Lush ရဲ့ စာဖတ်ပရိသတ်ကြီး အားလုံးပဲ မင်္ဂလာပါ။
ဒီနေ့ရဲ့ Bridal ကဏ္ဍလေးကနေပြီးတော့ Ines di Santo ဆိုတဲ့ ဒီဇိုင်နာ Bridal brand လေးရဲ့ Spring 2021 Bridal Couture Collection လေးအကြောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီ Ines di Santo ရဲ့ 2021 wedding collection dress လေးတွေကို ကြည့်လိုက်မယ်ဆိုရင် ညိှု့ယူဆွဲဆောင်စေတဲ့ လွှမ်းမိုးမှု အောက်မှာ ကျရောက်နေသလိုပါပဲ။ လက်ရာတိုင်းဟာ နှစ်သက်မက်မောက် ဖွက်ရာပါ။ အချစ် ၊ ဆန္ဒနဲ့ အလှတရားတွေအတွက် စိတ်အားထက်သန်မှုတွေကို ပေါ်လွင်စေတဲ့ အသေးစိတ် လက်ရာလေးတွေပဲ ဖြစ်ပါတယ်။ ချစ်ခြင်း အငွေ့အသက်တွေကို ဖော်ဆောင်ပေးမယ့် အသေးစိတ် ပန်းထိုးလက်ရာတွေကို ကြော့မော့စေတဲ့ ဂါဝန်ပုံစံတွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ လက်ရာတွေဟာ သတို့သမီးတွေရဲ့ သဘာဝအလှတရားတွေကို ရောင်ပြန်ဟပ်စေဖို့ပဲ ရည်ရွယ်ကာ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ “ငါ့ရဲ့ collection ကို ကြည့်လိုက်မယ်ဆိုရင် မင်း ခံစားနိုင်လိမ့်မယ်။ စိတ်ကူးယဉ် အိပ်မက်နဲ့ အလှတရားရဲ့ ပေါင်းစပ်မှုကို မြင်တွေ့စေချင်တယ်။ မင်းလဲပဲ ငါ့လိုမျိုး ငါ ဒီဇိုင်းတွေကနေ နှစ်သက်ကြည်နူးမှုကို ရစေနိုင်ဖို့ မျှော်လင့်မိပါတယ်။ “ ဆိုပြီး Ines di Santo က သူ့ဒီဇိုင်းလက်ရာတွေနဲ့ ပတ်သက်ပြီးပြောပြခဲ့ပါသေးတယ်။
Wedding dress တွေဟာ တကယ့်ကို နူးညံ့သိမ်မွေ့ပြီး မိန်းမဆန်မှုတွေကို ပေးစွမ်းနိုင်လှပါတယ်။ မှော်ဆန်ဆန် နတ်သမီးပုံပြင်တွေကို ကြိုက်နှစ်သက်တဲ့ သူ ဆိုရင်တော့ ဒီ ဝတ်စုံတွေနဲ့အတူတူ မှော်ဆန်ဆန် နှစ်သက်ကြည်နူးမှုတွေကို ဖန်တီးလိုက်ပါလို့ အကြံပေးလိုက်ပါတယ်။ နောက်ထပ်ကောင်းမွန်တဲ့ဖက်ရှင်ဆောင်ပါးလေးတွေတင်ဆက်ပေးဦးမှာမို့စောင့်မျှော်ပေးကြပါဦးနော်။
LUSH X Thi’s Fashion Alliances Collaboration
References https://www.arabiaweddings.com/tips/ines-di-santo-spring-2021-wedding-dresses https://www.inesdisanto.com/spring-2021-couture/ines-di-santo-spring-2021-bridal-couture