LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILY

သင့်ရဲ့ အဝတ်ဗီဒိုမှ ရရှိနိုင်သော မျက်နှာဖုံးများ

written by Lush Editor June 1, 2020
သင့်ရဲ့ အဝတ်ဗီဒိုမှ ရရှိနိုင်သော မျက်နှာဖုံးများ

Face protections from your wardrobe – DIY face masks

COVID-19 ဟာ မိမိတို့ မျက်နှာကို လက်ဖြင့် ကိုင်တွယ် ထိတွေ့ခြင်းကြောင့် ရောဂါ ကူးစက်နိုင်ခြေ မြင့်မားလို့ မျက်နှာဖုံး အသုံးပြုခြင်းက လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ မဖြစ်မနေ ပြုလုပ်ရမယ့် အလုပ်ဖြစ်လာပါတယ်။

ရောဂါ ပြန့်ပွားပြီး မျက်နှာဖုံးများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ မဟုတ်ပေမယ့် Centre for Disease Control and Prevention CDC မှ မကြာသေးမီက သူ့ရဲ့ COVID-19 ကာကွယ်ရေး နည်းလမ်းအဖြစ် လူတိုင်း အနည်းဆုံး အဝတ်နဲ့ ပြုလုပ်ထားတဲ့ မျက်နှာဖုံးတွေတော့ တပ်သင့်တယ်လို့ ပြောကြားလိုက်ပြီးတဲ့ အခါမှာတော့ ရိုးရှင်းတဲ့ မျက်နှာဖုံးများကို ဝယ်ယူအသုံးပြုခြင်း သာမက မိမိတို့ အဝတ်ဗီရိုထဲမှာ ရှိတဲ့ အဝတ်စား အဟောင်းများကို မျက်နှာဖုံးများအဖြစ် ပြန်လည်ပြုလုပ် အသုံးပြုနည်းတွေကိုပါ ရှာဖွေ တွေ့ရှိလာကြပြီး မိမိကိုယ်တိုင် မျက်နှာဖုံးပြုလုပ်ခြင်းဟာ လူအများကြား အချိန်တိုအတွင်း ခေတ်စားလာပါတော့တယ်။

အပြင်ထွက်တိုင်း သင်တို့ရဲ့ မျက်နှာကို ကာကွယ်ထားရမယ်ဆိုပေမယ့် ဆေးပညာအရ ထောက်ခံချက်ရှိတဲ့ N-95 မျက်နှာဖုံးတွေကိုတော့ လူတိုင်း သုံးစရာ မလိုပါဘူး။ ဒီမျက်နှာဖုံးတွေဟာ ကျန်းမာရေး ဝန်ထမ်းတွေ၊ လူနာနဲ့ ထိတွေ့ ဆက်ဆံရတဲ့ လူတွေမှာသာ မရှိမဖြစ်လိုအပ်တာပါ။ အဲ့ဒါကြောင့် အဝတ် မျက်နှာဖုံးတွေကို အသုံးပြုခြင်းဟာ ကျန်းမာရေး အတွက်သာမက ငွေကြေး ချွေတာချင်တဲ့သူတွေအတွက် အသုံးဝင်ပြီးတော့ စတိုင်ကျကျနဲ့ လှနေချင်တဲ့သူတွေအတွက် အဝတ်စားနဲ့ လိုက်ဖက်တဲ့ အဆင်ဒီဇိုင်းတွေကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။

ဒါ့အပြင် အဝတ်အစားများသာမက မိမိတို့ အဝတ် ဗီရိုထဲမှာ ရှိတဲ့ ခြေအိတ်၊ လက်ကိုင်ပဝါနှင့် ခြုံထည် အစရှိတဲ့ အသုံးအဆောင်ပစ္စည်းများကို မျက်နှာဖုံးအဖြစ် ပြန်လည် ပြုလုပ်ပြီး အသုံးပြုလို့ရတဲ့အပြင် ပြုလုပ်နည်းတွေကလည်း အချုပ်အလုပ်တက်မြောက်သူတွေ ပြုလုပ်တဲ့ အပ်ချုပ်စက် အသုံးပြုပြီး ပြုလုပ်နည်းတွေသာမက အချုပ်အလုပ် တတ်မြောက်စရာ မလိုပဲ အလွယ်တကူ ကပ်ကြေးကိုင်နိုင်တဲ့ လူတိုင်း မိနစ်ပိုင်းအတွင်း လိုက်လုပ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် မျက်နှာဖုံး ပြုလုပ်ရာမှာ ပြုလုပ်တဲ့ ပိတ်စ အမျိုးအစားကလည်း အရေးကြီးပါတယ်။ ပုဝါပါးပါးတွေနဲ့ ပေါ့ပါးတဲ့ ပိတ်စတွေကတော့ သင့်ကို ရောဂါပိုးတွေကနေ မကာကွယ်ပေးနိုင်ပါဘူး။ မျက်နှာဖုံးလုပ်ဖို့ အကောင်းဆုံး ပိတ်စကတော့ ပုံမှန်ပိတ်စတွေထက် လေးတဲ့ချည်သားပါ။

အိမ်မှာ အပ်ချုပ်စက်လည်း ရှိတယ်။ အချုပ်အလုပ်နဲ့ ဆိုင်တဲ့ ပစ္စည်းတွေ၊ ပိတ်စတွေလည်း ရှိတယ်ဆိုရင်တော့ ပုံမှန် မျက်နှာဖုံးတစ်ခု လုပ်ဖို့ မခက်ပါဘူးနော်။ ချည်သားပိတ်စကို အလျား ၁၀လက်မ၊ အနံ ၆လက်မ (မျက်နှာ အရွယ်အစားပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။) အရွယ် ပိတ်စ ၂စ ညှပ်ပါ။ ပိတ်စ ၂ခုကို ထပ်ပြီး အနား ၄ ဖက်ကို လက်မဝက်စီ ခေါက်ပြီး ချုပ်ပါ။ ဘယ်၊ ညာ ၂ဘက်ကို လက်မဝက်စီ ထပ်ခေါက်ပြီး သားရေကြိုးထည့်ရန် အပေါက်ပြုလုပ်ပါ။ သားရေကြိုးထည့်ပြီး ချည်ပါ။ ဒါဆိုရင်တော့ ပုံမှန် မျက်နှာဖုံးတစ်ခုကို ဝယ်စရာ မလိုပဲ ရနိုင်ပြီပေါ့။ သူ့ရဲ့အားသာချက်ကတော့ မိမိတွဲဖက် ဝတ်ဆင်မဲ့ အဝတ်စား၊ စတိုင်နဲ့ လိုက်ဖက်တဲ့ အရောင်၊ အဆင်ကို ချုပ်လုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

ချည်သား မျက်နှာဖုံး တစ်ခုကို သင့်အဝတ်ဗီရိုထဲမှာ ရှိတဲ့ အဝတ်ဟောင်းတစ်ခုနဲ့ ပြုလုပ်မယ်ဆိုရင်တော့ သင့်ရဲ့ တီရှပ်တစ်ထည်နှင့် သားရေကြိုး သို့မဟုတ် ခေါင်းစီးကွင်း ၂ ကွင်းကို အသုံးပြုနိုင်ပါတယ်။ တီရှပ်ရဲ့ အောက်ပိုင်းကို ၇ မှ ၈ လက်မ အရွယ် ပိတ်စရအောင် ညှပ်ပါ။ ထပ်ဝက် ခေါက်ပါ။ ခေါက်ထားတဲ့ အစကို အလျားလိုက် ၃ပိုင်းပိုင်းပြီး အောက်မှ အပေါ်၊ အပေါ်မှ အောက်သို့ ခေါက်ကာ အလည်ရောက်အောင် စုလိုက်ပါ။ သားရေကြိုး သို့မဟုတ် ခေါင်းစီးကြိုးကို ဘယ်၊ညာ အစွန်း ၂ဖက်မှာ လက်မ အနည်းငယ်ချန်ပြီး သကြားလုံး ထုတ်ပိုးမှုကဲ့သို့ ဖြစ်အောင် ချည်ပါ။ အစွန်း ၂ဖက် အလည်တွင် စုံအောင် ခေါက်ထည့်ပါ။ သားရေကြိုး သို့မဟုတ် ခေါင်းစီးကြိုးကို နားရွက် ၂ဘက်မှာ ချိတ်ပြီး မျက်နှာဖုံးက သင့်မျက်နှာနှင့် အံ့ကျအောင် ထိန်းညှိပါ။

နောက်ထပ် အိမ်မှာ ရိုးရှင်းစွာဖြင့် မျက်နှာဖုံးပြုလုပ်လို့ရတဲ့ အသုံးအဆောင်ထဲက တစ်ခုကတော့ ခြေအိတ်ပါ။ ခြေအိတ်ကို အသုံးပြုပြီး မျက်နှာဖုံး ပြုလုပ်မယ်ဆိုရင် ခြေအိတ်အပြင် ကပ်ကြေးတစ်လတ်သာ လိုအပ်ပါတယ်။ ခြေအိတ်ကို အလျားလိုက် အလည်မှ ညှပ်ပါ။ ခြေဖမိုး ဘက်အခြမ်းကို ညှပ်ပြီး ပိတ်စ တစ်စအဖြစ်ရောက်အောင် လုပ်ပါ။ ခြေအိတ်ရဲ့ ပိတ်သားဟာ ဆွဲဆန့်လို့ရတဲ့အတွက် အစွန်း ၂ဖက် နားမှာ ကိုယ့် မျက်နှာ အရွယ်အစားပေါ် လိုက်ပြီး အပေါက် အဖြစ် ညှပ်ပေးလိုက်ရင် အချိန်တို အတွင်း သူများနဲ့ မတူတဲ့ မျက်နှာဖုံးတစ်ခုကို ရပြီပေါ့။ ခြေအိတ် သာမက ခြေအိတ်အသားကဲ့သို့ ဆွဲသားရှိတဲ့ အခြား အဝတ်အထည်များကိုလည်း ဒီနည်းလမ်းအတိုင်းပြုလုပ်နိုင်ပါတယ်။

အိမ်မှာ အပ်ချုပ်စက် မရှိတာ ဖြစ်ဖြစ်၊ ဒါမှ မဟုတ် သင်ဟာ အရမ်းပျင်းရိနေလို့ပဲ ဖြစ်ဖြစ် မျက်နှာဖုံးတစ်ခုကို အပ်ချုပ်စက်သုံးပြီးပဲ ချုပ်စရာ မလိုပါဘူး။ သားရေကွင်း ၂ကွင်းနှင့် ပဝါ တစ်ထည်နှင့်လဲ မိနစ်ပိုင်းအတွင်း မျက်နှာဖုံးတစ်ခုကို ပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ အဆင့် ၃ဆင့် ကို လိုက်နာရင် သင့်အတွက် မျက်နှာဖုံး တစ်ခု ရပြီနော်။ ပဝါကို အလျားလိုက် ၃ခေါက် ခေါက်ပါ။ ပြီးရင် ဘေး အစွန်း ၂ဘက်တွင် သကြားလုံး ပုံစံ ဖြစ်အောင် သားရေကွင်းနဲ့ စီးလိုက်ပါ။ တတိယ အဆင့်အနေနဲ့ အစွန်း၂ဖက်ကို ထွက်မနေအောင် အလည်ပဝါစထဲ ထည့်လိုက်ပြီး သားရေကွင်းကို ဘေးကို ဆွဲလိုက်ရင် သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ မျက်နှာဖုံးတစ်ခုကို ရပြီပေါ့။

ပိတ်စအလည်တွင် coffee filter ကို ထည့်သွင်းပြီးလည်း ပိုမိုကောင်းမွန်ပြီး စနစ်ကျတဲ့ မျက်နှာဖုံးကို ပြုလုပ်နိုင်ပါတယ်။ ပိတ်စဖြင့် ပြုလုပ်ထားတဲ့ မျက်နှာဖုံးတွေက COVID-19 ကူးစက်မှုကို အပြည့်အဝ ကာကွယ်ပေးနိုင်တာ မဟုတ်တောင် ရောဂါပိုး ကူးစက်ခံထားရသူသာ အသုံးပြုထားမယ်ဆိုရင် သူ့ဆီကနေတော့ အခြားလူကို ထပ်ပြီး မကူးတော့ပါဘူး။

အဝတ် မျက်နှာဖုံးတွေကို အသုံးပြုတဲ့အခါ အရေးကြီးဆုံး အချက်ကတော့ အသုံးပြုပြီးတိုင်း ပုံမှန် အဝတ်လျှော်ဆပ်ပြာနဲ့ ပြန်လျှော်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာဖုံး တပ်ထားပေမယ့်လည်း လက်ကို မကြာခဏ ဆေးကြောဖို့၊ အလုပ်ကိစ္စမရှိရင် လူများတဲ့နေရာတွေ သွားတာ ရှောင်ကျဉ်ပြီး အိမ်မှာသာနေဖို့တွေကတော့ အားလုံး သတိထား ဆောင်ရွက်ကြရမယ့်အချက်တွေပဲ ဖြစ်ပါတယ်။ နောက်ဆုံး ဒီ ရိုးရှင်းတဲ့ ပြုလုပ်နည်းတွေမှ မလုပ်နိုင်ဘူးဆိုရင်တော့ စိတ်ဓါတ်မကျပါနဲ့။ ပြည်တွင်းဖြစ် အမှတ်တံဆိပ်တွေနဲ့ မျက်နှာဖုံးလှလှ လေးတွေ အများကြီး ရှိတာမို့လို့ သင့်အတွက် အမြန်သာ မှာလိုက်ပါတော့လို့ အကြံပေးချင်ပါတယ်။

Editor: Jeune

DIY face maskfashionLUSH DAILYLUSH June 2020LUSH Magazine MyanmarMask
0
Facebook Twitter Google + Pinterest
Lush Editor

previous post
Quarantine ကာလဖြစ်လည်း ထိန်းသိမ်းထားရမယ့် အလှတရား
next post
Cara collaborated with PUMA and launched Pride Pack collection

Recommended

Literally Do It Yourself

May 30, 2020

Oscars 2020 After-party fashion

February 11, 2020

မင်္ဂလာဆောင်ဖို့စီစဉ်ထားတဲ့သူတွေ သွားသင့်တဲ့ပွဲတစ်ခု (သို့) Say “Yes” at Chatrium

March 7, 2020

Body shaming လုပ်တဲ့သူတွေကို short film တခုနဲ့ တုံ့ပြန်ခဲ့တဲ့ Billie...

May 28, 2020

How not to be a shallow person

April 4, 2019

Preserving your Memories through Scrapbooking

June 11, 2020

ကမ္ဘာအနှံ့အပြားက ထူးခြားဆန်းပြားတဲ့ တန်ဖိုးကြီးအစားအစာများ

July 30, 2019

Stress Solution

May 18, 2020

အမိုက်စား Digital Experience တွေကို ခံစားနိုင်မယ့် ပဲရစ်က Nike House...

July 29, 2020

Coachella Festival 2019 က ဆယ်လီတို့ရဲ့ အလန်းစားဖက်ရှင်ပုံရိပ်များ

April 25, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem