LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Fashion Perspective

Iconic Fashion in Years

written by Maeve November 8, 2019
Iconic Fashion in Years

ဖက်ရှင်ဆိုတာ အမြဲတမ်းပြောင်းလဲတိုးတက်နေတဲ့အရာ ဖြစ်ပြီးတော့ ခေတ်တစ်ခေတ်စီတိုင်း၊ နှစ်တစ်နှစ်စီတိုင်းမှာ ထူးခြားတဲ့ ဖက်ရှင်တွေ၊ထင်ရှားတဲ့ Style တွေနဲ့ Fashion Icon တွေကတော့ ရှိနေစမြဲပါ။ နှစ်တွေသာ ပြောင်းလဲသွားမယ် ထင်ရှားတဲ့ ဖက်ရှင်တွေနဲ့ Style Icon တွေကတော့ လူတွေ စိတ်ဝင်စား အမှတ်ရစရာ အဖြစ် အမြဲ ရှိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြောင်းလဲတိုးတက်လာတဲ့ ဒီနေ့ဖက်ရှင်လောကအတွက် Fashion Icon တွေဟာ တကယ့်ကို အရေးပါအရာရောက်သူတွေလည်း ဖြစ်ပါတယ်။ Fashion Icon တွေဆိုတာ သူတို့ရဲ့ ကိုယ်ပိုင်စတိုင်လ်၊ဖန်တီးမှုတွေနဲ့ ခေတ်တစ်ခေတ်မှာ ဖက်ရှင်ဆိုတာ ဘာလဲ လူတွေသိအောင် လုပ်ဆောင်နိုင်သူတွေပေါ့။ Fashion Icon တွေအကြောင်း ပြောပြီဆိုတာနဲ့ သူတို့ ထွင်ခဲ့တဲ့ Fashion Trend တွေနဲ့ လူတွေကြား ပေါက်ခဲ့တဲ့ သူတို့ရဲ့ဝတ်စုံတွေကို ချန်လှပ်ခဲ့လို့မရပါဘူး။ ဒီနေ့ခေတ် Fashion တွေရဲ့ အစဟာပြီးခဲ့တဲ့အတိတ်က ဖက်ရှင်တွေကနေ Inspiration နဲ့ တစ်ဆင့် ဆင်းသက်လာတာဖြစ်ပြီးတော့ အရင်ခေတ်က “It Girls” တို့ရဲ့စတိုင်လ်တွေဟာ အခုထက်တိုင် အကြံကောင်းတွေ ဖြစ်လာစေပါတယ်။ သင်က Fashionista တစ်ယောက် ဒါမှမဟုတ် Fashion နဲ့ပတ်သက်လို့ စိတ်ကူးကောင်းတွေ ဖြစ်ပေါ်လာစေဖို့ဆိုရင်တော့ ပြီးခဲ့သော ကာလတွေများဆီက ထင်ရှားခဲ့သလို ယခုထက်တိုင် လွှမ်းမိုးနိုင်ဆဲဖြစ်တဲ့ အမျိုးသမီး Fashion Icon တွေနဲ့ သူတို့ရဲ့ နာမည်ကျော် ဖက်ရှင်တွေ၊ ဝတ်စုံတွေအကြောင်း ကောင်းကောင်းသိထားဖို့လိုပါတယ်။

Fashion, which is always developing, has outstanding and prominent styles and icons in every year. As time flows, fashion style icons are always memorably written left in the heart of people. What’s more, is fashion icons paly the important roles in the developing fashion industry. Fashion icons can make themselves known and stand out by using their own styles and creations in a particular era. When it comes to fashion icons, we cannot leave out the well-known fashion trend and the costumes they created. The beginning of today’s fashions was inspired by the vintage fashions of the past and the style of “It Girls”, from the old days, is still a decent idea for fashion. It is very critical for you to digest the female fashion icons and their famous fashions and costumes, which can still influence so far if you are a fashionista or wannabe.

1-Gabrielle Bonheur @ Coco Chanel

 

Coco Chanel လို့ လူသိများတဲ့ Gabrielle Bonheur ဟာ အခုချိန်ထိ ထိပ်ဆုံးမှာ ရှိနေတဲ့ အမျိုးသမီး Fashion Icon တွေထဲက တစ်ယောက်ဖြစ်ပြီးတော့ သူမရဲ့ ရိုးရှင်းသေသပ်တဲ့ Less-is-more Fashion က ယနေ့ခေတ် ဖက်ရှင်လောကမှာပါ ထင်ရှားတဲ့ စတိုင်လ်တစ်ခုအနေနဲ့ ရှိနေပါတယ်။ Coco Chanel ရဲ့ သင်္ကေတ ရိုးရှင်းတန်းမြင့်တဲ့ စတိုင်လ်တွေဟာ ဒီဘက်ခေတ် Parda ၊Oscar de la Renta နဲ့ Helmut Lang တို့ဆီမှာပါ မြင်တွေ့နိုင်မှာပါ။ Chanel ဟာ တန်းမြင့် Luxury Lifestyleဘက်ကို သွားတယ်ဆိုပေမယ့် Coco Chanel ရဲ့ ခေတ်မှာတော့ ဖက်ရှင်ဆိုတာ သက်တောင့်သက်သာရှိမှုနဲ့ အသက်ရှုချောင်မှု၊ရိုးရှင်းလှပမှုကို ဦးစားပေးထားတာ တွေ့ရပါတယ်။ Coco Chanel ရဲ့ ဖက်ရှင်တွေက ၁၉၂၀ ခုနှစ်များမှာ ရေပန်းစားခဲ့ပြီးတော့ ဒီနေ့ထက်တိုင် Inspired ယူစရာ ဖက်ရှင်အနေနဲ့ ရှိနေဆဲပါ။

Gabrielle Bonheur, also known as Coco Chanel, is one of the top fashion icons today and her neat and simple less-is-more Fashion is still standing prominent in today’s fashion world. You can also see the simple and high-standard styles an be seen in today’s Prada, Oscar de la Renta and Helmut Lang. Though Chanel is heading toward the Luxuries, in the time of Coco Chanel, Comfort and simple beauty are highlighted. Coco Channel’s fashions became popular in the 1920’s and still inspiring until today.

2-Audrey Hepburn

တကယ်ကို လှပချောမောပြီး Fashionista တစ်ယောက်ဖြစ်တဲ့ Audrey Hepburn ကို သူမရဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “Breakfast at Tiffany’s” ဇာတ်ကားနဲ့ တော်တော်များများ သိကြမှာပါ။ သူမကို ဟောလီးဝုဒ် ရုပ်ရှင်လောက ရွှေခေတ်ဖြစ်နေစဉ်က စစ်မှန်ရှားပါးတဲ့ ရတနာလို့ တင်စားခေါ်ဝေါ်ကြပြီးတော့ Audreyဟာ Academy Award ကို ပထမဦးဆုံး ရရှိခဲ့တဲ့ အမျိုးသမီး သရုပ်ဆောင်ဖြစ်ပါတယ်။ Fashionista တစ်ယောက်အဖြစ် သူမရဲ့ ခေတ်မှာ နာမည်ကျော်ခဲ့တဲ့ Audrey ရဲ့ Iconic Fashion လို့ဆိုလိုက်တာနဲ့ အနက်ရောင် လက်ပြတ် ကိုယ်ကြပ်ဝတ်စုံကိုပြေးမြင်မိကြမှာပါ။ ရိုးရိုးရှင်းရှင်း ဖန်တီးထားတဲ့ အဲဒီဝတ်စုံဟာ Givenchy က ဖြစ်ပြီးတော့ ပုလဲလည်ဆွဲ သုံးတန်းကြိုးရယ်၊မျက်မှန်ခပ်ကြီးကြီးရယ်၊စိန်နားကပ်ရယ်၊ Sleek Updo နဲ့ Cigarette Holder အရှည်ကို ကိုင်ထားတဲ့ သူမရဲ့ ပုံစံက လူတွေကို ဒါ Audrey Hepburn ရဲ့ Iconic Fashion လို့ မှတ်မိစေခဲ့ပါတယ်။

A truly gorgeous Fashionista, Audrey Hepburn, was known for her famous movie “Breakfast at Tiffany’s”. She was called “a true jewel” in the golden time of her Hollywood day and she is the first actress to receive the Academy Award. Fashionista in her days, Audrey’s black tight dress was a very iconic fashion. Her icon was the simple dress of Givenchy, a three-lined-pearl necklace, big sunglasses, diamond earrings with a Sleek Updo and holding the cigarette holder. People remember this is Audrey’s iconic fashion.

3-Elizabeth Taylor

မျက်တောင်ထူထူတွေ၊ဆံပင်ပုံစံ ခပ်ပွပွ ဖောင်းဖောင်းတွေနဲ့ စိန်လည်ဆွဲတွေက Elizabeth Taylor ရဲ့ ဖက်ရှင်အကြောင်းပြောရမယ်ဆိုရင် မပါမဖြစ်ပါ။ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး..၇၀ ခုနှစ်များဆီက သူမရဲ့ ခပ်ထူထူ မိတ်ကပ်ပြင်ဆင်မှုတွေ၊ လည်တိုင်အလှကို ပေါ်လွင်စေတဲ့ ဝတ်စုံတွေ၊သိုးမွှေးခြုံထည်တွေနဲ့ အမြင်အာရုံကို ဖမ်းစားစေတဲ့ Headpiece တွေက Elizabeth Taylor ရဲ့ Fearless Fashion ကို ပို အသက်ဝင်စေခဲ့တာပါ။ Elizabeth Taylor ရဲ့ Fashion တွေကို ကြည့်မယ်ဆိုရင် ထင်ရှားပေါ်လွင်နေပြီး သူ့ခေတ်သူ့အခါတုန်းက သူမတူတဲ့ တန်းမြင့်ဖက်ရှင်တွေကို ဝတ်ဆင်ခဲ့သူလို့ ဆိုနိုင်ပါတယ်။

When we happen to talk about Elizabeth Taylor’s fashion, the thick lashes; fluffy hair and diamond necklace are the must. They are not all. Her compact makeup, the dress that revealed the neck, woolen shawl and the eye-catchy headpieces from the 1970’s made her fearless fashion alive. Her fashions were so flagrant that she is said to wear the high standard ones.

4-Grace Kelly

Grace Kelly ရဲ့ Iconic Fashion ကတော့ Sophisticated  ဖြစ်ပြီး ဘယ်ချိန်ကြည့်ကြည့် ပြန်လည်ဝတ်ဆင်လို့ရတဲ့အထိ ခေတ်မှီနေဆဲဖြစ်ပါတယ်။သူမရဲ့ မိန်းမဆန်တဲ့ ဝတ်စုံတွေနဲ့ သေချာ ဖန်တီးချုပ်လုပ်ထားတဲ့ Tailored-made Dress တွေဟာ Grace Kelly ကို Fashionista တစ်ယောက်အဖြစ် ထင်ရှားစေခဲ့ပါတယ်။ဒါ့အတွက်လည်း Hermes’ ကနေ သူတို့ရဲ့ အိတ်ဒီဇိုင်းတွေက တစ်ခုကို “Kelly Bag” လို့ ပြန်လည် အမည်ပေး ရောင်းချခဲ့ပြီး အိတ်အလုံးရေပေါင်းများစွာ ရောင်းချခဲ့ရပါတယ်။

The iconic fashion of Grace Kelly was sophisticated and it can be attired all the time. Her feminine dresses and specially tailored-made dresses put Grace Kelly in the life of a Fashionista. Therefore, Hermes’ named their bags “Kelly Bag”s and sold out for many numbers.

5- Jacqueline Kennedy Onassis

Kennedy ရဲ့ စတိုင်လ်တွေကတော့ ရိုးရှင်းပြီး တော်ဝင်ဆန်သလို အမေရိကရဲ့ သမိုင်းမှာ အလေးစားရဆုံးအမျိုးသမီးတွေထဲက တစ်ယောက်အဖြစ် လူတွေ ချစ်ခင်ကြတဲ့ သူမရဲ့ ဖက်ရှင်တွေဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ အမျိုးသမီး Fashion Icon တွေကို အများစုက စိတ်ဝင်တစားနဲ့ စောင့်ကြည့်လာချိန်မှာ Jacqueline Kennedy Onassis က သူမရဲ့ ဖက်ရှင်တွေနဲ့ ကိုယ်စားပြုလာသလို သူမရဲ့ Signature Style ဖြစ်တဲ့ Pillbox Hat ၊ Long Coat ၊ Chanel Suit တွေနဲ့ သက်တန့်ရောင်စုံ ဝတ်စုံတွေက လူတွေကြားမှာ အမှတ်ရစေခဲ့ပါတယ်။ သူမရဲ့ Style က ဘယ်လောက်ထိ လွှမ်းမိုးနိုင်လဲဆိုရင် Kennedy ရဲ့ Suit Fashion ကို တုပပြီး Moschino တို့၊Fendi နဲ့ Kate Spade တို့က တစ်ကျော့ပြန် ဝတ်စုံတွေ၊Accessories တွေကို ထုတ်ခဲ့တာလည်း တွေ့ရမှာပါ။

Kennedy’s style was simple, royal and world-known, and she was one of the most idolized women in American History.  While the woman’s fashions were being watched interestingly, Jacqueline Kennedy Onassis represented her fashions and her signature styles: Pillbox Hat, Long Coat, Chanel Suit and Rainbow colored dress, became significant. Her styles were so popular that Moschino, Fendi and Kate Spade imitated Kennedy’s suit fashion and remade dresses and accessories.

6-Princess Diana 

Princess Diana ဟာဆိုရင်လည်း သူမရဲ့ တော်ဝင်စတိုင်လ် ဝတ်စားဆင်ယင်မှုတွေနဲ့ ပတ်သက်ပြီး Iconic ဖြစ်တဲ့သူတစ်ယောက်ပါ။ ရိုးရှင်းပြီး တော်ဝင်ဆန်တဲ့ Minimalism ဘက်ကို အသားပေးတဲ့ သူမရဲ့ ဖက်ရှင်တွေမှာဆိုရင် ပခုံးလျှောဝတ်စုံတွေ၊ကုတ်တွေ၊Monochoromic ဖြစ်တဲ့ Suit တွေနဲ့ လက်ကိုင်အိတ်တွေ၊ပုလဲဆွဲကြိုးတွေကို အများဆုံးဝတ်ဆင်တာ တွေ့ရမှာ ဖြစ်ပါတယ်။

Princess Diana was also iconic for her royal attires. Simple, royal and minimal fashion of hers were the loosen shoulder dresses and coats, Monochromic suits and bags, pearl necklaces, and they were worn most.

7-Jane Birkin

နာမည်ကျော် အဆိုတော်နဲ့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ Jane Birkin ရဲ့ နောက်ဆုံးစာလုံးဖြစ်တဲ့ Birkin ကိုတော့ အမျိုးသမီး တော်တော်များများ မျက်မှန်းတန်းမိမှာပါ။ ဘယ်မှာ မြင်ဖူးနေကျလဲဆိုရင်တော့ Hermes’  က ထုတ်တဲ့ Birkin Bag ဆိုတဲ့ နာမည်မှာပေါ့။ တကယ်တော့ ကမ္ဘာပေါ်မှာ နာမည်ကြီးပြီး လူကြိုက်များသလို ဈေးတန်းအနေနဲ့ ဒေါ်လာ ၁၅၀၀၀၀ နဲ့ အထက် တန်ဖိုးရှိတဲ့ Hermes’ ရဲ့ Birkin Bag တွေဟာ သူမဆီကနေ အခြေခံလာတာပါ။ Straw Bag တွေ၊ Crop Top တွေ၊ ခပ်ပွပွ Boyfriend ရှပ်တွေ၊ဂျင်းဘောင်းဘီအောက်နားပွပွတွေနဲ့ စတိုင်လ်ထုတ်ထားတဲ့ သူမရဲ့ ဖက်ရှင်ဟာ ဒီနေ့ခေတ်အထိ လွှမ်းမိုးနေဆဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်ကောင်မလေးတွေ ဝတ်ကျတဲ့ပုံစံတော်တော်များများဟာ Jane Birkin ရဲ့ Fashion တွေအပေါ်ကနေ အများကြီး ဆင်းသက်လာတယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။

Every woman will be familiar with the word Birkin, which is the last name of a famous singer and star “Jane Birkin”. To be exact, it is always on the Birkin Bags from Hermes’. In fact, the popular, $150,000 and above valued Hermes’ Birkin Bags are grounded on Jane Birkin. Her straw bags, crop tops, baggy boyfriend shirts, bell jeans are still influencing today. It will not be wrong if it is said that today’s girls’ fashion styles are derived from Jane Birkin’s.

8-Diana Ross

တလက်လက်တောက်ပနေတဲ့ ဘော်ကြယ်တွေ၊စီးကွင့်တွေ မပါရင် Diana Ross ရဲ့ စတိုင်လ်လို့ ပြောလို့မရလောက်အောင်ပါပဲ။ ဦးထုပ်တွေ၊အင်္ကျ ီတွေနဲ့ Catsuits တွေကအစ သူမစတိတ်ပေါ်မှာ ဝတ်တဲ့ ဝတ်စုံတွေအဆုံး Diana ရဲ့ ဖက်ရှင်တွေဟာ သူ့ခေတ်သူ့အခါမှာ ဘယ်သူမှ လိုက်မမှီလောက်အောင်ကို ထူးခြားလှပဆန်းသစ်ပါတယ်။ပရိသတ်တွေအတွက် အထူးမှတ်မိနေစေတာကတော့ စတိတ်စင်ပေါ်မှာ သူမဝတ်ဆင်တဲ့ ဝတ်စုံတွေပါ။

We can say that it is a fake Diana Ross’s without twinkling spangles and sequins. Diana’s fashion including all her hats, dresses, catsuits and the performing costumes were incredible and unbelievable in her time. Her fans always remember the suits and costumes she wore on the stage.

9-Marilyn Monroe

Monroe လို့ဆိုလိုက်တာနဲ့ကို ဖက်ရှင်လောကရဲ့ ညှို့အားပြင်း Fashionista တစ်ယောက်ကို တန်းမြင်မိမှာပါ။Monroe ရဲ့ ငွေရောင်ပိတ်သားထက်က ချစ်စရာအမူအရာတွေသာမကပဲ သူမရဲ့ အပြင်လောကက ဖက်ရှင်တွေဟာ သူမကို Fashion Icon တစ်ယောက်ရယ်လို့ လူတွေသတိထားမိအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ Monroe ရဲ့ Style တွေထဲမှာ ပခုံးပြတ်အင်္ကျ ီတွေ၊ ခါးမြင့်ဘောင်းဘီတွေ၊ စကတ်တွေ၊တလက်လက်တောက်နေတဲ့ အဝတ်အစားတွေ၊One-Piece Bathing Suit တွေနဲ့Pinup Style တွေ ပါဝင်ပါတယ်။ ဒေါ်လာ ၅.၆  မီလီယမ်တန်ဖိုးရှိတဲ့ နို့နှစ်ရောင် Cocktail Dress အကားလေးကတော့ သူမရဲ့ နာမည်ကျော် ဝတ်စုံပေါ့။

When we heard about Monroe, we will visualize an obsessive Fashionista from the fashion world. Not only Monroe’s acting on the silver screen, and also her cute expressions from the outside world, made her become a fashion icon. The sleeveless dresses, high-waist pants, and skirts, glittering clothes, one-piece bathing suits, and Pinup styles were Monroe’s icons. The famously flying white halter dress, which cost $ 6.5 M, was her legendary symbol.

10-Twiggy 

အသက် ၁၇ နှစ်မှာတည်းက ဖက်ရှင်လောကရဲ့ ဇာတ်လိုက်ဖြစ်လာတဲ့ Twiggy ဟာ ၆၀ ခုနှစ်များမှာ မဂ္ဂဇင်းတွေ၊ ကြော်ငြာတွေမှာ ဆက်တိုက်ဆိုသလို နေရာယူထားခဲ့တဲ့ မော်ဒယ်လ်တစ်ဦးပါ။ အောက်မျက်တောင် ထူထူထင်းထင်း၊ဆံပင်ခပ်တိုတိုနဲ့ Twiggy ရဲ့ ဖက်ရှင်တွေကို ကြည့်ရင် ၆၀ ခုနှစ်များဆီက “It Girls” ပုံစံကို ပေါ်လွင်စေပြီး ဖက်ရှင်အပြောင်းအလဲမှာ ရှေ့ပြေးဖြစ်စေတဲ့ စတိုင်လ်တွေကိုတွေ့ရမှာပါ။ ဆွယ်တာ၊မီနီစကပ်တွေ၊လိုင်းစင်ဆွယ်တာဂါဝန်တွေ၊ရောင်စုံ အသားကပ်ခြေအိတ်တွေနဲ့ အရောင်သွေးစုံတဲ့ Bold Dress တွေ၊ Accessories တွေက Twiggy ရဲ့ Iconic Fashion မှာ မပါမဖြစ်အနေနဲ့ ရှိခဲ့ပါတယ်။ Retro Fashion ကို ကြိုက်တဲ့ ကောင်မလေးတွေအတွက်တော့ Twiggy ရဲ့ စတိုင်လ်တွေက နမူနာယူစရာပါ။

A main character of fashion since her 17, Twiggy has been a fashion star that took an official position in magazines and adverts in the 1960s. The fashion of thick lashes, short-haired Twiggy was evident and obvious about “It Girls” from the 1960s and was up to date. Sweaters, mini skirts, Stripy woolen frocks, colorful stockings, and bold dresses, and accessories were the musts in Twiggy’s Iconic Fashion. Twiggy’s Styles are examples for the girls who enjoy retro fashion.

words by Su Yi Htet

Translated by Okkar Thin

Audrey HepburnCoco ChanelLUSH Fashion PerspectiveLUSH Magazine MyanmarLUSH November 2019LUSH September 2019Marilyn Monroe
1
Facebook Twitter Google + Pinterest
Maeve

previous post
Makeup creation of four famous female stars from their movies
next post
Disney နဲ့ ပူးပေါင်းပြီး Frozen 2 Collection ထုတ်လုပ်လိုက်တဲ့ ColourPop

Recommended

Fashion ကိုစိတ်ဝင်စားတဲ့သူတွေကြည့်သင့်တဲ့ Netflix ရဲ့ Next in Fashion

February 17, 2020

BAPE founder NIGO နဲ့ LV ရဲ့ artistic director...

July 2, 2020

Victoria Secret’s First Transgender Model Valentina Sampaio

August 5, 2019

Back In Fashion From The 70’s & 80’s

April 10, 2020

လူစိတ်ဝင်စားမှု များနေတဲ့ Dior x Nike Air Jordan 1...

July 8, 2020

Paris F/W 2020 Fashion Week Street Fashion

March 4, 2020

Burberry’s Carbon Neutral FW20 Show

February 19, 2020

Street Fashion at Milan Fashion Week FW2020

February 28, 2020

Limited Edition Branded Bags

March 28, 2019

Paris Men’s Fashion Week မှ အမိုက်စား Street Style...

January 21, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem