COVID-19 နဲ့လိုက်လျောညီထွေအောင်နေဖို့ new normal life မှာ Face shield တို့ face mask တို့ဆိုတာ မရှိမဖြစ်ဆောင်ထားရမယ့် ပစ္စည်းတွေဖြစ်လာပြီ။ fashion brand တွေကလည်း face mask တွေဘာတွေ လိုက်ထုတ်လာကြသလို အခုဆို Louis Vuitton ကလည်း face shield ကိုထုတ်လိုက်ပါပြီ။
ဒီ face shield က 2021 Cruise Collection ထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီးတော့ စျေးနှုန်းက မြန်မာငွေ ၁၂ သိန်း၀န်းကျင် ($961 USD) နဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကနေစပြီး ၀ယ်လို့ရမှာပါ။ LV face shield မှာ LV monogram strap တွေ၊ LV logo ထွင်းထားတဲ့ stud တွေနဲ့ အလှဆင်ထားပြီးတော့ နေရောင်ပေါ်မူတည်ပြီး အရောင်ပြောင်းနိုင်တဲ့ နည်းပညာကိုလည်း ထည့်သွင်းထားပါတယ်။
“စတိုင်လ်လည်းကျပြီး ရောဂါလည်းကာကွယ်နိုင်သလို အမြင်အာရုံကိုလည်း ဆွဲဆောင်နိုင်မယ့် headpiece တစ်ခုပါ” ဆိုပြီး သတင်းထုတ်ပြန်ချက်မှာ face shield အကြောင်းကို အခုလို ဖော်ပြခဲ့ပါတယ်။ LV face shield နဲ့ new normal life မှာ စတိုင်လ်ထုတ်ဖို့ အဆင်သင့်ပဲလား?