ဖက်ရှင်လောကမှာအကောင်းတကာ့အကောင်းဆုံးက ဘယ်သူလဲဆိုတဲ့ မေးခွန်းကို တိကျတဲ့ အဖြေဘယ်သူမှပေးနိုင်မှာမဟုတ်ပါဘူး။ ဒီဇိုင်နာတစ်ယောက်ခြင်းစီရဲ့ နှစ်ခြိုက်မှုတွေဟာ နှိုင်းယှဉ်လို့မရနိုင်တဲ့အတွက်ကြောင့် ကျွန်မတို့ဟာဖက်ရှင်လောကမှာ တမူထူးခြားပြီးပြိုင်ဖက်ကင်းတဲ့ပညာရှင်တွေကိုသာ ရွေးချယ်ဂုဏ်ပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မတို့ LUSH ရဲ့ဖက်ရှင်အယ်ဒီတာတွေရဲ့ရွေးချယ်မှုကို စိတ်ဝင်စားမယ်လို့မျှော်လင့်မိပါတယ်။ ဒီဖက်ရှင်ဒီဇိုင်နာတွေဟာဖက်ရှင်လောကမှာ သူ့ခေတ်သူ့အခါနဲ့ သက်ဆိုင်ရာနယ်ပယ်မှာ လွှမ်းမိုးခဲ့သူတွေဖြစ်တယ်ဆိုတာ သင်လည်းလက်ခံမယ်လို့ထင်မိပါတယ်။
‘Who is the best of the best in the fashion world?’ is the question that no one could give a definite answer. Since tastes from different designers are not comparable we decided to do a tribute to the most iconic and unique geniuses in fashion of all time. We hope you find our LUSH fashion editor’s selections interesting and creative. These fashion designers dominated in their respective field and era in the fashion world and we hope you can agree with our editor’s choices.
1. Alexander McQueen
Alexander Mc Queen ဟာ 1992 မှာသူ့ရဲ့ကိုယ်ပိုင် brand ကိုစတင်မထုတ်ခင် သူ့ရဲ့အပ်ချုပ်စွမ်းရည် အတတ်ပညာနဲ့ နာမည်ကြီး brand တွေဖြစ်တဲ့ Anderson & Shepherd, Barmans နဲ့ Nathans and Romeo Gigli တို့မှာလုပ်ကိုင်ခဲ့ပါတယ်။ McQueen ဟာသူရဲ့တမူထူးခြားတဲ့ fashion နဲ့ ခမ်းနားတဲ့ဒီဇိုင်းတွေကြောင့် နာမည်ကြီးပါတယ်။ သူရဲ့ပြိုင်ဖက်ကင်းတဲ့ dramatic style ဒီဇိုင်းတွေဟာသူရဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်တဲ့ လမ်းတစ်လျှောက်မှာ သူ့ရဲ့ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခုဖြစ်ဖို့ လမ်းခင်းပေးပါတယ်။ McQueen ဟာ သူ့ရဲ့အလုပ်အတွက် လန်ဒန်ကနေမီလန်ကိုထွက်ခွာခဲ့ပြီး သူ့ကိုယ်ပိုင်ဘဝတည်ဆောက်ပြီး ဖက်ရှင်လောက ကလူတွေကို အံ့အားသင့်စေခဲ့ပါတယ်။“အရာတိုင်းမှာအလှတရားရှိပါတယ် သာမန်လူတွေ ရုပ်ဆိုးတယ်လို့ ယူဆထားတဲ့အရာကိုကျွန်တော့်အနေနဲ့ အဲဒီအရာထဲကနေ အလှတရားတစ်စုံတစ်ရာ ရှိနေတယ်လို့ ကျွန်တော်အမြဲမြင်တယ်” ဆိုတဲ့ပြောစကားကိုကြည့်ခြင်းအားဖြင့် Alexander Mc Queen ရဲ့ဖက်ရှင်လောက အပေါ်ယုံကြည်မှုကိုမြင်တွေ့နိုင်ပါတယ်။
Alexander McQueen worked on his tailoring skills at the amazing fashionable names like Anderson & Shepherd, Barmans & Nathans and Romeo Gigli before launching his own brand in 1992. McQueen was known for his iconic fashion and extravagant design. His unique and dramatic style of designing paved his way to be his signature in his independent work along the way. McQueen then left London for a short stint in Milan and McQueen took his own life, shocking the fashion world and everyone. And here is his believe in fashion world, “I think there is beauty in everything. What ‘normal’ people would perceive as ugly, I can usually see something of beauty in it.” – Alexander McQueen
“Mc Queen” collection ဟာလည်း သူ့ရဲ့ကျောင်းဆင်းပွဲ project အတွက် အစွမ်းကုန်ဖန်တီးခဲ့တဲ့ collection ဖြစ်တဲ့ “Jacker the Ripper” ရဲ့အငွေ့အသက်ကိုယူထားတဲ့ “Jack the Ripper stalks His Victims” လို့အမည်ရတဲ့ Collection ရဲ့ဟန်အတိုင်းထုတ်လုပ်ထားပြီ အဲဒီ collection ဟာ fashion လောကထဲသို့ နာမည်ကျော်ကြားစွာ ဝင်ရောက်လာခဲ့နိုင်ဖို့ အကြောင်းရင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။ McQueen ဟာလည်း လန်ဒန်က stylist တွေကြားမှာနာမည်ရလာခဲ့ပါတယ်။ သူ့ရဲ့ရဲ့ဝံ့ဝင့်ကြွားတဲ့စတိုင်နဲ့ စွဲမက်ဖွယ်ရှိုးပွဲတွေဟာ ဖက်ရှင်လောကကို အတော်လေးလှုပ်ခတ်နိုင်ခဲ့ပါတယ်။
The collection ‘McQueen’ was produced as the culminating project of his degree or graduation collection was inspired by Jack the Ripper, the collection named “Jack The Ripper Stalks His Victims” and it was famously brought into the fashion industry and ‘McQueen’ became well-known among London stylists. His bold styles and fascinating shows inspired and wowed the world of fashion, and his legacy lives on.
သူ့ရဲ့အမွေအနှစ်တွေဟာ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ကာလရှည်ကြာစွာ အတူလက်တွဲခဲ့တဲ့ တွဲဖက်ဒီဇိုင်နာ Surah Burton က ယခုလက်ရှိမှာလည်ပတ်ဆဲဖြစ်တဲ့ Alexander Mc Queen brand ကို ဆက်လက်တာဝန်ယူ လုပ်ကိုင်ခဲ့ ပါတယ်။ 2011 ခုနှစ်မှာ New York မှာရှိတဲ့ Metropolitan အနုပညာပြတိုက်မှာ McQueen ရဲ့လက်ရာ တွေကိုစုစည်းပြသတဲ့ပြပွဲတစ်ခုပြုလုပ်ပြီး McQueen ရဲ့ဖက်ရှင်လောကကိုထောက်ပံပေးမှုတွေကို ဂုဏ်ပြု ပေးခဲ့ပါတယ်။ သူ့ရဲ့အနီးကပ်ရင်းနီးသူတွေရဲ့အပြောအရသူဟာအောင်မြင်တဲ့ဒီဇိုင်နာတွေရဲ့ရှေးရိုးစွဲပုံတွေ ကနေ ဖောက်ထွက်ရတာကို ဂုဏ်ယူနေသူတစ်ယောက်ပါ။ McQueen ရဲ့ Fashion style တွေဟာ စိတ်ကူး ယဉ်ဆန်ပြီး စိတ်ခံစားမှုတွေနဲ့ ဖန်တီးထာပြီး ခေတ်သစ်ဖက်ရှင် အတွေးအမြင်တွေကိုပေါင်းစပ်ထားတဲ့ အတွက်ကြောင့် သူ့ကိုပြိုင်ဖက်ကင်းတစ်ယောက်ဖြစ်စေပြီး တစ်ကမ္ဘာလုံးရဲ့တမ်းတလွမ်းဆွေးမှုကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
Longtime co-designer Sarah Burton took over the still-operating Alexander McQueen brand, and McQueen’s contribution to fashion was honored by a 2011 exhibition of his creations at the Metropolitan Museum of Art in New York City. According to those who knew him closely, McQueen was proud of breaking the traditional mold of a successful designer. McQueen’s style of fashion shows romantic, and emotional yet combining the modern fashion ideology which made him so unique and mourned by the whole world.
2. Christian Dior
ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့သူတစ်ယောက်ကသူ့ရဲ့အလှတရားအပေါ်အမြင်ကို သိမ့်မွေ့ကြော့ရှင်းတဲ့ အဝတ်အစားတွေကတဆင့် အမျိုးသမီးတွေဆီသို့ဆောင်ကြဉ်းပေးခဲ့ပါတယ်။ ကမ္ဘာတစ်လွှားမှာ French Luxury ရယ်လို့ဆိုလိုက်တာနဲ့ သူအမည်နဲ့ပဲယှဉ်တွဲပြီးမြင်မိကြရလောက်အောင်ပါပဲ။ Christian Dior ကသူ့ရဲ့ပထမဦးဆုံး collection ဖြစ်တဲ့ “New Look” ကို1947 ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ Christian Dior ဟာသူ့ရဲ့ပထမဆုံးရိူးပွဲမှာ သူ့ရဲ့ collection တွေကို တစ်ခုချင်းစီကို အသေးစိတ်ဂရုတစိုက်တည်ဆောက်ထားတဲ့ ဆောက်အဦးတွေလိုမျိုး ဖန်တီးချုပ်လုပ်ခဲ့ပါတယ်။
The man who set out to be an architect, ended up offering women his vision of beauty through elegant lines. His name eventually becoming synonymous with French luxury all around the world. Christian Dior launched his first collection called “New Look” in 1947. From his first show, Christian Dior designed his collections which look alike painstakingly structured and intelligently thought-out buildings.
သူဟာအလယ်ရာစုဖက်ရှင်လောကရဲ့လမ်းကြောင်းကိုအရင်းအမြစ်ကနေ ပြောင်းလဲခဲ့ပြီး ပြင်သစ်စစ်ပွဲအလွန်မှာတန်ဖိုးကြီးအသုံးအဆောင်တွေနဲ့ပတ်သတ်ပြီး အတွေးအမြင်သစ်တွေကို ကမ္ဘာကိုချပြခဲ့ပါတယ်။ ကြိုးပျောက်ကိုယ်ကြပ်ဘော်လီ၊ ခေါင်းလောင်းပုံစကပ်၊ ပခုံးအဝိုင်းနဲ့ ဗိုက်ချပ်အကျီတွေဟာ Dior ရဲ့ ဖန်တီးမှုတွေကို အခြားသူတွေနဲ့မတူညီပဲကွဲထွက်စေခဲ့ပါတယ်။ “New Look” ဟာ ဖက်ရှင်လောကအတွက် တစ်ခေတ်ပြောင်းလဲ လွှမ်းမိုးမှုဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ဗိသုကာပညာနောက်ခံနဲ့ Dior ဟာသူရဲ့အမြင်တွေကို တင့်တယ်ပြေပြစ်တဲ့ ဗိသုကာဆန်ဆန် အမျိုးသမီးအသုံးအဆောင်တွေကနေတဆင့် လက်ခံစေခဲ့ပါတယ်။
He radically changed the direction of mid-century fashion, bringing the world a new idea of luxury from post-war Paris. Bustier bodices, bell-shaped skirts, rounded shoulders and cinched waists made Dior’s work different and irreverent.” New Look”, went on to become a revolutionary influence within the fashion industry. With his architect background, Dior has continued to impose its vision through elegant, architectural and endlessly feminine lines.
Dior ဟာ တစ်ကမ္ဘာလုံးကို လှုပ်ခတ်စေခဲ့ပြီး Dior brand ကိုသူတာဝန်ယူ အုပ်ချုပ်နေစဉ် ကာလအတွင်း ထုတ်လုပ်ခဲ့တဲ့ collection တွေအကုန်လုံး ဟာနာမည်ကြီးတွေဖြစ်ခဲ့ပါတယ်။ “အမျိုးသမီးတွေဟာ ဘဝမှာပြိုင်ပွဲတွေကိုအနိုင်ယူပြီး သူတို့ကိုယ်တိုင် ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာ သိမြင်သွားတဲ့အရွယ် အသက်၃၅ နဲ့ ၄၀ ကြားမှာ ညှိုု့ယူဖမ်းစားနိုင်ဆုံး ဖြစ်ပါတယ်။ အသက်လေးဆယ် ကျော်သွားတဲ့အခါမှာတော့ ညှို့အားတွေက ကန့်သတ်မရှိမြင့်မားဆုံးဖြစ်လာတာပေါ့” လို့ Christian Dior ကဆိုခဲ့ပါတယ်။
Dior took the world by storm, never producing an unpopular collection during his administration as the head of Dior brand. As he said, “Women are most fascinating between the ages of 35 and 40 after they have won a few races and know how to pace themselves. Since few women ever pass 40, maximum fascination can continue indefinitely.” ― Christian Dior
သူ့ရဲ့ကလေးဘဝကအရာတွေကလည်း သူ့ကိုလွှမ်းမိုးခဲ့ပါတယ်။ ပန်းတွေ အရောင်တွေနဲ့ ပန်းချီပညာတွေက Dior ရဲ့ အစဉ်အဆက် အမွှေအနှစ်တွေကို တည်ဆောက်တဲ့နေရာမှာအထောက်အကူပြုခဲ့ပါတယ်။ သူခံယူထားတဲ့ တာဝန်ကတော့ သူ့ဖောက်သည်အမျိုးသမီးတွေကို ပိုမိုလှပအောင်လုပ်ပေးဖို့သာမကပဲ သူတို့ရဲ့အိမ်မက်တွေကိုအကောင်ထည်ဖော်ပေးဖို့ ပျော်ရွှင်အောင်လုပ်ပေးဖို့လည်းဖြစ်ပါတယ်။ ယနေ့အခါမှာ ကမ္ဘာတစ်ဝန်းမှာ Dior ဆိုင်ခွဲပေါင်း 160 ကျော်လောက်ဖွင့်လှစ်ထားပါတယ်။
He had many other influences, during his childhood: flowers, colors and art all helped in their own way in building a legacy that the House of Dior upholds. His mission was not only to make his clients, indeed all women more beautiful, but also to make them happy, to help them dream. And today, Dior owns and runs around 160 or so different boutiques across the world.
3. Christian Louboutin
Christian Louboutin ကို 1963 ခုနှစ်မှာပြင်သစ်မှာမွေးဖွားခဲ့ပါတယ်။ သူဟာအသက် ၁၆ နှစ်အရွယ်မှာကျောင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာကြောင့် ထူးချွန်တဲ့ဖိနပ်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Charles Jordan ဆီမှာအလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ၂ နှစ်ကြာပြီးတဲ့နောက် ၁၉၉၀ ခုနှစ်မှာတော့ သူ့ရဲ့ကိုယ်ပိုင်အမျိုးသမီးဖိနပ်လုပ်ငန်းကို စတင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၃ ခုနှစ်မှာသူ့ရဲ့ သမိုင်းတွင်လောက်တဲ့အနီရောင်အောက်ခံနဲ့ ဖိနပ်တွေကိုထုတ်လုပ်ခဲ့ပါတယ်။
Christian Louboutin was born in France in 1963. He was expelled from school at age 16 and started working for the brilliant shoe designer Charles Jourdan two years later. Louboutin started launching his own line of women’s shoes in the early 1990. He then, added his legendary red soles in 1993.
“ကျွန်တော့်ရဲ့လက်ထောက်က အဲဒီနားမှာထိုင်ပြီးလက်သဲနီ အနီရောင်ဆိုးနေတာကို ကျွန်တော်တစ်ချက်ကြည့်လိုက်ပြီး ကျွန်တော်အဲဒီရာသီအတွက်ထုတ်မယ့် ဖိနပ်တွေရဲ့အောက်ခံကို အနီရောင်လုပ်မယ် လို့ဆုံးဖြတ်လိုက်တယ်” Louboutin က Footwear News ကိုပြောပြခဲ့တာပါ။ “ဘုရားရေ.. အနီရောင်ဖိနပ်အောက်ခံတွေက အရမ်းကလက်တာပဲလို့ကျွန်တော်တွေးမိတယ် ကျွန့်တော့်ရဲ့ဖောက်သည်တွေကတော့မရပ်ပစ်ဖို့ပြောခဲ့တယ်”။ သူ့ရဲ့အနုပညာဆန်ပြီး sexy ကျတဲ့ဖိနပ်တွေဟာ Monaco မြို့ရဲ့မင်းသမီး Caroline ကိုဖမ်းစားနိုင်ခဲ့ပြီး သူ့ရဲ့ပထမဦးဆုံးဖောက်သည်ဖြစ်လာခဲ့ပါတယ်။ Madonna ဟာလည်း သူ့ရဲ့အန္တရာယ်များလှတဲ့ဒေါက်မြင့်ဖိနပ်တွေကိုသူမရဲ့ဗီဒီယိုအချို့မှာဝတ်ဆင်ခဲ့တာကြောင့် Louboutin ကို တစ်ကမ္ဘာလုံးကိုမိတ်ဆက်ပေးရာမှာအကူအညီတစ်ရပ်ဖြစ်ခဲ့ပါတယ်။
“My assistant was sitting there, painting her nails red. I took one look and decided to color my soles red as a statement for the season,” Louboutin told Footwear News. “I thought, ‘Oh my god! Red soles are so flirtatious,’ and my customers asked me not to stop.” His artistic yet sexy shoes soon attracted the likes of Princess Caroline of Monaco, one of his early customers. Madonna wore his dangerously high heels in some of her videos, helping to introduce the world to Louboutin.
“ဖိနပ်ဆိုတာဒီဇိုင်းသက်သက်သာမဟုတ်ပါဘူး သင့်ရဲ့ခန္ဓာကိုယ်ဘာသာစကားရဲ့တစိတ်တဒေသလည်းဖြစ်ပါတယ်။ သင့်ရဲ့လမ်းလျှောက်ပုံလမ်းလျှောက်နည်း သင်ရဲ့လှုပ်ရှားပုံတွေကိုသင်စီးတဲ့ဖိနပ်ကပူံဖော်ပေးပါတယ် ” – Christian Louboutin
Louboutin brand ဟာကျွန်မတို့ရဲ့ အနှစ်သက်ဆုံး brand တစ်ခုဖြစ်လာခဲ့ပြီး သူရဲ့နှစ်သက်ဖွယ် ပြိုင်ဖက်ကင်းဖိနပ်တွေဟာ ကျွန်မတို့လိုချင်တောင့်တမက်မောရတဲ့အရာဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးစီးဖိနပ်တွေအပြင် Louboutin ဟာဖက်ရှင်လောကမှာချဲ့ထွင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာလက်ကိုင်အိတ်တွေ၊ ၂၀၁၁ မှာအမျိုးသားစီးဖိနပ်တွေအပြင် လက်သဲနီ နှုတ်ခမ်းနီနဲ့ရေမွှေးတွေလဲမိတ်ဆက်ပေးခဲ့ပါတယ်။ Louboutin ဟာ Alexander Mc Queen, Lavin, Victor & Rolf, Roland Mouret နဲ့ Jean Paul တို့လိုဒီဇိုင်နာတွေနဲ့လည်း ပူးပေါင်းလုပ်ကိုင်မှုတွေလဲရှိခဲ့ပါတယ်။ Louboutin ဟာ Saint Laurent ရဲ့ ဖက်ရှင်ရှိုးပွဲမှာနောက်ဆုံး Runway အတွက် ကြိုးသိုင်းဖိနပ် collection ကိုလည်း ဖန်တီးပေးခဲ့ပြီး အဲဒါဟာ နောက်ဆုံးမှာအနီရောင်ဖိနပ်အောက်ခံကို အမှတ်သင်္ကေတတစ်ခုဖြစ်စေဖို့ တရားဝင်တိုက်ပွဲဆီကို ဦးဆောင်သွားစေခဲ့ပါတယ်။
“A shoe is not only a design, but it’s a part of your body language, the way you walk. The way you’re going to move is quite dictated by your shoes.”- Christian Louboutin
The Louboutin brand has become one of our favorites and his wonderful and unique shoes are all we want and dream for. In addition to women’s shoes, Louboutin has expanded his reach in fashion: handbags in 2003, men’s shoes in 2011 and has also introduced his nail polish, lipstick and fragrances. Louboutin has collaborated with a number of designers including Alexander McQueen, Lanvin, Victor & Rolf, Roland Mouret and Jean Paul Gaultier. Louboutin designed the sandals for Saint Laurent’s final runway collection, which eventually led to a legal battle regarding trademarking over the red soles of the shoes.
4. Coco Chanel
” ဇိမ်ခံပစ္စည်းမှန်ရင်သက်တောင့်သက်သာရှိရမယ်။ အဲလိုမှမဟုတ်ရင်ဇိမ်ခံပစ္စည်းမဟုတ်ဘူး” ကျွန်မတို့ကိုရိုးရှင်းတဲ့ အနက်ရောက်ဝတ်စုံအတို (little black dress- LBD) တွေကို ဖန်တီးပေးခဲ့တဲ့မိန်းမတစ်ယောက်ဆီက ဒီစကားထက်ဘယ်စကားကမှ ပိုသင့်လျော်မှာမဟုတ်တော့ပါဘူး။ Coco Channel ကိုပြင်သစ်နိုင်ငံ Saumur မြို့မှာ ၁၈၈၃ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ သူမရဲ့ဘယ်တော့မှမရိုးနိုင်တဲ့ ဒီဇိုင်းတွေ trademark suits နဲ့ အနက်ရောင်ဝတ်စုံ LBD) တွေကြောင့် သူမဟာလူသိများရခြင်းဖြစ်ပါတယ်။
“Luxury must be comfortable, otherwise it is not luxury.” No quote could be more appropriate from the woman who gave us the little black dress. Coco Chanel born August 19, 1883, in Saumur, France, Coco Chanel is well-known for her timeless designs, trademark suits, and little black dresses.
Chanel ဟာ ၁၉၁၀ မှာ သူမရဲ့ပထမဦးဆုံး အကျီဆိုင်ကိုမဖွင့်ခင်မှာ အဆိုတော်အဖြစ်အချိန်အနည်းငယ်လုပ်ကိုင်ခဲ့ပါသေးတယ်။ ၁၉၂၀ မှာတော့ သူမရဲ့ပထမဦးဆုံးရေမွှေးကိုစတင်ထုတ်လုပ်ပြီး Chanel တံဆိပ်ဝတ်စုံတွေနဲ့ အနက်ရောင်ဝတ်စုံတွေကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ သူမဟာအချိန်အခါနဲ့ စိတ်နေစိတ်ထားတွေကိုမှန်ကန်စွာ ဖတ်နိုင်ပြီးဘယ်သူမှမလုပ်ခင်ပြောင်းလဲမှုတွေကို စတင်လုပ်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမက Fashion ရေစီးကြောင်းအတွက်တကယ့်အပြောင်းအလဲပါပဲ။ ဒါပေမဲ့ အမြဲတမ်း မူရင်းဖန်တီးသူတော့မဟုတ်ပါဘူး။ ရိုးရှင်းအထက်တန်းကျမှု လုပ်ငန်းဆိုင်ရာကျွမ်းကျင်ပြည့်စုံမှုအပေါ်မှာမပြောင်းလဲတဲ့ရည်မှန်းချက်နဲ့ ပစ္စည်းတွေရဲ့အရည်အသွေးစတာတွေဟာ Coco channel ရဲ့ designer ဘဝတစ်လျောကိပုံဖော်ပေးတဲ့ ဥပဒေသတွေကိုကိုယ်စားပြုတဲ့အချက်တွေပဲဖြစ်ပါတယ်။
Chanel once became a singer for a short period before opening her first clothes shop in 1910. In the 1920’s, she launched her first perfume and introduced the Chanel suit and the little black dress. She has the ability to read the times and the moods correctly and usually make changes before anyone else did. She was a true catalyst for fashion change, but not always a very original creator. The luxury of simplicity; the insistence on perfection of workmanship and quality of materials, represented the principles that illuminated Coco Chanel’s entire designing life.
“မိန်းကလေးတစ်ယောက်က အထက်တန်းကျကျနဲ့ခမ်းနားနေသင့်တယ်” Coco Channel
သူမရဲ့ “little black dress” က 20 ရာစုကအမျိုးသမီးငယ်တွေရဲ့ Fashion အမြင်ကိုပြောင်းလဲပေးခဲ့ပြီး ဖက်ရှင်လောကကို တစ်ခေတ်ဆန်းစေခဲ့တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ Channel ကိုကမ္ဘာတစ်လွှားက Fashion မှာကျော်ကြားတဲ့ဦးဆောင်သူတစ်ယောက်အဖြစ်အသိအမှတ်ပြုခဲ့ကြပါတယ်။
“A girl should be two things: classy and fabulous.” – Coco Chanel
I believe her “little black dress” has changed the fashion taste of young woman during the 20’s and since then revolutionized the world of fashion. Chanel was recognized as one of the great fashion leaders throughout the globe.
5. Vivienne Westwood
ဒီကာလတွေမှာ Vivienne ရဲ့ စံပြုထားသူဟာ Punk နဲ့ ပေတီးပေစုတ်ကလေးလေးတွေကနေ အထက်တန်းလွှာတွေကို တုပသရော်ထားတဲ့ Tatler မော်ဒယ်မိန်းကလေးတွေရဲ့ဝတ်စားဆင်ယင်မှုကိုပြောင်းလဲခဲ့ပါတယ်။ Punk ရဲ့ Godmother လို့လူသိများတဲ့ Viviene Westwood ဟာ ကမ္ဘာပေါ်မှာ အများတကာနဲ့မတူ ဟောဟောဒိုင်းဒိုင်း ဒီဇိုင်နာတစ်ယောက်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ ၁၉၇၀ နှောင်းပိုင်းကာလတွေမှာ punk rock ဂီတတွေခေတ်စားခဲ့တာကြောင့် Vivienne ရဲ့အစောပိုင်းကာလဒီဇိုင်းတွေကို အဲဒီဂီတကပုံဖော်ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူမရဲ့ Fashion တွေဟာ နာမည်ကြော်ကြားလာခဲ့ပါတယ်။အရှိန်အဝါကြီးမားတဲ့ ဆိုင်တွေကလည်း သူမရဲ့နာမည်ကိုပြောင်းလဲခဲ့ပြီး Westwood ထုတ်လုပ်ခဲ့သမျှ collection တွေနဲ့ ဆိုင်ကိုခင်းကျင်းခဲပြီး Punk ရေစီးကြောင်းနဲ့ romantic wave အသစ်ကိုဦးဆောင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာတော့ Westwood ဟာ သူမရဲ့အမှတ်သင်္ကေတ collection တစ်ခုကိုထုတ်လုပ်ခဲ့ရာမှစပီး သူမရဲ့ အပြင်းစား Anglomania collection နဲ့ ဖက်ရှင်လောကိုအံအားသင့်နှစ်သက်ကျေနပ်စေခဲ့ပါတယ်။
During this period Vivienne’s hero’s changed from punks and ragamuffins to ‘Tatler’ girls wearing clothes that parodied the upper class. Vivienne Westwood is well known as the godmother of punk and is considered one of the most unconventional and outspoken fashion designers in the world. In the late 1970’s, the punk rock movement was shaped by Westwood’s early designs and since then, her fashion started to gain popularity. The highly influential shop changed its name and décor with every collection Westwood released, and leading both the punk trend and the new romantic wave. In 1981, Westwood launched her signature collection and has since continued to shock and amuse the fashion world with her hard-core Anglomania.
ဖက်ရှင်ဟာ အင်္ဂလိပ်နဲ့ ပြင်သစ်အကြား အတွေးအမြင်တွေကိုပေါင်းစပ်ဖလှယ်ထားတဲ့လို့ Westwood ကယုံကြည်ပါတယ် အင်္ဂလိပ်ဖက်မှာဆိုရင်ချုပ်လုပ်နည်းနဲ့အတိူင်းအတာတွေရှိပြီး ပြင်သစ်ဖက်မှာဆိုရင်တော့ ဒီဇိုင်းရဲ့ခိုင်မာမှုနဲ့အချိုးအစားကိုဘယ်တော့မှစိတ်မကျေနပ်ပဲ အမြဲတမ်းတစ်ခုခုကို ပိုကောင်းအောင် လုပ်ဆောင်နိုင်မယ်ဆိုတဲ့အတွေးရှိကြပါတယ်။ Westwood ဟာဆိုင်ပေါင်းများစွာ ဖွင့်လှစ်ထားပီး အမျိုးသားဝတ် collection နှစ်မျိုးနဲ့ အမျိုးသမီးဝတ် collection သုံးမျိုးကိုနှစ်စဉ်ထုတ်လုပ်တဲ့အပြင် သတို့သမီးဝတ်စုံ၊ ဖိနပ်၊ အမျိုးသားခြေစွပ်နဲ့အတွင်းခံတွေ၊ မျက်မှန်နဲ့မျက်ကပ်မှန်တွေ၊ ပုဝါ၊ လည်စည်း၊ သိုးမွှေးထည်၊ အလှကုန်နဲ့ရေမွှေးတွေကိုလဲထုတ်လုပ်ပါတယ်။
Westwood’s believes that fashion is a combination and exchange of ideas between France and England; “On the English side we have tailoring and an easy charm, on the French side that solidity of design and proportion that comes from never being satisfied because something can always be done to make it better, more refined.” Westwood operates numerous boutiques and produces two menswear and three women’s wear collections annually as well as bridal clothes, shoes, hosiery, eye wear, scarves, ties, knitwear, cosmetics, and perfumes.
“ဖက်ရှင်လောကမှာကျင်လည်နေတဲ့ တစ်ခုထဲသောအကြောင်းပြချက်ကတော့ ကမ္ဘာကြီးနဲ့တစ်ပြေးညီဖြစ်နေတာကိုဖျက်ဆီးပစ်ဖို့ပါပဲ။ အဲလိုမှမလုပ်ရရင် ကျွန်မအတွက်စိတ်ဝင်စားစရာ ဘာမှမရှိလို့ပါ” လို့ Vivienne ကဆိုပါတယ်။ Westwood ဟာ OBE ဘွဲ့ပေးအပ်ခံရပြီးသူကောင်းပြုခြင်းခံရပေမယ့်လည်း Buckingham နန်းတော်ကို အမျိုးသမီးဝတ် အတွင်းခံဘောင်းဘီတိုကိုဝတ်ဆင်ခြင်းမရှိဘဲ နှစ်ကြိမ်တိုင်တိုင် တက်ရောက်ခဲ့တာကိုကြည့်ခြင်းအားဖြင့် သူဟာ ဂုဏ်ထူးရာခံတွေကို လက်ခံမက်မောခြင်းမရှိတာကိုသက်သေပြလိုက်သလိုပါပဲ။
Vivienne says: “The only reason I’m in fashion is to destroy the word ‘conformity’. Nothing’s interesting to me unless it’s got that element.” Westwood was honored with an OBE and then by being made a Dame — although she proved she had not quite joined the establishment by turning up to Buckingham Palace both times wearing no knickers.