Top 5 Asia countries to visit with your Mother
မေလ ၁၃ရက်နေ့မှာကျရောက်တဲ့အမေများနေ့ကအတွက် ဒီတစ်နှစ်မှာ သင့်အမေကို Surprise မလုပ်ပေးချင်ကြဘူးလား။ အမေကိုအရမ်းချစ်ကြတဲ့သားသမီးတွေအနေနဲ့ ကိုယ့်အလုပ်ချိန်တွေနဲ့မအားလပ်တဲ့ကိစ္စတွေရှိလာတော့ တစ်ခါခါ မိခင်နဲ့အတူတူအချိန်ပေးလည်ပတ်ဖို့ကို မေ့နေတတ်ကြပါတယ်။ မိခင်တွေက အသက်အရွယ်ကြီးလာတဲ့အတွက် လုပ်ငန်းလုပ်ကိုင်ခြင်းတွေကိုရပ်ပြီး အေးအေးဆေးဆေး တူတူ ခရီးသွားရမယ်ဆို အတိုင်းမသိဝမ်းသာကြပါလိမ့်မယ်။ ဒါကြောင့် ဒီလိုအမှတ်တရအချိန်မျိုးတွေမှာ ကိုယ့်မိခင်အတွက် ပျော်စရာအကောင်းဆုံးနေရာတွေကိုခေါ်
သွားပြီး အတူတူလျှောက်လည်သင့်ပါတယ်။ မိခင်များနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သင်နဲ့သင့်မိခင်တို့ အေးအေးဆေးဆေး သွားရောက်လည်ပတ်
အပန်းဖြေနိုင်မယ့် အာရှတိုက်ထဲက နိုင်ငံ ၅ ခုအကြောင်းကို ဖော်ပြပေးလိုက်ချင်ပါတယ်။
ပထမဦးဆုံးကတော့ Japan နိုင်ငံအကြောင်းပါ။ Land of the Rising sun လို့လူသိများတဲ့ Japan နိုင်ငံကတော့ကျွန်းပေါင်း ၆၈၀၀ကျော်နဲ့ဖွဲ့စည်းထားပြီး ပစိဖိတ် သမုဒ္ဒရာထဲမှာတည်ရှိပါတယ်။ ကျွန်းစုနိုင်ငံဖြစ်တဲ့အတွက်မီးတောင်တွေနဲ့ပြည့်နှက်နေပြီး ရာနဲ့ချီတဲ့မီးတောင်ရှင်တွေလည်းရှိနေပါတယ်။ မီးတောင်တွေပေါလို့ ရေပူဆန်းတွေလည်းပေါပါတယ်။Japan နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကတော့ အံ့မခန်း လောက်အောင်ပါပဲ။ စာလုံးလှအောင်ရေးသားနည်း၊ ပန်းချီဆွဲနည်းတွေအပြင် ပန်းပုံဖော်ခြင်း၊ အိုးလုပ်ငန်း၊ယွန်းလုပ်ငန်းတွေကိုပါ နာမည်ကြီး အနုပညာ အဖြစ်မြင်တွေ့နိုင်မှာပါ။
ဂျပန် အစားအစာများဖြစ်တဲ့ ဆူရှီ၊ ရာကီတိုရီ၊ အူဒုံ နဲ့ မီဆို စွတ်ပြုတ် ၊ တန်ပူရာအကြော်တွေအပြင် တခြားအရာတွေကိုလည်း စားသောက်နိုင်ပါတယ်။ ဒါကြောင့် ဂျပန်ရိုးရာအစားအစာချက်ပြုတ်နည်းကိုတောင် UNESCOကနေ ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ထားခြင်းခံရပါတယ်။ ဖူဂျီတောင်ကတော့ ဂျပန်နိုင်ငံရဲ့ အမှတ်အသားအနေနဲ့တွေ့နိုင်ပြီး တိုကျိုမြို့ကနေတွေ့နိုင်ပါတယ်။ ဖူဂျီတောင်အောက်က Kawaguchi ရေကန်ကတော့ ဖူဂျီတောင်ကိုမြင်နိုင်မယ့် အကောင်းဆုံးနေရာပါပဲ။ ကန်ပတ်လည်မှာရှိတဲ့ ချယ်ရီပင်တွေကိုလည်း စက်ဘီးစီးရင်းလည်ပတ်ကြည့်ရှုနိုင်ပါတယ်။ချယ်ရီပန်းပွင့်ချိန်ဖြစ်တဲ့ မတ်လကနေမေလအတွင်းက ကြည့်လို့အကောင်းဆုံးအချိန်ပါပဲ။ Kofuku-ji Temple and Todai-ji Temple တွေမှာဆိုရင်ဖြင့် ဂျပန်တို့ရဲ့ ဗုဒ္ဓဘာကာကိုးကွယ်မှုဓလေ့တွေကို မြင်တွေ့ရမှာပါ။ Todai-ji Temple ကိုတော့သစ်သားတွေနဲ့ ဆောက်ထားပြီး အတွင်းထဲမှာ ကမ္ဘာ့အကြီးဆုံးကြေးသွန်းဘုရားဆင်းတုရှိနေခြင်းက လူကြီးကောလူငယ်ပါလာရောက်လည်ပတ်ဖို့ ဆွဲဆောင်နေသလိုပါပဲ။ ဒါ့အပြင် တခြားနံမည်ကြီးနေရာတွေဖြစ်တဲ့ Hiroshima A-Bomb museum, Miyajima island, Cat Café, Hachi-ko tomb (the legendary dog), the sky tree စတဲ့ နေရာတွေကိုလည်းလည်ပတ်နိုင်ပါသေးတယ်။ ပိုပြီးရက်ရှည်လည်ပတ်ချင်တယ်ဆိုရင်တော့ သဘာဝအလှအပတွေကို
တစ်ဝကြီးပိုမိုခံစားလို့ရနိုင်ဖို့ ဂျပန်နိုင်ငံရှိအထင်ရှားဆုံးမြို့တွေဖြစ်တဲ့ Tokyo, Kyoto, Kanazawa, Osaka, Hiroshima, Miyajima, Mount Koya, Kiso Valley, Izu Peninsula, Hokkaido, Takayama, Matsue, Kumano Kodo pilgrimage, Karuizawa,Nagasaki စတဲ့
နေရာတွေကို အဓိကလည်သင့်ပါတယ်။
နောက်ထပ် တောင်ကိုရီးယားနိုင်ငံအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဒီနိုင်ငံအကြောင်းနဲ့ ယဉ်ကျေးမှုတွေကတော့ သူတို့ရဲ့ပြောင်မြောက်တဲ့
ဇာတ်လမ်းတွဲတွေကနေ ထင်ထင်ရှားရှားမြင်တွေ့ရပါတယ်။ တောင်ကိုရီးယားကတော့ အရှေ့အာရှမှာ ရှိတဲ့ ကျွန်းဆွယ်နိုင်ငံဖြစ်ပါတယ်။
ဒါကြောင့် ကမ်းခြေတွေအများအပြားရှိပြီး Jeju-do ကJungmun beach ကတော့လူသိများပြီ့း  windsurfing လုပ်လို့ကောင်းတဲ့နေရာလည်းဖြစ်ပါတယ်။ Naksan Beach မှာတော့နေဝင်အလှကိုခံစားနိုင်ပါတယ်။ Buddha ဘုရားကျောင်းပေါင်း ၉၀၀ကျော်ရှိပြီး Bulguksa ကတော့လူ
သိအများဆုံးပါ။ Jogmyo သချိုင်းဂူကတော့ နှစ်ပေါင်း ၅၀၀ရှိပြီဖြစ်ပြီး ဘုရင်တွေကို ကန်တော့တဲ့နေရာလည်းဖြစ်ပါတယ်။ အခမ်းအနားတွေကို
လည်းဒီခေတ်အထိကျင်းပဆဲပါ။ မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားနယ်စပ်ဖြစ်တဲ့ Demilitarized Zone ကိုလည်း သွားရောက်လည်ပတ်နိုင်ပါသေးတယ်။ Seoul,Gyeongju,Seoraksan National Park,Jeju Island,The Demiliterized Zone (DMZ),Andong & Hahoe Folk Villages,Dadohae Haesang National Park,Busan တွေကတော့ လည်ပတ်ဖို့အကောင်းဆုံးနေရာတွေပါပဲ။
Korean အစားအစာတွေကတော့ ဆန်၊ အသီးအရွက်၊ အသား၊ အချဉ်တည်ထားတဲ့ soy sauce, garlic, ginger, pepper, red chili အစရှိတဲ့ paste တွေအခြေခံပြီး လုပ်ထားတာကြောင့်နာမည်ကြီးတဲ့ Samgyeopsal, Bulgogi, samgyetang (traditional chicken soup), hoddeok, ddukbokkie အစားအစာတွေကို မဖြစ်မနေစားကြည့်သင့်ပါတယ်။ Insadong နဲ့ Dongdaemun Market, Namdaemun Market and Myeongdong Shopping Street တွေက Shopping လုပ်ဖို့အကောင်းဆုံးနေရာတွေပါပဲ။ N Seoul Tower, Gyeongbokgung Palace, Haeundae Beach, Myeongdong Shopping Street, Changdeokgung Palace, Everland Park, Gamcheon Culture Village, War Memorial of Koreaတွေကတော့ လူကြိက်အများဆုံးဖြစ်တဲ့နေရာဖြစ်ပြီးဆွဲဆောင်မှုအပြည့်ရှိပါတယ်။ အကောင်းဆုံးလည်ပတ်ဖို့အချိန်ကတော့ မတ်လကနေ ဇွန်လအတွင်း နဲ့ စက်တင်ဘာလ အလယ်ကနေ နိုဝင်ဘာအထိဖြစ်ပြီး အပူချိန် 15 C (59 F)နဲ့အထက်ရှိပါတယ်။
တတိယအနေနဲ့ China အကြောင်းလေးပြောပြချင်ပါတယ်။ သူကတော့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်ပြီး အာရှကျားလည်းဖြစ်တာကြောင့် လူတော်တော်များများသွားရောက်လည်ပတ်ကြတဲ့နိုင်ငံတစ်ခုလဲဖြစ်ပါတယ်။ ရှေးကျတဲ့သမိုင်းကြောင်းတွေ၊ တောဓလေ့အံသြစရာတွေ၊ ရှုမငြီးဖွယ်သဘာဝအလှတွေ၊ ရိုးရာအတွေ့အကြုံတွေကိုပိုမိုပြီး ခံစားနိုင်ဖို့အတွက် ခရီးသွားတွေရဲ့ခြေလှမ်းတွေကတော့တရုတ်ပြည်ကိုဦးညွတ်နေကြပါတယ်။ ဘေကျင်းမှာဆိုရင်တော့ Great wall မှာ လမ်းလျှောက်ရင်း ရှေးကျပြီး ပြိုင်ဖက်မရှိတဲ့ ဗိသုကာလက်ရာတွေကိုတွေ့မြင်နိုင်ပါတယ်။မြို့ထဲမှာလည်း ဘေကျင်းရဲ့ရိုးရာဓလေ့တွေကို စက်ဘီးစီး မြို့တစ်ပတ်ပတ်ရင်း ခံစားလို့ရပါတယ်။ Chengdu ကတော့ ချစ်စဖွယ်ပန်ဒါတွေရှိတဲ့မြို့ဖြစ်ပြီး Sichuan opera ဖြစ်တဲ့မှော်ရုပ်ပြောင်းတဲ့အော်ပရာအကြောင်းကိုကြည့်ရှုနိုင်သလို Lenshan အမည်ရှိ ဗုဒ္ဓရုပ်ပွားတော်ကိုလည်းဖူးမျှော်နိုင်ပါတယ်။ Xi’an ကTerracotta Army ကိုသွားရောက်လည်ပတ်လို့လည်းရပါတယ်။ Shanghai, Suzhou and Hangzhouတွေကတော့ရှေးကျတဲ့ရေပေါ်တည်ထားတဲ့မြို့တွေဖြစ်ပြီးမြို့ထဲမှာလည်းလှေနဲ့လည်ပတ်နိုင်ပါသေးတယ်။ Yu Garden ကတော့စွဲမက်ဖွယ်ရိုးရာကိုပေါ်လွင်စေပြီးတရုတ်နိုင်ငံရဲ့ပန်းခြံအလှတွေကိုကိုယ်စားပြုထားတယ်ဆိုရင်လည်းမမှားပါဘူး။ Zhangjiajie မှာဆိုရင်တော့ National Forest Park ထဲမှာ တောင်ထိပ်အထိရောက်အောင် Hiking လုပ်နိုင်သလို ကျော်ကြားတဲ့နေရာတွေဖြစ်တဲ့ ဖန်တံတားနဲ့ ကောင်းကင်တံခါးဝတောင်တွေလည်းရှိပါသေးတယ်။ Huangshan မှာတော့ အဝါရောင်ကျောက်ဆောင်တွေနဲ့တောင်တွေကို ရင်သပ်ရှုမောဖွယ်တွေ့ရမှာပါ။ Guilin မှာရှိတဲ့Li မြစ်ထဲမှာ cruise စီရင်းနဲ့လည်း အရောင်စုံတဲ့Reed Flute Cave ကိုလည်းတွေ့နိုင်ပါတယ်။ တရုတ်အစားအသောက်နဲ့ရင်းနှီးပြီးသားဖြစ်လို့ Highlight အများကြီးမလုပ်တော့ပါဘူး။ ဟောင်ကောင်နဲ့ဗေကျင်းတော့ နာမည်ကြီး Brand တွေအတွက် Shopping ထွက်ဖို့အကောင်းဆုံးနေရာတွေပါပဲ။.
နောက်တစ်နိုင်ငံကတော့ Vietnam ပါ။ Vietnam ကတော့ သဘာဝအလှအပတွေနဲ့အတူ ကွဲပြားသောယဉ်ကျေးမှုတွေနဲ့အံ့အားသင့်စေတဲ့နေရာတစ်နေရာဖြစ်ပါတယ်။ များပြားတဲ့ စပါးခင်းတွေကနေထိုးထွက်လာတဲ့ရှုမျှော်ခင်းတန်းတွေကပန်းချီကားတစ်ချပ်အလားထင်ဟပ်နေမှာပါ။ Halong Bay ကတော့နာမည်ကျော် သဘာဝအထင်ကရနေရာတစ်ခုဖြစ်ပြီး ပင်လယ်ရှုခင်းကို Cruise စီး ရင်းအပန်းဖြေကြည့်ရှုခံစားနိုင်ပါတယ်။ စက်ဘီးစီးသူတွေနဲ့ သဘာဝရှုခင်းတွေနှစ်သက်သူတွေကတော့ အမျိုးသားဥယာဉ်တွေထဲမှာလည်ပတ်လို့ရနိုင်တာပေါ့။တောရွာလေးတွေမှာတော့အဆုံးမရှိတဲ့ရှုခင်းတွေခံစားလို့ရပြီး မြို့ကြီးတွေမှာတော့ မြို့ပြယဉ်ကျေးမှုနဲ့ ထင်ရှားတဲ့အစားအသောက်တွေကို စမ်းသပ်နိုင်တဲ့အခွင့်အရေးတွေအပြည့်ပါပဲ။ Halong Bay ကတော့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲပါဝင်ပြီး ကမ္ဘာ့ပင်လယ်ရှုခင်းအကောင်းဆုံးနေရာလေးပါ။ Hue မြို့ထဲက Perfume River ထဲမှာ လှေစီးရင်းလည်း တော်ဝင်သချိုင်းတွေနဲ့ဘုရားပုထိုးတွေစီလည်ပတ်နိုင်ပါသေးတယ်။ Hoi Anကတော့သမိုင်းဝင်ဗိသုကာအဆောက်အဦးတွေနဲ့ပြည့်နေတဲ့လည်ပတ်သင့်တဲ့နေရာတစ်ခုပေါ့။ Hanoi မြို့တော်ကြီးရဲ့အလှအပတွေကလည်းလူအများကြီးအဆက်မပြတ်လာရောက်လည်ပတ်နိုင်အောင်ဆွဲဆောင်နေ ပြီး Nha Trang ကမ်းခြေကတော့ Nha Trang 6 kilometers အကွာမှာရှိပြီး လှပတဲ့ကမ်းခြေဖြစ်လို့ လည်ပတ်သင့်တဲ့နေရာပါပဲ။
နောက်ဆုံးနိုင်ငံ ကတော့ ဖိလစ်ပိုင်နိုင်ငံအကြောင်းကိုဖော်ပြချင်ပါတယ်။ အာရှအရှေ့ဖက်အစွန်ဆုံးမှာရှိတဲ့ဖိလစ်ပိုင်နိုင်ငံကိုတော့ကျွန်းပေါင်း ၇၀၀၀နဲ့ဖွဲ့စည်းထားပါတယ်။ ကမ်းခြေတွေနဲ့ အံသြဖွယ်သဘာဝအလှအပတွေကြောင့် ဘဝမှာတစ်ခေါက်လောက်အနည်းဆုံးလည်ပတ်သင့်တဲ့နေရာလေးပါ။ Sulu Sea ထဲက Tubbataha Reef ကတော့ National Marine Park အဖြစ်နဲ့သတ်မှတ်ထားလို့ရေအောက်အလှတွေကြည့်ရှုလို့ရပါတယ်။ Manila မှာ 1589 ကထဲကဆောက်ထားတဲ့ San Agustin Church ကျောင်းကလည်း architecture ပိုင်းလေ့လာသင့်တဲ့နေရာတစ်ခုပါပဲ။ Mayon Volcano ကတော့ ပေ ၈၀၀၀ကျော်မြင့်တဲ့ မီးတောင်ဖြစ်ပြီးထင်ထင်ရှားရှားကို အချိုးကျကျ ခုံးနေတဲ့သဏ္ဍာန်ကိုကြည့်ရှုနိုင်မှာပါ။ Puerto Galera မြို့တောင်ဖက်မှာလည်းစွဲမက်ဖွယ်ကောင်းတဲ့ မနီလာမြို့တည်ရှိပြီး White beach နှဲ့Sabang Beach တို့ကတော့အလှဆုံးနဲ့အပန်းဖြေဖို့အကောင်းဆုံးပါ။
အနီးအနားတစ်ဝိုက်မှာ ရေငုပ်ခြင်း၊ ညစာစားခြင်း၊ ဈေးဝယ်ထွက်ခြင်းတွေပြုလုပ်နိုင်ပြီး တည်းခိုနေထိုင်ဖို့အတွက်လည်းပူစရာမလိုပါဘူး။ Palawa ကျွန်းမှာရှိတဲ့ Puerto Princesa Subterranean ရေအောက်မြစ်အလှကိုတွေ့နိုင်မှာဖြစ်သလို Puerto Princesa ဥယဉ်ထဲမှာလည်း အေးဆေးစွာ ငှက်ကြည့်ရင်း အချိန်ဖြုန်းလို့ရပါတယ်။ Bohol ကျွန်းက Chocolate Hills လို့ခေါ်တဲ့တောင်ကုန်းတွေထောင်ချီရှိသလို သူတို့တွေရဲ့ပုံစံကလည်းအကုန်တပြေးညီ တူညီနေပြီး မြက်ခင်းစိမ်းတွေနဲ့ သဘာဝအတိုင်းဖုးံးအုပ်နေကြတယ်။ Banaue Rice Terraces ကိုလည်း မြင်တွေ့နိုင်ဖို့ ဖိလစ်ပိုင်ရောက်တုန်းသွားလည်သင့်ပါတယ်း။ Magellan’s crossရဲ့သမိုင်းဝင်နေရာတွေဖြစ်တဲ့ Holy Eucharist, Fort San Pedro, Cebu Heritage Monumentတွေကို Cebuမြို့မှာလည်ပတ်နိုင်ပါတယ်။ Boracay beach ကလည်း ညပါတီပွဲတွေ Beach bars တွေနဲ့အပြည့်ပါပဲ။ Bulalo လို့ခေါ်တဲ့အစားအသောက်ကို သင့်အမေနဲ့တူတူ သုံးဆောင်ရင်း Tagaytay မြို့ရဲ့ Taal ရေကန်အလှကိုအတူတူကြည့်သင့်ပါတယ်။ သင့်မိခင် စိတ်ရောကိုယ်ပါ ဖိစီးမှုတွေကလွှတ်မြောက်နိုင်ဖို့ အဲနေရာမှာ spa တွေလည်းရှိနေပါသေးတယ်။
နိုင်ငံတိုင်းကတော့အလှကိုယ်စီနဲ့လည်ပတ်လို့ရနိုင်တဲ့နေရာတွေအပြည့်ပါပဲ။ ဖော်ပြခဲ့တဲ့နိုင်ငံတွေသွားရောက်ဖို့ Luxury tour တွေကို travel agent တွေဆီကနေ ၀ယ်ယူနိုင်သလို မိမိဘာသာစီစဉ်ပြီးလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။ဒါကြောင့်ဒီနေရာတွေကို booking လုပ်ပြီးသင့်အမေနဲ့ အတူ အမှတ်တရ အားလပ်ရက်ခရီးလေးတွေကို ဖန်တီးပေးပါ။အမေများအားလုံးအတွက်လည်းပျော်ရွှင်စရာအမေများနေ့ဖြစ်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။
(English Version)
Planning any surprise for your mother for this Mothers’ day on May 13? We may not be able to spend much time with our mothers due to busy schedules. It is not as easy for mothers to travel alone after retiring so they would be glad to go with their loved ones.We at Lush would highly recommend you to take a nice trip with your mother on this special day.Lush would like to present 5 destinations in Asia you can vacation together with your mother.
First country is Japan. Japan – the “Land of the Rising sun” – is an archipelago of more than 6,800 islands in the Pacific Ocean. The archipelago is located on a large volcanic zone – it has more than a hundred active volcanoes. Japanese culture is unique. Calligraphy, painting (the famous Ukiyo-e), ikebana (flower arrangement), pottery, lacquer ware, theatre (Noh, Kabuki …), manga, to name the most famous ones: Japan art is immensely rich and varied. Japanese cuisine is much more than sushi and yakitori, sushi, ramen, udon, miso soup, tempura. Japanese gastronomy has also been added to UNESCO’s World Heritage. Mount Fuji can actually be seen from countless points in Japan – including Tokyo. You will find in Japan some of the largest shopping malls of the world. As the best place to see Mt. Fuji is probably Lake Kawaguchi, which lies at its bottom. Get a bike and cycle around the lake as well! And of course, there’s the cherry trees.
The best viewing time is between March and May, which is the blooming season. As the country is full of active volcanoes, there are many hot springs. One of the largest wooden structures, Todai-ji Temple is set to awe both young and elderly visitors, with its in-house world’s largest bronze Buddha statue. Moreover you can visit the famous places such as Hiroshima A-Bomb museum, Miyajima Island, Cat Café, Hachi-ko tomb (the legendary dog), the sky tree. If you want to stay longer and want to experience natural beauties of Japan, the most prominent cities such as Tokyo, Kyoto, Kanazawa, Osaka, Hiroshima, Miyajima, Mount Koya, Kiso Valley, Izu Peninsula, Hokkaido, Takayama, Matsue, Kumano Kodo pilgrimage, Karuizawa,Nagasaki should be visited mainly.
Next one is about South Korea, as you will be familiar about its culture from their tv series.There are many beaches which are popular with visitors; Jungmun beach at Jeju-do is perfect for windsurfing while Naksan beach is renowned for its beautiful sunrise. There are over 900 Buddhist temples also; Bulguksa being the best known. The Jogmyo Shrine is over 500 years old and is where the Joseon Dynasty Kings were worshipped. The ceremony is still performed in its original form today. The Demilitarized Zone, which marks the boundary between North and South Korea is also popular with tourists. Special tours also show the beautiful countryside around the zone. The best place you can visit in South Korea as followings; Seoul,Gyeongju,Seoraksan National Park,Jeju Island,The Demiliterized Zone (DMZ),Andong & Hahoe Folk Villages,Dadohae Haesang National Park,Busan.
Like most of Southeast Asian cookery, South Korean cuisine is based on rice, vegetables, and meats, stir-fried or steam-cooked and seasoned with soy sauce, garlic, ginger, pepper, red chili, and doenjang (fermented bean paste), you must try famous traditional food such as Samgyeopsal, Bulgogi, samgyetang (traditional chicken soup), hoddeok, ddukbokkie. Both Insadong and Dongdaemun Market, Namdaemun Market and Myeongdong Shopping Street are best for doing shopping. Popular South Korea Tourist Attractions are N Seoul Tower, Gyeongbokgung Palace, Haeundae Beach, Myeongdong Shopping Street, Changdeokgung Palace, Everland Park, Gamcheon Culture Village, War Memorial of Korea. The best times to plan your South Korea holiday are spring (end of March to beginning of June) and fall (mid-September until November), when it’s mainly dry with average temperatures hovering above 15 C (59 F).
For the third country, I would like to mention China to visit. It is our neighboring country and also world known country, so there are full of many visitors. Whether you are looking for ancient history, urban wonders, picturesque landscapes, or cultural experiences; more and more world travelers are turning their toes towards China. When you arrive Beijing; visit the Forbidden City to see the spectacular ancient architectural complex, hike on the Great Wall to be a “real man” (according to Chairman Mao), take a bike ride city to experience Beijing’s traditional culture. Chengdu is famous for cute giant pandas and also can enjoy Sichuan opera about magical face changing, also have Leshan giant Buddha there. You can visit the amazing Terracotta Army in Xi’an also. Shanghai, Suzhou and Hangzhou are enchanting old water towns and you can enjoy a leisurely boat tour in town. Yu Garden appreciates traditions as captivatingly -landscaped Chinese gardens. In Zhangjiajie, you can do hiking among the amazing pillars and peaks of Zhangjiajie National Forest Park and also has famous place such as ‘Heaven’s Doorway’ Mountain and Glass bridge. You will see the Yellow Mountains and see the spectacular rocks and seas of clouds in Huangshan.Taking a cruise to see the picturesque Li River in Guilinး you can discover the awe-inspiring and colorful Reed Flute Cave. As we familiar with Chinese food in our country, I don’t want to highlight much. Hongkok and Beijing are the best city for doing shopping for qualified brands.
Next one is Vietnam. Vietnam is an astonishing mix of natural highlights and cultural diversity. The scenery ranges from jagged peaks seen from winding mountain passes down to verdant paddy fields painted every shade of green in the palette. Hikers, bikers, and outdoor lovers can get their teeth into the countryside within the numerous national parks, while the spectacular seascape of Halong Bay is one natural sight that even the more slothful can experience up close on a cruise. While the rural areas brim with fantastic panoramas, the big cities breathe with contemporary life and provide ample opportunities to get stuck into Vietnam’s tasty culinary highlights. Halong Bay The karst seascape of Halong Bay is one of the world’s most spellbinding sea views and is a UNESCO World Heritage Site. Hue, One of the nicest ways of visiting a collection of outlying sites is by taking a riverboat cruise on the Perfume River. A day cruise can take you to visit several royal tombs along with some pagodas. Beautiful Hoi an is the most atmospheric city in Vietnam, with bags of surviving historic architecture. Hanoi, Vietnam’s capital is the frenetic heartbeat of the nation and a place that befuddles travelers as much as it charms them. Nha Trang, for sandy fun in Vietnam, is the well-maintained beach trundles for six kilometers along the shoreline of central Nha Trang city and during summer is jam-packed with local families on vacation as well as foreign visitors. planetware.comLast destination is about Phillippines. Located at the very eastern edge of Asia, it is a home to more than 7,000 islands. You should visit this place at least once in your life for the pristine beaches and marvelous natural wonders to interesting historic sites. The Tubbataha Reef in the Sulu Sea is a marine sanctuary protected as the Tubbataha Reef National Marine Park because of its coral walls where the shallow coral reef abruptly ends giving way to great depths. Located in Manila, a visit to the San Agustin Church is a must see. Built in 1589, this beautiful church architecture should be also marked. Rising more than 8,000 feet (2,400 meters) above sea level, Mayon Volcano is significant for its perfectly symmetrical cone shape. Just south of Manila is the charming coastal town of Puerto Galera. The most popular beaches are White Beach and Sabang Beach, which also offer nearby shopping, dining, nightlife and hotel accommodation. Located on the northern coast of the island of Palawa, Puerto Princesa is a nature lover’s paradise.
Home to unspoiled landscapes rich in wildlife, this lovely town also lays claim to one of the world’s most unique natural phenomena, an underground river known as the Puerto Princesa Subterranean River. One of the top tourist attractions in the Philippines, The Chocolate Hills are unusual geological formations that consists of at least thousands of individual mounds scattered throughout the interior of the island of Bohol. Nearly all of the hills are same size and are covered in green grass which occur naturally. No trip to the Philippines could be complete without seeing the spectacular Banaue Rice Terraces. You can also try visiting their historic sites such as the Magellan’s cross, the Monastery of the Holy Eucharist, Fort San Pedro, Cebu Heritage Monument in Cebu. Boracay beach is also very famous for the nightlife partying and by-the-beach bars. Treat your mom to some Bulalo (a piping hot beef marrow stew), you should try to see also Tagaytay city’s a beatiful view of the Taal Lake. There are also numerous spas to get rid of your mom’s body tension and stress.
All the countries are full of unique beauties and destinations. Whether you plan luxury tours through travel agents or yourself for going above countries together with your mother, it will be enjoyable moment forever. Book those promo fares to these destinations and give Mom a holiday she’ll never forget. Wishing Happy Mother’s Day for all mothers.