High Fashion and Streetwear whose yardsticks’ gone nebulous
Paris Fashion Week ရဲ့ ၂၀၂၀ ခုနှစ် Spring Summer ရာသီ ရှိုးပွဲတွေ ကျင်းပပြီးစီးခဲ့တာ ၂ လ ကျော်ရှိခဲ့ပါပြီ။ ဖက်ရှင် ရက်သတ္တပတ်တွေတိုင်း ၃-၄ နှစ်အတွင်း အရှိန်အဟုန် နဲ့ ဆက်လက် စီးဆင်းနေတာကတော့ High Fashion House တွေရဲ့ Streetwear Aesthetics တွေပဲဖြစ်ပါတယ်။ High Fashion House တွေရဲ့ ကြီးကျယ်တဲ့ အစဉ်အလာ သမိုင်းတွေနဲ့ လူချမ်းသာတွေရဲ့ ပြယုဂ်တစ်ခုလို့ သတ်မှတ်ချက်တွေကနေ ရုတ်ချည်းဆိုသလို လူငယ်ဆန်တဲ့ လွတ်လပ်ပြီး တော်လှန်ရေးဆန်တဲ့ Streetwear ပုံရိပ်တွေအဖြစ်ပြောင်းလဲ လာတာက Louis Vuitton, Dior, Prada, Gucci နဲ့ Versace တို့ အပြင် Chanel အထိပါ သက်သေထူနေပါတယ်။
It’s been over 2 months that Spring, Summer collection shows of Paris Fashion 2020 has been held. What makes fine progress in Fashion weeks within 3 or 4 years is Street Wear Aesthetics of High Fashion Houses. It has proven that they are changed from their splendid and grand recognition to free and Casual Revolutionary Street wears such as Louis Vuitton, Dior, Prada, Gucci, Versace, and even Chanel.
တစ်ချိန်က လူငယ်တွေနဲ့ မဆိုင်သလို ရှိခဲ့တဲ့ High Fashion Show ပွဲတွေနဲ့ အဝတ်အစား အသုံးအဆောင် အိတ်တွေဟာ အခုအချိန်မှာ ဖက်ရှင်ချစ်တဲ့ လူငယ်တိုင်းနဲ့ သက်ဆိုင်တဲ့ အရာတွေအဖြစ် ပြောင်းလဲ လာပါတယ်။ Streetwear ဆိုတဲ့ အရာကို High Fashion ဘရန်းတွေ က သီးသန့်ဆီ အဓိပ္ပာယ်ဖွင့်ဆိုနေကြပါတယ်။ ဒီ ဆောင်းပါးမှာ High Fashion နဲ့ Streetwear ရဲ့ကြားက ပေါင်းစည်းမှုတွေကို LUSHer တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။
High Fashion Shows and clothes and bags those once were nothing to do with youngsters have changed to things that are to do with them. Streetwear is being defined only by High Fashion brands. In this article, you will experience the collaboration of High Fashion and Streetwear.
High Fashion နဲ့ Streetwear ပေါင်းစည်းမှု ဆိုတဲ့ ခေါင်းစဉ်ကို ကြားတာနဲ့ ဖက်ရှင်ချစ်သူ လူငယ်တွေတိုင်းက “Supreme” နဲ့ “Louis Vuitton” ရဲ့ collaboration ဖြစ်တဲ့ Fall Winter 2017 ကို အမြဲတမ်း အမှတ်ရနေကြမှာပါ။ တကယ်လည်း Supreme နဲ့ Louis Vuitton ရဲ့ ပူးပေါင်းမှုက ဖက်ရှင်လောက တစ်ခုလုံးရဲ့ Streetwear Perspective ကို ချိုးကွေ့စေခဲ့တဲ့ Turning Point တစ်ခုဆို မမှားပါဘူး။ ဒီ collection ကို အကောင်အထည်ဖော်ခဲ့သူက ယခု Dior Homme မှာ creative director အဖြစ်တာဝန်ယူနေတဲ့ Kim Jones ပဲဖြစ်ပါတယ်။
Young fashionistas will recognize Fall/Winter 2017, which is a collaboration of “Louis Vuitton” and “Supreme”, once they hear the collaboration of High Fashion and Streetwear. The collaboration actually became a turning point that made the streetwear perspective of the whole fashion world. Kim Jones, who is a creative director of Dior Homme currently, established this collection.
ဒါပေမဲ့ Supreme x Louis Vuitton မတိုင်ခင် နှစ်တွေကတည်းက Streetwear ရဲ့ အငွေ့အသက်၊ Streetwear အရသာကို High Fashion Brand တွေက ထည့်သွင်းနေခဲ့ကြသလို Big Name မဟုတ်ပေမဲ့လည်း အလျဉ်းသင့်သလို Collaboration တွေလည်း ဖန်တီးနေခဲ့တာပါ။ ဥပမာ ၂၀၀၄ ခုနှစ်က နာမည်ကြီး Rap အဆိုတော် Pharrell Williams နဲ့ ဂျပန် Streetwear Brand တစ်ခုဖြစ်တဲ့ A Bathing Ape ရဲ့ Founder ဖြစ်သူ Nigo တို့ ပူးပေါင်း ဒီဇိုင်းဆွဲ ဖန်တီးခဲ့တဲ့ နာမည်ကြီး နေကာမျက်မှန် Louis Vuitton Millionaire လို ဖန်တီးမှုတွေ၊ ၂၀၀၇ ခုနှစ် က FENDI x Baby Milo collaboration၊ နောင်တစ်ချိန်မှာ Yeezy ဖိနပ်လိုင်း နဲ့ အောင်မြင်မှုတွေ ရလာတဲ့ Kanye West နဲ့ Louis Vuitton ရဲ့ ၂၀၀၉ ခုနှစ်က ဖိနပ် collaboration တွေ၊ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပြည်တွင်းမှာကော ပြည်ပမှာပါ လူကြိုက်များခဲ့တဲ့ Givenchy ရဲ့ Rottweiler collection စတဲ့ အရာတွေက High Fashion နဲ့ Streetwear ကို ပေါင်းစည်းစေဖို့ လမ်းစတွေပဲဖြစ်ပါတယ်။
However, years before that collaboration, the sense, and taste of streetwear have been included in High Fashion Brands and despite being a Big Name, the collaborations have occasionally been created. For instance: the famous Louis Vuitton Millionaire sunglasses created by Rap singer Pharrel Williams and Nigo, the founder of a Japanese streetwear brand “a bathing ape”, FENDI and Baby Milo collaboration in 2017, Kayne West who will later be successful for his Yeezy shoes and Louis Vuitton’ 2009 shoes collaboration, Givenchy’s Rottweiler collection which got well known in or out of the country in 2011. They are all the beginnings of the collaboration of High Fashion and Streetwear.
Supreme နဲ့ Louis Vuitton ရဲ့ collaboration မတိုင်ခင် လပိုင်းအတွင်းမှာပဲ Louis Vuitton က Streetwear လောကရဲ့ Godfather လို့ ဆိုကြတဲ့ Fragment ရဲ့ ဒီဇိုင်နာဖြစ်သူ Hiroshi Fujiwara နဲ့ collaboration လုပ်ခဲ့ပါသေးတယ်။ ၂၀၁၇ ခုနှစ်က Streetwear နဲ့ Luxury ရဲ့ ပူးပေါင်းမှုတွေရဲ့ အကြီးမားဆုံး အစတစ်ခုလို့ဆိုနိုင်ပြီး အဲ့ဒိနှစ်မှာပဲ High Fashion လောက နဲ့ Street Fashion လောကအတွက် အအောင်မြင်ဆုံး ဖိနပ်တစ်ရံဖြစ်တဲ့ Balenciaga ရဲ့ Triple S ဖိနပ်ကို မိတ်ဆက်ခဲ့တာပါ။ Triple S ဖိနပ် ရဲ့ ရှေးခေတ် Vintage Retro Sneakers တွေကို Inspire ပြီး ထုတ်လုပ်ထားတဲ့ Dad Shoes, Chunky Sneakers အိုင်ဒီယာက ဖိနပ်လောက တစ်ခုလုံးကို ယခုအထိ လွှမ်းမိုးနေဆဲပဲဖြစ်ပါတယ်။ ဒါ့အပြင် Gucci က စတင်ခဲ့တဲ့ Streetwear Brands တွေရဲ့ aesthetics မျိုးဖြစ်တဲ့ Logo တံဆိပ်ရိုက်နှိပ်ထားတဲ့ အဝတ်အစား Trend ဟာလည်း Fashion House တိုင်းလိုလို မဖြစ်မနေပါရမဲ့ Ready To Wear ဖြစ်ရတဲ့အထိ ရိုက်ခက်ခဲ့တာလည်းဖြစ်ပါတယ်။
Months before the collaboration of Louis Vuitton and Supreme, L.V has also made a collaboration with Hiroshi Fujiwara, said to be a Godfather of streetwear and the designer of Fragment. 2017 was said to be the head start of the collaboration and Triple S by Balenciaga, the most successful shoes of High Fashion and Streetwear, was introduced in that year too. Triple S was inspired by the vintage retro sneakers ideas such as Dad Shoes, Chunky Sneakers, which are still influencing the whole shoe world. Furthermore, clothing trends with logos on, which Gucci started, became a must ready-to-wear in every Fashion House.
Streetwear အပေါ် Luxury Brands တွေက အာရုံစိုက်လာတာနဲ့ အမျှ သူတို့ Brand တွေ အပေါ် အာရုံစိုက်လာတဲ့ ဝယ်ယူသူ အမျိုးအစားတွေကလည်း တိုးများလာပါတော့တယ်။ စစ်တမ်းတွေအရ ၂၀၁၇ ခုနှစ်မှာ Luxury Brands တွေရဲ့ စီးပွားရေး တိုးတက်မှုနှုန်းရဲ့ ၈၅ ရာခိုင်နှုန်းဟာ Generation Z နဲ့ Millennials တွေကြောင့်လို့ဆိုထားပါတယ်။ အထူးသဖြင့် Turning Point လို့ဆိုရမဲ့ Supreme x Louis Vuitton collaboration တစ်ခုလုံးမှာ ဘာမှ မကျန်အောင်ကို ဝယ်ယူအားပေးခဲ့တာ လူငယ် customer တွေချည်းပဲဖြစ်ပါတယ်။ ဒီလို အကြောင်းရင်းတွေကြောင့်လည်း High Fashion Brand တွေဟာ Streetwear ကို ဦးစားပေးလာကြတာဆိုတာ မှားမယ်လို့ မထင်ပါဘူး။
The more luxury brands focus on streetwear, the more customers enjoy and purchase their brands. According to surveys, in 2017, 85% of the economic growth of luxury brands is because of Generation Z and Millennials. Especially, the young fashionistas bought all at the L.V x Supreme collaboration in this turning point. Therefore, High Fashion Brands prioritize street wears.၂၀၁၈ ခုနှစ် မေလမှာတော့ ဖက်ရှင် industry တစ်ခုလုံး လှုပ်ခါ သွားစေမဲ့ ဆုံးဖြတ်ချက်တစ်ခုကို Luxury Brands အမြောက်အများကို ပိုင်ဆိုင်တဲ့ကုမ္ပဏီကြီးဖြစ်တဲ့ LVMH က ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ Dior Homme ကို ပြောင်းရွှေ့သွားတဲ့ Louis Vuitton ရဲ့ Creative Director Kim Jones နေရာမှာ ၂၀၁၇ ခုနှစ်တွေနဲ့ ၂၀၁၈ ခုနှစ် အစပိုင်းတွေမှာ အလွန်အမင်း အောင်မြင်နေတဲ့ off-White ရဲ့ ဒီဇိုင်နာဖြစ်သူ Virgil Abloh ကို Creative Director အဖြစ်တာဝန်ပေးခဲ့တာပဲဖြစ်ပါတယ်။
In May 2018, a decision that shook the whole fashion industry was made by LVMH, which owns any luxury brands. That is assigning Virgil Abloh, who is successful for his off-White at the start of 2017 and 2018, as the creative director of Louis Vuitton in the place of Kim Jones who moved to Dior Homme.
နာမည်ကြီး ဒီဇိုင်နာ ၂ ယောက်ရဲ့ ရွှေ့ ပြောင်းမှုနဲ့ အတူတူ ၂၀၁၉ ခုနှစ် Spring Summer Paris Fashion Week ကလည်း အလွန်တရာ မြိုင်ဆိုင်ခဲ့ပြီး ဒီဇိုင်နာ ၂ ယောက်လုံးက High Fashion, Luxury ဒီဇိုင်နာလောကကို မတူညီတဲ့ ရှုထောင့် ၂ ခုကနေ Street ဆန်ဆန် တင်ပြခဲ့ပါတယ်။ Virgil Abloh က Louis Vuitton မှာ မမြင်ဖူးခဲ့တဲ့ Color Spectrum, Fashion Show Dictionary အပြင် off-White Virgil Abloh ရယ်လို့ ဖြစ်လာစေခဲ့တဲ့ celebrity သူငယ်ချင်းတွေနဲ့ အတူတူ Louis Vuitton ကို အသွင်သစ်ဖန်တီးပြခဲ့သလို Kim Jones ကလည်း နာမည်ကြီး Streetwear နဲ့ Jewelry ဒီဇိုင်နာ YOON , Alyx studios ရဲ့ ဒီဇိုင်နာ Matthew Williams တို့ အပြင် Streetwear Scene ရဲ့ အကြီးမားဆုံး artist တစ်ယောက်ဖြစ်တဲ့ KAWS နဲ့ ပါ ပူးပေါင်းပြီး Spring Summer 2019 ဖက်ရှင်ရှိုးကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပ ခဲ့ပါတယ်။
With the moves of two well know designers, Paris Fashion Week Spring/Summer 2019 was so prosperous and both designers presented Street wears among the High Fashion and Luxury industry. Virgil Abloh innovated new color spectrums and fashion show dictionary in L.V with his celebrity friends and Kim Jones held a very grand Spring/Summer fashion show 2019 with YOON, a popular streetwear designer, and Matthew Williams, designer Alyx studios, KAWS, the greatest artist of streetwear scene.
၂၀၁၇-၂၀၁၈-၂၀၁၉ ဆိုတဲ့ ၃ နှစ်အတွင်းမှာ Fashion Trend တွေ အမျိုးမျိုးပြောင်းလဲ ခဲ့ပေမဲ့ High Fashion အပေါ် လွှမ်းမိုးခဲ့တဲ့ Streetwear, Street Fashion ရဲ့ လောင်းရိပ်ကတော့ အရှိန်အဟုန် မြှင့်နေဆဲပါပဲ… Gucci ကတော့ သူတို့ ရဲ့ Printed Leather တွေကို Customize လုပ်ပြီး တစ်ခေတ်တစ်ခါက နာမည်ကြီး Rapper တွေကို အဝတ်အစား အသုံးအဆောင်တွေပြန်လည်ဖန်တီးပေးခဲ့ဖူးတဲ့ Dapper Dan နဲ့ အတူတူ Celebrate လုပ်ပြီး collaboration collection ဖန်တီးတာမျိုးတွေ Burberry နဲ့ ရုရှားဘရန်းဖြစ်တဲ့ Gosha Rubichinskiy တို့ ရဲ့ ဆိုဗီယက်/ဗြိတိသျှ အငွေ့အသက် ရောထွေးနေတဲ့ collection နဲ့ Supreme နောက် ဒုတိယမြောက် အအောင်မြင်ဆုံး စကိတ်ဘရန်းတစ်ခုဖြစ်တဲ့ Palace နဲ့ Polo Ralph Lauren တို့ရဲ့ collaboration, Versace ရဲ့ Brand DNA ကြီး တစ်ခုလုံးကို အပ်နှံပြီး စိတ်ကြိုက် ဖန်တီး အကောင်အထည် ဖော်ခွင့်ပေးခဲ့တဲ့ Kith Versace Collaboration မျိုးတွေ ကတော့ High Fashion လောကရဲ့ အထင်ကရဖြစ်ရပ်တွေပဲဖြစ်ပါတယ်။ ဒါတွေတင် မကသေးပဲနောက်ဆုံး အကြီးအကျယ် ဖန်တီးပြသွားတာကတော့ ပြင်သစ် ဖက်ရှင်ဟောက်စ် Chanel နဲ့ Pharrell Williams တို့ ရဲ့ Chanel Pharrell Collaboration ကြီးပဲဖြစ်ပါတယ်။
Although fashion trends are changing within three years from 2017 to 2019, the shade of streetwear and street fashion that influenced high fashion is at its high speed. Gucci customized its printed leather and collaborated with Dapper Dan, who recreated the vintage accessories.
Burberry and Gosha Rubichinskiy’s Soviet-British mixed sense collection, the second most successful skate brand of Supreme, “Palace and Polo Ralph Lauren’s collaboration, Collaboration of Kith Versace whom Versace entrusted its whole Brand DNA are the prominences of the high fashion world. More than that, the last grand creation was the Chanel Pharrel Collaboration by France Fashion house, Chanel and Pharrell Williams.
Streetwear က Fashion လောကမှာ ကြီးစိုးနေတဲ့ ဘရန်းတွေနဲ့တင်မကပဲ Rimowa လို အဆင့်အတန်းမြင့်ကွာလတီ ခရီးသွား အသုံးအဆောင် ဘရန်းမျိုးတွေအထိပါ လွှမ်းမိုးမှု ရရှိလာတာကိုပါ တွေ့ရှိရမှာဖြစ်ပါတယ်။ off-White Rimowa, Supreme Rimowa, A Bathing Ape Rimowa အပြင် နောက်ဆုံး SS20 မှာ ပါဝင်ထားတဲ့ Dior Homme နဲ့ Rimowa ရဲ့ street ဆန်တဲ့ Rimowa အသုံးအဆောင်တွေကတော့ High Fashion ဘရန်းကြီးတွေကပါ Streetwear Brand တွေ ဖန်တီးခဲ့တဲ့ ဖန်တီးမှုမျိုးနောက်ကို လိုက်ပါစီးမျောနေရ ခြင်းရဲ့ သက်သေပဲဖြစ်ပါတယ်။ ၂၀၁၉ နှစ်ရဲ့ အလယ်ကို ရောက်ရှိလာတဲ့ အထိ Street Fashion နဲ့ High Fashion ရဲ့ ပါဝင်ပက်သက်မှုကတော့ ရပ်တန့်သွားမယ် မထင်ပါဘူး။
Street wears influence not just fashion branded collections but also high-quality travel accessories brands like Rimowa. Off-white Rimowa, Supreme Rimowa, A Bathing Ape Rimowa, and Dior Homme which included in the last SS20 and Rimowa’s street accessories are proof that they are floating in the Streetwear brand creation. The combination of street and high fashion will not seem to end until mid-2019.
ပြီးခဲ့တဲ့ Season မှာတင် Supreme က Jean Paul Gaultier လို နာမည်ကြီး Fashion Brand နဲ့ ထပ်မံပူးပေါင်းခဲ့ပါသေးတယ်။ Street Fashion ရဲ့ ပါဝင်ပက်သက်မှုတွေနဲ့ အတူ Luxury Brand တွေက သတ်မှတ်ထားတဲ့ Target Customer ကနေ စပြီး ဝတ်ဆင်တဲ့ သူတွေပါ ပြောင်းလဲ သွားပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်မှာလည်း Streetwear နဲ့ High Fashion ဟာ ခြားနားမှု ရှိတော့မှာလည်း မဟုတ်ပါဘူး။
In the last season, Supreme collaborated with a well-known fashion brand like Jean Paul Gaultier. From the wearers to the target customers recognized by luxury brands in collaboration with Street Fashion has gradually changed. Moreover, streetwear and high fashion will be in no difference.
words by Min Thet San
english translated by Okkar Thin