Rihanna ရဲ့ Fenty Beauty brand ကတော့ ပစ္စည်းအသစ်တွေ မိတ်ဆက်လိုက်တိုင်း စိတ်ဝင်စားစရာကောင်းပြီး လူအများကို ဆွဲဆောင်နိုင်တယ်ဆိုတာ တကယ့်ကို ငြင်းမရပါဘူး။ ဒီတစ်ခေါက်မှာလည်း Fenty Beauty က Dry Skin အတွက် အထူး formula နဲ့ ပေါင်းစပ်ဖော်ထုတ်ထားတဲ့ foundation ကို ဈေးကွက်ထဲ မိတ်ဆက်လိုက်ပြန်ပါပြီ။
Fenty Beauty ကနေ ထုတ်လုပ်လိုက်တဲ့ Pro Filt’r Soft Matte Longwear Foundation မှာ Shades အားဖြင့် အရောင် ၅၀ ထုတ်ထားတာဖြစ်လို့ ရွေးချယ်စရာလည်း တကယ်ကို များပါတယ်။ ပုံမှန်ဆို အဆီပြန်တဲ့အသားအရေအတွက်သာ ဦးစားပေးပြီး cosmetics တွေကို ထုတ်တာများပေမယ့် Fenty Beauty ကတော့ Dry Skin အတွက်ပါ စဉ်းစားပြီး ထုတ်ထားတဲ့အတွက် အသားအရေခြောက်သွေ့သူတွေအတွက်တော့ သတင်းကေင်းပါပဲ။ Foundation တစ်မျိုးတည်းတင် မဟုတ်ဘဲ Pro Filt’r Hydrating Primer နဲ့ Kabuki-Buff Foundation Brush တွေကိုပါ ဝယ်ယူနိုင်မှာပါ။ Primer ကိုလည်း Rihanna က ပုံမှန်အသားအရေပိုင်ဆိုင်သူကအစ Dry skin ပိုင်ဆိုင်ထားတဲ့သူတွေအထိ ထုတ်ထားပေးပါတယ်။ Coverage အနေနဲ့လည်း Medium ကနေ Full Coverage အထိ ရနိုင်အောင် ပေါင်းစပ် ထုတ်လုပ်ထားပါတယ်။
ဈေးနှုန်းတွေအနေနဲ့ Pro Filt’r Soft Matte Longwear Foundation ကို $35, Pro Filt’r Hydrating Primer ကို $32 နဲ့ Kabuki-buff Foundation Brush ကို $ 36 နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး ပစ္စည်းသုံးမျိုး စလုံးကို သြဂုတ်လ ၁၅ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာပါ။
Editor: Eain Chu