Rihanna ရဲ့ Fenty က ဆောင်းရာသီအမီ Outerwear, Boots, Dresses နဲ့ Skirt တွေ ပါတဲ့ R11-19: City Bloom ဆိုတဲ့ collection ကို ထုတ်လိုက်ပါတယ်။ ဒီ campaign ကို Japanese-American ဓာတ်ပုံဆရာ Katsu Naito က ရိုက်ကူးပေးထားပြီး ဒီ collection မှာ Matcha, Rose, Cream, Black စတဲ့အရောင်တွေ ပါဝင်တဲ့ Hoodies, Leggings, Oversized coat, Biker Jacket, Lingerie-style dresses, skirts နဲ့ Puffer Boots စတာတွေပါဝင်ပါတယ်။ ဒီ campaign မှာ Fenty ရဲ့ Cameo collection ထဲက Swarovski crystal တွေ၊ Swarovski pearl တွေနဲ့ အလှဆင်ထားတဲ့ oval-shaped လက်ဝတ်ရတနာတွေကိုလည်း ထည့်သုံးထားတာတွေ့ရပါတယ်။ City Bloom Collection မှာ ဈေးတွေအနေနဲ့ $240 ကနေ $3,660 USD ဝန်းကျင်ထိရှိနိုင်ပြီး Fenty official website မှာ နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီး ဝယ်လို့ရနေပါပြီ။ Selfridges မှာလည်း နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး ဝယ်ယူနိုင်မယ်လို့သိရပါတယ်။
Ref: Hypebae, The Cut
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #LUSHFashion #Rihanna #Fenty #CityBloomCollection