Lady Gaga လို့ ဆိုလိုက်တာနဲ့ သူမရဲ့ အမြဲ တီထွင်တတ်တဲ့ ဖက်ရှင်အပြင်အဆင်တွေကို တန်းမြင်မိကြမှာပါ။ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ Lady Gaga က သူမရဲ့ Haus Laboratories Makeup Line Promo Video ကို သူမရဲ့ Instagram စာမျက်နှာပေါ်မှာ ပိုစ့်တင်ထားခဲ့ပါတယ်။
Lady Gaga က သူမရဲ့ ဒီ makeup line အကြောင်းကို တစစ နဲ့ ပြောပြလာတာ တစ်နှစ်ကျော်ခဲ့ပါပြီ။ ၂၀၁၈ ခုနစ် ဖေဖော်ဝါရီလမှာ Brand Name ဖြစ်တဲ့ Haus Laboratories ကို Trademark တင်ထားခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ သူမရဲ့ Makeup Line မှ ထွက်ရှိမယ့် Products တွေနဲ့ ချယ်သထားတဲ့ Makeup Looks ပြင်ဆင်မှုတွေကို Models တွေနဲ့ ရိုက်ထားတဲ့ Promo Video ကို Instagram Account မှာ တင်ခဲ့ပါတယ်။ ဒါ့အပြင် Instagram မှာလည်း “HAUS LABOBRATORIES” page ကို စတင်မိတ်ဆက်ပေးခဲ့ပြီး Teaser တွေနဲ့ Behind the scenes video တွေလည်း တင်ထားပါသေးတယ်။
Lady Gaga ရဲ့ Haus Laboratories Makeup Line မှ ပထမဆုံးထွက်ရှိလာမယ့် ပစ္စည်းတွေကတော့ Multi-use color products အဖြစ် ပါးရိုး၊ မျက်လုံး နဲ့ နှုတ်ခမ်းတို့မှာ အသုံးပြုနိုင်မယ့် Shades ခြောက်ခုပါတဲ့ Kit လေးပဲဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့ $ 49 နဲ့ မှာယူနိုင်မှာဖြစ်ပြီး Lip Gloss ကိုတော့ $ 16 နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Haus Laboratories product တွေကို ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ပြီး Amazon Website မှာ Pre-order တင်နိုင်မှာ ဖြစ်ပြီး Amazon မှ တစ်ဦးတည်း Exclusive ယူထားတာဖြစ်ပါတယ်။ Haus Laboratories ကို နိုင်ငံပေါင်း ၉ နိုင်ငံမှ စတင်မှာယူနိုင်မှာဖြစ်ပါတယ်။ စက်တင်ဘာလမှာဆိုရင်တော့ နိုင်ငံတကာကနေ Amazon ကတစ်ဆင့် တရားဝင်ရောင်းချပေးမယ်လို့လည်း သိရပါတယ်။
Cosmetics ချစ်သူတွေတော့မသိဘူး အခုတည်းက Promo Video ကြည့်လိုက်ရုံနဲ့ အရောင်တောက်တောက် Glittery ဆန်ဆန် shades ခပ်မိုက်မိုက်တွေချည်းပဲဆိုတော့ LUSHers လေးတို့ အားလုံးလည်း စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ Official Product Packaging နဲ့ Shade Colors တွေကိုတော့ Lady Gaga ဆိုတဲ့အတိုင်း ဘယ်လိုတွေ ထွင်ထားမလည်း ဆိုတာတော့ ဆက်လက်စောင့်ကြည့်ရပါဦးမယ်။
Business of Fashion Exclusive Interview မှာတော့ Gaga က ” ဒီ Haus Laboratories က သူမရဲ့ အနုပညာသက်တမ်း အစမှာ Drug Store Makeup တွေကို အသုံးပြုပြီး Lady Gaga ဆိုပြီး လူအများ ပါးစပ်ဖျားမှာ စွဲကျန်ရစ်အောင် ခြယ်သခဲ့တဲ့ Makeup Look တွေကတဆင့် Inspiration ရယူထားတာပါ“ လို့ ဖြေကြားထားပါတယ်။
ဒါဆို အားလုံးပဲ Lady Gaga မိတ်ဆက်ပေးလိုက်တဲ့ သူမရဲ့ Haus Laboratories Makeup Line မှာ ဘယ်လို အလန်းစား product တွေ ပါဝင်ပြီး အလှဆုံးဖြစ်အောင် ချယ်သကြမလဲ ဒီ Promo Video ကို ကြည့်ရင်း ကြိုစိတ်ကူးယဉ်ထားလိုက်ရအောင်နော်။