သင့်ရဲ့အိပ်ခန်းဟာ သင့်ရဲ့အရာလုံးအားလုံးကို ဖြေရှင်းပေးနိုင်ပါတယ်တဲ့။ ဒီစကားဟာ တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။ မိမိရဲ့ ကိုယ်ပိုင်အိပ်ခန်းလေးက မိမိအတွက်တော့ နိဗ္ဗာန်ဖြစ်စေတာပဲမဟုတ်လား။ နိဗ္ဗာန်ဖြစ်စေအောင် လုပ်ထားရင်ပေါ့လေ။ မိမိအိပ်ခန်းဟာ မိမိရဲ့ မောပန်းနွမ်းနယ်ခြင်းတွေကို အဆုံးမရှိဖြေဖျောက်ပေးနိုင်စွမ်းရာနေရာတစ်ခုပါ။ အပြင်ကနေ ပြန်လာပြီး စိတ်လွတ်ကိုယ်လွတ်ပစ်လှဲပစ်လိုက်လို့ရတာဟာ အိပ်ခန်းပါပဲ။ မြန်မာမိသားစုအများစုမှာ ကလေးတွေကို ကိုယ်ပိုင်အိပ်ခန်းနဲ့ပေးအိပ်တဲ့အလေ့သိပ်မရှိသေးပါဘူး။ နိုင်ငံခြားမှာတော့ကလေးတွေက ကိုယ်ပိုင်အခန်းလေးပိုင်ဆိုင်ကြပါတယ်။ သင်ရော သင့်ကိုယ်ပိုင်အိပ်ခန်းတစ်ခန်း ပိုင်ဆိုင်ဖူးလား။ ကြီးကျယ်ခမ်းနားလွန်းနေတဲ့ အိပ်ခန်းမျိုးလို့မဆိုလိုပါဘူး။ ဘယ်လိုအခန်းမဆိုပေါ့။ ကျွန်တော်ကတော့ အသက် ၁၃ နှစ်လောက်မှာ စပြီး ကိုယ်ပိုင်အိပ်ခန်းလေး ပိုင်ဆိုင်ဖူးပါတယ်။ သိပ်ကြီးကျယ်တဲ့အခန်းမျိုးတော့မဟုတ်ပါဘူး။ ပျင်ထောင်နံရံလေးနဲ့အိမ်လေးပေါ်က အခန်းလေးတစ်ခန်းပါ။
There is an interesting saying that your bedroom can solve a lot of your troubles. Your own bedroom can be your sanctuary and heaven. That is if you create it to be your sanctuary. It is a place to rest and regain your energy after a long day. Most Burmese families don’t have separate bedrooms for their children, unlike their western counterparts. Do you have your own bedroom as well? I am not talking about a big bedroom. I have my own bedroom at the age of thirteen. It was not very big, just a small room in a wooden house.
ငယ်ငယ်ကတည်းက ရုပ်ရှင်သရဲဖြစ်ခဲ့တာမို့ ရုပ်ရှင်တွေထဲမှာ ပါတဲ့ အိပ်ခန်းလေးတွေကို အရမ်းနှစ်သက်အားကျစိတ်ဖြစ်ခဲ့ဖူးပါတယ်။ ကိုယ်ပိုင်အခန်းလေးရလာတော့ ကိုယ့်စိတ်ကြိုက်တွေဆင်တယ်။ ကိုယ်ကြိုက်တဲ့ အဆိုတော်၊ ကိုယ်ကြိုက်တဲ့ မင်းသား၊ မင်းသမီး ပိုစတာတွေ ဝယ်ကပ်တယ်။ DIY အင်္ကျ ီချိတ်တွေ၊ DIY စာအုပ်စင်တွေလုပ်ထားတယ်။ လူငယ်တစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်အပြည့်ထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးတစ်ခုကို ဒီအခန်းလေးထဲကနေ စတင်ခဲ့ရတယ်လို့တောင်ပြောနိုင်ပါတယ်။ သိပ်ကြီးကျယ်ခမ်းနားတဲ့အခန်းမဟုတ်ပေမယ့်လည်း စိတ်ကျေနပ်မှုအပြည့်ပေးတဲ့အခန်းအဖြစ် အမှတ်ရနေဆဲပါပဲ။ စကားလမ်းကြောင်းကလည်း ရှည်လွန်းနေပါပြီ။ ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ မိမိအခန်းကို ဘယ်လို စတိုင်လ်တွေနဲ့ပြင်ဆင်ကြမလဲဆိုတာပါ။
I was a movie buff and always envied the bedrooms in the movies. When I had my own room, I decorated it to my heart’s content with posters of my favorite celebrities, DIY hangers, and bookshelves. You could say that I started my teenage journey with a backpack full of hopes and dreams from this bedroom. I still recall the room fondly even now. Anyway, I am rumbling too much. Let’s talk about how to decorate your bedroom in different styles.
ပထမဦးဆုံးသိထားရမှာကတော့ ကိုယ်တိုင်က ဘယ်အရောင်ကိုကြိုက်တာလဲ၊ ပြီးတော့ ဘယ်လိုစတိုင်လ်မျိုးတွေကို ကြိုက်တတ်တာလဲဆိုတာ လုံးဝသိနေဖို့လိုပါတယ်။ ကိုယ့်အကြိုက်ကို အတိအကျသိထားမှသာ ကိုယ့်စိတ်ကျေနပ်မှုအပြည့်ရှိမယ့် Paradise လေးတစ်ခုဖြစ်လာမှာပါ။
ဒီလို စတိုင်လ်တွေ၊ ကာလာတွေအကြောင်းကို ပြောဆိုရာမှာ ဆန်းကျယ်မှုတွေရှိပါတယ်။ ဆိုပါစို့ ကမ္ဘာကျော် Interior Designer တစ်ယောက်က ဖန်တီးထားတဲ့အခန်းတစ်ခန်း။ အပြစ်ပြောရက်စရာမရှိတဲ့အခန်း။ သူက သီအိုရီပိုင်းအရ တော်ကောင်းတော်ပါလိမ့်မယ်။ အများလက်ခံလောက်တဲ့ ဒီဇိုင်းမျိုး၊ ဖန်တီးမှုမျိုးကို ပြုလုပ်နိုင်ပါလိမ့်မယ်။ သို့ပေမယ့် ကျွန်တော့်အတွက် ကျွန်တော့်စိတ်ကြိုက်ဖြစ်ချင်မှဖြစ်မယ်။ ဆွဲဆန့်ရင် ဆွဲဆန့်သလောက်၊ အကျယ်ပြန့်ဆုံးသော အရာဟာ စိတ်ကူးပါပဲ။ ဒါကြောင့် ကမ္ဘာကျော်ရဲ့စိတ်ကူးနဲ့ သင့်စိတ်ကူးဟာ ထပ်တူကျနေဖို့မလိုအပ်ပါဘူး။ သင့်စိတ်ကူးက ကမ္ဘာကျော်ရဲ့စိတ်ကူးထက်လည်း ပိုကောင်းပိုနေနိုင်ပါတယ်။ ဒါလေးကို လက်ခံထားရင် သူ့အခန်းက မိုက်လိုက်တာ ငါ့အခန်းက မမိုက်ဘူးဆိုတာမျိုး အတွေးထဲကို ဝင်လာစရာအကြောင်းမရှိတော့ဘူးပေါ့။
Firstly, you need to know what your favorite color is and then, your style. You can fulfill your own paradise only if you know your taste. The choices of styles and colors are fascinating somehow. For example, there is a room decorated by a world-renowned interior designer. He is very well versed in design theory and his creations are well-loved by many people. Yet, it might not be the room you’ve imagined. Imagination can be stretched as wide as the ocean. That is why the imagination of famous design and yours need not be the same. Your ideas might even be better than the professional. If you accept that fact, you will not compare yourself with other people when decorating your bedroom.
ပြီးတော့ လူလွတ်တစ်ယောက်ရဲ့ အခန်းထက် ကိုယ့်မှာ Relationship တစ်ခုနဲ့အတူ ပုံဖော်ရမယ့် အခန်းမျိုးလားဆိုတာ ပြန်တွေးကြည့်ပါ။ တချို့က ကိုယ့်စိတ်ကြိုက်ပဲလုပ်တယ်။ မိမိ Partner ရဲ့ အယူအဆ အကြိုက်အလိုက်ကို လုံးဝမေ့ပစ်ထားတာမျိုးဖြစ်တတ်ပါတယ်။ မိမိ Partner တစ်ဦးနဲ့အတူ ဖြတ်သန်းရမယ့် နှစ်ဦးစလုံးပိုင်ဆိုင်တဲ့ အခန်းမျိုးဆိုရင် နှစ်ဦးစလုံးရဲ့ အကြိုက်တွေနဲ့ ထပ်တူကျဖို့လိုပါတယ်။ ဒါမှ အခန်းရဲ့ အပြင်အဆင် အရောင်အသွေးနဲ့ပတ်သက်ပြီး ပြဿနာဖြစ်ဖို့အကြောင်းမရှိမှာပါ။ ဒီကိစ္စကို ပေါ့သေးသေးတစ်ခုလို့ မထင်လိုက်ပါနဲ့။ အရမ်းအရေးကြီးပါတယ်နော်။ အခု bedroom တစ်ခုမှာ ရှိသင့်တာတွေ သုံးသင့်တာတွေကို အနည်းငယ် Inspire ဖြစ်စေအောင်၊ References ယူလို့ရအောင် အကြံအနည်းငယ်ပေးလိုက်ပါတယ်နော်၊၊
Instead of decorating the room just for yourself, you have to consider if you need to include your relationship in the equation. Some people just choose what they like while completely ignoring their partner. This is the room you will spend together with your partner so the decoration and colors need to cater to both of you. Do not brush it off as a trivial matter because it is very important. Below are some advises for necessities and inspirations for your bedroom.
Walls and Ceiling
နံရံနဲ့မျက်နှာကျက်။ နံရံက ဘယ်လောက်အရေးကြီးဆုံးလဲဆိုတာ ငြင်းဆိုစရာမရှိပါဘူး။ အရေးကြီးဆုံးကတော့ နံရံရဲ့အရောင်ပါပဲ။ နံရံအရောင်ရွေးချယ်မှုဟာ အခန်းတစ်ခန်းလုံးအတွက် အကျိုးသက်ရောက်မှုဖြစ်ပါတယ်။ ဘယ်လိုအရောင်ရွေးချယ်မလဲ။ အရောင်တစ်ခုတည်းမသုံးဘဲ ပေါင်းစပ်ကြည့်ဖို့လည်းလိုပါတယ်။ အလင်းရောင်တွေနဲ့ခင်းကျင်းပေးနိုင်ဖို့ အရောင်နုတာ၊ အဖြူဖက်များတာတွေကို ရွေးချယ်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ အဖြူအမည်းတွေရဲ့ ရောစပ်မှုအရသာကိုလည်း မေ့ကောင်းမေ့နေနိုင်ပါတယ်။ အဖြူအမဲရောစပ်ခြင်းရဲ့ တိတ်ဆိတ်ငြိမ်သက်မှုအသွင်ဆောင်တာတွေကို စဉ်းစားကြည့်ဖို့လည်းတိုက်တွန်းချင်ပါတယ်။
It is undeniable how important the bedroom’s walls are. The wall color is also very crucial and the choice affects the entire room. What color will you choose? You can use more than one color. If you prefer brightness to your room, you can choose softer and colors that have a lot of white in it. However, you can use lighter and darker colors together to create a feeling of solitude.
Lightings
မီးအိမ်တွေ၊ အိပ်ခန်းရဲ့ ဆွဲဆောင်မှုတွေထဲမှာ မီးအိမ်တွေပါဝင်ပါတယ်။ မီးရောင်ရဲ့ ကာလာတွေပါဝင်ပါတယ်။ Classic ဆန်တဲ့ အဝါရောင်သန်းတာတွေလား၊ Modernized ဖြစ်တဲ့ လင်းထိန်မှုတွေလားပေါ့။ ပြီးတော့ မီးအိမ်တွေမှာ ရယ်ဒီမိတ်အသင့်လာတဲ့ မီးအိမ်ပုံစံမျိုးစုံတွေ၊ DIY ဆန်ဆန်ပြုလုပ်ထားတဲ့ မီးအိမ်တွေရွေးချယ်စရာရှိပါတယ်။ သင့်ကရော ဘယ်လိုအရာကို ရွေးချယ်မှာလဲ။
အိပ်ခန်းတွေဟာ တစ်ဦးနဲ့တစ်ဦး တူညီမှုရှိနေမှာတော့ မဟုတ်ပါဘူး။ တချို့က ပြတင်းပေါက်နဲ့မြင်ကွင်းလှလှလေးတွေဖြစ်မယ်။ တစ်ချို့ဆို ပြတင်းပေါက်တောင်မရှိတဲ့အခါရှိမယ်။ ဒီတော့ အဲဒါတွေကို ပါ ထည့်တွက်ဖို့လိုပါလိမ့်မယ်။
နောက်ပိုင်းခေတ်စားလာတာ တစ်ခုက သစ်ပင်တွေပါ။ အခန်းတွင်းနေရာထိစရာမလိုတဲ့သစ်တွေ၊ နေရာအနည်းငယ်ရရုံနဲ့ ရှင်သန်နိုင်တဲ့သစ်ပင်တွေ၊ သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးတာဖြစ်လို့ သန့်ရှင်းတဲ့အခန်းတွင်းလေကို ရရှိစေတာလည်းဖြစ်ပါတယ်။
စိတ်ကူးထဲက အိပ်ခန်းလေးအတွက် အဆုံးအစမဲ့စိတ်ကူးပြီး ပြင်ဆင်ကြည့်လိုက်ပါ။
Lightings are one of the attractions of a bedroom. The colors of these lights play a huge part as well; yellow for a classic look and brighter white for a modern look. You can also choose readymade lamps or DIY designs. Take your pick!
No two bedrooms are alike. Some have a window with a beautiful view while others have no window. You need to put these factors into consideration.
Plants are becoming more popular as well. There are many such as those that do not take much space, need a little sun, take up carbon dioxide and release oxygen for a cleaner room.
You can start your dream bedroom now.
words by a el ti:
english translated by R.E.Saw