LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILY
K-Pop Idols တွေအကြိုက်ဆုံး ကမ္ဘာကျော် Brand များ
written by Maeve September 4, 2019
K-Pop Idols တွေအကြိုက်ဆုံး ကမ္ဘာကျော် Brand များ
ကိုယ်သိတဲ့ ဆယ်ကျော်သက်တစ်ယောက်ကို လမ်းမှာတွေ့တယ်ဆိုပါစို့။ အရင်ဆုံးသူ့ကိုမေးကြည့်လိုက်ပါ။ K-pop ကိုသိလား။ K-pop သီချင်းတွေရော နားထောင်ဖူးလား။ ထင်ပါတယ် ၁၀ ယောက်မှာ အနည်းဆုံး ၅ ယောက်ကတော့ K-pop ကိုသိလည်းသိတယ်၊ ကြိုက်လည်းကြိုက်တယ်လို့ ပြောကြမှာပါ။ ဒါက မြန်မာနိုင်ငံတစ်နိုင်ငံထဲမှာတင်မဟုတ်ဘူး။ အာရှနိုင်ငံတော်တော်များများကို သွားကြည့်လိုက်ရင်လည်း ဒီအတိုင်းပဲ ဖြစ်မှာပါပဲ။ သီချင်းတွေကို ကြိုက်လာတာကနေ Idol တွေကိုလည်း အမာခံအားပေးတဲ့ Fan တွေတဖြည်းဖြည်းများလာပါတယ်။ အထူးသဖြင့်တော့ ဒီ Idol တွေရဲ့ဝတ်စားဆင်ယင်မှုပုံစံတွေ ၊ သူတို့နှစ်သက်တဲ့ Brand တွေကို ဆယ်ကျော်သက်အများစုကြားမှာ Trend တစ်ခုလိုလည်း ဖြစ်လာပါတယ်။
K-Pop Idol တွေရဲ့ ဖက်ရှင်တွေကို ကြည့်လိုက်ရင် အရမ်းကို မှင်သက်စရာ ဖက်ရှင်အတွဲအစပ်ကို တစ်နေ့တစ်ခြား မတူအောင် တွဲစပ်တာတွေ၊ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုအတွက် Unique ဖြစ်တဲ့ ဖက်ရှင်အတွဲအစပ်တွေက လူငယ်တွေကိုပိုပြီး Target ထားတာလည်းတွေ့ရပါတယ်။ ဒါကြောင့်မို့လည်း နိုင်ငံတကာ Brand တော်တော်များများက Idol တွေနဲ့ပူူးပေါင်းပြီး Fashion trend တွေကို ဖန်တီးခဲ့ကြပါတယ်။
K-Pop Idols ကိုယ်တိုင်ကလည်း သူတို့အရူးအမူးနှစ်သက်လွန်းလို့ ရွေးချယ်ဝတ်ဆင်လေ့ရှိတဲ့ Luxury Brand တွေကတော့ အများအပြားရှိပါတယ်။ ဒီများပြားလှတဲ့ Luxury Brand တွေထဲကမှ အခုဆောင်းပါးမှာတော့ K-Pop Idol အများစုရွေးချယ်ဝတ်ဆင်လေ့ရှိတဲ့ Brand အကြောင်းတွေကို ပြောပြပေးသွားပါမယ်။
၁။ Gucci
K-Pop Idol တွေ တစ်ယောက်ချင်းစီရဲ့ Wardrobe ထဲမှာ Gucci Brand ကနေ ထုတ်လိုက်တဲ့ Fashion Item တစ်ခုကတော့ မဖြစ်မနေ ပိုင်ဆိုင်ကြတာတွေချည်းပါပဲ။ K-pop Idol တွေရဲ့ ပွဲတက်တာကအစ လေယာဉ်ကွင်းဆင်းတဲ့ ဖက်ရှင်အထိ Gucci Brand ကို ရွေးချယ်ဝတ်ဆင်တတ်ကြပါတယ်။ အဲလိုမျိုး အမြဲ ရွေးချယ်လေ့ရှိတဲ့ Idol တွေကတော့ BTS ရဲ့အဖွဲ့ဝင် V ၊ Red Velvet အဖွဲ့ဝင် Irene ၊ SHINEE အဖွဲ့ဝင် Minho စတဲ့သူတွေရဲ့ ဖက်ရှင်အပြင်အဆင်တွေမှာ တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ EXO အဖွဲ့ဝင်ဖြစ်တဲ့ Kai ကိုလည်း Gucci ရဲ့ Very Important Gucci Customer(VIG) အဖြစ် Gucci ဘက်က သတ်မှတ်ခဲ့ပြီး တောင်ကိုးရီးယားနိုင်ငံ Gucci ကိုယ်စားပြု Brand Ambassador တစ်ဦးလည်းဖြစ်ပါတယ်။ AOA အဖွဲ့ဝင်ဖြစ်တဲ့ Seolhyun ကတော့ 2018/2019 Fall/Winter Milan Fashion Week မှာ ပါဝင်ပြီးတည်းက Gucci ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။
၂။ Chanel
ခေါင်းအစ ခြေအဆုံး အလန်းစားဖက်ရှင်တွေ အမြဲထုတ်လေ့ရှိတဲ့ High Couture Brand: Chanel ကတော့ ကိုရီးယားနိုင်ငံမှာ Global Ambassadors အနေနဲ့ K-Pop Idols တွေကို ခန့်အပ်ထားတာပဲဖြစ်ပါတယ်။ K-Pop လောကရဲ့ Trend Setter တစ်ဦးဖြစ်တဲ့ G-Dragon ကလည်း Chanel ရဲ့ Global Ambassador တစ်ဦးဖြစ်သလို Karl Lagerfeld ကိုယ်တိုင် Chanel ရဲ့ ဖက်ရှင်ရှိုးပွဲတွေ ဖိတ်ကြားခြင်းခံရတဲ့ K-Pop Idol တစ်ဦးလည်းဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ Blackpink အဖွဲ့ဝင် Jennie ပါ။ သူမရဲ့ Chanel အပေါ်ရူးသွပ်မှုကို Chanel ဘက်က သိရှိခဲ့ပြီး မနှစ်က သူတို့ရဲ့ Spring Collection အတွက် Harper’s Bazaar ရိုက်ကူးမှုမှာ Muse အနေနဲ့ ရွေးချယ်ခြင်းခံခဲ့ရတဲ့သူတစ်ဦးဖြစ်ပါတယ်။
၃။ Tommy Hilfiger
Tommy Hilfiger လို့ဆိုလိုက်တာနဲ့ ကမ္ဘာတစ်ဝှမ်းက ကြိုက်နှစ်သက်ကြတဲ့ အမေရိကန် စတိုင် ဖက်ရှင်တွေကို အသားပေး ထုတ်လုပ်တဲ့ Brand ဆိုတာ အားလုံးပဲ သတိထားမိကြမှာပါ။ EXO ရဲ့ အဖွဲ့ဝင် Chanyeol ဟာဆိုရင် သူရဲ့ချောမောလှပတဲ့ မျက်နှာသွင်ပြင်ရယ် Designer တွေရဲ့ကြိုက်နှစ်သက်ကြတဲ့ အရပ်အမောင်းကိုလည်း ရရှိထားတာဖြစ်လို့ Designer တွေမျက်စိကျရတဲ့ K-Pop Idol တစ်ဦးလို့လည်းဆိုရမှာပါ။ သူရဲ့ဒီလိုမျိုး ကြည့်ကောင်းချောမောတဲ့ သွင်ပြင်လက္ခဏတွေကြောင့် Tommy Hilfiger က သူတို့ရဲ့ Fashion Show မှာ Chaneyol ကို ပါဝင်ပေးဖို့ တောင်းဆိုခဲ့တာပါ။ Chaneyol ဝတ်ဆင်ပေးပြီး show လျှောက်ပေးခဲ့တဲ့ ဒီဇိုင်းကိုတော့ သူတို့ရဲ့ Fashion Show တွေမှာ အကောင်းဆုံး ယောက်ျားလေး ဖက်ရှင်ဒီဇိုင်းမှာ တစ်ခုအပါအဝင်ဖြစ်တယ်လို့ သတ်မှတ်ခြင်း ခံခဲ့ရတာလည်းဖြစ်ပါတယ်။
၎။ Louis Vuitton (LV)
Luxury Brand လို့ပြောလိုက်ပြီဆိုရင် Louis Vuitton ကိုတော့ ချန်လှပ်ထားလို့ မရထားပါဘူး။ Louis Vuitton က မျက်စိအကျဆုံး K-Pop Idol ကတော့ Exo အဖွဲ့ဝင် Oh Sehun ပဲဖြစ်ပါတယ်။ Sehun ကတော့ ဘယ်နေရာ ဘယ်ပွဲကိုပဲ တက်ရောက်တက်ရောက် Louis Vuitton Brand ကို အမြဲဝတ်ဆင်လေ့ရှိတဲ့သူဖြစ်ပါတယ်။ Louis Vuitton ရဲ့ ပြင်သစ်မှာ ကျင်းပခဲ့တဲ့ Cruise 2019 Show မှာလည်း တက်ရောက်လာတဲ့ကြယ်ပွင့်များထဲ အကောင်းဆုံး ဖက်ရှင်လိုက်ဖက်ညီအောင် ဝတ်ဆင်နိုင်တဲ့သူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
၅။ Fendi
Fendi Brand အနေနဲ့လည်း တောင်ကိုရီးယားက ကြယ်ပွင့်တွေနဲ့ ပူးပေါင်းပြီး collaboration project တွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ K-Pop Idol တစ်ဦးဖြစ်တဲ့ GOT7 အဖွဲ့ဝင် Jackson နဲ့ Fendi ပူးပေါင်းပြီး limited velvet collection ကို ဂျူလိုင်လမှာ မိတ်ဆက်ခဲ့ပါတယ်။ GOT7 အဖွဲ့ဝင် Jackson ကိုယ်တိုင် ဒီဇိုင်းပိုင်းဆိုင်ရာ ကအစ အတူတူပါဝင်ပြီး ဒီ Fendi ရဲ့ Velvet Collection ကို ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ မေလ ၂၀၁၈ ခုနစ်မှာလည်း Fendiman ဆိုတဲ့နာမည်ရှိတဲ့ Collaboration ကို Fendi Brand နဲ့ လက်တွဲလုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၉ နှစ်စပိုင်းမှ စတင်ပြီး Fendi Brand ရဲ့ China Region Official Brand Ambassador အနေနဲ့ Jackson ကို ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။
၆။ Moschino
Moschino Brand ကို အမြဲလိုလို ဝတ်ဆင်တတ်လွန်းတတ်တာကြောင့် သူမကို တခြား Brand တစ်ခုကို ပြောင်းလဲ ရွေးချယ်ဖို့ သူမရဲ့ fan တွေကတောင် သတိပေးရတဲ့အခြေအနေပါ။ သူမကတော့ တခြားသူမဟုတ်ပါဘူး K-Pop လောကရဲ့ Trend Setter တွေထဲကတစ်ဦးအပါအဝင်ဖြစ်တဲ့ Former 2NE1 အဖွဲ့ဝင် CL ပဲဖြစ်ပါတယ်။ ထွက်ရှိပြီးထားတဲ့ Music Video အများစုမှာ CL ဝတ်ဆင်ထားတဲ့ ဖက်ရှင်ကို ပြန်လည်ကြည့်လိုက်မယ်ဆိုရင် အများစုက Moschino Brand ကဖြစ်ပြီး အဝတ်အစား ကအစ Fashion Accessories အဆုံးကို မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး CL အနေနဲ့ Moshino က ပြုလုပ်တဲ့ Fashion show တွေကိုလည်း တက်ရောက်လေ့ရှိသူတစ်ဦးပါ။
၇။ Off-White
Off-White Brand ကတော့ ကိုးရီးယားနိုင်ငံမှာ အတွေ့များတတ်တဲ့ ဖက်ရှင်မျိုးဖြစ်တဲ့ Streetwear ဖက်ရှင်ကို ထုတ်လုပ်ထားတဲ့ Fashion Brand ပဲဖြစ်ပါတယ်။ K-Pop Idol တွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေရဲ့ဖက်ရှင်မှာ Compliment တစ်ခုအနေနဲ့ Off-White Brand ကို ရွေးချယ်ပြီး ဝတ်ဆင်လေ့ရှိကြပါတယ်။ GOT7 အဖွဲ့ဝင် Mark ၊ Blackpink အဖွဲ့ဝင် Lisa ၊ BTS အဖွဲ့ဝင် Suga အစရှိတဲ့ K-Pop Idol တို့ဟာ Off-White ကို ရွေးချယ်ဝတ်ဆင်လေ့ရှိကြပါတယ်။
Editor: Eain Chu
LUSH DAILYlush fashionLUSH Magazine MyanmarLUSH September 2019
0
Facebook Twitter Google + Pinterest
Maeve
previous post
ချစ်သူသက်တမ်း နှစ်နှစ်အကြာမှာ လက်ထပ်လိုက်ပြီဖြစ်တဲ့ အဆိုတော် Ellie Goulding
next post
Saddlebag – Fashion Vocabulary
Recommended
Save Environment by Practicing 3Rs
March 7, 2019
Stress-busting foods
May 25, 2019
New Trendy Style of R&B star Mabel
November 18, 2020
Professional Drivers Move to Virtual Tracks
June 12, 2020
Festival Makeup Look for 2019
November 22, 2019
Selpink Collaboration
August 27, 2020
Tips and Tricks to Make Your Room Look...
June 4, 2020
Paris F/W 2020 Fashion Week Street Fashion
March 4, 2020
Binging on Books
June 19, 2020
Timeless Iconic Bag @ Dior Lady Art
January 13, 2021
What's your opinion?
INNER JOURNEY
  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။
    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ
    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………
    March 29, 2023
[soliloquy id="1259"]
ART and MUSIC
  • Remembering Chandler a.k.a. One of the greatest TV characters of all time
    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။
    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ
    December 30, 2020
[soliloquy id="1267"]
Footer Logo
@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem