အခု Stay Home ကာလကလည်း ဖြေလျော့လိုက်ပြီဆိုတော့ ပြန်ပြီး လုပ်ငန်းခွင်ဝင်ရတာ၊ အပြင်ကို မဖြစ်မနေထွက်ရတာမျိုး ရှိလာပါတယ်။ အပြင်ထွက်ရင်လည်း mask က မဖြစ်မနေတပ်ဖို့လိုအပ်တော့ မိန်းကလေးတွေအတွက် မိတ်ကပ်ပြင်ရတာကလည်း ပြင်ရမလို၊ မပြင်ရမလိုနဲ့ ဝေခွဲရခက်တာမျိုးကြုံရပါတယ်။ ဒါပေမဲ့ mask တပ်ထားတဲ့အတွက် လူတွေ အဓိကမြင်မယ့် မျက်လုံးကိုပဲ သေချာပြင်လို့ရပါတယ်။ အဲ့တော့ လွယ်လွယ်ကူကူနဲ့ လှမယ့် eye makeup looks လေးတွေကို ပြောပြပေးသွားမယ်နော်။
Voluminous Lashes
မိတ်ကပ်ပါးပါးလေးနဲ့ မျက်လုံးကိုလည်း ဘာမှ ထွေထွေထူးထူးမလိမ်းဘဲ မျက်တောင်လေးတွေကိုပဲ ကော့နေအောင်ဆိုးတာကလည်း မျက်လုံးအလှကို ပေါ်လွင်စေပါတယ်။
Defined Eyebrow
မျက်ခုံးမွေးကိုပဲ သေသေချာချာဆွဲထားတာကလည်း mask တပ်တဲ့အခါ ကိုယ့်မျက်နှာလေး ပေါ်လွင်နေမှာပါ။ သတိထားရမှာက ထင်းရင်းချင်လွန်းလို့ဆိုပြီး အရမ်းထူထူကြီးမဆွဲမိစေဖို့ပါ။
Colorful Eyeliner
အရောင်စုံ eyeliner လေးတွေကို ဆောင်ထားပြီး တစ်နေ့ပြီးတစ်နေ့ မတူတဲ့အရောင်လေးတွေကို ရွေးချယ် ဆွဲလို့ရပါတယ်။
White Eyeliner
အဖြူရောင် eyeliner ကလည်း မျက်လုံးကို ရိုးရိုးလေးနဲ့ထင်းနေအောင် ဆွဲဆောင်နိုင်ပါတယ်။
Typical Eyeliner
တခြားဘာမှမလိမ်းချင်ရင်တောင် eyeliner အနက်လေးဆွဲပြီး ကိုယ့်ရဲ့ပင်ကိုယ်အလှကို ပေါ်လွင်အောင်လုပ်နိုင်ပါတယ်။
အခုပြောပြပေးသွားတဲ့ look တွေက မိတ်ကပ်ခပ်ပါးပါးနဲ့လိမ်းခြယ်လို့ရပြီး အချိန်ကုန်သက်သာစေမယ့် look လေးတွေဖြစ်လို့ try ကြည့်ကြဦးနော်။
Editor: May Myat Theingi (MayMT)