အလှအပ၊ မိတ်ကပ် ဆိုတဲ့ စကားလုံးတွေကို ကြားလိုက်တာနဲ့ အားလုံးက မိန်းကလေးတွေကိုပဲ ပြေးမြင်ကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ်… စာရေးသူကိုယ်တိုင်လည်း မိန်းကလေးတွေကိုပဲ ပြေးမြင်မိတာပါ။ ဒါဟာ အချိန်အတော်ကြာ လူတိုင်းကသတ်မှတ်ထားကြတဲ့စံနှုန်းတွေကြောင့်လို့ပဲ ပြောရမှာပေါ့။ မိန်းကလေးဆိုရင် ဘယ်လိုနေရမယ်၊ ယောကျာ်းလေးဆိုရင် ဘယ်လိုနေရမယ်ဆိုတဲ့ တံဆိပ်ကပ်ခံရတာမျိုးကို အခုဆို တော်တော်များများဆန့်ကျင့်လာကြပါပြီ။ ယောကျာ်းလေးတွေ အလှအပကိုသိပ်စိတ်မ၀င်စားတာက ခေတ်အဆက်ဆက်က ယောကျာ်းလေးဆိုရင် အလှအပသိပ်မလိုဘူးဆိုတဲ့ စိတ်ကြီးသွင်းခဲ့တာကြောင့်လည်း ဖြစ်မယ်ထင်ပါတယ်။
ဒါပေမဲ့ အခုနောက်ပိုင်း ယောကျာ်းလေးတွေတော်တော်များများလည်း အလှအပကို စိတ်၀င်တစားရှိလာပြီး skin care တို့ဘာတို့လိုက်လုပ်ကြပါပြီ။ အလှအပဆိုတာ မိန်းကလေးမှ လုပ်ရမယ်ဆိုတဲ့ ကိစ္စကြီးကို ပျက်စီးစေချင်နေတာကြာပါပြီ။ အခုနောက်ပိုင်းတော့ ယောကျာ်းလေးတွေလည်း အလှအပကို အလေးထားလာကြတာ ကောင်းတဲ့အချက်တစ်ခုပါပဲ။
genderless beauty trend ဆိုတဲ့အထဲမှာ ယောကျာ်းလေးတွေအတွက်လို့သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေက မိန်းကလေးတွေလည်း အသုံးချနိုင်သလို မိန်းကလေးတွေအတွက်လို့သတ်မှတ်ထားတာတွေကိုလည်း ယောကျာ်းလေးတွေက သုံးလို့ရပါတယ်။ ဥပမာပြောရရင် လက်သည်းနီတွေဆိုတာ မိန်းကလေးအတွက်ပဲမဟုတ်သလို မျက်ခုံးမွေးထူထူတွေကလည်း ယောကျာ်းလေးတွေအတွက်ပဲမဟုတ်ပါဘူး။
runway တွေမှာလည်း genderless beauty trend တွေကိုတွေ့နိုင်သလို တချို့ brand တွေဆိုလည်း gender ခွဲခြားတာမျိုးတွေဖြစ်စေမဲ့ နည်းလမ်းတွေကို ရှောင်လာပြီး ဘယ် gender မဆို သုံးနိုင်တယ်ဆိုတာ အဓိကထားပြီး လုပ်ဆောင်လာကြပါပြီ။
ဒီနေရာမှာတစ်ခုရှိတာက အလှအပကို လေ့လာလိုက်စားတဲ့ယောကျာ်းလေးတွေတိုင်းကို gay လို့ထင်မှတ်ကြတာပါပဲ။ တကယ်တော့ လူရယ်လို့ဖြစ်လာရင် straight ဖြစ်ဖြစ် LGBTQ ပဲဖြစ်ဖြစ်လူတိုင်းမှာ သူ့ရွေးချယ်ပိုင်ခွင့်သူရှိပါတယ်။ ဘယ်သူမဆို လူကလူပဲမို့ အလှအပကြိုက်တယ်ဆိုတာ gender ခွဲခြားရမယ့်အရာမဟုတ်ပါဘူး။ straight ယောကျာ်းလေးတွေလည်း အလှအပကိုလေ့လာလိုက်စားလို့ ရပါတယ်။ ဆိုတော့ Genderless beauty trend ကို ကြိုဆိုပြီး ကိုယ့်ပတ်၀န်းကျင်က အလှအပကြိုက်တဲ့ယောကျာ်းလေးတွေကိုလည်း ကိုယ်သိသလောက် မျှေ၀ပေးကြရအောင်လား။