ Azzam မှာ Gas Turbine နှစ်လုံးနဲ့ ဒီဇယ်အင်ဂျင်နှစ်လုံးပါဝင်ပြီး Power 35048 KW ထွက်ပြီးတော့ 56 Km/h speed ရှိပါတယ်။ ဒီ Speed ဟာ ခရီးစဉ်တွေအတွက် အကောင်းဆုံး Speed တစ်ခုလည်းဖြစ်ပါတယ်။ Azzam ရဲ့ တန်ဖိုးက ဒေါ်လာသန်း ၆၂၀ ရှိပါတယ်။
-
Eclipse
Eclipse is the second largest Luxury Motor Super Yachts and the owner is the Chelsea football club owner – Russian billionaire Roman Abramvoich. The Eclipse’s immense size allows spaces for the features including 24 guest cabins, two swimming pools, two helicopter pads, and one dancing floor. With luxurious interior designs, Eclipse contains a missile defense system with an intruder detector where safety is guaranteed. Eclipse is operating with 70 crewmembers and it is the cost for $1.5 billion.
No.2 နေရာမှာရှိနေတာက Eclipse လို့နာမည်ပေးထားတဲ့ Luxury Motor Super Yacht တစ်စီးဖြစ်ပါတယ်။ ပိုင်ဆိုင်သူကတော့ Chelsea ဘောလုံးကလပ်အသင်းရဲ့ပိုင်ရှင် ရုရှားဘီလီယံနာသူဌေးတစ်ဦးဖြစ်တဲ့ Roman Abramovich ဖြစ်ပါတယ်။ သူ့ရဲ့ အချစ်တော် Eclipse ကတော့ တကယ့်ခမ်းနားတဲ့အတွင်းအပြင်အဆင်တွေများစွာအပြင် ဒုံးကျည်ထောက်လှမ်းရေး သတိပေးစနစ်လည်းပါဝင်လို့နေပါသေးတယ်။ ဧည့်သည် ၂၄ ယောက်အတွက် နေရာအလုံအလောက်ရှိပြီး Crew Member အယောက် ၇၀ က Operation ပိုင်းကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ Eclipse ပေါ်မှာတော့ ရေကူးကန် နှစ်ကန်၊ ဟယ်လီကော်ပတာရပ်နားကွင်းနှစ်ခုနဲ့ Dancing Floor တို့လည်း ပါရှိပါသေးတယ်။ Eclipse ရဲ့တန်ကြေးကတော့ ဒေါ်လာ ၁.၅ ဘီလီယံရှိပါတယ်။
-
History Supreme
Finally, boasting the world’s most expensive yacht is the History Supreme Yacht owned by Robert Knok, is valued at $ 4.5 billion. This 100-foot yacht’s exterior was made with 100,000 kg of solid gold and platinum and the interior was coated in a thin layer of solid gold with luxurious accessories. Being the most expensive yacht in the world, it compromises of swimming pools, master bedrooms and suite rooms which are no need to mention for the spaces.
ကဲအခုတော့ နံပါတ်တစ်နေရာကိုရောက်လာခဲ့ပြီ။ No.1 မှာရပ်တည်နေတာကတော့ မလေးရှားသူဌေး Robert Knok ဆိုသူ ပိုင်ဆိုင်တဲ့ History Supreme Yacht ပဲဖြစ်ပါတယ်။ သဘောင်္ဟာ ပေ ၁၀၀ ရှည်ပြီး ကိုယ်ထည်ပိုင်းရဲ့အပြင်ကို ကီလိုဂရမ်တစ်သောင်းရှိတဲ့ ရွှေနဲ့ပလက်တီနမ်ပေါင်းစပ်ပြီး အသုံးပြုထားပါတယ်။ အတွင်းပိုင်းတွေမှာဆိုရင်လည်း တန်ဖိုးမြင့်ပစ္စည်းတွေကိုအသုံးပြုထားပြီး ရွှေနဲ့ပြုလုပ်ထားတဲ့ Interior တွေများစွာပါဝင်နေတာဖြစ်ပါတယ်။ Luxury Yacht တစ်စီးဖြစ်တော့ ရေကူးကန်တွေ၊ Master Bedroom တွေ၊ ဧည့်ခန်းတွေကတော့ အထူးပြောစရာမလိုတော့ဘူးပေါ့။ History Supreme Yacht က တန်ဖိုးကတော့ ဒေါ်လာ ၄.၅ ဘီလီယံရှိပြီး ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးသော Yacht တစ်စီးပဲဖြစ်ပါတယ်။
words by a el ti:
english translated by Eain Chu