LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
TRENDS

လာမယ့် Halloween အတွက် Costume ideas များ

written by Maeve October 13, 2023
လာမယ့် Halloween အတွက် Costume ideas များ

Halloween ကလည်း တဖြည်းဖြည်းနီးလာပြီဆိုတော့ Halloween costume တွေအတွက် စဉ်းစားပြီးကြပြီလား?! Costume ဝတ်ပြီး အလှပုံရိုက်ဖို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပွဲအကျဉ်းချုံးလေးလုပ်ဖို့ပဲဖြစ်ဖြစ် plan ထားတယ်ဆို လူအများကြားမှာ ကိုယ့်ရဲ့ costume က ထင်းထွက်နေဖို့ကလည်း လိုတာပေါ့။ ဒါပေမဲ့ ကိုယ်ဘာဝတ်ထားလဲဆိုပြီး စဉ်းစားရမယ့်ဟာမျိုးမဟုတ်ပဲ မြင်လိုက်တာနဲ့တန်းသိမယ့် costume တွေ ရွေးရင်တော့ ပိုကောင်းတာပေါ့။ ဆိုတော့ လူကြားထဲလည်း ထင်းထွက်နေရမယ်၊ မြင်တဲ့သူတွေရဲ့စိတ်ထဲမှာလည်း တန်းသိမယ့် ဒီနှစ်ထဲမှာ ဝတ်လို့ကောင်းတဲ့ Halloween costume တွေကို ပြောပြပေးသွားချင်ပါတယ်။

1. Barbie

Margot Robbie Wears an Archival Chanel Look in 'Barbie' Once Worn by Claudia Schiffer

Barbie ကတော့ လူတိုင်းမှန်းထားပြီးသားဖြစ်မှာပါ။ ဒီနှစ်ထဲ လောလောလတ်လတ်ထွက်ထားတဲ့ Barbie ဇာတ်လမ်းရဲ့ အောင်မြင်မှုက အံ့မခန်းပဲ။ ဒီနှစ် Halloween ကတော့ Trick or Treat အပြင် Hi, Barbie! ဆိုပြီးပြောတဲ့အသံတွေပါ ညံ့နေမှာ မြင်ယောင်ပါသေးတယ်။

2. The Little Mermaid

Pin on disney

“The Little Mermaid” live action က ဒီနှစ်ထဲမှာပဲထွက်ထားတာဆိုတော့ ဒီကားနဲ့ပတ်သက်ပြီး ကောင်းတာရော၊ မကောင်းတာရော feedback အမျိုးမျိုးရှိကြပေမဲ့ The Little Mermaid ဆိုတာ ‘90s born တွေအတွက် အရမ်းကြိုက်ခဲ့ရတဲ့ဇာတ်ကားလေးဆိုတာငြင်းမရပါဘူး။ ဆိုတော့ ကိုယ်တိုင်က The Little Mermaid ကို ကြိုက်တယ်၊ ကိုယ့်ရဲ့ Zodiac Sign က Water sign လည်းဖြစ်တယ်ဆိုရင် The Little Mermaid ကတော့ ဝတ်ကိုဝတ်သင့်တဲ့ costume ထဲပါပါတယ်။ သူ့အတိုင်းကွက်တိမဟုတ်တောင် Ariel တယောက် လူခြေထောက်ရတဲ့အချိန်ဝတ်တဲ့ အပြာနုရောင် corset ပုံ dress လေးကိုဝတ်၊ မိတ်ကပ်က အလက်လက်လေးတွေသုံးပြီး mermaid makeup လေးပြင်တာမျိုးပေါ့။

InStyle: Halloween Costume Ideas

3. Beyoncé Renaissance World Tour

InStyle: Halloween Costume Ideas

ကိုယ့်ရဲ့ Zodiac Sign က Virgo ဆို ဒီနှစ် Beyoncé ရဲ့ Renaissance World Tour က Look တွေကို ဝတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ Beyoncé ကိုယ်တိုင်ကလည်း Virgo ဖြစ်တဲ့အပြင် သူ့ရဲ့ Renaissance World Tour မှာ ဝတ်တဲ့ outfit တွေကလည်း တကယ်ကို goddess တပါးကို ကြည့်နေရသလိုပါပဲ။

4. Doja Cat as Choupette

halloween costumes zodiac sign horoscope astrology wednesday addams barbie ice spice pamela anderson morticia addams kourtney kardashian doja cat taylor swift beyonce

Doja Cat ကတော့ ဘယ်ချိန်ကြည့်ကြည့် Halloween ကာလမှာရှိနေသလိုကို ပွဲသွားပွဲလာတိုင်း သူဝတ်တဲ့အဝတ်အစားတွေက အမြဲကွဲထွက်ပြီး မိုက်တာ အားလုံးသိကြမှာပါ။ ဒါပေမဲ့ ဒီနှစ်ထဲ သူဝတ်သမျှထဲမှာ လူတိုင်းရဲ့စိတ်ထဲစွဲကျန်နေတဲ့ outfit ကတော့ Met Gala 2023 တုန်းက Karl Lagerfeld ရဲ့ကြောင်လေး Choupette အနေနဲ့ ဝတ်ခဲ့တဲ့ outfit ပါပဲ။

5. The Cast of ‘Euphoria’

Allison O'Conor on X: "Packing to be thee lesbian at a bachelorette party this weekend https://t.co/ULKpnQMnJa" / X

ပုံမှန်ဝတ်နေကြနဲ့ သိပ်မကွဲတဲ့ပုံစံအတိုင်းဝတ်ပြီး costume လို့ပြောချင်ရင်တော့ Euphoria ထဲက cast တွေလို လိုက်ဝတ်လို့ရပါတယ်။ ကျောက်လေးတွေမျက်လုံးတဝိုက်မှာအလှဆင်တာတို့၊ အရောင် eyeliner တွေ၊ eyeshadow တွေခြယ်တာတို့လုပ်ဖို့တော့ မမေ့နဲ့နော်။

6. Taylor Swift’s Eras Tour

InStyle: Halloween Costume Ideas

ဒီနှစ်ထဲမှာ Taylor Swift ရဲ့ Eras Tour ရှိနေတာဆိုတော့ ဒီနှစ် Halloween costume အတွက် Swiftie တွေအနေနဲ့ ကိုယ်ချစ်ရတဲ့ Taylor အတိုင်း လိုက်ဝတ်မယ်ဆို အချိန်ကောင်းပါပဲ။ Eras Tour မှာ ဝတ်တဲ့ outfit တွေက အများကြီးရှိတာဆိုတော့ ကိုယ့်ရဲ့ fashion style နဲ့အလိုက်ဖက်ဆုံး ဒါမှမဟုတ် ကိုယ့်အကြိုက်ဆုံးကို ရွေးပြီး ဝတ်ရုံပါပဲ။ Taylor က Sagittarius ဆိုတော့ ကိုယ်က Sagittarius လည်းဟုတ်တယ်၊ Swiftie လည်းဟုတ်တယ်ဆိုရင်တော့ Taylor အတိုင်း လုံးဝကို ဝတ်သင့်သွားပြီ။

7. Wednesday Addams

halloween costumes zodiac sign horoscope astrology wednesday addams barbie ice spice pamela anderson morticia addams kourtney kardashian doja cat taylor swift beyonce

ဒီနှစ်ရဲ့ Halloween costume ကို စဉ်းစားတော့မယ်ဆို Wednesday Addams ကိုမေ့ထားလို့မရဘူးနော်။ Halloween ကြိုက်တဲ့သူတိုင်းက အနက်ရောင် outfit တွေရှိပြီးသားဆိုတော့ ထွေထွေထူးထူးသိပ်စဉ်းစားစရာမလိုပဲ Wednesday Addams costume လုပ်လို့ရတာပေါ့။ လူကြားထဲနည်းနည်းပိုပြီး ထင်းထွက်ချင်နေရင် Wednesday ရဲ့ Nevermore Academy uniform မဟုတ်ပဲ off-campus look ဖြစ်တဲ့ casual jean, sweater နဲ့ boot outfit ကို ဝတ်လို့ရပါတယ်။

8. Mojo Dojo Ken

Barbie' Teases Ryan Gosling Song 'Just Ken' With Video

Halloween costume မှာ Barbie ကိုတော့ထည့်ပြီး Ken ကို ချန်ခဲ့လို့ဘယ်ဖြစ်မလဲနော်။ Costume အတွက် Ken ကိုစဉ်းစားမယ်ဆို Ken ရဲ့ outfit တွေထဲမှာ အမိုက်ဆုံး၊ stand out အဖြစ်ဆုံးဖြစ်တဲ့ Mojo Dojo Ken outfit ကို ဝတ်စေချင်တယ်။ စုံတွဲတွေဆို Barbie နဲ့ Ken လိုဝတ်ပြီး အမိုက်စား couple Halloween costume လည်း ဖန်တီးလို့ရတယ်လေ။

9. Morticia Addams

halloween costumes zodiac sign horoscope astrology wednesday addams barbie ice spice pamela anderson morticia addams kourtney kardashian doja cat taylor swift beyonce

Halloween costume အနေနဲ့ elegant, edgy နဲ့ sexy ဖြစ်တာမျိုးဝတ်ချင်တယ်ဆို Addams Family ထဲက Wednesday ရဲ့အမေ Morticia Addams ကို မေ့ထားလို့မရပါဘူး။ ကျော့ရှင်းပြီး ဆွဲဆောင်မှုပြင်းလွန်းတဲ့ Morticia ရဲ့ မြေကြီးထိကျနေတဲ့ အနက်ရောင် dress အရှည်၊ အနက်ရောင်နှုတ်ခမ်းနီ၊ အနက်ရောင်ဆံပင်အရှည်ကြီးတွေက Halloween costume အနေနဲ့ဆို လုံးဝ perfect ပါပဲ။

10. Princess Peach

Why Super Mario Bros movie makes a major Princess Peach change

အရမ်းချစ်စရာကောင်းလွန်းတဲ့ Super Mario ကာတွန်းလေးကလည်း ဒီနှစ်ထဲမှာထွက်ထားတယ်နော်။ ပုံမှန် Super Mario ကို costume အနေနဲ့စဉ်းစားရင် Mario တို့ ညီအစ်ကိုနှစ်ယောက်ကိုပဲ ပြေးမြင်ကြတယ်ဟုတ်။ အခု animation ကားလေးကြောင့် Princess Peach ကို လူတွေပိုပြီး မြင်လာကြတယ်လို့ပြောရင် မမှားပါဘူး။ ဆိုတော့ ဒီနှစ် Halloween costume မှာ independent ဖြစ်ပြီး စိတ်ထားကောင်းတဲ့ Princess Peach လေးလို ဝတ်မယ်ဆို တော်တော်ကိုချစ်ဖို့ကောင်းပြီး လူကြားထဲ stand out လည်းဖြစ်မှာပါ။

Halloween 2023Halloween Costume
1
Facebook Twitter Google + Pinterest
Maeve

previous post
New York Fashion Week SS24 မှာတွေ့ခဲ့ရတဲ့ အမိုက်ဆုံး Beauty Trend များ
next post
ဒီနှစ်ဆောင်းတွင်းမှာ ခေတ်စားမယ့် ဆံပင်အရောင်တွေ

Recommended

Pride Month ကို ကျင်းပလို့ရမယ့် Fashion အပြင်အဆင်တွေ

June 23, 2023

2023 ခုနှစ်ရဲ့အကောင်းဆုံး Celebrity Vintage Moments များ

December 30, 2023

Spring 2024 Menswear မှာ Gender norm တွေကနေကွဲထွက်ပြီး ပြသခဲ့တဲ့...

July 6, 2023

Sheer Fabric Trend ဖြစ်လာတော့မှာလား?!

September 29, 2023

Celebrities တွေ အကိုင်အများဆုံး Designer Bag များ

August 31, 2023

2023 မှာ ဖောက်ကြည့်သင့်တဲ့ piercing တွေ

June 2, 2023

It’s time for “Back to the Future” fashion

May 19, 2023

New York Fashion Week SS24 မှာတွေ့ခဲ့ရတဲ့ အမိုက်ဆုံး Beauty...

October 6, 2023

Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

April 5, 2023

Autumn/Winter 2023 Runway တွေမှာ တွေ့ခဲ့ရတဲ့ Trend ဖြစ်လာမယ့် Shoes...

August 4, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem