This time, we are going to tell you about how to wear makeup for your gym time. In today world, more people are choosing gym not only for their physical appearances but also for good health. For ladies, wearing makeup is the hobby that could never get rid of, so wearing makeup styles to the gym is important.When you wore formal daily makeup or occasion makeup to the gym, the thing about working out while wearing makeup is that makeup mix with sweat and can cause your skin to breakout. Bared face is the best kind for gym time. But there are some people who do not want to go out into the world with their bare-faced and only secure when they wear some makeup on their face. Sometimes, there are some cases like heading to the Gym after you have gone to some places. So, let me help you with some tips for wearing makeup to the gym.
ကဲ ဒီတခါတော့ Gym သွားတဲ့အခါ မိတ်ကပ်ဘယ်လို လိမ်းမလဲဆိုတဲ့ အကြောင်း ပြောပြမယ်နော်။ ဒီနေ့ခေတ်မှာက ခန္ဓာကိုယ်လှပဖို့အတွက်ပဲ မဟုတ်ဘဲ ကျန်းမာဖို့အတွက်ပါ အားကစား အမျိုးမျိုး လုပ်လာကြပြီဆိုတော့ Gym အတွက် သီးသန့်အချိန်တစ်ခုပေးပြီး အားကစားလုပ်တဲ့ လူတွေလည်း များလာပြီလေ။ မမလှလှလေးတွေအတွက် ဘယ်သွားသွား မိတ်ကပ် လိမ်းတာကလည်း ဖျောက်ဖျက်လို့မရတဲ့ မွေးရာပါဝါသနာဖြစ် Gym သွားတဲ့အခါ မိတ်ကပ်ဘယ်လို လိမ်းရမလဲဆိုတာကလည်း အရေးကြီးပြန်ရော မဟုတ်လား။ ပုံမှန်နေ့တိုင်းလိမ်းနေကြ မိတ်ကပ်တို့၊ ပွဲတက်မိတ်ကပ်တို့လိုမျိုးတွေ လိမ်းရင်လည်း အားကစားလုပ်တဲ့အခါ ချွေးနဲ့မိတ်ကပ်ရောပြီး မျက်နှာအသားအရေကို ပျက်စီးစေနိုင်ပါတယ်။ မိတ်ကပ်မလိမ်းဘဲ Gym ကစားရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်လည်း တချို့တွေကတော့ ကိုယ့်မျက်နှာပြောင်နေရင် မနေတတ်ပဲအိမ်ထဲက အိမ်ပြင်ထွက်တာနဲ့ မိတ်ကပ်လိမ်းထားရမှ စိတ်သက်သာရာရတဲ့သူတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည်သူတွေရှိပါတယ်။ တချို့ရက်တွေကျတော့လည်း သွားစရာရှိတဲ့နေရာကိုအရင်သွားပြီးမှ Gym ကို တန်းလာရတဲ့နေ့တွေလည်းရှိတတ်ပါတယ်။ ဒီတော့ အဲဒီလိုအခြေအနေမှာ မိတ်ကပ်လိမ်းဖို့ tips လေးတွေကို အခုဖော်ပြပေးပါ့မယ်နော်။
The very first thing you have to do is wearing primer as a first step. Primer will help your makeup lasts longer and it works like a barrier between your skin and foundation to prevent skin breakouts. You don’t need special touch-ups after your workouts. Wearing foundation is not a good idea. It can cause skin breakouts like embarrassing lines, clog pores and acne by mixing with sweat while working out. But if you want to wear it seriously, choose the lighter ones because heavy foundation can cause embarrassing face mixing with sweat. So, it is better to choose concealer than foundation. You just need to apply on the acne scar, dark spots, lines and wrinkles that you want to cover. One to note is that not to wear too heavy.
ပထမအရေးအကြီးဆုံးအချက်က primer လိမ်းဖို့ပါ။ မျက်နှာပေါ်တင်သမျှ ကြာရှည်ခံအောင်နဲ့ foundation ကြောင့် မျက်နှာအသားအရေ ပျက်စီးခြင်းကနေ အဓိကကာကွယ်ပေးတာက Primer ပါ။ သူကမိတ်ကပ်ကို ကြာရှည်ခံစေတော့ Gym ကစားပြီးရင်လည်း ထွေထွေထူးထူး ထပ်ပြင်နေစရာ မလိုတော့ဘူးလေနော်။ Foundation ကတော့ မလိမ်းတာကောင်းပါတယ်။ Gym ဆော့တဲ့အချိန် ချွေးနဲ့ရောပြီး မိတ်ကပ်ကွက်တာ၊ မျက်နှာပြာတာနဲ့ ဝက်ခြံထွက်တာတို့လိုမျိုး အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ မဖြစ်မနေလိမ်းမယ်ဆိုရင်တော့လည်း Light ဖြစ်တဲ့ foundation ကိုရွေးလိမ်းပေးပါ။ Heavy ဖြစ်တဲ့ foundation တွေက ချွေးနဲ့ရောပြီး ပုံဆိုးပန်းဆိုး ဖြစ်စေတတ်ပါတယ်။ foundation သုံးမယ့်အစား concealer သုံးတာက ပိုပြီးသင့်တော်ပါတယ်။ ကိုယ်ဖုံးကွယ်ချင်တဲ့ ဝက်ခြံ၊ အမည်းစက်၊ အမာရွတ်နဲ့ အရေးအကြောင်းတွေပေါ်ကို သီးသန့် လိမ်းပေးရုံပါပဲ။ အရမ်းထူထူကြီးတော့ မဖြစ်စေပါနဲ့နော်။
Avoid wearing dark colors for lips. Use lip tint or lip satin instead which long lasts longer than other lipsticks and gloss. Here’s one thing, this is not time for blusher. Try gel typed eyebrow for your brows. Even if the rest of your makeup is minimal,fill-in brow as usual. Colorful eyes and beautiful Smokey eyes look are not for gym time. You should not apply multi-color eye shadows as much as you use forgoing out or special occasions. Try natural colors for your eye shadows. You can use your daily setting powder for gym. The most important and awkward session is mascara. Actually mascara is not a need for gym. Imagine the moment while mascara mixed with sweat, not only your eye but also your whole face will run. So, choose waterproof mascara and this doesn’t have to be the case so long as you choose waterproof.
နှုတ်ခမ်းနီကိုတော့အရောင်ရင့်ရင့်ကြီးတွေ မဆိုးသင့်ပါဘူး။ lip tint (ဒါမှမဟုတ်) lip satin ကိုသုံးပါ။ ဒါတွေက ရိုးရိုး lipstick တွေနဲ့ gloss တွေထက်ပိုကြာရှည်ခံပါတယ်။ပါးနီလိမ်းရမယ့် အချိန်တော့ မဟုတ်ဘူးနော်။ မျက်ခုံးမွှေးကိုတော့ Gel type သုံးပြီးဆွဲပေးပါ။တခြားအရာတွေကို လျှော့ပြီးပြင်ရင် ပိုကောင်းပေမယ့် မျက်ခုံးမွှေးကိုတော့ ပုံမှန်အတိုင်းပဲဆွဲလို့ရပါတယ်။မျက်လုံးကိုလည်း အရောင်မျိုးစုံခြယ်ဖို့ မသင့်တော်ပါဘူး။ ပြီးတော့သေသပ်လှပတဲ့ Smokey eyes look ကိုလည်း လိမ်းခြယ်ဖို့ မသင့်တော်တဲ့အချိန်ဆိုတာ သိထားရပါမယ်။ Gym ဆော့တဲ့အချိန်လိမ်းတဲ့ eye shadow ကို အပြင်သွား ပွဲတက်လိမ်းသလို လိမ်းလို့မရပါဘူး။ ရိုးရိုးရှင်းရှင်းလှပတဲ့သဘာဝအရောင်လေးတွေပဲ အဓိကထားပြီး ခြယ်ပေးပါ။ Setting powder ကတော့ ကိုယ်နေ့တိုင်းသုံးနေကျ အမျိုးအစားပဲ သုံးလည်းရပါတယ်။ အရေးအကြီးဆုံးနဲ့ပုံပျက်ပန်းပျက် အနိုင်ဆုံးကတော့ mascara ပါပဲနော်။ mascara က gym သွားဖို့အတွက်တော့ မလိုလှပါဘူး။ ချွေးနဲ့ mascara သာရောသွားကြည့်၊ မျက်လုံးတင်မဟုတ်ပဲ မျက်နှာ တစ်ခုလုံး ဆိုးဆိုးရွားရွားဖြစ်လာစေနိုင်ပါတယ်။ အဲဒီတော့ မဖြစ်မနေ mascara သုံးမှ ဖြစ်မယ်ဆိုရင်တော့ waterproof mascara ကို သုံးဖို့တော့ အရေးကြီးပါတယ်။
And next thing is to use blotting papers. You can’t be wipe your face using tissues and also blotting papers come in tiny packages. So keep them in your bags and bring this blotting paper anywhere. If you follow this steps, you can get ready for next place just by applying loose powder. You don’t need to repeat your makeup steps again.
နောက်တစ်ခုက blotting paper သုံးပေးဖို့ပါပဲ။ ရိုးရိုး tissues တွေနဲ့မျက်နှာသုတ်လိုက် မိတ်ကပ်ထပ်ဖြည့်လိုက် လုပ်နေလို့တော့ မရပါဘူး။ ဗူးသေးသေးလေးတွေနဲ့ပေါ့ပေါ့ပါးပါးလည်း သယ်သွားလို့ရတယ်ဆိုတော့ အိတ်ထဲမှာအမြဲသာ ဆောင်ထားလိုက်ပါ။ ဒီအချက်လေးတွေကိုလိုက်နာမယ်ဆိုရင်တော့ Gym ကစားပြီးတဲ့အခါ မိတ်ကပ် ကိုအစအဆုံးအချိန်ပေးပြီးထပ် ပြင်စရာမလိုတော့ဘဲ မျက်နှာကို powder လေးပုတ်ပြီးကိုယ်သွားစရာရှိတဲ့နေရာကိုသွားရုံပဲပေါ့။
The main thing when you wear gym makeup is not to use too many colors and many products. Don’t forget wearing too much makeup can lead your skin with more breakouts. So, keep it minimal just by applying only main steps. Don’t wear anything too much greasy. We think this facts might help your gym looks. Go to the gym beautifully!
Gym သွားဖို့မိတ်ကပ်ပြင်တဲ့အခါ အရေးကြီးတာတွေက မျက်နှာပေါ်အရောင်အများကြီးတင်ပြီး ဆေးဆိုးပန်းရိုက်ပုံစံ မပြင်ဖို့ပါ။ မျက်နှာပေါ်တင်တဲ့ မိတ်ကပ်များလေလေ အသားအရေပိုပျက်စီးလေ ဆိုတာဆိုတာလည်း မမေ့ပါနဲ့နော်။ တတ်နိုင်သမျှအရိုးရှင်းဆုံးနဲ့ အဓိကလိုအပ်တဲ့ step တွေကိုပဲပြင်ပါ။ မျက်နှာပေါ်ကို အဆီများပြီး ပြောင်ပြောင်လက်လက်ဖြစ်စေတဲ့ အရာတွေ မလိမ်းပါနဲ့နော်။ ဒီလောက်ဆိုရင်တော့ Gym သွားရင်ဘယ်လိုမိတ်ကပ်လိမ်းမလဲဆိုတာ နည်းလမ်းလေးသိသွားပြီလို့ ထင်ပါတယ်။ ဒီနည်းလမ်းလေးကိုအသုံးချပြီး ညီမလေးတို့၊ မမတို့ အားလုံးပဲ လှလှပပ Gym သွားနိုင်ကြပါစေ။
Suggested products:
1.Wunderbrow Eyebrow Gel- $26
2.CliniqueFIT Post-Workout Neutralizing Face Powder- $35
3. Alima Pure Lip Tints- $14
4. Neutrogena Skin Clearing Liquid Make Up- $11.99
5. Eyeko Yoga Waterproof Mascara- $24
6. Palladio Oil Absorbing Rice Paper- $4
words by Htoo Htoo