Designer Marc Jacobs လို့ပြောလိုက်ရင် Grunge Style ရဲ့ဖခင်ကြီးတစ်ဦးဆိုတာအားလုံးသိကြလိမ့်မယ်ထင်ပါတယ်။ဒီတစ်ခေါက်မှာတော့သူ့ရဲ့အသစ်စက်စက် collection တစ်ခုကိုပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစတင်ဖြန့်ဖြူးလိုက်ပါတယ်။Collection လေးရဲ့နာမည်ကိုတော့ “ HEAVEN” လောကနိဗ္ဗာန်၏ဖန်ဆင်းရှင်ထာဝရဘုရားသခင်လို့ အမည်ပေးထားပါတယ်။ “Marc Jacobs ရဲ့ ကမ္ဘာထဲကကမ္ဘာတစ်ခု” လို့အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
ဆယ်ကျော်သက်လူငယ်တွေရဲ့ဖက်ရှင်အိပ်မက်တစ်ခုကို MC က collection တစ်ခုအနေနဲ့ဖန်တီးပေးလိုက်တယ်လို့လဲဆိုနိုင်ပါတယ်။ မိန်းမယောက်ျားမခွဲခြားဘဲ “polysexuality” အသွင်ကိုဖော်ဆောင်တဲ့ အဝတ်အစား အသုံးအဆောင်ပစ္စည်းတွေကိုဒီ collection လေးမှာတွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး တောက်ပပြီး မညီညာတဲ့စုတ်ချက်တွေနဲ့ တစ်မျိုးဆန်းပြီးလှနေတဲ့ collection လေးက streetwear စုဆောင်းသူ လူငယ်တွေအတွက် မရှိမဖြစ်အရာအရာတစ်ခု အဖြစ် ခေတ်ရေစီးကြောင်:မှာစီးမျောလာလိမ့်မယ်လို့လည်း သုံးသပ်မိပါတယ်။
‘ဖက်ရှင်သည်အားလုံးအတွက်ဖြစ်တယ်’လို့ ခံယူထားတဲ့ MC ရဲ့ collection လေးကြောင့် polysexuality နဲ့ ဆိုင်တဲ့ ကိုယ်ပိုင်ဟန်ကို ဖော်ကျူးဝတ်ဆင်လိုတဲ့ သူတွေကြားထဲမှာ ရေပန်းစားလာ လိမ့်မယ်လို့ ထင်မြင်မိပါတယ်။
LUSH X Thi’s Fashion Alliances Collaboration
References: